Posts

Showing posts from June, 2021

1949 BLR ( H C ) 338 ( D B ) စီရင်ထုံးအကြောင်း

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုလူသိနည်းနေ၍အဖြေရှာရာ၌လမ်းလွဲနေခြင်းကိုစာရေးသူအပြစ်မတင်လိုပါ။ စာရေးသူသည်လည်းယခင်ကပုဒ်မ၄၃နှင့်မရင်းနှီးခဲ့ပါ။ ထိုပုဒ်မ၄၃နှင့်ဆိုင်သောမြန်မာနိုင်ငံစီရင်ထုံးများအနည်းအကျဉ်းသာရှိခြင်းကြောင့်ဖြစ်သည်။ သို့သော်စာရေးသူသည်မြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အကြီးတန်း)စာမေးပွဲကိုတရားသူကြီးဖြစ်ပြီးသုံးလသာသာတွင်ဖြေဆိုရာ၌စီရင်ထုံးများကိုအလေးထားမေးတတ်သည်ဆို၍ထိုစဉ်ကနောက်ဆုံးစီရင်ထုံးပေါင်းချုပ်ရှိစီရင်ထုံးများကိုအလွတ်နီးပါးရအောင်ကျက်မှတ်ရာ၌ဦးဘိုးသာ၏စီရင်ထုံးပေါင်းချုပ်ကော်လံ၅၃၈၌ဖော်ပြထားသော1949BLR(HC)338(DB)ကိုဖတ်ရသောအခါသက်သေခံအက်ဥပဒေပုဒ်မ၁၁၅နှင့်ဆက်စပ်နေသည့်ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ၄၃ပါပြဌာန်းချက်များအကြောင်းစိတ်ဝင်တစားဖတ်ခဲ့ရသဖြင့်ယနေ့တိုင်မမေ့ပါ။ ထိုစီရင်ထုံးကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်ကရေးပါသည်။ ခုံရုံးအဆုံးအဖြတ်ဖြစ်ပါသည်။ စာရေးသူသည်စီရင်ထုံးပေါင်းချုပ်တွင်မိမိမသိသောဥပဒေများကိုဖတ်ရသဖြင့်1949BLR(HC)338(DB)စီရင်ထုံးကိုအစမှအဆုံးဖတ်ခဲ့ရပါသည်။ 1949 BLR ( H C ) 338 ( D B )စီရင်ထုံး ဦးဆိုင်ဆိုသူသည်ဇနီးဒေါ်သာနုနှင့်ပေ...

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၆ )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၆ ) မောင်ထွန်းမြင့်ကကိုယ်စားလှယ်ခန့်ထားဆောင်ရွက်စေသည့်ကိစ္စ ဦးအေးမောင်က"လူကလေးဘက်မှဦးတင်ဝင်းအားကိုယ်စားလှယ်အဖြစ်ပေးပါသည်"ဟုထွက်ဆိုရာ၌မောင်ထွန်းမြင့်ကိုယ်တိုင်ကဦးတင်ဝင်းအား၎င်းကိုယ်စားညှိနှိုင်းရန်တာဝန်ပေးခြင်းလားမရှင်းလှပါ။ ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၆နှင့်၁၈၇တို့တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- " 186 . The authority of an agent may be expressed or implied . " ( ကိုယ်စားလှယ်၏အခွင့်အာဏာသည်အတိအလင်းလွှဲသော သို့မဟုတ် လွှဲအပ်သည့်သဘောသက်ရောက်သောအခွင့်အာဏာဖြစ်နိုင်သည်။ ) " 187 . An authority is said to be express when it is given by words spoken or written . An authority is said to be implied when is to be inferred from the circumstances of the case ; and things spoken or written , or the ordinary course of dealing , may be accounted circumstances of the case . " ( အခွင့်အာဏာကိုနှုတ်ဖြင့်ဖြစ်စေ၊စာရေးသား၍ဖြစ်စေလွှဲလျှင်၊အတိအလင်းလွှဲသည်မည်၏။ဆိုင်ရာအကြောင်းခြင်းရာများမှကောက်ယူရန်ဖြစ်လျှင်၊လွှဲသည့...

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၅ )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၅ ) တရားရုံးချုပ်က"ဤအခြေအနေတွင်ပဋိညာဉ်တွင်မောင်ထွန်းမြင့်ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိ၍လျော်ကြေးပေးရန်တာဝန်မရှိဟုကျဉ်းမြောင်းစွာကောက်ယူဆုံးဖြတ်ရန်သင့်မြတ်လျော်ကန်မည်မဟုတ်ပေ"ဟုဆုံးဖြတ်ရာတွင်သက်သေခံ(က)သည်ပဋိညာဉ်မြောက်ပါမှမောင်ထွန်းမြင့်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆အရကတိအတိုင်းမမီလုံးကိုငွေပေးရန်တာဝန်ရှိမည်ဖြစ်သည်ဟူသောဥပဒေအချက်ကိုဆင်ခြင်ရန်ပျက်ကွက်သည်ဟုဆိုရပါမည်။ တရားရုံးချုပ်က"ရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးအားကာယိန္ဒြေပျက်စေရန်ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါလျက်ယင်းအတွက်တာဝန်မရှိဟုပြစ်မှုကျူးလွန်သူကိုအားပေးရာရောက်စေသည့်အဆုံးအဖြတ်မျိုးပေးရန်မသင့်ကြောင်းကျွန်ုပ်သုံးသပ်ယူဆသည်"ဟူသောအဆုံးအဖြတ်သည် အတ္တနောမတိဆုံးဖြတ်ခြင်းဖြစ်သည်။ သက်သေခံ(က)အရမောင်ထွန်းမြင့်ကပေးရန်ကတိပြုသည့်ငွေကိုရလိုကြောင်းစွဲဆိုမှုတွင်ပဋိညာဉ်အက်ဥပဒေအရပဋိညာဉ်မြောက်မမြောက်သာလျှင်ဆုံးဖြတ်ရန်ဖြစ်သည်။ တရားလိုမှာရိုးသားသည့်ကျေးလက်နေမိန်းမပျိုတဦးဖြစ်ခြင်း၊ကာယိန္ဒြေပျက်ခြင်းတို့သည်ပဋိညာဉ်မြောက်မမြောက်စိစစ်ရာ၌စပ်ဆိုင်သောအကြောင်းအရာများမဟုတ...

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၄ )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၄ ) 2 Ran 1အမှု၌အရွယ်မရောက်သေးသူကမိမိထံမှတရားပြိုင်ကငွေချေးယူရာတွင်ငွေပေးကတိစာချုပ်ချုပ်ဆိုရာထိုစာချုပ်မှာ ( 1903 ) 30 Cal 539 ( PC ) စီရင်ထုံးအရပျက်ပြယ်ခြင်းရှိမရှိဥပဒေပြဿနာကိုဟိုက်ကုတ်လွှတ်တော်ကစိစစ်ဆုံးဖြတ်သည်။ မြန်မာနိုင်ငံတွင် D 1 C 835 ၌ဖော်ပြထားသော PJLB 398 , 656 နှင့် 1897-01 , 2 UBR 313 စီရင်ထုံးများ၌အရွယ်မရောက်သေးသူကပြုလုပ်သောပဋိညာဉ်သည်ပျက်ပြယ်ခြင်းမရှိ၊၎င်းကဖျက်သိမ်းလိုကဖျက်သိမ်းခွင့်ရှိသောပဋိညာဉ်ဖြစ်သည်ဟုဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ( 1903 ) 30 Cal 539 ( PC )အမှုတွင်ပရီဗီကောင်စီကအရွယ်မရောက်သေးသူပြုလုပ်သောပဋိညာဉ်သည်ပျက်ပြယ်သည်ဟုဆုံးဖြတ်လိုက်ရာအောက်မြန်မာပြည်တရားရုံးချုပ်စီရင်ထုံးဖြစ်သော AIR 1916 LB 29 ( 1 )အပါအဝင်စီရင်ထုံးများတွင်ပရီဗီကောင်စီ၏ထုံးဖွဲ့ချက်ကိုလိုက်နာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။ 2 Ran 1 အမှုတွင် အရွယ်ရောက်သူကအရွယ်မရောက်သေးသူအားငွေပေးရန်ရှိကြောင်းချုပ်ဆိုသောငွေပေးကတိစာချုပ်ချုပ်ထားသည့်ကိစ္စတွင်မူအရွယ်မရောက်သေးသူဘက်ကဆောင်ရွက်ရန်တာဝန်တစုံတရာမရှိ၍ပျက်ပြယ်ခြင်းမရှိကြောင်းစီရင်ထုံးစာမျက်နှာ၂၌အော...

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၃ )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၃ ) သက်သေခံစာချုပ်ပဋိညာဉ်မမြောက်ခြင်းကိုတရားရုံးအဆင့်ဆင့်ကဆင်ခြင်ရန်ပျက်ကွက်ခြင်း မမီလုံး ကကိုယ်စားလှယ်ခန့်ခြင်းသည်မခိုင်လုံခြင်း ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- " Any person who is of the age of majority according to the law to which he is subject , and who is of sound mind , may employ an agent." ( မည်သူမဆိုမိမိလိုက်နာရသောဥပဒေအရအရွယ်ရောက်ပြီးစိတ်ပေါ့သွပ်သူမဟုတ်လျှင်ကိုယ်စားလှယ်လွှဲနိုင်သည်။ ) စီရင်ထုံးစာမျက်နှာ၉၇ရှိဦးအေးမောင်(လိုပြ၁)၏ထွက်ချက်ကိုကြည့်ပါ။ အရွယ်မရောက်သေးသူမမီလုံးသည်ကိုယ်စားလှယ်ခန့်ခွင့်မရှိ။ ၎င်း၏ကိုယ်စားလှယ်ရသူကသက်သေခံ(က)ကိုချုပ်ဆိုခြင်းသည်မမီလုံးအတွက်ခိုင်လုံသည့်ပဋိညာဉ်မဖြစ်နိုင်။ ထိုပဋိညာဉ်အရမမီလုံးလျော်ကြေးတောင်းခွင့်မရှိ။ အကြောင်းမူလျော်ကြေးတောင်းဆိုခွင့်ရရှိစေသောပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃ပါချိုးဖောက်သည်ဆိုသောပဋိညာဉ်သည်ပဋိညာဉ်မြောက်သည့်သဘောတူညီချက်ဖြစ်သည်။ ထို့အပြင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါ " contracts entered into through an agent . " ဟူသောစကားရပ်လာ ag...

ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၁ )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၁ ) 1992 BLR 94အမှုတွင် မောင်ထွန်းမြင့်ကမမီလုံးကိုဗလက္ကာရပြုသည့်အတွက်မမီလုံးကကျေးရွာ(ရဝတ)သူကြီးများအားတိုင်တန်းရာဥက္ကဌဦးအေးမောင်(လိုပြ၁)ပါသောအဖွဲ့ရှေ့၌မမီလုံး၏ကိုယ်စားလှယ်နှင့်မောင်ထွန်းမြင့်ကိုယ်စားလှယ်တို့ညှိနှိုင်းကြပြီးမောင်ထွန်းမြင့်ကမမီလုံးအားလျော်ကြေးငွေ၃၇၅၀ပေးရန်သဘောတူသဖြင့်သက်သေခံ(က)ကတိခံဝန်ချက်စာချုပ်တရပ်ကို၎င်းတို့လက်မှတ်ရေးထိုးချုပ်ဆိုသော်လည်းမောင်ထွန်းမြင့်ကလျော်ကြေးမပေးသဖြင့်မမီလုံးကအဆိုပါလျော်ကြေးငွေရလိုမှုစွဲဆိုရာနောက်ဆုံး၌တရားရုံးချုပ်ကယင်းကတိပဋိညာဉ်အရလျော်ကြေးပေးစေရန်စီရင်ဆုံးဖြတ်သည်။ စီရင်ထုံးခေါင်းစီးဟူသည်ဆိုင်ရာအမှု၌ချမှတ်သောဆုံးဖြတ်ချက်များ၏အနှစ်ချုပ်ဖြစ်သည်။ အချင်းဖြစ်စီရင်ထုံး၏ခေါင်းစီးတွင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈ဟုစတင်ဖော်ပြထားသည်။ သို့သော်ဖော်ပြသောဆုံးဖြတ်ချက်နှစ်ပိုဒ်သည်အဆိုပါပုဒ်မ၂၈နှင့်လုံးဝသက်ဆိုင်ခြင်းမရှိသည်ကိုထူးထူးဆန်းဆန်းတွေ့ရသည်။ စီရင်ထုံးစာမျက်နှာ၉၆တတိယအပိုဒ်နှင့်စတုထ္ထအပိုဒ်တို့တွင်နှစ်ဖက်လျှောက်လဲချက်များကိုဖော်ပြထားသည်။ အဆိုပါတင်ပြချက်များအပေါ်တရားရုံးချုပ်ကစီရင်ထုံးစာမျက်န...