Posts

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရာဇဝတ်ကျင့်ထုံးဥပဒေကို၊၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅အဖြစ်(၁-၇-၁၈၉၈)နေ့တွင်ပြဌာန်းသည်။ ၁၈၉၈ခုနှစ်ပြဌာန်းစဉ်အခါက၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈တွင်ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုပြဌာန်းထားခြင်းမရှိ။ [ Code of Criminal Procedure(Amendment Act , 1923) ]ဖြင့်၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈ကို(၂-၄-၁၉၂၃)နေ့တွင်၊ပြဌာန်းသည်။ [ Act No . XVIII of 1923 . ]  Code of Criminal Procedure(Amendment). တွင်အောက်ပါအတိုင်းဖော်ပြထားသည်- “13.( 1 )After sub-section ( 6 ) of section 88 of the said Code the following sub-section shall be inserted , namely : - စသည်ဖြင့်အစချီကာ၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိပြဌာန်းချက်များကိုဖော်ပြထားသည်။ ဖြည့်စွက်ပြဌာန်းချက်၏ဘေးခေါင်းစဉ်တွင်အောက်ပါအတိုင်းဖော်ပြထားသည်- “Amendment of section 88 , Code of Criminal Procedure , 1898 .” ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်သည်။ ဖြည့်စွက်ပြဌာန်းထားသောဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်- “88.(6A)If any claim is preferred to,or objection made to the att...

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၅၁၂ဖြင့်တရားစွဲတင်သည့်တရားခံပြေးမှုများတွင်၊ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသည်ဟုကောက်ယူသုံးသပ်နိုင်သလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၅၁၂ဖြင့်တရားစွဲတင်သည့်တရားခံပြေးမှုများတွင်၊ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိရသည်ဟုကောက်ယူသုံးသပ်နိုင်သလော။ ? —————————————— 2011 BLR 107  ဦးသိန်းဟန် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသောဦးစိုးညွန့်နှင့်ဦးမြင့်ဟန်တို့ရှေ့တွင် အမှုတွင်၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်က၊စီရင်ထုံးစာမျက်နှာ၁၂၁နှင့်၁၂၂တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- “ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံများနှင့်စပ်လျဥ်း၍မှင်ပြာသက်သေကိုစစ်ဆေးပြီးနောက်၊ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၈၇နှင့်၈၈တို့အရအရေးယူဆောင်ရွက်ပုံကိုတရားရုံးများလက်စွဲအပိုဒ်၅၁၃၊အပိုဒ်ခွဲ(၅)တွင်အောက်ပါအတိုင်းညွှန်ပြထားသည်- “(၅)သက်သေခံချက်ကိုရေးမှတ်ယူပြီးသောအခါရာဇဝတ်တရားသူကြီးသည်ပြစ်မှုမှာလုံလောက်စွာယုတ္တိထင်ရှားခြင်းရှိမရှိစဉ်းစားဆင်ခြင်ရမည်။ ယုတ္တိထင်ရှားခြင်းရှိလျှင်ရာဇဝတ်တရားသူကြီးကပုဒ်မ၈၇နှင့်၈၈အရဆက်လက်ဆောင်ရွက်နိုင်သည်။ ပြစ်မှုမှာလုံလောက်စွာယုတ္တိထင်ရှားခြင်းမရှိလျှင်ရာဇဝတ်တရားသူကြီးသည်ကြော်ငြာစာထုတ်ရန...

2021 BLR 1 , ဒေါ်ခင်စန္ဒာမိုး နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂ စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ  2021 BLR 1  ဒေါ်ခင်စန္ဒာမိုး နှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပါ၂ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးနိုင်ရှေ့တွင် စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ ——————————————— ဤစီရင်ထုံးသည်၊လက်ရှိရာဇဝတ်ကျင့်ထုံးဥပဒေပြဌာန်းချက်နှင့်မညီညွတ်ပါ။ ရာဇဝတ်ကျင့်ထုံးဥပဒေကို၊၁၈၉၈ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၅အဖြစ်(၁-၇-၁၈၉၈)နေ့တွင်ပြဌာန်းစဉ်အခါက၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈တွင်ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုပြဌာန်းထားခြင်းမရှိပါ။ ၁၉၂၃ခုနှစ်အိန္ဒိယအက်ဥပဒေအမှတ်၁၈[ Code of Criminal Procedure(Amendment Act , 1923) ]ဖြင့်(၂-၄-၁၉၂၃)နေ့တွင်၊ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၈၈၊ပုဒ်မခွဲ(၆-က)မှ(၆-င)အထိကိုဖြည့်စွက်ပြဌာန်းထားခြင်းဖြစ်သည်။ ဖြည့်စွက်ပြဌာန်းထားသောဥပဒေမှာအောက်ပါအတိုင်းဖြစ်သည်- “88.(6A)If any claim is preferred to,or objection made to the attachment of any property attched under this section, within six months from the date of such attachment,by any person other than the proclaimed person,on the ground that the claimant or objector has an interest in such property,and that such...

Reversed နှင့် Overruled သဘောချင်းမတူ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးများတွင်ယခင်စီရင်ထုံးကိုကိုးကား၍- တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌၊ပယ်ဖျက်သောအခါ(reversed)ဟူသောစကားရပ်ကိုသုံးသည်။ ပယ်ဖျက်(overruled)နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။ အမှုတမှုတွင်ချမှတ်သောထုံးဖွဲ့ချက်တရပ်မှားယွင်းကြောင်းတွေ့ရ၍၊အလားတူပြဿနာပေါ်ပေါက်သောနောက်တမှုတွင်၊မတူသောပြဿနာကိုစဉ်းစားပြီးပထမစီရင်ထုံးကို(overruled)လုပ်ခြင်းသည်၊တမှုတည်းတွင်ချမှတ်သောဆုံးဖြတ်ချက်ကိုအယူခံတွင်ပြောင်းပြန်ပြန်လိုက်ခြင်းနှင့်ကွဲပြားပါသည်။ —————————— 6 LBR 18 ( P C ) Maung Pe v. Lon Ma Gale  Before Lord Atkinson , Lord Robson , Sir Arthur Wilson , and Mr. Ameer Ali. စီရင်ထုံးသည်- 5 LBR 114 Lon Ma Gale v. Maung Pe  Before Sir Charles Fox , Chief Judge , and Mr. Justice Parlett. စီရင်ထုံးအား(Overrules)ပြုလုပ်ကြောင်း၊6 LBR 18 စီရင်ထုံးစာမျက်နှာ၁၈၏အောက်ခြေမှတ်စုတွင်အောက်ပါအတိုင်းဖော်ပြထားသည်- “Overrules Lon Ma Gale v. Maung Pe , V L. B. R. , 114.” ————————————— 5 LBR 114 Lon Ma Gale v. Maung P...

စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးများတွင်ယခင်စီရင်ထုံးများကိုကိုးကား၍- လိုက်နာသည်( followed ) သဘောတူလက်ခံသည်( approved ) မလိုက်နာသို့မဟုတ်လိုက်နာခြင်းမပြု( not followed ) လက်ခံခြင်းမပြု( disapproved ) သဘောကွဲလွဲသည်( dissented ) သဘောကွဲလွဲရာရောက်သည်( dissented protanto ) ပယ်ဖျက်သည်( overruled )ဟုဖော်ပြတတ်သည်။ အချို့စီရင်ထုံးများမှာ- သဘောကွဲလွဲခြင်း၊ပယ်ဖျက်ခြင်းခံရပြီးကာမှတရားသူကြီးဦးရေများသောခုံအဖွဲ့ကပြန်လည်အတည်ပြု( reaffirmed )ခြင်းခံရ၍ပြန်လည်အသက်ရှင်လာကြပါသည်။ ရှေးအခါကအမြင့်ဆုံးတရားရုံးမှာအင်္ဂလန်နိုင်ငံရှိပရီဗွီကောင်စီဖြစ်သည်။ တရားလွှတ်တော်တွင်တရားသူကြီးအနည်းဆုံးသုံးဦးရုံးထိုင်စီရင်သောအဖွဲ့ကိုစုံညီခုံရုံးအဖြစ်သတ်မှတ်သည်။ အချို့ခုံအဖွဲ့ကိုမူအထူးခုံရုံး( Special Bench )ဟုသတ်မှတ်သည်။ တရားသူကြီးနှစ်ဦးပါသောခုံအဖွဲ့ကို( Division Bench )ဟုခေါ်သည်။ တရားလွှတ်တော်၏ဆုံးဖြတ်ချက်ကိုပရီဗွီကောင်စီ၊တရားလွှတ်တော်ချုပ်၊တရားလွှတ်တော်တွင်ဆက်လက်အယူခံနိုင်ရာ၌ပယ်ဖျက်သောအခါ( reversed )ဟူသောစကားရပ်ကိုသုံးသည်။ ပယ်ဖျက်( overruled )နှင့်သဘောချင်းမတူသည်ကိုသတိချပ်ရန်လိုပါသည်။ အမှုတမှုတွင်ချမှတ်သောထုံးဖွဲ...

ဥပဒေကျမ်းများ၏အထောက်အကူ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဥပဒေကျမ်းများ၏အထောက်အကူ စာရေးသူသည် AIR Commentaries ၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကို၊တရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။ အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။ မန္တလေးမြို့မှရှေ့နေဦးမြစိန်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ)သည်၎င်း​၏ဆရာ Mr Bose(စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့မြင်နိုင်သည်)ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်၊တရားမကျင့်ထုံးဥပဒေကျမ်း( AIR Commentaries )များပါဝင်သည်။ ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။ ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၂၁၉တွင်- 1966 BLR 27 ( C C ) Maung Khet and two others  vs.  Ma Yin  တရားသူကြီးဦးစိန်သင်းကြားနာဆုံးဖြတ်သည်  စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းအောက်ပါအတိုင်းပြဆိုထားသည်- Maung Khet  vs. Ma Yin ( 1966 C . C . 27 ) is a difficult decision by a single Judge of the Chief Court . The Learned Judge explici...

ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 Rangoon Law Reports 826  Daw Shin v. Arjandas . Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Mosely. အမှုတွင်၊စီရင်ထုံးစာမျက်နှာ၈၃၀၌၊စီရင်လျက်ရှိသောအယူခံမှုတွင်ပေါ်ပေါက်သောအမှုနှင့်အများဆုံးဆင်တူသည်ဟုအကြောင်းပြကိုးကားသော၊ ILR 13 Lah 702 ( P C )စီရင်ထုံးမှာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၇၃အရဆုံးဖြတ်သောအမှုဖြစ်သည်။ အထက်ပါကျမ်းတွင်ပုဒ်မ၇၃ပါဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရန်ဖြစ်သည်ဟုအထက်ပါကျမ်းဒုတိယတွဲစာမျက်နှာ၁၃၀၃၌ပင်၊အောက်ပါအတိုင်းပြဆိုသည်- “သို့ဖြစ်ရာပေါင်သောပစ္စည်းမှာပစ္စည်းတွင်မခွဲဝေရသေးသောအစုဖြစ်ပြီးပူးတွဲအစုရှင်များသည်ခွဲဝေကြလျှင်အပေါင်ခံသူ၏အာမခံ(ပစ္စည်း)သည်မိမိအားပေါင်နှံသူကိုတဦးချင်းအလိုက်ခွဲဝေသတ်မှတ်ပေးသောဝေစုနှင့်သက်ဆိုင်သည်။” ပုဒ်မ၇၃သည်အာမခံချက်များအစားထိုးခြင်းဆိုင်ရာဥပဒေ”The doctrine of substituted securities”ကိုကျင့်သုံးမှုတရပ်ဖြစ်သည်။ 39 Mad 283နှင့်ILR(1933)All 513( F B )စီရင်ထုံးများကိုကြည့်ပါ။ သို့ဖြစ်ရာမခွဲဝေရသေးသောပစ္စည်းတွင်ပူးတွဲအစုရှင်တဦးကမိမိအစုကိုပေါင်ခဲ့ပြီးနောက်ပစ္စည်းခွဲဝေသည့်အခါအပေါ...