
ဆရာကြီးဦးမြပညာဒါနစာစဉ်၄အမှာစာ စာမျက်နှာကဂ Mr . Higinbotham သည် ၂၁-၂-၁၉၂၁ နေ့မှ ၁၆-၅-၁၉၂၁ နေ့အထိ အောက်မြန်မာပြည်တရားရုံးချုပ်တွင်ယာယီတွဲဖက် တရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့သည် ။ ရန်ကုန်မြို့ဟိုက်ကုတ်လွှတ်တော်ကို ၁၈-၁၂-၁၉၂၂ နေ့တွင်တည်ထောင်သောအခါ ဦးခင်နှင့်ဦးမေအောင်တို့သည် တရားဝန်ကြီးများ ဖြစ်လာကြသည်။ Mr . Higinbotham မပါ။ ထိုသူကဝါနုသူဝတ်လုံဦးဘဦးအားနှိမ်၍စကားပြောဆိုခြင်းမှထိုစဉ်ကအင်္ဂလိပ်လူမျိုးတို့ကမြန်မာတို့ကိုနှိမ်သည့်အလေ့အထရှိခဲ့ကြောင်းတစေ့တစောင်းမြင်နိုင်သည်။ အင်္ဂလန်နိုင်ငံသို့ပညာသင်ရန်သွားသည့်သင်္ဘောခရီးတွင်မောင်ဘဦးပါမြန်မာကျောင်းသားများကိုသင်္ဘောသားတို့ကခွဲခြားဆက်ဆံသည့်အဖြစ်အပျက်ကိုဦးဘဦးက၎င်း၏စာအုပ်၌ဖောက်သည်ချထားသည်။ လောင်းကစားဥပဒေမှာ Mr. Higinbotham ကောင်းစွာသိသောဘာသာရပ်မဟုတ်ဟုဦးဘဦးက အားနာပါးနာဝေဖန်ချက်မှ(အမှန်မှာမြန်မာနိုင်ငံတွင်ရာဇဝတ်မှုများကိုတရားစွဲဆိုသည့်ဌာနအကြီးအကဲသည်လောင်းကစားဥပဒေပုဒ်မ၈နှင့်ရာဇဝတ်ကျင့်ထုံးဥပဒေ၂၃၉ ( ဃ ) ပါ ပြဌာန်းချက်များကိုအောက်သက်ကျေသူမဟုတ်ဟုမှတ်ချက်ပြုစရာဖြစ်သည်။) Mr. Higinbotham ကဦးဘဦးကိုရှေ့နေလေးဟုသဘောထားကာမျက်နှာထားတင်းတင်းနှင့်မှိုချိုးမျှစ်ချိုးပြော...