Posts

ကန်ထရိုက်တိုက်ခန်းများကိုအပျောက်ဖြင့်ဝယ်ယူသည်ဆိုသောကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကန်ထရိုက်တိုက်ခန်းများကိုအပျောက်ဖြင့်ဝယ်ယူသည်ဆိုသောကိစ္စ ———————————————- 2002 BLR ( S A B ) 190  ဒေါ်ခင်ဌေးသန်း နှင့် ဦးကိုဌေးပါ၂ တရားရုံးချုပ်ဒုတိယတရားသူကြီးချုပ်ဦးသန်းဦး၊တရားသူကြီးများဖြစ်ကြသောဒေါက်တာတင်အောင်အေးနှင့်ဦးချစ်လွင်တို့၏ရှေ့တွင် အမှုတွင်”အပျောက်စနစ်ဖြင့်ရောင်းချခြင်း”ကိုအောက်ပါအတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်- “အပျောက်စနစ်ဖြင့်ရောင်းချခြင်းသည်လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဖြစ်သည်။လွှဲပြောင်းပိုင်ခွင့်ဖြင့်ငှါးရမ်းခြင်းဆိုသည်မှာငှါးရမ်းသည့်ကာလသတ်မှတ်ချက်မရှိဘဲအိမ်ငှါးကဥပစာလက်ဝယ်ထားပိုင်ခွင့်ကိုဝယ်ယူ၍အိမ်ရှင်အားငှါးရမ်းခကိုပေးသည့်ငှါးရမ်းခြင်းကိုဆိုသည်။” ဥပစာများကိုအပျောက်ဖြင့်ငှါးရမ်းခြင်းမှာ၊အဓိကအားဖြင့်ရန်ကုန်မြို့လယ်ခေါင်တွင်ဖြစ်ထွန်းသောထုံးတမ်း(usage)ဖြစ်သည်။ ဥပစာများကိုစပေါ်ဖြင့်ငှါးရမ်းခြင်းနှင့်ကွဲပြားသောစနစ်ဖြစ်သည်။ မြေရှင်ကမိမိပိုင်တိုက်ခန်းကိုအပျောက်ဖြင့်ရောင်းကာငှါးရမ်းရာမှ၊အိမ်ငှါးသည်လည်းမြေရှင်၏သဘောတူချက်ဖြင့်တိုက်ခန်းများကိုအဆင့်ဆင့်လွှဲပြောင်းကာ၊အပျောက်ငွေကိုယူပြီးဆင်းသွားကြသည်။ ဝယ်သူကတိုက်ခန်းပိုင်ရှင်အားငှါးရမ်းခ...

ကန်ထရိုက်တိုက်ခန်းများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကန်ထရိုက်တိုက်ခန်းများ ——————————————- ၁၉၉၀ပြည့်နှစ်မှစ၍ရန်ကုန်မြို့တွင်ကန်ထရိုက်တိုက်များအစီအရီပေါ်လာသည်။ မြေရှင်ကမြေစိုက်၊ကန်ထရိုက်ကငွေစိုက်စနစ်ဖြင့်တိုက်များဆောက်ရာ၌၊မြေရှင်များနှင့်ကန်ထရိုက်တာများ(အဆောက်အအုံအဟောင်းတွင်နေထိုင်သူများလည်းပါဝင်သည်)စာချုပ်ချုပ်ဆိုကာ၊ကန်ထရိုက်တာများကဆောက်သည့်အဆောက်အအုံတွင်ဖြစ်ပေါ်လာမည့်တိုက်ခန်းထက်ဝက်ရယူပြီး၊မြေရှင်များနှင့်အဆောက်အအုံဟောင်းတွင်နေထိုင်သူများကကျန်တိုက်ခန်းများကိုခွဲဝေလေ့ရှိသည်။ မြေရှင်များသည်ကန်ထရိုက်တိုက်တတိုက်တွင်၊အနည်းဆုံးတိုက်ခန်းတခန်းရသည်။ ဤကားကန်ထရိုက်တိုက်များနှင့်စပ်လျဉ်း၍ဖြစ်ထွန်းလာသောထုံးတမ်း(usage)ဖြစ်သည်။ ကန်ထရိုက်တိုက်များ၏ဖွားဖက်တော်တခုမှာ”ကြိုပွိုင့်”ဆိုသောဝေါဟာရသစ်တခုဖြစ်သည်။ ကန်ထရိုက်တာများသည်မိမိတို့၏ခွဲတမ်းတိုက်ခန်းများကိုကြိုတင်ရောင်းချပြီး၊ရောင်းရငွေများကိုကန်ထရိုက်တိုက်ဆောက်ရာ၌သုံးစွဲကြသည်။ အမှုအခင်းဖြစ်ပွါးသည့်ဇာတ်ဆောင်များဖြစ်ကြသောကန်ထရိုက်တာသည်မိမိ၏ခွဲတမ်းတိုက်ခန်းများကိုဝယ်ယူသူတို့အား”ကြိုပွိုင့်စနစ်”အရရောင်းချရာ၌၊အခန်းတခန်းတည်းကိုပင်နှစ်ဦးအားရောင်းချသဖြင့်အမြင့်ဆုံးတရားရုံးတိုင်အင...

ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part Two)

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part Two) ————————————————————— (၄)ငွေပေးကတိစာချုပ်သည်အောက်ပါစာချုပ်တမျိုးမျိုးဖြစ်နိုင်သည်။ (က)ကြွေးမြီကိုပေးဆပ်ရန်မြီစားကပဋိညာဉ်ပြုသည့်အာမခံဖြစ်နိုင်သည်။ ကြွေးမြီအတွက်ချုပ်ဆိုသောငွေပေးကတိစာချုပ်သည်ကြွေးမြီကိုစည်းကမ်းချက်ဖြင့်ပေးဆပ်(conditional payment)အဖြစ်ဖြင့်သာလျှင်မြီရှင်ကလက်ခံသည်ဟုပုံမှန်အားဖြင့်လည်းကောင်း၊မျက်မြင်အားဖြင့်လည်းကောင်းသဘောထားသည်။ ကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်ချုပ်ဆိုပေးကြောင်းမြီစားကသက်သေထင်ရှားပြရန်တာဝန်ရှိသည်။ ငွေပေးဆပ်ရန်အချိန်စေ့ရောက်သည့်အခါကြွေးမြီကိုအမှန်တကယ်ပေးဆပ်ရန်ဖြစ်သည်။ 12 Ran ( F B ) 500 စီရင်ထုံးတွင်- [Such a conditional payment is liable to be defeated on non-payment of the negotiable instrument at maturity.] ဟုပြဆိုသည်။ မြီရှင်သည်ငွေအသုံးလို၍ငွေပေးကတိစာချုပ်အရ၊ရရန်ကြွေးမြီ၊ထိုငွေထက်လျော့သောအဖိုးစားနားဖြင့်စာချုပ်ကိုအခြားသူအားလွှဲပြောင်းလိုက်(endose)ပါလျှင်ကြွေးမြီကိုထိုအခြားသူကမြီစားထံမှပြန်ရနိုင်သည်။ မြန်မာအရပ်သူအရပ်သားတို့သည်ဤဥပဒေသဘောကိုသိရန်အကြောင်းမရှိနိုင်...

ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part One)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ငွေချေးခြင်းဆိုင်ရာသိမှတ်ဖွယ်အချက်အလက်များ(Part One) ————————————————————— [ငွေချေးယူရာ၌ပြန်ဆပ်ရန်သဘောတူရာရောက်သည်] [When a loan is contracted it is an implied term of the agreement that the loan shall be repaid] PAYANA REENA LAYANA SAMINATHAN CHETTY AND ANOTHER.                                      v. PANA LANA PANA LANA PALANIAPPA CHETTY. (P.C. Appeal No. 2 of 1913.) (1913, 41 I.A. 142.) ————————————————————- 12 Ran ( F B ) 500(504) MAUNG CHIT AND ANOTHER                       V. ROSHAN N.M.A. KAREEM OOMER & CO.* Before Sir Arthur Page, Kt., Chief Justice, Mr. Justice Baguley, Mr. Justice Sen, Mr. Justice Leach, and Mr. Justice Dunkley. There are many Indian and English authorities on this question, and I think that from a consideration of the cases the following propositions of law can be deduced: ...

ချေးငွေရလိုမှုအကြောင်း(Part Ten)

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ချေးငွေရလိုမှုအကြောင်း(Part Ten) ——————————————————- ချေးငွေရလိုမှုတွင်ငွေချေးကြောင်းသက်သေခံချက်များမှာ- (၁)မြီရှင်ကမြီစားအားငွေချေးကြောင်းသိမြင်သူများ၏ထွက်ချက်များ။ (၂)ကြွေးမြီပေးရန်ရှိကြောင်းမြီစား၏ဝန်ခံချက်။ (၃)မြီစားကကြွေးမြီအတွက်မြီရှင်အားချုပ်ဆိုပေးသောငွေပေးကတိစာချုပ်တို့ဖြစ်သည်။ ————————————————— 1897-1901, 2 UBR 377 နှင့် 1951 BLR ( S C ) 158  စီရင်ထုံးများကိုဖတ်ပါ။ ————————————————— ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိ၍၊ငွေပေးကတိစာချုပ်မှာမြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေပုဒ်မ၃၅အရသက်သေခံမဝင်ဦးတော့၊အခြားသက်သေခံချက်များခိုင်လုံလျှင်၊ချေးငွေပြန်ရခွင့်ရှိသည်။ မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၀၉တွင်- ”independent”ကို”တသီးတခြား”၊”သီးခြားဖြစ်သော”ဟုဘာသာပြန်သည်။ —————————————————- 1897-1901, 2 UBR 377  MAUNG MYA v. MA THA YA. Before H. Thirkell White, Esq., C.I.E. အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၇၇၌၊တရားသူကြီး H. Thirkell White ကအောက်ပါအတိုင်းပြဆိုသည်- “The law regarding admissions, for the purpose of t...

ချေးငွေရလိုမှုအကြောင်း(Part Nine)

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ချေးငွေရလိုမှုအကြောင်း(Part Nine) ——————————————————- 12 Ran ( F B ) 500  MAUNG CHIT AND ANOTHER                       V. ROSHAN N.M.A. KAREEM OOMER & CO.* Before Sir Arthur Page, Kt., Chief Justice, Mr. Justice Baguley, Mr. Justice Sen, Mr. Justice Leach, and Mr. Justice Dunkley. စီရင်ထုံးတွင်၊စာချုပ်နှစ်မျိုးအကြောင်းကို၊စီရင်ထုံးစာမျက်နှာ၅၀၀နှင့်၅၀၁တွင်အောက်ပါအတိုင်းထုံးဖွဲ့ပြသည်- “(1) The giving of a negotiable security by a debtor, to his creditor operates. prima facie, as a conditional payment only, and not as a satisfaction of the debt,[ ကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်မဟုတ်ဘဲ] unless the parties agree so to treat it.[ကာယကံရှင်များ(မြီရှင်နှင့်မြီစားတို့)ကကြွေးမြီကိုအပြေအကျေပေးဆပ်သည့်စာချုပ်အဖြစ်မှတ်ယူရန်သဘောတူညီသည်မဟုတ်လျှင်] (2) If the negotiable instrument is given by the borrower to the lender and the negotiable instrumert is itself the consideration for the loan, or if...

ချေးငွေရလိုမှုအကြောင်း(Part Eight)

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ချေးငွေရလိုမှုအကြောင်း(Part Eight) ——————————————————- 10 LBR ( F B ) 54  MAUNG KYI vs. 1. MA MA GALE, 2. PO HLINE. Before Sir Daniel Twomey, Chief Judge, Mr.Justice Ormond, Mr. Justice Maung Kin and Mr. Justice Pratt. စီရင်ထုံးစာမျက်နှာ၇၀၌- “မူရင်းကြွေးမြီကိုအပြေအကျေပေးဆပ်သည့်အနေဖြင့်ငွေပေးကတိစာချုပ်ကိုမြီရှင်ကလက်ခံရာ၌၊မြီစားပေးသောငွေပေးကတိစာချုပ်မှာခိုင်လုံသည့်သဘောသက်ရောက်သည့်စည်းကမ်းချက်ဖြင့်လက်ခံခြင်းဖြစ်ရာ၊တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်းမရှိ၍အကျိုးသက်ရောက်မှုမရှိပါက၊ကြွေးမြီကိုပြေကျေအောင်ပေးဆပ်သည့်အနေဖြင့်အကျိုးသက်ရောက်မှုမရှိ။” ကြွေးမြီပြေကျေသည်မဟုတ်၍သီးခြားတရားစွဲဆိုရန်အကြောင်းအဖြစ်ဖြင့်”ယင်းကြွေးမြီမှာတည်ရှိဆဲဖြစ်သည်”ဟု၊တရားသူကြီး Ormond ကအောက်ပါအတိုင်းပြဆိုသည်- “In such a case, however, where the note is executed by the defendant, it is generally presumed (and I think rightly so) that the plaintiff accepts the note in satisfaction of the debt, upon the implied condition that the document given by the defendant is a valid and effective...