Posts

တရားမကျင့်ထုံးဥပဒေအမိန့်၄၇။နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်ကိုဖော်ပြရာ၌၊ပထမနှစ်ရပ်ကိုတိတိကျကျပြဌာန်းပြီးနောက်”for any other sufficient reason”ဆိုသောစကားရပ်ကိုတတိယအချက်အဖြစ်ဖော်ပြသည်။ ယင်းစကားရပ်သည်ပထမအချက်နှစ်ရပ်နှင့်မျိုးတူသောအကြောင်းဖြစ်ရန်လိုမလိုအမြင်များကွဲလွဲခဲ့ရာ၊၁၉၂၂ခုနှစ်၊ပရီဗီကောင်စီက၊အေအိုင်အာ ၁၉၂၂ ပီစီ ၁၁၂(လာဟိုး အတွဲ၃ စာ၁၂၇)တွင်၊ယုတ်စွအဆုံးပထမအချက်နှစ်ရပ်၌ဖော်ပြထားသောအကြောင်းများနှင့်သဘောချင်းတူသောလုံလောက်သည့်အကြောင်းဖြစ်သည်ဟုဖွင့်ဆိုသည်။ အထက်ပါစီရင်ထုံးကိုလိုက်နာ၍ 5 Ran 675 K. K. S. A. R. Firm v. Maung Kya Nyun and one. Before Mr. Justice Maung Ba. အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်- “The words “any other sufficient reason” occuring in O. 47, rule 1 of the Civil Procedure Code, mean a reason sufficient on grounds at least analogous to those specified immediately previously. The Latin phrase “ejusdem generis” which mean “of the same kind” is more restricted than the word “analogous.” ———————————— 1957 BLR ( H C ) 259...

အမှုပုံစံဆိုသည်မှာဘာလဲဆိုသည့်အကြောင်း၊မယ်မယ်ရရစီရင်ထုံးအနေဖြင့်အမှုနှစ်မှုသာရှိဖူးသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုပုံစံမလွှဲမှားစေရန်အတွက်၊ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့၏ဆက်ဆံရေးအနေအထားနှင့်အရေးဆိုရမည့်ပစ္စည်းအမျိုးအစား(ရှိလျှင်)ကိုစိစစ်ပြီး၊တရားလိုရလိုသောသက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမည်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမှုပုံစံမှားသည်ဆိုခြင်းမှာ၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုခြင်းမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုခြင်းမျိုးအစရှိသည်တို့ဖြစ်ပါသည်။ အမှုပုံစံမှားသည်ဆိုခြင်းမှာတရားလိုကိုယ်တိုင်ကဝန်ခံထားသော၊ တရားပြိုင်၏အနေအထားနှင့်ဆန့်ကျင်သောသက်သာခွင့်ကို တောင်းဆိုစွဲဆိုသောအမှုမျိုးဖြစ်သည်။ ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုခြင်းမျိုးဖြစ်သည်။ တရားပြိုင်ကတရားဝင်အပေါင်ခံသူဟုဝန်ခံလျှင်၊အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မည်။ အချင်းဖြစ်ပစ္စည်းသည်တရားလိုတဦးတည်းအမွေရသောပစ္စည်းဟုအဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုခြင်းသည်အမှုပုံစံမှားခြင်းဖြစ်သည်။ အမှုပုံစံဆိုသည်မှာဘာလဲဆိုသည့်အကြောင်း၊မယ်မယ်ရရစီ...

၁၉၀၀ပြည့်နှစ်တွင်၊အောက်မြန်မာပြည်တရားရုံးချုပ်[ Chief Court ]ကိုတည်ထောင်သည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၀၀ပြည့်နှစ်တွင်၊အောက်မြန်မာပြည်တရားရုံးချုပ်( Chief Court )ကိုတည်ထောင်ပါသည်။ ၁၉၀၀ပြည့်နှစ်မှ၁၉၂၂ခုနှစ်ကုန်အထိ၂၂နှစ်ကာလအတွင်း၊အောက်မြန်မာပြည်တရားရုံးချုပ်က၊နှစ်နှစ်လျှင်စီရင်ထုံးတအုပ်ကျ၊အတွဲလိုက်၁၁အုပ်အောက်ပါအတိုင်းထုတ်ဝေခဲ့သည်။ Lower Burma Rulings, Volume I, ( 1900-1902. ) Lower Burma Rulings, Volume II, ( 1903-1904. ) Lower Burma Rulings, Volume III, ( 1905-1906. ) Lower Burma Rulings, Volume IV, ( 1907-1908. ) Lower Burma Rulings, Volume V, ( 1909-1910. ) Lower Burma Rulings, Volume VI, ( 1911-1912. ) Lower Burma Rulings, Volume VII, ( 1913-1914. ) Lower Burma Rulings, Volume VIII, ( 1915-1916. ) Lower Burma Rulings, Volume IX, ( 1917-1918. ) Lower Burma Rulings, Volume X, ( 1919-1920. ) Lower Burma Rulings, Volume XI, ( 1921-1922. ) တရားလွှတ်တော်အဆင့်တွင်ရုံးထိုင်ရန်တရားဝန်ကြီးရရှိရေးမှာခက်လှသည်မဟုတ်ပါ။ အင်္ဂလန်နိုင်ငံမှဝတ်လုံများကိုခန့်ထားဆောင်ရွက်စေခဲ့သည့်သာဓကများရှိခဲ့ပါသည်။ တရားရုံးချုပ်တွင်အင်္ဂလန်နိုင်ငံမှတရားသူကြီးအဖြစ်ခန့်ထားခဲ့သော Mr . Rob...

တရားမကျင့်ထုံးဥပဒေကိုမြန်မာဘာသာဖြင့်ပြန်ဆိုရန်မှာလည်းမရှိမဖြစ်ဆောင်ရွက်ရမည့်ကိစ္စတရပ်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ Dunkley ၏ Digest (စီရင်ထုံးပေါင်းချုပ်)အရဆိုပါက၊အောက်မြန်မာပြည်တရားဌာနမင်းကြီးရုံးနှင့်အထူးခုံရုံးတို့သည်၊၁၈၈၂ခုနှစ်တွင်ပြဌာန်းခဲ့သောတရားမကျင့်ထုံးဥပဒေကိုလိုက်နာကျင့်သုံးခဲ့ကြပါသည်။ ထိုထက်စောသောတရားမကျင့်ထုံးဥပဒေများကိုမမှီခဲ့ပါ။ တရားမကျင့်ထုံးဥပဒေကိုအိန္ဒိယနိုင်ငံတွင်စတင်သုံးစွဲရာ၌၊ရှေ့နေရှေ့ရပ်များကဥပဒေ၏ပျော့ကွက်ဟာကွက်များကိုထောက်ပြကြသည်ကတကြောင်း၊ဥပဒေပြဌာန်းချက်အချို့အပေါ်အိန္ဒိယနိုင်ငံရှိတရားလွှတ်တော်များကအမျိုးမျိုးသောအမြင်များကိုဖော်ထုတ်ဆုံးဖြတ်ခဲ့သည်ကတကြောင်းကြောင့်၊စီရင်ထုံးများဝိရောဓိဖြစ်လာသဖြင့်၊ကျင့်ထုံးဥပဒေကိုပြန်လည်ရေးဆွဲခဲ့ရပါသည်။ တရားမကျင့်ထုံးဥပဒေကိုအကြိမ်ကြိမ်ပြုပြင်ကာ၊လက်ရှိတရားမကျင့်ထုံးဥပဒေကို၁၉၀၈ခုနှစ်တွင်ပြဌာန်းခဲ့ရခြင်းသမိုင်းကိုကြည့်ပါလျှင်၊အိန္ဒိယနိုင်ငံ၌တရားမကျင့်ထုံးဥပဒေရှိပြဌာန်းချက်အချို့ပါပျော့ကွက်ဟာကွက်များကိုထောက်ပြကာငြင်းခုံကြရာမှ၊ဆိုင်ရာပြဌာန်းချက်အပေါ်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များအမျိုးမျိုးမြင်ခဲ့ကြသဖြင့်ဥပဒေပြုအဖွဲ့က၊အကြိမ်ကြိမ်ပြင်ဆင်ပြဌာန်းခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင်တရားမကျင့်ထုံးဥပဒေအသစ်ကိုပြန်လည်ရေးဆွဲပြဌာန်းခဲ...

မြန်မာလူမျိုးများထဲမှတရားဝန်ကြီးပထမဖြစ်လာသူ”ဆာမောင်ခင်”

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ PJLB( Printed Judgments of Lower Burma )တွင်၊၁၈၉၃ခုနှစ်မှ၁၉၀၀ပြည့်နှစ်ကာလအတွင်း၊တရားဌာနမင်းကြီးရုံးနှင့်အထူးခုံရုံးတို့ကချမှတ်သောစီရင်ချက်များကိုထုံးပြုထားပါသည်။ တချိန်တည်းမှာပင်၊အထက်မြန်မာပြည်၌၁၈၉၆ခုနှစ်မှ၁၉၂၂ခုနှစ်ထိ၊အထက်မြန်မာပြည်တရားဌာနမင်းကြီးရုံးကိုတည်ထောင်ခဲ့ပါသည်။ စစ်မဖြစ်မီကတရားလွှတ်တော်ကို”Letters Patent”ခေါ်စာချွန်တော်ဖြင့်၊အင်္ဂလန်နိုင်ငံဘုရင်ကတည်ထောင်ပြီး၊တရားသူကြီးများခန့်ထားသည်။ မြန်မာလူမျိုးများထဲမှတရားဝန်ကြီးပထမဖြစ်လာသူမှာ၊အောက်မြန်မာပြည် Chief Court ၌၊နောင်တွင်ဆာဘွဲ့ရသော”ဆာမောင်ခင်”ဖြစ်သည်။ တရားလွှတ်တော်တည်ထောင်သောအခါ၊၎င်းပင်တရားသူကြီးတဦးဆက်လက်ဖြစ်လာသည်။ နောက်ပိုင်းတွင်ဦးမေအောင်၊ဦးဖိုးဟန်၊ဆာမောင်ဘ၊ဆာဂျေအေမောင်ကြီး၊ဆာမြဘူး၊ဆာဘဦး၊ဦးဧမောင်၊ဦးသိန်းမောင်နှင့်ဦးကျော်မြင့်တို့ဖြစ်ကြသည်။ နောက်ဆုံးသုံးဦးမှာ၊စစ်ကြီးနောက်ပိုင်းတွင်ခန့်ထားသူများဖြစ်သည်။

အယူခံတရားရုံး( ၄ )ရုံး၊ပေါင်း( ၅ )ရုံးတွင်တရားဆိုင်ခဲ့သည့်ထူးခြားသောအမှု၊ 1950 BLR ( S C ) 258

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1950 BLR ( S C ) 258 Abdul Razak v. U Paw Tun Aung & Co. Present : U E Maung, Chief Justice of the Union of Burma, U Tun Byu, Chief Justice of the High Court, and U On Pe, J. စီရင်ထုံးတွင်မှပြီးပြတ်သည့်အမှုကို- ————————- လက်ထောက်တရားမတရားသူကြီးရုံး(မူလတရားရုံး)မှခရိုင်တရားရုံး၊ ——————————- တရားလွှတ်တော်(တရားမဒုတိယအယူခံတရားရုံး) 1948 BLR ( H C ) 182 U Paw Tun Aung & Co. v. Abdul Razak. Before U Thaung Sein, J. ————————— တရားလွှတ်တော်(အထူးတရားမအယူခံမှု) 1948 BLR ( H C ) 830 Abdul Razak v. U Paw Tun Aung & Co. Before U Thein Maung, Chief Justice and U San Maung, J. ————————— နှင့် —————————- 1950 BLR ( S C ) 258 Abdul Razak v. U Paw Tun Aung & Co. Present : U E Maung, Chief Justice of the Union of Burma, U Tun Byu, Chief Justice of the High Court, and U On Pe, J. စသည့်အယူခံတရားရုံး(၄)ရုံး၊ပေါင်း(၅)ရုံးတွင်တရားဆိုင်ခဲ့သည့်ထူးခြားသောအမှုဖြစ်သည်။ အမှုကို၁၉၄၇ခုနှစ်အတွင်းစတင်တရားစွဲဆိုခဲ့ပြီး၊၁၉၅၀ပြည့်နှစ်အတွင်းအပြီးသတ်သည်။ ရွှေထည်အပေါင်ခံသူကအပေ...

Conversion

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရာဇသတ်ကြီးပုဒ်မ၄၀၃တွင်ပြဌာန်းထားသည့်ရာဇဝတ်မကင်းသောပစ္စည်းအလွဲသုံးစားမှုကို၊ဥပဒေပညာရှင်တိုင်းသိသည်။ မျက်မှောက်ခေတ်တွင်၊ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုအလွဲသုံးစားပြုသည့်အတွက်၊တရားမကြောင်းအရလျော်ကြေးရလိုမှုစွဲဆိုခွင့်ရှိကြောင်းသိသူနည်းပါးသွားချေပြီ။ တရားမနစ်နာမှုဥပဒေတွင် misappropriation ဟူသောစကားကိုမသုံး။ Conversion (ပုဒ်မ၄၀၃ပါ convert ၏နာမ်စကားရပ်ဖြစ်သည်)ဟူသောစကားကိုသုံးစွဲထားသည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲ(ဒုတိယအကြိမ်ထုတ်)စာမျက်နှာ၇၆၅၌၊တရားမနစ်နာမှုဥပဒေနှင့်စပ်လျဉ်း၍စံစာအုပ်အဖြစ်ပြဌာန်းထားသော Ratanlal နှင့်အခြားတဦးပြုစုသောတရားမနစ်နာမှုဥပဒေ( The Law of Torts )(၂၂ကြိမ်မြောက် ၁၉၉၂ခုနှစ်ထုတ်)စာမျက်နှာ၃၇၄တွင်အောက်ပါအတိုင်း conversion အမျိုးမျိုးရှိပုံကိုရှင်းပြထားပါသည်- An act of conversion may be committed- 1. When property is wrongfully taken. 2. When it is wrongfully parted with. 3. When it is wrongfully sold. 4. When it is wrongfully retained. 5. When it is wrongfully destroyed. 6. When there is a denial of the lawful owner’s right. ———...