ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုဘာသာပြန်ရာ၌အခက်အခဲ။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုဘာသာပြန်ရာ၌အခက်အခဲရှိတန်သလောက်ရှိပါသည်။ Where ကို”လျှင်’ဟုဘာသာပြန်ပါကပုဒ်မ၄၃၏စကားစပ်အရမမှန်နိုင်။ စကားပြေပြစ်ခြင်းမရှိ။ အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းခဲ့သော၁၉၄၈ခုနှစ်၊မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေသက်တမ်းကုန်ဆုံးသွားရာမှ၁၉၆၀ပြည့်နှစ်ဥပဒေကိုမြန်မာဘာသာဖြင့်ပြဌာန်းသောအခါ " where " ဟူသောစကားလုံးဖြင့်အစချီသော၁၉၄၈ခုနှစ်၊ဥပဒေပုဒ်မ၁၇နှင့်၁၈တို့ကို၁၉၆၀ပြည့်နှစ်ဥပဒေပုဒ်မ၂၅နှင့်၂၆အဖြစ်အသီးသီးပြဌာန်းရာ၌ကိစ္စတွင်ဟုသုံးနှုန်းသည့်အတိုင်းပုဒ်မ၄၃ကိုဘာသာပြန်ပါသည်။ Fraudulent ကိုရာဇသတ်ကြီးပုဒ်မ၂၅၌ဘာသာပြန်ထားသည့်အတိုင်းဘာသာပြန်ပါသည်။ Profess to transfer ဟူသောစကားရပ်ကို’လွှဲပြောင်းသည်ဟုဆိုသည်’ဟုဘာသာပြန်ရာ၌ထို့ထက်ကောင်းသောဝေါဟာရကိုရှာမတွေ့ခြင်းကြောင့်ဖြစ်ပါသည်။ Sell , purpot to sell နှင့် profess to sell ဟူသောစကားရပ်တို့အနက်၊’sell’ကိုရောင်းချသည်ဟုဘာသာပြန်ရန်ခက်မည်မဟုတ်။ တရားရုံးများလက်စွဲ(ဒုတိယအကြိမ်မြောက်ထုတ်)အပိုဒ်၁၆၁ပါ purport to record ကို’ရေးသွင်းဖော်ပြထားသောသဘောသက်ရောက်သည်’ဟုမြန်မာဘာသာဖြင့်ထုတ်ဝေသည့်တရားရုံ...