တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြင်ဆင်မှုလျှောက်ထားခြင်းမပြုစေကာမူ၊ထိုအမှုတွင်ချမှတ်သည့်ဒီကရီကိုအယူခံဝင်ရာ၌၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅အရထိုအမိန့်မှားယွင်းကြောင်း၊ချွတ်ချော်ကြောင်း၊နည်းလမ်းမကျကြောင်းကိုအယူခံအကြောင်းပြချက်တရပ်အဖြစ်ဖော်ပြအယူခံဝင်နိုင်သည်။ —————————————— တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၅(၁)တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- “အခြားနည်းအတိအလင်းပြဌာန်းထားသည့်အတိုင်းမှတပါးမူလစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေ၊အယူခံစီရင်ပိုင်ခွင့်အာဏာကိုဖြစ်စေကျင့်သုံးလျက်တရားရုံးတရုံးရုံးကချမှတ်သောအမိိန့်ကိုအယူခံဝင်ခွင့်မရှိစေရ။သို့သော်ဒီကရီကိုအယူခံဝင်ရာတွင်အမှုအဆုံးအဖြတ်ကိုထိခိုက်သောအမိိန့်တရပ်ရပ်ပါမှားယွင်းမှု၊ချွတ်ယွင်းမှုသို့မဟုတ်နည်းလမ်းမကျမှုတရပ်ရပ်ကိုအယူခံလွှာ၌ကန့်ကွက်ရန်အကြောင်းပြချက်အဖြစ်ဖော်ပြနိုင်သည်။” “Save as otherwise expressly provided”ဟူသည်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆၊၁၀၀၊၁၀၄တို့တွင်ပြဌာန်းချက်မှတပါးဟုဆိုလိုသည်။ —————————————— A I R 1943 Madras 3 အမှုတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်- Narayan Nambissan v Krishnan Nair “တရားမကြီးမှုတမှုတွင်ချမှတ်သောကြားဖြတ်အမိန့်ကိုအယူခံဝင်နိုင်သည်လည်းရှိသည်...