Posts

Reversed နှင့် Overruled သဘောချင်းမတူ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးများတွင်ယခင်စီရင်ထုံးကိုကိုးကား၍- တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌၊ပယ်ဖျက်သောအခါ(reversed)ဟူသောစကားရပ်ကိုသုံးသည်။ ပယ်ဖျက်(overruled)နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။ အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့ချက်တရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို(overruled)လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။ —————————— 6 LBR 18 ( P C ) Maung Pe v. Lon Ma Gale  Before Lord Atkinson , Lord Robson , Sir Arthur Wilson , and Mr. Ameer Ali. စီရင်ထုံးသည်- 5 LBR 114 Lon Ma Gale v. Maung Pe  Before Sir Charles Fox , Chief Judge , and Mr. Justice Parlett. စီရင်ထုံးအား(Overrules)ပြုလုပ်ကြောင်း၊6 LBR 18 စီရင်ထုံးစာမျက်နှာ၁၈၏အောက်ခြေမှတ်စုတွင်အောက်ပါအတိုင်းဖော်ပြထားသည်- “Overrules Lon Ma Gale v. Maung Pe , V L. B. R. , 114.” ————————————— 5 LBR 114 Lon Ma Gale v. Maung P...

စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍- လိုက်နာသည်( followed ) သဘောတူလက်ခံသည်( approved ) မလိုက်နာသို့မဟုတ်လိုက်နာခြင်းမပြု( not followed ) လက်ခံခြင်းမပြု( disapproved ) သဘောကွဲလွဲသည်( dissented ) သဘောကွဲလွဲရာရောက်သည်( dissented protanto ) ပယ်ဖျက်သည်( overruled )ဟုဖော်ပြတတ်သည်။ အချို့စီရင်ထုံးများမှာ- သဘောကွဲလွဲခြင်း၊ပယ်ဖျက်ခြင်းခံရပြီးကာမှတရားသူကြီးဦးရေများသောခုံအဖွဲ့ကပြန်လည်အတည်ပြု( reaffirmed )ခြင်းခံရ၍ပြန်လည်အသက်ရှင်လာကြပါသည်။ ရှေးအခါကအမြင့်ဆုံးတရားရုံးမှာအင်္ဂလန်နိုင်ငံရှိပရီဗွီကောင်စီဖြစ်သည်။ တရားလွှတ်တော်တွင်တရားသူကြီးအနည်းဆုံးသုံးဦးရုံးထိုင်စီရင်သောအဖွဲ့ကိုစုံညီခုံရုံးအဖြစ်သတ်မှတ်သည်။ အချို့ခုံအဖွဲ့ကိုမူအထူးခုံရုံး( Special Bench )ဟုသတ်မှတ်သည်။ တရားသူကြီးနှစ်ဦးပါသောခုံအဖွဲ့ကို( Division Bench )ဟုခေါ်သည်။ တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌ပယ်ဖျက်သောအခါ( reversed )ဟူသောစကားရပ်ကိုသုံးသည်။ ပယ်ဖျက်( overruled )နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။ အမှုတမှုတွင်ချမှတ်သောထုံးဖွဲ...

ဥပဒေကျမ်းများ၏အထောက်အကူ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဥပဒေကျမ်းများ၏အထောက်အကူ စာရေးသူသည် AIR Commentaries ၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကို၊တရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။ အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။ မန္တလေးမြို့မှရှေ့နေဦးမြစိန်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ)သည်၎င်း​၏ဆရာ Mr Bose(စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့မြင်နိုင်သည်)ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်၊တရားမကျင့်ထုံးဥပဒေကျမ်း( AIR Commentaries )များပါဝင်သည်။ ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။ ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၂၁၉တွင်- 1966 BLR 27 ( C C ) Maung Khet and two others  vs.  Ma Yin  တရားသူကြီးဦးစိန်သင်းကြားနာဆုံးဖြတ်သည်  စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းအောက်ပါအတိုင်းပြဆိုထားသည်- Maung Khet  vs. Ma Yin ( 1966 C . C . 27 ) is a difficult decision by a single Judge of the Chief Court . The Learned Judge explici...

ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 Rangoon Law Reports 826  Daw Shin v. Arjandas . Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely. အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၃၀၌၊စီရင်လျက်ရှိသောအယူခံမှုတွင်ပေါ်ပေါက်သောအမှုနှင့်အများဆုံးဆင်တူသည်ဟုအကြောင်းပြကိုးကားသော၊ ILR 13 Lah 702 ( P C )စီရင်ထုံးမှာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃အရဆုံးဖြတ်သောအမှုဖြစ်သည်။ အထက်ပါကျမ်းတွင်ပုဒ်မ၇၃ပါဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်ဖြစ်သည်ဟုအထက်ပါကျမ်းဒုတိယတွဲစာမျက်နှာ၁၃၀၃၌ပင်၊အောက်ပါအတိုင်းပြဆိုသည်- “သို့ဖြစ်ရာပေါင်သောပစ္စည်းမှာပစ္စည်းတွင်မခွဲဝေရသေးသောအစုဖြစ်ပြီးပူးတွဲအစုရှင်များသည်ခွဲဝေကြလျှင်အပေါင်ခံသူ၏အာမခံ(ပစ္စည်း)သည်မိမိအားပေါင်နှံသူကိုတဦးချင်းအလိုက်ခွဲဝေသတ်မှတ်ပေးသောဝေစုနှင့်သက်ဆိုင်သည်။” ပုဒ်မ၇၃သည်အာမခံချက်များအစားထိုးခြင်းဆိုင်ရာဥပဒေ”The doctrine of substituted securities”ကိုကျင့်သုံးမှုတရပ်ဖြစ်သည်။ 39 Mad 283နှင့်ILR(1933)All 513( F B )စီရင်ထုံးများကိုကြည့်ပါ။ သို့ဖြစ်ရာမခွဲဝေရသေးသောပစ္စည်းတွင်ပူးတွဲအစုရှင်တဦးကမိမိအစုကိုပေါင်ခဲ့ပြီးနောက်ပစ္စည်းခွဲဝေသည့်အခါအပေါ...

1940 Rangoon Law Reports 826 [ D B ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 Rangoon Law Reports 826  Daw Shin v. Arjandas . Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely. အမှုအကြောင်းဆက်လက်ဆွေးနွေးပါမည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရပူးတွဲအမွေဆိုင်များသည်၊၂ပုံ၁ပုံ၊၃ပုံ၁ပုံ၊၄ပုံ၁ပုံစသည်ဖြင့်အစုလိုက်အမွေဆက်ခံကြသည်။ အမွေမခွဲမဝေမချင်း၎င်းတို့အသီးသီးရရှိသောအမွေစုသည်တသီးတခြားတည်ရှိသည်မဟုတ်ပေ။ အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားရုံး၏ဒီကရီဖြစ်စေ၊သဘောတူညီချက်အရဖြစ်စေ၊အမွေခွဲဝေယူမှသာအမွေဆိုင်တဦးစီ၏အမွေစုမှာသီးခြားပေါ်လာသည်။ 1940 RLR ( D B )826တွင်ရည်ညွှန်းသောအမွေမှုကို၊ 8 Ran 524စီရင်ထုံး၌ဆုံးဖြတ်သည်။ ထိုစီရင်ထုံးတွင်အမွေမှု၌ထုတ်နုတ်ထားသောငြင်းချက်များကိုဖော်ပြထားရာ၊ချစ်တီးထံပေါင်သည်ဆိုသောပစ္စည်းမှာအမွေဆိုင်ဟုတ်မဟုတ်အငြင်းပွါးပုံမပေါ်။ ထိုသို့ဆိုလျှင်တရားလိုချစ်တီးအား၊အမွေဆိုင်မောင်အောင်ဖေကပေါင်နှံခြင်းသည်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နှင့်ငြိစွန်းရန်အကြောင်းမရှိနိုင်။ အထူးခုံရုံးသည်၊ 1940 RLR ( D B )826အမှုကိုဆုံးဖြတ်ရာ၌အခြားဥပဒေပြဿနာအရအဖြေထုတ်နိုင်သဖြင့်ပုဒ်မ၅၂သည်အမွေစီမံခန့်ခွဲပေးစေလိုမှု...

P. K. Basu အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရန်ကုန်အတွဲ၁မှ၁၄တွင်- နှစ်ဘက်သောရှေ့နေရှေ့ရပ်များ၏လျှောက်လဲချက်များတွင်ကိုးကားသောစီရင်ထုံးများနှင့်တကွဖော်ပြသည်မှာအစဉ်အလာကောင်းဖြစ်သည်။ လျှောက်လဲချက်များအစုံအလင်မပါသော်လည်း၊အဓိကလျှောက်လဲချက်များကိုမှတ်တမ်းတင်ထားသည်။ 1940 Rangoon Law Reports 826 ( D B ) Daw Shin v. Arjandas . Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely. အမှုတွင်အယူခံတရားလို၏ရှေ့နေ P. K. Basu ကိုးကားသောပရီဗွီကောင်စီ၊စီရင်ထုံးများအပါအဝင်၊ ILR 13 Lah 702( P C ) , 1 IA 186 , 32 IA 1 , ILR 27 Cal 77 နှင့် ILR 55 Cal 532( P C )စီရင်ထုံးများကိုပင်အယူခံရုံးကကိုးကားပြီးဆုံးဖြတ်ထားခြင်းကြောင့်ထိုစီရင်ထုံးကိုဖတ်ရသောစာရေးသူသည်၊အယူခံတရားလို၏ရှေ့နေ P. K. Basu မှာအာဂပုဂ္ဂိုလ်ကြီးပါတကားဟုရေရွတ်မိသည်။ လက်ဖျားခါမိသည်လည်းအမှန်။ ပရီဗွီကောင်စီ၊စီရင်ထုံးများကို- Moor’s Privy Council( ၁၈၃၆ မှ ၁၈၆၂ အထိ ၁၅တွဲ ) Moor’s New Series( ၁၈၆၂ မှ ၁၈၇၃ အထိ ၁၉တွဲ ) Indian Appeals စီရင်ထုံးများကို၊၁၈၇၄(မင်းတုန်းမင်းနန်းစံဆဲ)မှစ၍၊နှစ်စဉ်အတွဲ၁၊၂၊၃စသည်ဖြင့်ထုတ်ဝေသည်။ ထိုစာအုပ်များရန်ကုန်မ...

1940 Rangoon Law Reports 826 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 Rangoon Law Reports 826 ( D B ) Daw Shin v. Arjandas . Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely. စီရင်ထုံးတွင်၊အမှုဖြစ်စဉ်ကို- "The facts are , briiefly , that in the course of an administration suit one of the parties , a co-owner(Maung Aung Pe) , mortgaged his undivided share of the properties. " ဟုအစချီကာဖော်ပြသည်။ ရည်ညွှန်းသောအမွေစီမံခန့်ခွဲမှုမှာ၊စာရေးသူ​၏လေ့လာတွေ့ရှိချက်အရ(၃-၉-၁၉၃၀)နေ့၌ဆုံးဖြတ်သောမောင်အောင်ဖေအမှု- 8 Ran 524 ( DB ) (Maung Aung Pe v. U Tun Aung Gyaw and two.) (Before Mr. Justice Maung Ba and Mr. Justice Baguley.)ဖြစ်သည်။ ——————————- မောင်အောင်ဖေ​၏မိခင်နှင့်အဒေါ်ဒေါ်စောခင်တို့အမွေရသောပစ္စည်းများနှင့်စပ်လျဉ်း၍တရားဆိုင်ကြရာမှပေါ်ပေါက်သောအမှုသုံးမှုမှာ- 6 Ran 79 ( PC ) (Ma Saw Kin and others  v. Maung Tun Aung Gyaw) (Present:- Viscount Sumner , Lord Sinha , Sir John Wallis and Sir Lancelot Sanderson.) —————————— 8 Ran 524 ( DB ) (Maung Aung Pe v. U Tun Aung Gyaw and two.) (Before ...