Posts

၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၂၀၁၀ မတစ ၁ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။ 2010 BLR 1  ဒေါ်စိုးစံသိန်း             နှင့်  ဒေါ်ခင်မြင့်(ခ)ဒေါ်ထားထားညွန့်ပါ၂ တရားရုံးချုပ်တရားသူကြီးဦးခင်မြင့်ရှေ့တွင် တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- “ဆုံးဖြတ်ချက်။  ။ဤအမှုကိုစွဲဆိုခြင်းမှာတရားရုံးမှဒီကရီအတည်ပြုရာတွင်၊အချင်းဖြစ်တိုက်ခန်းအားပညတ်ဝရမ်းစွဲကပ်မှုကြောင့်ဝရမ်းခွါပေးရန်ကန့်ကွက်လျှောက်ထားမှုတွင်၊၎င်း၏လျှောက်ထားချက်ကိုပယ်ကြောင်းချမှတ်သည့်အမိန့်အရစွဲဆိုခြင်းဖြစ်ကြောင်းထင်ရှားသည်။” စီရင်ထုံးစာမျက်နှာ၉နှင့်၁၀တွင်၊အောက်ပါအတိုင်းသုံးသပ်သည်- “ဤအယူခံတွင်ကာလစည်းကမ်းသတ်ကျော်လွန်နေကြောင်းနှင့်တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၆၃အရစွဲဆိုခြင်းမရှိဘဲ၊သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၄၂အရမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုခွင့်မရှိဟုမူလတိုင်းတရားရုံး၏ဆုံးဖြတ်ချက်မှန်မမှန်စိစစ်ရန်ဖြစ်သည်။ အယူခံတရားလို(မူလရုံးတရားလို)၏ဆိုလွှာအရတရားလိုသည်အချင်းဖြစ်တိုက်ခန်းအားဦးခင်မောင်စိုး၏ဇနီးအယူခံတရားပြိုင်(၁)ဒေါ်ထားထားညွန့်(မူလရုံးတရားပြိုင်-၁)ထံမှ၂-၅-၉၅နေ့တွင်ဝယ်ယူခဲ့သော်လည်း၊ထိုတိုက်ခန်းသည်...

မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း၊မူလရုံး၌အမှုတွဲမရှိခြင်း၊တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားဝင်ကိုယ်စားလှယ်ထည့်သွင်းရန်လျှောက်ထားသည့်ကိစ္စ။ မူလတရားပြိုင်ကကြားဖြတ်အမိန့်တရပ်ကိုစောဒကဝင်နေစဉ်သေဆုံးခြင်း။ မူလရုံး၌အမှုတွဲမရှိခြင်း။ တရားလိုကလျှောက်ထားရန်တာဝန်ရှိ၊မရှိ။ ———————————————— A.I.R. (1951) Hyderabad 55. VENKAT NARSIMHAN REDDY                            V. KONDA REDDY (DECEASED) AND OTHERS “အမှုတမှုကိုအယူခံတရားရုံးသို့ပို့လိုက်သည်နှင့်တပြိုင်နက်၊ယင်းအမှုသည်စီရင်လျက်ရှိသောတရားရုံးတွင်စစ်ဆေးဆဲအမှုမဟုတ်တော့။ အမှုတွင်ချမှတ်သောကြားဖြတ်အမိန့်များကိုတရားပြိုင်ကပြင်ဆင်မှုတက်သောအခါ၊အမှုသည်မူလတရားရုံးတွင်စစ်ဆေးဆဲဖြစ်သည်ဟုမပြောနိုင်တော့ချေ။ သို့ဖြစ်၍မူလတရားရုံးတွင်ကွယ်လွန်သူအမှုသည်နေရာ၌တရားဝင်ကိုယ်စားလှယ်ထည့်ရန်ပြဿနာမပေါ်ပေါက်တော့ချေ။ ထို့ကြောင့်ပြင်ဆင်မှုလျှောက်ထားဆဲတွင်လျှောက်ထားသူတဦးကွယ်လွန်သဖြင့်၎င်း၏အမည်ကိုပယ်ဖျက်လိုက်ပြီးနောက်၊ပြင်ဆင်မှုကိုကျန်လျှောက်ထားသူများနှင့်စပ်လျဉ်းသမျှခွင့်ပြုပြီးအမှုကိုအမှုသွားအမှုလာအရအဆုံးအဖြတ်ပေးရန်၊မူလတရားရုံးသို့ပြန်ပို့လိုက်သည့်အခါ၊ကွယ်လွန်သူ၏တ...

စာချုပ်သည်တရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်စာချုပ်ကိုပယ်ဖျက်ပေးစေလိုမှု။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စာချုပ်သည်တရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုနှင့်စာချုပ်ကိုပယ်ဖျက်ပေးစေလိုမှု။ စာချုပ်စာတမ်းတရပ်ကိုပယ်ဖျက်ပေးစေလိုမှုနှင့်ယင်းစာချုပ်မှာတရားလိုအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးစေလိုမှုတို့သည်ကွဲပြားခြားနားသည်။ တရားလိုသည်မိမိပိုင်ဆိုင်မှုကိုအခိုင်အမာပြဆိုရာတွင်မိမိပါဝင်ချုပ်ဆိုခဲ့သောစာချုပ်သို့မဟုတ်မိမိလိုက်နာရန်တာဝန်ရှိသောစာချုပ်သို့မဟုတ်ဒီကရီသို့မဟုတ်မိမိပါဝင်ခဲ့သောအမှုတွင်ချမှတ်သည့်ဒီကရီကဲ့သို့သောမကျော်လွှားနိုင်သည့်အတားအဆီးကိုဖယ်ရှားခြင်းမပြုဘဲယင်းပိုင်ဆိုင်ခွင့်ကိုအခိုင်အမာပြဆိုနိုင်မည်မဟုတ်လျှင်၊ထိုဒီကရီကိုသို့မဟုတ်စာချုပ်ကိုပယ်ဖျက်ပေးရန်ဖြစ်စေ၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်ဖြစ်စေ၊တရားစွဲဆိုရမည်ဖြစ်၍ထိုအမှုကိုမြွက်ဟကြေညာချက်ရလိုမှုအဖြစ်ရေးသားထားစေကာမူအနှစ်သာရအားဖြင့်ထိုဒီကရီသို့မဟုတ်ထိုစာချုပ်ကိုပယ်ဖျက်ပေးစေလိုမှုဖြစ်သည်။ တဖက်တွင်ပိုင်ဆိုင်မှုကိုအခိုင်အမာပြဆိုလိုသူတရားလိုသည်အခြားသူများအချင်းချင်းနှင့်သက်ဆိုင်သည့်ဒီကရီ၏သို့မဟုတ်အမှုကိစ္စ၏ခြိမ်းခြောက်ခြင်းခံရလျက်ရှိပြီးထိုဒီကရီကိုသို့မဟုတ်ထိုစာချုပ်ကိ...

မြွက်ဟကြေညာသည့်ဒီကရီ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြွက်ဟကြေညာသည့်ဒီကရီ တရားပြိုင် B က၊မှတ်ပုံတင်စာချုပ်အရအချင်းဖြစ်မြေကွက်ကြီး၏တောင်ဘက်ခြမ်းရှိမြေကို၊တရားလို A တို့အားရောင်းချခဲ့ရာ၊နောက်ပိုင်း၌စွဲဆိုသောအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်အပြီးသတ်ချမှတ်သည့်ဒီကရီအရ၊ B ရောင်းချသည့်မြေ၏သုံးပုံတပုံသာရနိုင်သည့်အခြေအနေဆိုက်ရောက်သဖြင့်၊ဝယ်ယူသည့်အတိုင်းမြေတခြမ်းရရန်အလို့ငှါအဟန့်အတားဖြစ်နေသည့်ဒီကရီမှာပူးပေါင်းထိမ်ချန်၍လိမ်လည်ရယူထားသည့်ဒီကရီဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်၊ A က B အပေါ်တရားစွဲဆိုခြင်းဖြစ်သည်။ A စွဲဆိုသောအမှုမှာ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂တွင်ရည်ညွှန်းထားသည့်၊ပစ္စည်းနှင့်စပ်လျဉ်းသည့်မြွက်ဟဒီကရီရလိုမှုဖြစ်သည်။ ၁၉၂၈ခုနှစ်တွင်ဆုံးဖြတ်သော- A. I. R. 1928 Rangoon 256 Equivalent citation: 6 Ran 291 Mohammed Abdul Kader-Plaintiff.                  V. Finlay, Fleming & Co-Defendants. CHARI, J. အမှုတွင်၊ပုဒ်မ၄၂၌ရည်ညွှန်းထားသောပစ္စည်းနှင့်စပ်လျဉ်းသည့်အခွင့်အရေးသည်ပစ္စည်းတရပ်၌၊တဦးတယောက်သောသူ၏ပုဂ္ဂလိကအခွင့်အရေးဖြစ်ပြီး၊အခြားသူများနှင့်အတူပိုင်ဆိုင်သောယေဘုယျအခွင့်အရေးမ...

1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Four ] ——————————————- 1958 BLR ( H C ) 29  THE UNION OF BURMA (APPELLANT)                         V. AH HLA (a) MAUNG HLA AND TWO OTHERS(RESPONDENTS).* Before U Chan Tun Aung Chief Justice and U San Maung, J. အမှုတွင်၊ပူးတွဲတရားခံ၏ဖြောင့်ချက်သည်၊သက်သေခံဥပဒေပုဒ်မ၃တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းသက်သေခံမဟုတ်၍၊ထိုဖြောင့်ချက်ကိုအခြေခံကာပူးတွဲတရားခံကိုပြစ်မှုထင်ရှားစီရင်ခြင်းမပြုနိုင်ဟု၊တရားဝန်ကြီးဦးစံမောင်ကအိန္ဒိယစီရင်ထုံးတရပ်ကိုကိုးကား၍စီရင်ထုံးစာမျက်နှာ၃၀တွင်အောက်ပါအတိုင်းထုံးဖွဲ့ထားသည်- [ Per, U SAN MAUNG, J.-Held That the confession of a co-accused is not evidence in the ordinary sense of the term as defined in s. 3 and cannot therefore be made the foundation of a conviction; that it can only be used in support of other evidence ; that the proper way is, first, to marshall the evidence against the accused person excluding the confessi...

1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1994 BLR 26 စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။[ Part Three ] ——————————————- ကျမ်းကျိန်ဆိုချက်ပါဝန်ခံချက်များ ဝန်ခံချက်သည်သက်သေခံဥပဒေပုဒ်မ၁၇အရသက်သေခံဝင်သည်။ နှုတ်ဖြင့်ဝန်ခံခြင်းဖြစ်နိုင်သည်။ စာသက်သေခံတွင်ဝန်ခံထားချက်ဖြစ်နိုင်သည်။ သက်သေခံဥပဒေပုဒ်မ၁၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- [ Statements made by— (1) persons who have any proprietary or pecuniary interest in the in their character of persons so interested. ] [ ထွက်ဆိုချက်ပြုလုပ်ရာတွင်-(၁)အမှု၌အချင်းဖြစ်ပစ္စည်းတွင်ပိုင်ဆိုင်ခွင့်သော်လည်းကောင်း၊ငွေရေးကြေးရေးအကျိုးခံစားခွင့်သော်လည်းကောင်းရှိသူများက၊ထိုသို့အကျိုးခံစားခွင့်ရှိသူများအနေနှင့်ထွက်ဆိုချက်များသည်။ ] သက်သေခံဥပဒေပုဒ်မ၂၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- [ Admissions are relevant and may be proved as against the person who makes them, or his representative-in-interest. ] [ ဝန်ခံချက်များသည်အမှု၌စပ်ဆိုင်သောအချက်များဖြစ်သည့်ပြင်၊ဝန်ခံချက်ပြုသူကိုဖြစ်စေ၊ယင်း၏အကျိုးဆက်ခံသည့်ကိုယ်စားလှယ်ကိုဖြစ်စေဆန့်ကျင်၍လည်းထိုဝန်ခံချက်များကိုသက်သေထင်ရှားတင်ပြနိုင်သည်။ ...