Posts

1948 BLR ( H C ) 411စီရင်ထုံးပါ” without right “ နှင့် PJLB 484စီရင်ထုံးပါ” no title “

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၄၈ခုနှစ်မေလ(၃၁)ရက်နေ့တွင်ဆုံးဖြတ်သော- 1948 BLR ( H C )411 စီရင်ထုံးပါ” without right ” နှင့်  ၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင်ဆုံးဖြတ်သော- သမိုင်းဦးစီရင်ထုံး PJLB 484 ပါ” no title ”ဟူသောစကားရပ်တို့သည်- အနှစ်သာရအားဖြင့်အဓိပ္ပာယ်အတူတူဖြစ်သည်။ ————————————————————— 1948 BLR ( H C ) 411  KUPPARAKUTTI ADAMMEERA (APPELLANT)                            V. ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).* Before U Thein Maung, Chief Justice, and U San Maung, J. အမှုကိုတရားလွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့်၁၉၄၈ခုနှစ်၊နှစ်ဆန်းမှစ၍မြန်မာနိုင်ငံလွတ်လပ်ရေးရသည့်နေ့ကဖွဲ့စည်းတည်ထောင်သောအသစ်စက်စက်တရားလွှတ်တော်တွင်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်လာသောသမ္ဘာရင့်တရားဝန်ကြီးဦးစံမောင်တို့ပါဝင်သောခုံရုံးကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမှုတွင်တရားလိုသည်မိမိငှါးရမ်းနေထိုင်လျက်ရှိသောတိုက်ခန်း၌၊ခေတ္တမရှိခိုက်(၁)တရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်သဖြင့်တိုက်ခန်းလက်ရောက်ရလိုမှုစွဲဆိုသည်။ “တရားလိုသည်...

1964 BLR 269 အမှုပါထုံးဖွဲ့ချက်သည်မှတ်ကျောက်တင်ခံနိုင်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1964 BLR 269  ဦးအောင်သိန်းပါ၂ နှင့် ဒေါ်မမကြီး တရားသူကြီးချုပ်ဦးဘိုကြီးရှေ့တွင် အမှု၌၊”သူတဦးတယောက်သည်၊အစိုးရပိုင်မြေရိုင်းတွင်မည်သူတဦးတယောက်မျှမနေသဖြင့်ဝင်ရောက်နေထိုင်ရာတွင်၊အခြားသူတဦးဦးကမည်သို့မျှအခွင့်အရေးမရှိဘဲအတင်းဝင်ရောက်နေထိုင်လျှင်၊ထိုသူအားမူလလက်ရှိဖြစ်သူသည်၊မြေကိုလက်ရောက်ပြန်လည်ရရှိရန်အတွက်တရားစွဲဆိုနိုင်သည်။”ဟုထုံးဖွဲ့ခြင်းသည်အခြေကျလျက်ရှိသောလက်ရှိထားပိုင်ခွင့်ဆိုင်ရာတရားဥပဒေကိုမြွက်ဟပြဆိုခြင်းဖြစ်သည်။ တရားလိုသည်ပိုင်ရှင်အသွင်ဆောင်ရမည်၊ပိုင်ရှင်၏သာမန်အခွင့်အရေးများကိုသုံးစွဲသူဖြစ်ရမည်ဟူသောအရပ်သူအရပ်သားများနားလည်ရန်မလွယ်သည့်ဥပဒေဆန်သောအသုံးအနှုန်းမျိုးမဟုတ်။ အများပြည်သူတို့နားလည်နိုင်သောရိုးစင်းလှသည့်စကားများကိုမြွက်ဆိုခြင်းဖြစ်၍၊ 1969 BLR 58(ပြစ်မှု)အမှုတွင်”ပြည်သူအများကနားလည်လက်ခံခြင်းဖြင့်မှတ်ကျောက်တင်အပ်သည်။”ဟူသောထုံးဖွဲ့ညွှန်ပြထားသည့်အတိုင်း၊ 1964 BLR 269 အမှုပါထုံးဖွဲ့ချက်သည်မှတ်ကျောက်တင်ခံနိုင်သည်။ စီရင်ထုံးစာမျက်နှာ၂၇၀နှင့်၂၇၁တွင်၊တရားသူကြီးချုပ်ဦးဘိုကြီးကအောက်ပါအတိုင်းသုံးသပ်သည်- “ဤအမှုတွင်ကားအကြောင်းချင်းရာများသည်၊ထိုကဲ့သို့မဟုတ်ပေ။...

လက်ရှိထားပိုင်ခွင့် နှင့် PJLB 484

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “လက်ရှိထားပိုင်ခွင့်” ၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့၌ဆုံးဖြတ်သော PJLB 484 အမှုတွင်၊မြေကိုဥပဒေနှင့်အညီလက်ရှိထားသူသည်ဆိုင်ရေးဆိုင်ခွင့်(title)မရှိသော်လည်း၊ဆိုင်ရေးဆိုင်ခွင့်မရှိဘဲထိုမြေကိုလက်ရှိထားသူ(ကျူးကျော်သူ)အပေါ်”မြေလက်ရောက်ရထိုက်ခွင့်”ရှိသည်ဟုပြဆိုခဲ့ရာ၊ယနေ့တိုင်ဆန့်ကျင်ဘက်စီရင်ထုံးမရှိ။ ယင်းစီရင်ထုံးကိုတစိုက်မတ်မတ်လိုက်နာခဲ့ပြီး 1997 BLR 85( F B ) အမှုတွင်၊ထိုဥပဒေကိုလက်ခံအတည်ပြုရာမှ၊လက်ရှိထားပိုင်ခွင့်အရမြေအစရှိသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟူသောဥပဒေကို၊မြန်မာနိုင်ငံတရားရေးလောက၌မသိသူမရှိသလောက်ဖြစ်သည်။ သို့သော်ဆိုင်ရာဥပဒေကိုစွဲဆိုသောအမှုနှင့်ချိန်ထိုးဆန်းစစ်ရာ၌အားနည်းမှုများပေါ်ပေါက်လျက်ရှိသည်ကိုတွေ့ရသည်။ ————————————- ၁၈၉၈ခုနှစ်၊ဒီဇင်ဘာလ(၂)ရက်နေ့တွင်ဆုံးဖြတ်သော- PJLB 484  MAUNG KYAW v. MAUNG AN. Before F. S. Copleston, Esq. စီရင်ထုံးသည်၊”လက်ရှိထားပိုင်ခွင့်”ကိုထင်ဟပ်သော၊အစောဆုံးစီရင်ထုံးဖြစ်ဟန်တူသည်။ နှစ်ဘက်ရှေ့နေများ(Maung Kyaw-for appellant, Messrs. Chan 'Toon and Villa. -for respondent.)သည်မြန်မာဝတ်လုံများဖြစ...

1963 BLR ( C C ) 485

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1963 BLR ( C C ) 485  DAW THAN MAY (APPELLANT/APPLICANT)                             V. KO KYAW HLINE AND 3 OTHERS (RESPONDENTS).* Before U San Maung, J. အမှုတွင်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၉အရတရားစွဲဆိုသောအမှု၌ပေါ်ပေါက်သောတရားစွဲဆိုရန်အကြောင်းသည်၊ဆိုင်ရေးဆိုင်ခွင့်အပေါ်အခြေပြု၍တရားစွဲဆိုသောအမှုတွင်ပေါ်ပေါက်သောတရားစွဲဆိုရန်အကြောင်းနှင့်လုံးလုံးလျားလျားကွဲပြားခြားနားသည်ဟု၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်ထုံးဖွဲ့သည်- “Further more, the cause of action in a suit under s. 9 of the Specific Relief Act is entirely different from the cause of action of a suit based on title. Therefore, a decree granted in the former suit should not be restrained by injunction from being executed in the latter suit.” အထက်ပါအတိုင်းပြတ်ပြတ်သားသားထုံးဖွဲ့လိုက်ရာအငြင်းပွါးစရာပြဿနာမရှိနိုင်တော့။ တရားမပြင်ဆင်မှုပေါ်ပေါက်လာပုံအကြောင်းကို၊စီရင်ထုံးစာမျက်နှာ၄၈၈တွင်တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းပြ...

11 LBR 415 နှင့် 5 Ran 154 စီရင်ထုံးနှစ်ရပ်အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 11 LBR 415  MA SAW v. MAUNG SHWE GAN AND MA BAN.* Before Mr. Justice Pratt. စီရင်ထုံးကိုဖြစ်ပေါ်စေသောအမှုတွင်၊လက်ရှိထားခဲ့သောလယ်ယာမြေများကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုသောအမှု၌၊စီရင်ထုံးစာမျက်နှာ၄၁၅တွင်ပထမအယူခံတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်ကြောင်းဖော်ပြသည်- “On the ground, however, that the plaintiff and her husband had no title to the land, because land-holder's rights had not been acquired, the learned Divisional Judge held, that the suit was not maintainable and that plaintiff's only remedy would have been a suit under section 9 of the Specific Relief Act within six months of dispossession.” တရားရုံးချုပ်က၊စီရင်ထုံးစာမျက်နှာ၄၁၅တွင်အထက်ပါပထမအယူခံတရားရုံး၏သုံးသပ်ချက်နှင့်စပ်လျဉ်း၍အောက်ပါအတိုင်းဝေဖန်သည်- “It seems to me that in saying neither plaintiff nor her husband had any title to the land, the Divisional Judge has inadvertently begged the whole question and contradicted his previous dictum as to the reasons for holding that there had, bee...

လက်ရှိထားပိုင်ခွင့်အကြောင်းမြန်မာနိုင်ငံစီရင်ထုံးသမိုင်း

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “လက်ရှိထားပိုင်ခွင့်အကြောင်းမြန်မာနိုင်ငံစီရင်ထုံးသမိုင်း” ၁၈၉၈ခုနှစ်၊မေလ(၁၁)ရက်နေ့၌စီရင်သည့်- PJLB 436  SAYA HLAING v. MAUNG LU GYI.  Before E. Hosking, Esq. အမှုတွင်၊ possessory title (လက်ရှိထားပိုင်ခွင့်)အရမြေလက်ရောက်ရထိုက်ကြောင်းတရားစွဲဆိုရာ၊မူလတရားရုံး၌တရားလိုအနိုင်ရသောဒီကရီကို၊အောက်မြန်မာပြည်တရားဌာနမင်းကြီးရုံး(ထိုစဉ်ကအောက်မြန်မာပြည်တွင်အမြင့်ဆုံးတရားရုံးဖြစ်သည်)ကအတည်ပြုသည်။ မြန်မာနိုင်ငံတရားရုံးများ၌၊လက်ရှိထားပိုင်ခွင့်ဟူသောဝေါဟာရကိုပထမဆုံးရည်ညွှန်းဆုံးဖြတ်သောအမှုဖြစ်ပုံပေါ်သည်။ စီရင်ထုံးစာမျက်နှာ၄၃၆တွင်၊အင်္ဂလိပ်တရားသူကြီး E. Hosking, Esq. ကအောက်ပါအတိုင်းပြဆိုသည်- “This is an action by plantiff to recover possession of certain land upon the strength of a possessory titile under section 19 of the Land and Revenue Act.” စီရင်ထုံးစာမျက်နှာ၄၃၆၊သတ္တမအပိုဒ်တွင်အောက်ပါအတိုင်းဆက်လက်ပြဆိုသည်- “Suppose A, upon a possessory title under section 19, sues D', who relies. upon a grant or lease.” ———————————- PJLB 436 စီရင်ထုံးကို၊ 8 LBR 227( F ...

ဥပဒေနှင့်အညီလက်ရှိဖြစ်ခြင်း(lawfully in possession)ဟူသောစကားရပ်သည်အေးအေးချမ်းချမ်းနေထိုင်ခြင်း(peaceful occupation)ဟူသောစကားရပ်နှင့်အနှစ်သာရအားဖြင့်အတူတူဖြစ်သည်ကိုသတိချပ်ပါ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆန့်ကျင်လက်ရှိထားခြင်းဖြစ်ရန်အချက်တချက်မှာ၊အချင်းဖြစ်ပစ္စည်းကိုမိမိပိုင်အဖြစ်ပေါ်ပေါ်ထင်ထင်လက်ရှိထားရန်လိုအပ်သည်။ အခြားသူများမသိအောင်ပုန်းလျှိုးကွယ်လျှိုးလက်ရှိထားခြင်းမဖြစ်ရပေ။ ဥပမာ-နေ့ဘက်တွင်ပစ္စည်းပေါ်၌ပေါ်ပေါ်ထင်ထင်မနေဘဲ၊ညအချိန်တွင်တိုးတိုးတိတ်တိတ်နေခြင်းမျိုး။ လက်ရှိထားခြင်းကိုအခြားသူများအမြင်မခံလိုသောကိစ္စမျိုးသည်ဆန့်ကျင်လက်ရှိထားခြင်းမဟုတ်ပေ။ မိမိတဦးတည်းပိုင်ကြောင်းလူသိရှင်ကြားတရားစွဲသောကိစ္စသည်၊ပွင့်ပွင့်လင်းလင်းလက်ရှိထားခြင်းဖြစ်သည်။ ဆန့်ကျင်လက်ရှိထားခြင်းကိုသိခြင်းမသိခြင်းထက်၊ဆန့်ကျင်လက်ရှိထားခြင်းသည်လူမြင်သူမြင်ဟုတ်၊မဟုတ်ကပို၍အရေးကြီးသည်။ ကပ်လျက်ရှိသောမြေကွက်များတွင်ပိုင်ရှင်တဦးကကျန်မြေကွက်ပေါ်တွင်ကျူးကျော်ခြင်းသည်ဆန့်ကျင်လက်ရှိထားခြင်းဖြစ်သည်။ ————————————————- “Adverse Possession” “In some instances, real property can be acquired for free-or at least without paying the original owner anything. (Considerable cost may be involved in meeting the requisite conditions.)  This method of acquisition -known as adverse possession- is effective w...