Posts

Showing posts from October, 2023

နောက်မှအကြံရပြီးတင်ပြရာရောက်သည့်ကိစ္စ[ A. I. R. 1935 Rangoon 393 ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ နောက်မှအကြံရပြီးတင်ပြရာရောက်သည့်ကိစ္စ။ ——————————— ရှေ့နေရှေ့ရပ်များသည်- 1969 BLR 197  ကိုသောင်းရင်ပါ၄ နှင့် ကိုဖုန်းဝင်း တရားသူကြီးဦးချစ်နှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင် အမှု၌အောက်ပါထုံးဖွဲ့ချက်ကိုအထူးသတိချပ်ရန်နှိုးဆော်ပါသည်- “ဆုံးဖြတ်ချက်။    ။ရာဇဝတ်မှုများတွင်တရားခံတဦးသည်၊မိမိအပေါ်စွပ်စွဲသည့်စွပ်စွဲချက်နှင့်ပတ်သက်၍ထုချေလိုကထုချေနိုင်သည်။ မထုချေကလည်းမထုချေပဲနေနိုင်သည်။ သို့ဖြစ်ပါလျက်တရားခံသည်၎င်း၏ထုချေချက်ကိုစောစောစီးစီးတင်ပြခြင်းမပြုလျင်လုပ်ကြံတင်ပြသည့်ထုချေချက်ဖြစ်သည်ဟုယူဆနိုင်လျှင်၊တရားမမှုများ၌သာ၍ပင်အလားတူယူဆချက်ကိုအသုံးပြုနိုင်မည်သာဖြစ်သည်။ ယင်းယူဆချက်မှာအမှုသည်တဦးဦး၏ပြုမူချက်အပေါ်မူတည်၍ဆုံးဖြတ်ရသည့်ယူဆချက်ဖြစ်ပေသည်။ လူ့သဘာဝအရတဖက်သားအပေါ်တိကျသည့်စွပ်စွဲချက်ရှိလျင်ထိုသူအားမေးမြန်းခွင့်ရချိန်၌၊ထိုစွပ်စွဲချက်နှင့်စပ်လျဉ်း၍ထုတ်ဖော်မေးမြန်းမည်မှာဧကန်ဖြစ်သည်။ ယင်းသို့မေးမြန်းမှုမရှိလျှင်ထိုစွပ်စွဲချက်သည်နောက်မှအကြံရပြီးတင်ပြသည့်စွပ်စွဲချက်သာဖြစ်သည်ဟုယူဆရန်အကြောင်းပေါ်ပေါက်မည်ဖြစ်သည်။ တဖက်သားအနေဖြင့်လည်း၎င်းစွပ်စွဲချက်နှင့်စပ်လျဉ...

ပြန်လှန်စစ်မေးရာ၌ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးမှုမပြုခြင်း”unchallenged “

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြန်လှန်စစ်မေးရာ၌၊ထွက်ဆိုချက်မမှန်ကြောင်းဖော်ညွှန်းကာပြန်လှန်စစ်မေးမှုမပြုခြင်း”unchallenged”[ စိန်မခေါ်၊စောဒကမတက် ]ခြင်း။ ——————————————- 1952 BLR ( S C ) 44 DR.- GORDON S. SEAGRAVE (APPELLANT)                                  v. THE UNION OF BURMA (RESPONDENT).* Present SIR BA U. Chief Justice of the Union of Burma, MR. JUSTICE THEIN MAUNG and U THAUNG SEIN,J. အမှုတွင်၊တရားလွှတ်တော်ချုပ်ကစီရင်ထုံးစာမျက်နှာ၅၂တွင်သက်သေအား”challenge”လုပ်ရန်ပျက်ကွက်ခြင်းနှင့်စပ်လျဉ်း၍အောက်ပါအတိုင်းမြွက်ဆိုသည်- “But he was in fear of losing his valuable stock of medicine and sustaining damage to his hospital building.  Because of this fear he said he gave a box of surgical instruments and some medicine. This statement remains unchallenged.  Taking this fact and the fact that he was held not to have a guilty mind in doing what he did in the incidents which formed the subject...

A. I. R. 1936 Rangoon 401[ U Ba LIN v. MA E SEIN ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စစ်ကြိုခေတ်တရားလွှတ်တော်၏အဆုံးအဖြတ်များကို The India Law Reports, Rangoon Series တွင်၊တရားဝင်ထုတ်ဝေသည်။ A. I. R. မှာပုဂ္ဂလိကအဖွဲ့အစည်းကထုတ်ဝေသောစီရင်ချက်များဖြစ်သည်။ ဟိုက်ကုတ်လွှတ်တော်၏စီရင်ချက်အချို့ကို Rangoon Series နှင့် R L R စီရင်ထုံးများတွင်လည်းကောင်း၊ A. I. R. စီရင်ထုံးများတွင်လည်းကောင်းထုတ်ဝေသည်များရှိသည်။ သာဓကမှာ 1940 RLR 831 နှင့် A. I. R. 1941 Rangoon 99 [ MA AYE TIN v. DAW THANT (Mya Bu J.) ]တို့ဖြစ်သည်။ စီရင်ထုံး၏ခေါင်းစီးချင်းမတူ။ Rangoon Series တွင်မထုတ်ဝေသောစီရင်ချက်များကို A. I. R. တွင်ထုတ်ဝေသည်များလည်းရှိသည်။ A. I. R. 1936 Rangoon 401 [ U Ba LIN v. MA E SEIN ] သည်၊သာဓကတရပ်ဖြစ်သည်။ A. I. R. သည်၊တရားဝင်ထုတ်ဝေသောစီရင်ထုံးစာအုပ်မဟုတ်။ ပုဂ္ဂလိကအဖွဲ့အစည်းများကထုတ်ဝေသောစာအုပ်များဖြစ်သည်။ ——————————————— A. I. R. 1936 Rangoon 401 U Ba Lin--Appellant.                 V. Ma E Sein - -Respondent. MYA BU AND DUNKLEY, JJ. စီရင်ထုံးကိုပေါ်ပေါက်စေသောအယူခံမှုမှာ၊မူလမှုနှစ်မှုတွင်ဦးဘလင်းနှင့်မအေးစိန်တို့အပ...

တရားသူကြီးတဦးအား၎င်း၏လုပ်ဆောင်မှုအပေါ်ရာဇဝတ်ကြောင်းအရလည်းကောင်း၊တရားမကြောင်းအရလည်းကောင်းတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်မှုရှိမည်မဟုတ်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားစီရင်မှုဆောင်ရွက်ရာ၌တရားသူကြီးတဦးသည်၊ဥပဒေကပေးအပ်သောအခွင့်အာဏာကို(သို့မဟုတ်)ဥပဒေအရမိမိအားပေးအပ်သည်ဟုသဘောရိုးနှင့်ယုံကြည်သည့်အခွင့်အာဏာကိုသုံးစွဲဆောင်ရွက်လျှင်၊၎င်း၏လုပ်ဆောင်မှုအပေါ်ရာဇဝတ်ကြောင်းအရလည်းကောင်း၊တရားမကြောင်းအရလည်းကောင်း၊တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်မှုရှိမည်မဟုတ်။ ———————————————— ၂၀၂၂ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၃၁၀ ဒေါက်တာမို့မို့  နှင့် ဒေါ်ခင်မေတင့် အထူးခုံရုံးသဘာပတိပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးအောင်ဇော်သိန်းနှင့်အဖွဲ့ဝင်များဖြစ်ကြသောပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးကြည်သိန်းနှင့်ဦးသောင်းနိုင်တို့၏ရှေ့တွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၇)ရက်နေ့ အမှုတွင်အထူးခုံရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- “ဒေါက်တာမို့မို့သည်ဒေါ်ကေဆိုင်းဘူ(ခ)ဒေါ်ဆိုင်းဘူအပေါ်ရာဇသတ်ကြီးပုဒ်မ၄၄၈၊၄၂၇တို့အရတရားစွဲဆိုခဲ့သည်။ တရားလိုဘက်စစ်ဆေးဆဲအဆင့်တွင်တရားခံကရှမ်းပြည်နယ်တရားလွှတ်တော်သို့အမှုကိုချေဖျက်ပေးရန်လျှောက်ထားခဲ့သည်။ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ခင်မေတင့်ကမူလရုံး၏အမှုကိုချေဖျက်ခွင့်ပြုသည့်အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ...

A. I. R. 1934 Nagpur 274 , ရှေ့နေခန့်ထားခြင်းအတည်ဖြစ်သောအချိန်

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှေ့နေခန့်ထားခြင်းအတည်ဖြစ်သောအချိန် ? အမှုသည်သေဆုံးပြီးနောက်ရှေ့နေတင်သွင်းသောအယူခံမှုတရားဝင်မဝင် ————————————————- A. I. R. 1934 Nagpur 274 Mt. Radhabai-Appellant.                V. Mangia and others -Respondents. GRILLE, J. C. AND SUBHEDAR, A. J. C. အမှုတွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၃၊နည်း၄(၂)အရအမှုသည်သက်ရှိထင်ရှားရှိဆဲကာလအတွင်း၌သာလျှင်၊ရှေ့နေခန့်ထားခြင်းသည်အတည်ဖြစ်သည်။ အမှုသည်သေဆုံးသည်နှင့်တပြိုင်နက်ရှေ့နေကိုယ်စားလှယ်စာသည်အလိုအလျောက်ရပ်စဲသည်။ ထို့ကြောင့်အမှုသည်သေဆုံးပြီးနောက်ရှေ့နေတင်သွင်းသောအယူခံမှုသည်တရားမဝင်သည်သာမက၊အယူခံလွှာသည်ပင်လျှင်တည်ရှိမည်မဟုတ်ဟုခုံရုံးကအောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- “It is next argued that in view of Section. 208 and 209, Contract Act the agent's authority did not terminate until the fact of his principal's death became known to him and that even if it had become known to him, he was bound to take all reasonable steps for the protection and preservation of the interests entruste...

A. I. R. 1934 Rangoon 104 နှင့် ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၀၈

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၀၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- “208.The termination of the authority of an agent does not, so far as regards the agent, take effect before it becomes known to him, or, so far as regards third persons, before it becomes known to them.” [ ၂၀၈။ကိုယ်စားလှယ်၏အခွင့်အာဏာကိုရပ်စဲခြင်းသည်ကိုယ်စားလှယ်နှင့်စပ်လျဉ်း၍ထိုသို့ရပ်စဲကြောင်းထိုသူမသိမီသော်လည်းကောင်း၊အခြားသူများနှင့်စပ်လျဉ်း၍ထိုသူများမသိမီသော်လည်းကောင်း၊အကျိုးသက်ရောက်သည်မဟုတ်။ ] ဥပမာ(က)မှာအောက်ပါအတိုင်းဖြစ်သည်- “(a)A directs B to sell goods for him, and agrees to give B five per cent commission on the price fetched by the goods. A afterwards, by letter, revokes B’s authority. B, after the letter is sent, but before he receives it, sells the goods for 100 rupees. The sale is binding on A. and B is entitled to five rupees as his commission.” (က)မောင်ဖြူသည်မောင်နီအားမိမိအတွက်ကုန်စည်များကိုရောင်းချရန်ညွှန်ကြားရာကုန်စည်များအတွက်ရသောအဖိုးငွေအပေါ်တွင်ကော်မရှင်ငါးရာခိုင်နှုန်းပေးရန်သဘ...

Malicious Prosecution အကြောင်း

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှု ———————————————————- မသမာစိတ်ဖြင့်ရာဇဝတ်ကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုရာ၌တရားလိုသည်အောက်ပါအကြောင်းခြင်းရာများကိုသက်သေထင်ရှားပြရမည်ဟု၊တရားရုံးများလက်စွဲ(ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထုတ်)တွင်စံစာအုပ်အဖြစ်သတ်မှတ်ခဲ့သော”The Law Of Torts by Ratanlal and Dhirajlal”ကျမ်း(၂၂ကြိမ်မြောက်ထုတ်)(၁၉၉၂ခုနှစ်)စာမျက်နှာ၂၆၉-၂၇၀၌ဖော်ပြထားသည်။ “မသမာစိတ်ဖြင့်တရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုတွင်တရားစွဲဆိုရန်အကြောင်း” [ In an action for malicious prosecution plaintiff must prove - 1. That he was prosecuted by the defendant. 2. That the proceedings complained of terminated in favour of the plaintiff if from their nature they were capable of so terminating. 3. That the prosecution was instituted against him without any reasonable or probable cause. 4. That the prosecution was instituted with a malicious intention, that is, not with the mere intention of carrying the law into effect, but with an intention...

Writs [ စာချွန်တော် ]

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “Writs” [ စာချွန်တော် ] စာချွန်တော်နှင့်ပယ်ဖျက်နိုင်သောကိစ္စသုံးမျိုးရှိသည်။ (၁)စီရင်ပိုင်ခွင့်မရှိဘဲနှင့်ချမှတ်ထားသောဒီကရီ [ want to jurisdiction ] (၂)စီရင်ပိုင်ခွင့်အာဏာကိုကျော်လွန်ပြီးဆုံးဖြတ်ထားသောကိစ္စ [ excess of jurisdiction ] (၃)စီရင်ချက်၊အမှုတွဲကြည့်ရုံမျှနှင့်သိသာထင်ရှားသောအမှား၊ပါစင်အောင်လွဲသောအမှား [ speaking order ] တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်းဥပဒေ၁တွင်ပြဌာန်းထားသောပြန်လည်သုံးသပ်ပေးစေလိုမှု[ Review]နှင့်ဆင်တူသည်။ “Review”တွင်”Error apparent on the face of the record”ဟုပြဌာန်းထားသည်။ စီရင်ချက်အားဖတ်ကြည့်လိုက်ရုံမျှနှင့်သိသာထင်ရှားစေသောအမှားမျိုးကိုဆိုလိုသည်။ ———————————- Black’s Law Dictionary စာမျက်နှာ၁၀၉တွင်အောက်ပါအတိုင်းပြဆိုသည်- “ certiorari “ [ Law Latin “to be more fully informed” ] An extraordinary writ issued by an appellate court, at its discretion, directing a lower court to deliver the record in the case for review. Evolving from one of the prerogative writs of the English Court of King’s Bench, certiorari in the United S...

5 LBR ( F B ) 163, 7 LBR ( P C ) 10 စီရင်ထုံးနှစ်ရပ်အကြောင်း

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 5 LBR ( F B ) 163 J. MOMENT vs. THE SECRETARY OF STATE FOR INDIA IN COUNCIL. Before Sir Charles Fox, Chief Judge, Mr. Justice Hartnoll, Mr. Justice Robinson, and Mr. Justice Parlett . အမှုတွင်၊အိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးက J. Moment အပေါ်၊ရန်ကုန်မြို့ဆင်းဝပ်(ချ်)လမ်းရှိမြေမှနှင်ထုတ်ပေးစေလိုမှုစွဲဆိုရာအနိုင်ရပြီးနောက်၊ J. Moment ကအိန္ဒိယနိုင်ငံဆိုင်ရာဝန်ကြီးအပေါ်ထိုသို့နှင်ထုတ်ခြင်းခံရသည့်အတွက်လျော်ကြေးရလိုကြောင်းစသည်ဖြင့်၊ယခင်အောက်မြန်မာပြည်တရားရုံးချုပ်၊မူလဘက်ဌာနတွင်တရားစွဲဆိုရာ၊တရားရုံးချုပ်ကထိုစဉ်ကအတည်ဖြစ်လျက်ရှိသောအောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄၁(ခ)အရအမှုကိုစီရင်ပိုင်ခွင့်အာဏာမရှိဟုအကြောင်းပြကာအမှုကိုပလပ်သည်။ ထိုအခါ J. Moment ကအောက်မြန်မာပြည်တရားရုံးချုပ်တွင်အယူခံဝင်ရာတရားဝန်ကြီးလေးဦးပါဝင်သောစုံညီခုံရုံး(Before Sir Charles Fox, Chief Judge, Mr. Justice Hartnoll, Mr. Justice Robinson, and Mr. Justice Parlett.)က၊အမှု၌အောက်ပါဥပဒေပြဿနာကိုထုတ်နုတ်ကြားနာသည်- "Is clause (b) of section 41 of the Lower Burma Town and Village Lands...