2006 BLR 95 - ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 2006 BLR 95 ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅ တရားရုံးချုပ်တရားသူကြီးဦးသက်ထွန်းရှေ့တွင် စီရင်ထုံးအဆုံးအဖြတ်ကိစ္စ အမှုတွင်၊တရားပြိုင်(အယူခံတရားပြိုင်ဦးတင့်လွင်)ဘက်မှအခြားအချက်များအပြင်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းတင်ပြရာ၊မူလရုံးကထိုချေပချက်အပေါ်ပဏာမငြင်းချက်ထုတ်နုတ်ပြီးတရားလိုဒေါ်ဥမ္မာဘက်ကိုအနိုင်ပေးဆုံးဖြတ်သည်။ တိုင်းတရားရုံးကမူလရုံး၏အမိန့်ကိုပြင်ဆင်မှုတွင်အတည်ပြုသည်။ ဥပဒေအမှတ်၆/၂၀၀၈အရပြင်ဆင်ထားသောပုဒ်မ၁၁၅၏ခြွင်းချက်အရ၊တရားပြိုင်ဦးတင့်လွင်ဘက်မှတိုင်းတရားရုံး၏အမိန့်အပေါ်တရားရုံးချုပ်တွင်အရေးဆိုခွင့်မရခဲ့။ တရားလိုဒေါ်ဥမ္မာသည်မူလရုံးနှင့်တိုင်းတရားရုံးတွင်အမှုရှုံးသဖြင့်တရားရုံးချုပ်၌ထပ်မံအယူခံတင်သောအခါအယူခံတရားပြိုင်ဦးတင့်လွင်ဘက်မှစည်းကမ်းသတ်ပြဿနာကိုတင်ပြလျှောက်ထားရာတရားရုံးချုပ်ကပုဒ်မ၁၀၅(၂)အရတင်ပြလျှောက်ထားခြင်းကိုလက်ခံစဉ်းစားရန်အကြောင်းမရှိဟုဆုံးဖြတ်သည်။ ပုဒ်မ၁၀၅(၁)ပါ"အယူခံလွှာ၌"ဟူသောစကားရပ်ကအယူခံတရားလိုတင်သွင်းသောအယူခံလွှာကိုရည်ညွှန်းခြင်းဖြစ်ရာထိုသို့အယူခံတရားပြိုင်ဘက်မှတင်ပြခြင်းကိုပုဒ်မ၁၀၅(၁)ကပိတ်ပင်ခြင်းမပြုသည်မှာပြဌာန်းချ...