Posts

4 BLJ 250 နှင့် 7 Ran 80

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 အမှုကိုဆုံးဖြတ်စဉ်က၊စီရင်ချက်တရပ်သည်မည်သည့်အခါပူးတွဲတရားပြိုင်အချင်းချင်းတွင်မီးသေကြောင်း၊မီးမသေကြောင်းဆုံးဖြတ်သည့်စီရင်ထုံးအများအပြားပေါ်ထွက်ပြီးဖြစ်ရာ၊တရားလွှတ်တော်ခုံရုံးကထိုစီရင်ထုံးများကိုအဘယ်ကြောင့်ကိုးကားဆုံးဖြတ်ခြင်းမပြုသည်ကိုမသိရ။ ယုတ်စွအဆုံး၊စီရင်ချက်များမီးသေခြင်းမရှိဟုဆုံးဖြတ်သော၊ 4 BLJ 250 နှင့် 7 Ran 80 တို့ကိုစိစစ်ဆုံးဖြတ်သင့်သည်။

2 UBR Civil Procedure 5 , 8 BLT 160

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1907-08 , 2 UBR Civil Procedure 5 Nga Thet Tha  vs.  Mi Kye Gyi . Before G. W. Shaw , Esq . နှင့် 8 BLT 160 Shwe Tha U and 7 others  vs.  Hla Rhi and one . Before Sir Henry Hartnoll , J . တွင်၊ထိုစီရင်ထုံးနှစ်ရပ်သာရှိသည်။ 3 BLJ 54 Maung Thwe  vs.  Ma Shwe Pon . Present - Heald and Lentaigne , JJ . 3 Ran 77 Ma Tok and nine  vs.  Ma Yin and seven . Before Mr. Justice Pratt . 4 BLJ 250 Ma Mo  vs.  Ma Set . Present - Heald and Chari , JJ . 7 Ran 80 Ma Shin  vs.  Maung Han and others . Before Mr. Justice Brown . 10 Ran 322 ( PC ) Maung Sein Done  vs.  Ma Pan Nyun and others . Present : Lord Russell of Killowen , Sir George Lowndes , and Sir Dinshah Mulla . AIR 1933 Ran 255 တို့တွင်၊စီရင်ချက်တရပ်ရပ်သည်၊ပူးတွဲတရားပြိုင်များအချင်းချင်းတွင်၊မီးသေရန်လိုအပ်သောအချက်များကိုထုံးဖွဲ့ထားရာ၌၊စကားအသုံးအနှုန်းကွဲလွဲသည်မှအပ၊ဥပဒေသဘောမှာအနှစ်သာရအားဖြင့်အတူတူဖြစ်သည်။ 6 Ran 575 Ma Pan Nyun  vs.  Mau...

ဆွေးနွေးလျက်ရှိသောမညိုအမှုတွင်

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆွေးနွေးလျက်ရှိသောမညိုအမှုတွင်၊ရေနံတွင်းကိုဝယ်ယူသောသူတဦးတယောက်သည်၊သားသမီးထွန်းကားခြင်းမရှိဘဲသေဆုံးသွားပါက၊ရေနံတွင်းအရိုး(ရေနံတွင်းပိုင်ဆိုင်ခွင့်)သည်၊ရောင်းသူထံသို့ရောက်သွားသောဥပဒေတမျှတည်နေသည့်ထုံးတမ်းစဉ်လာရှိသည်ဟု၊မလှခင်ကအဆိုပြုစွဲဆိုရာ၌၊တရားပြိုင်မညိုကထုံးတမ်းရှိခြင်းကိုဝန်ခံသည်။ သို့သော်ပူးတွဲတရားပြိုင်မဖက်တီမာဘီဘီ(ရေနံတွင်းကိုဝယ်သောသူ​၏သမီးဖြစ်သည်ဟု၊တရားလွှတ်တော်အယူခံအမှုတွဲရှိခရိုင်တရားရုံး​၏စီရင်ချက်မိတ္တူ၌ဖော်ပြထားသည်။ရေနံတွင်းဝယ်သောအမေနှင့်တရားပြိုင်သမီးတို့မှာအမည်တူများဖြစ်ကြသည်)ကမူ၊ထိုထုံးတမ်းစဉ်လာမျိုးမရှိဟုငြင်းသည်။ သို့ဖြစ်ရာထုံးတမ်းစဉ်လာရှိမရှိပြဿနာသည်တရားလိုမလှခင်နှင့်တရားပြိုင်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်သာမက၊တရားပြိုင်မညိုနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်လည်းအငြင်းပွားသည်။ တရားလိုမလှခင်တောင်းဆိုသောသက်သာခွင့်ကိုရခွင့်ရှိမရှိမှာ၊ပူးတွဲတရားပြိုင်နှစ်ဦးအကြားတွင်လည်းအငြင်းပွားလျက်ရှိသော၊အချင်းဖြစ်ထုံးတမ်းစဉ်လာရှိမရှိဟူသောအငြင်းပွားမှုကိုစီရင်ဆုံးဖြတ်ရန်လိုအပ်သည်ဖြစ်ရာ၊မူလတရားရုံးကထိုအငြင်းပွားမှုကိုကြားနာကာ၊အချင်းဖြစ်ထုံးတမ်းစဉ်လာမရှိဟ...

စီရင်ချက်(ဆုံးဖြတ်ချက်)တရပ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ချက်(ဆုံးဖြတ်ချက်)တရပ်သည်၊တရားလိုနှင့်တရားပြိုင်အချင်းချင်းတွင်မီးသေသည်ဟုဆိုသော၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁ပါဥပဒေသဘောကိုဥပဒေပညာရှင်တိုင်းသဘောပေါက်ပါသည်။ မသိပါဟုဆိုလျှင်- 1957 BLR ( HC ) 96 ဦးမြင့် နှင့် မအေးမိ တရားလွှတ်တော်ဝန်ကြီးဦးအောင်ခိုင်ရှေ့တော်၌၊စီရင်ထုံးကိုညွှန်ပြယုံသာရှိသည်။ (စီရင်ထုံးတွင်( HC )အစား( CC )ဟုမှားယွင်းဖော်ပြထားသည်) တရားပြိုင်အချင်းချင်းတွင်မည်သည့်အခါမီးသေကြောင်း- 10 Ran 322 ( PC ) Maung Sein Done  v. Ma Pan Nyun and others. Present : Lord Russell of Killowen , Sir George Lowndes , and Sir Dinshah Mulla .  စီရင်ထုံးနှင့် 1984 BLR 180 ဒေါ်မြင့်သိန်းပါ၃ နှင့် ဦးသန်းရွှေပါ၃  စီရင်ထုံးများကိုဖတ်ပါ။ တဖက်တွင်စီရင်ချက်တရပ်သည်တရားပြိုင်အချင်းချင်း၌မီးသေခြင်းကိစ္စမှာရိုးစင်းလှသည်မဟုတ်။ စီရင်ထုံးများတွင်သာအဖြေတွေ့နိုင်သည်။ မြန်မာနိုင်ငံ​၏စီရင်ထုံးသမိုင်းအစဖြစ်သည့်၁၈၇၂ခုနှစ်မှ၃၅နှစ်ခန့်အကြာတွင်၊ထိုဥပဒေသဘောကို(၂၄-၅-၁၉၀၇)နေ့၌ဆုံးဖြတ်သော- 1907-09 , 2 UBR Civil Procedure 5 Nga Thet Tha  vs. Mi Kye Gyi . Before G. W. Shaw , Es...

42 C W N 492

Image
 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 42 C. W. N. 492.( ၁၉၆၁ခုနှစ်စီရင်ထုံးတွင်၊စာမျက်နှာ၁၃၄၌ဖော်ပြထားသည် )စီရင်ထုံး၌- (၁)အယူခံဝင်လိုသောကောက်ယူဆုံးဖြတ်ချက်သည်မီးသေရမည်။ (၂)ထိုသို့မီးသေခြင်းကြောင့်ထိခိုက်နစ်နာသောအမှုသည်သည်၊ယင်းဆုံးဖြတ်ချက်တွင်အကျုံးဝင်သောပြဿနာကို၊အခြားအမှုတမှုမှုတွင်အရေးဆိုခွင့်မရှိစေရဟုပြဆိုထားသည်။ တနည်းဆိုရပါက၊အမှုတွင်အချင်းဖြစ်ထုံးတမ်းစဉ်လာမရှိဟုမူလတရားရုံးကချမှတ်သောကောက်ယူဆုံးဖြတ်ချက်သည်၊မညိုကထိုထုံးတမ်းစဉ်လာရှိသည်ဟု၊အခြားအမှုတမှုတွင်မဖက်တီမာဘီဘီအပေါ်ဖြစ်စေ၊၎င်းကိုအမှီပြု၍တောင်းဆိုပိုင်သူအပေါ်တွင်ဖြစ်စေ၊အရေးဆိုခြင်းကိုမီးသေခြင်းဆိုင်ရာဥပဒေသကပိတ်ပင်ထားခြင်းရှိမရှိဖြစ်သည်။ ပိတ်ပင်လျှင်၊မညိုသည်အချင်းဖြစ်ဆုံးဖြတ်ချက်ကိုအဓိကအားဖြင့်မဖက်တီမာဘီဘီအပေါ်အယူခံဝင်နိုင်သည်။ မပိတ်ပင်လျှင်အယူခံမဝင်နိုင်။ အမှန်စင်စစ်ထိုမီးသေခြင်းဆိုင်ရာပြဿနာကိုစိစစ်ဆုံးဖြတ်ရန်လိုသည်မဟုတ်။ အကြောင်းမူစီရင်ထုံးစာမျက်နှာ၁၃၃တွင်၊မညိုကမလှခင်နှင့်မဖက်တီမာဘီဘီတို့အပေါ်၊အချင်းဖြစ်အရိုးကိုမိမိအနေဖြင့်ဒေါ်အေးကြည်​၏အနီးဆုံးအမွေဆက်ခံသူအဖြစ်ရထိုက်သူဖြစ်ကြောင်းတရားစွဲဆိုခဲ့ရာ၊ရုံးချိန်းပျက်သဖြင့်၊၎င်းစွဲဆိုသောအမှ...

မလှခင်ကမညိုနှင့်မဖက်တီမာဘီဘီအပေါ်တရားစွဲဆိုရာ၌

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မလှခင်ကမညိုနှင့်မဖက်တီမာဘီဘီအပေါ်တရားစွဲဆိုရာ၌၊၎င်း​၏အမွေရှင်ဒေါ်အေးကြည်သည်ရေနံတွင်းအချို့ကို၊ကွယ်လွန်သူမဖက်တီမာဘီဘီ(စီရင်ထုံးပါထိုမဖက်တီမာဘီဘီသည်၊တရားပြိုင်နှင့်နံမည်တူဖြစ်သလားမသိရ။ကွယ်လွန်သူ​၏အမည်သည်အခြားအမည်ဖြစ်နိုင်သည်။၎င်းသည်တရားပြိုင်မဖက်တီမာဘီဘီနှင့်မည်သို့တော်စပ်ကြောင်းစီရင်ထုံး၌ဖော်ပြထားခြင်းမရှိ)အားရောင်းချခဲ့ရာ၊ဝယ်သူကွယ်လွန်သောအခါရေနံတွင်းအရိုးသည်ရောင်းသူဒေါ်အေးကြည်ထံသို့ပြန်လည်ရောက်ရှိသည်ဟူသော၊ဥပဒေတမျှတည်နေသည့်ထုံးတမ်းစဉ်လာရှိသည်ဟုအဆိုပြုကာမိမိသည်ရောင်းသူဒေါ်အေးကြည်​၏အနီးစပ်ဆုံးအမွေခံဖြစ်သည်ဆိုကာ၊အဆိုပါအရိုးကိုရထိုက်သူဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုခြင်းဖြစ်သည်။ တရားပြိုင်မညိုကထိုထုံးတမ်းစဉ်လာရှိသည်ဆိုခြင်းကိုဝန်ခံသည်။ သို့သော်မိမိသည်မလှခင်ထက်ဒေါ်အေးကြည်နှင့်သွေးပိုနီးသည်ဖြစ်၍မိမိသာလျှင်အချင်းဖြစ်ရေနံတွင်းအရိုးကိုရထိုက်သူဖြစ်သည်ဟုချေပခုခံသည်။ ကျန်တရားပြိုင်မဖက်တီမာဘီဘီကမူ၊ထိုထုံးတမ်းစဉ်လာမရှိဟုငြင်းသဖြင့်၊အမှုတွင်ထိုအငြင်းပွားမှုနှင့်စပ်လျဉ်းပြီးငြင်းချက်ထုတ်ကာကြားနာပြီးနောက်၊ထိုထုံးတမ်းစဉ်လာမရှိဟုအကြောင်းပြပြီး၊မလှခင်စွဲဆိုသောအမှုက...

1961 BLR ( H C ) 132 မညို နှင့် မလှခင်ပါ၂

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 မညို နှင့် မလှခင်ပါ၂ တရားဝန်ကြီးဦးအောင်ခိုင်နှင့်ဦးစောဘသိန်းတို့ရှေ့မှောက်တွင်ကြားနာပြီးနောက်၊တရားဝန်ကြီးဦးစောဘသိန်းအမိန့်ချမှတ်သည်။ အမှုတွင်၊တရားလိုသည်မလှခင်ဖြစ်ပြီး၊တရားပြိုင်များသည်မညိုနှင့်မဖက်တီမာဘီဘီတို့ဖြစ်ကြသည်။ တရားလိုမလှခင်အမှုရှုံးပြီး၊တရားပြိုင်မညိုအမှုနိုင်ပါလျက်၊တရားလိုမလှခင်ကိုအရှုံးပေးဖြေဆိုသောငြင်းချက်(အမှန်စင်စစ်ငြင်းချက်အပေါ်အဆုံးအဖြတ်တွင်တရားလိုမလှခင်နှင့်တရားပြိုင်မညိုတို့အတူတူအကျိုးလိုလားသူများဖြစ်သည်)အပေါ်၊မူလတရားရုံး​၏ကောက်ယူဆုံးဖြတ်ချက်( finding )ကိုအယူခံဝင်နိုင်သည်ဟု၊ 1961 BLR ( HC ) 132 စီရင်ထုံးကို၊အပေါ်ယံကြောအဓိပ္ပာယ်ကောက်ယူရန်မဟုတ်ဟု၊ကနဦးသတိထားရန်လိုသည်။ စီရင်ထုံးပါ"ထိခိုက်နစ်နာစေခြင်း"၊"ဆန့်ကျင်၍ထိခိုက်နစ်နာစေခြင်း"ဟူသော၊အသုံးအနှုန်းများကစိတ်ရှုပ်စရာဖြစ်နေသည်ကိုတွေ့ရပါသည်။ 1961 BLR ( HC ) 132 အမှုကိုကြားနာသည့်အခါ၊အယူခံဝင်သူမညိုဘက်မှရှေ့နေမရှိ၍၊ခုံရုံးကိုအကူအညီပေးနိုင်စရာအကြောင်းမရှိပါ။ ခုံရုံးကကိုးကားသည့်( Krishna Chandra Goldar v. Mohesh Chandra Saha ) 9 C. W. N. 584.( Calcutta Week...