Posts

2005 BLR 52 ( SAB )

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အလျဉ်းသင့်၍ဥပဒေပြဿနာတရပ်ကိုဆွေးနွေးလိုပါသည်။ 2005 BLR 52( S.A.B. )(တရားရုံးချုပ်ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးဦးခင်မောင်အေးနှင့်ဦးမြင့်သိန်းတို့ဆုံးဖြတ်သည်)အမှုတွင်တရားလိုဒေါက်တာဦးတင်ဦးသည်တချိန်ကလင်မယားပိုင်ပစ္စည်းတွင်မယားဝေစုကိုဝယ်ယူသောဒေါ်အေးအေးသန်းအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတရားရုံးချုပ်ကအယူခံတွင်၊5 Ran 785နှင့်1967 BLR 525 စီရင်ထုံးများကိုကိုးကားပြီးတရားစွဲဆိုသောအမှုကိုပယ်ခဲ့သည်ဟုစီရင်ထုံးစာမျက်နှာ၆၁၌ဖော်ပြထားသည်။ အထူးခုံရုံးက တရားရုံးချုပ်​၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ရာ၌စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တို့တွင်"သို့ဖြစ်၍အချင်းဖြစ်ပစ္စည်းကိုတရားလိုတရားပြိုင်အကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရရှိသည့်အပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရှိဖြစ်ကြောင်းပေါ်ပေါက်သည့်အခြေအနေတွင်ပူးတွဲပိုင်ဆိုင်သူတဦးကအခြားပူးတွဲပိုင်ဆိုင်သူတဦးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်သာရှိပေသည်"ဟုအကြောင်းပြပါသည်။ တရားရုံးချုပ်ကကိုးကားသောစီရင်ထုံးနှစ်ရပ်ပါ”unity of interest”နှင့်”unity of possession”ဟူသောစကားနှစ်ရပ်သ...

မြန်မာဥပဒေပညာရှင်များရင်ဆိုင်ရသောအခက်အခဲတရပ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဥပဒေပညာရှင်များရင်ဆိုင်ရသောအခက်အခဲဲတရပ်မှာ ဥပဒေများပါအင်္ဂလိပ်နှင့်အိန္ဒိယဝေါဟာရများဖြစ်သည်။ Tenants-in-common(ဝေစုအလျောက်ဘုံဆိုင်သူများ)၊ life interest(တသက်တာအကျိုးခံစားပိုင်ခွင့်)၊ benami(အမည်ခံအမည်ငှား)၊ resulting trust(ဖြစ်ပေါ်လာသောယုံမှတ်အပ်နှံမှု)စသည့်ဝေါဟာရများဖြစ်သည်။ Joint tenants(ပူးတွဲပိုင်ဆိုင်သူများ)ကိုနားလည်သော်လည်း tenants-in-commonဟူသောဝေါဟာရ​၏အဓိပ္ပာယ်အမှန်ကိုသဘောပေါက်ရန်မလွယ်။အတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းသည် common(ဘုံ)ဟူသောစကားလုံး​၏အဓိပ္ပာယ်ကိုပေါ်လွင်စေခြင်းမရှိ။ရာဇသတ်ကြီးပုဒ်မ၃၄တွင် #အကြံတူ ဟုဘာသာပြန်သော common intentionနှင့်အသုံးအနှုန်းချင်းမတူ။ မြန်မာဗုဒ္ဓဘာသာလင်မယားသည်၎င်းတို့​၏လက်ထက်ဖြစ်ထွန်းသောပစ္စည်းများတွင်နှစ်ပုံတပုံ၊သုံးပုံတပုံနှင့်သုံးပုံနှစ်ပုံစီစသည်ဖြင့်ပိုင်ကြသည်ဖြစ်ရာ၎င်းတို့​၏အနေအထားကိုဝေစု(အစု)အလျောက်ဘုံပိုင်သူများဟုဆိုလျှင်ပို၍နားလည်မည်ဟုသဘောရရှိသည်။အပုံလိုက်ပိုင်သူများဖြစ်ကြသည်။ 1967BLR525နှင့်ထိုအမှုတွင်ကိုးကားထားသည့်5Ran785စီရင်ထုံးများ၌ရည်ညွှန်းထားသော unity of interest(အကျိုးခံစားပိုင်ခွင့်များပေါင်း...

ပစ္စည်းခွဲဝေပေးစေလိုမှုနှင့်စပ်လျဉ်း၍၊မမြ နှင့် မမြဲစီရင်ထုံး၊(၁၈၉၇-၀၁)အထက်မြန်မာအတွဲ၂၊စာ၂၂၉ကိုမှတ်သားထားဖို့လိုပါသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပစ္စည်းခွဲဝေပေးစေလိုမှုနှင့်စပ်လျဉ်း၍၊မမြ နှင့် မမြဲစီရင်ထုံး၊(၁၈၉၇-၀၁)အထက်မြန်မာအတွဲ၂၊စာ၂၂၉ကိုမှတ်သားထားဖို့လိုပါသည်။ ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတွင်ခွဲဝေရန်ရှိသောပစ္စည်းအားလုံးကိုခွဲဝေပေးရန်တောင်းဆိုရမည်။ ပစ္စည်းတစိတ်တဒေသကိုခွဲဝေပေးရန်စွဲဆိုခြင်းမပြုနိုင်။ အမှုသည်များပူးတွဲပိုင်ဆိုင်သောပစ္စည်းအရပ်ရပ်ကိုခွဲဝေပေးရန်တောင်းဆိုရန်လိုအပ်ခြင်း​၏ယေဘုယျမူသဘောမှာအမှုပွားများခြင်းကိုပိတ်ပင်ရန်ဖြစ်သည်။ ထိုဥပဒေသဘော​၏ခြွင်းချက်ကို၊မဆင်တီ နှင့် စောမောင်ပုစီရင်ထုံး (၁၉၅၂မတစ၃၄၄(တရားလွှတ်တော်)တွင်တွေ့မြင်နိုင်သည်။ ကွယ်လွန်သူမခိုင်မတွင်စောမောင်မောင်နှင့်စောမောင်ပုသားနှစ်ယောက်ရှိသည်။ စောမောင်မောင်သည်ဝဏ္ဏဆိုသူနှင့်အိမ်ထောင်ကျ၍မဆင်တီအပါအဝင်သားသမီးသုံးယောက်ရရှိသည်။ မခိုင်မကွယ်လွန်ပြီးနောက်မကြာမီစောမောင်မောင်ကွယ်လွန်သည်။ ၁၉၂၆ခုနှစ်တွင်စောမောင်ပုသည်မိခင်ကျန်ရစ်သောအချင်းဖြစ်မြေအပါအဝင်အမွေပစ္စည်းများကိုအခြားအမွေဆိုင်များအားအသိမပေးဘဲချစ်တီးထံပေါင်ခဲ့သည်။ နောက်ပိုင်းတွင်၎င်းချစ်တီးထံမှငွေကျပ်၄၀၀၀ချေးယူရာမပေးဆပ်နိုင်၍ချစ်တီးက၎င်းအပေါ်ငွေဒီကရီရရှိသည်။ ထိုငွေဒီကရီကိုအတည်ပြုရာတွင...

အမွေပစ္စည်းများကိုစီမံခန့်ခွဲပေးရန်မစွဲဆိုဘဲ၊ပစ္စည်းခွဲဝေပေးစေရန်စွဲဆိုခြင်းကိုယခင်ကလက်ခံဆောင်ရွက်ခဲ့ကြသည်ကိုရှေးကျသောစီရင်ထုံးများတွင်တွေ့ရပါသည်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေပစ္စည်းများကိုစီမံခန့်ခွဲပေးရန်မစွဲဆိုဘဲ၊ပစ္စည်းခွဲဝေပေးစေရန်စွဲဆိုခြင်းကိုယခင်ကလက်ခံဆောင်ရွက်ခဲ့ကြသည်ကိုရှေးကျသောစီရင်ထုံးများတွင်တွေ့ရပါသည်။ 5 Ran 785(799)(Mr. Justice Chariဆုံးဖြတ်သည်)ကျမှမြန်မာဗုဒ္ဓဘာသာများသည်မိမိတို့အမွေစုရလိုလျှင်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုရန်ဖြစ်သည်။ပစ္စည်းခွဲဝေပေးစေလိုမှုမစွဲဆိုနိုင်ဟုအမြင်ပြောင်းလဲလာသည်။ မမြပါ၃ နှင့် မမြဲ၊2 UBR 229(230)အမှုတွင်မောင်တိုးကွယ်လွန်သောအခါဇနီးမမြကအခြားဇနီးဟုအဆိုရှိသူမမြဲအပေါ်မိမိနှင့်အရွယ်မရောက်သေးသူသားသမီးများကိုယ်စားအိမ်တအိမ်ကိုရလိုကြောင်းသို့မဟုတ်ဝေစုရလိုကြောင်းစွဲဆိုရာအမွေပုံပစ္စည်းအားလုံးကိုခွဲဝေပေးစေရန်စွဲဆိုရန်ပျက်ကွက်သည်ဟုအကြောင်းပြကာမမြတို့စွဲဆိုသောအမှုကိုပလပ်လိုက်သည်။ ပစ္စည်းခွဲဝေပေးစေလိုမှုတွင်၊ခွဲဝေရန်ရှိသည့်ပစ္စည်းအားလုံးကိုခွဲဝေပေးရန်စွဲဆိုရမည်ဟူသောဥပဒေသကိုယနေ့အထိလက်ခံထားသည်။ အမွေမှုတွင်မူ၊အမွေပုံပစ္စည်းအချို့ကိုချန်လှပ်ထားရုံမျှဖြင့်အမှုကိုပလပ်ရန်မဟုတ်ကြောင်းသတိချပ်ရန်လိုပါသည်။ မဆင်တီနှင့်အခြားသူများ နှင့် စောမောင်ပုနှင့်အခြားသူများအမှု 1952 BLR ( H C ) (344 ) ( 349 ) ( ...

ဒေါ်ထွေး နှင့် မတင်ဦး၊၁၉၅၄၊မတစ၅၂အမှုတွင်တရားလွှတ်တော်ချုပ်က၊ရန်ကုန်၊အတွဲ၅၊စာ၇၈၅အမှု၌တရားဝန်ကြီးမစ္စတာချာရီ​၏သုံးသပ်ချက်(စီရင်ချက်စာမျက်နှာ၅၇​၏အောက်ခြေမှတ်ချက်၌ဖော်ပြထားပါသည်။)သည်ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ​၏အတ္တနောမတိမျှသာဖြစ်သည်ဟုပြဆိုထားသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်ထွေး နှင့် မတင်ဦး၊၁၉၅၄၊မတစ၅၂အမှုတွင်တရားလွှတ်တော်ချုပ်က၊ရန်ကုန်၊အတွဲ၅၊စာ၇၈၅အမှု၌တရားဝန်ကြီးမစ္စတာချာရီ​၏သုံးသပ်ချက်(စီရင်ချက်စာမျက်နှာ၅၇​၏အောက်ခြေမှတ်ချက်၌ဖော်ပြထားပါသည်။)သည်ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ​၏အတ္တနောမတိမျှသာဖြစ်သည်ဟုပြဆိုထားသည်။ ဒေါ်ထွေးအမှုကိုဆုံးဖြတ်ရာ၌နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ၅၇တွင်၊5 Ran 785(798)အမှု( Mr . Justice Chari ဆုံးဖြတ်သည်)၌ထုံးဖွဲ့ချက်ကိုရည်ညွှန်းပြီး၊ဓမ္မသတ်ကျမ်းပြုဆရာတို့​၏ယူဆချက်အရ၊အမွေမှုမစွဲမီကပင်လျှင်၊အမွေဆိုင်သည်၊ဆိုင်ရာအစု​၏တဦးချည်းသီးခြားပိုင်ရှင်ဖြစ်ပြီဟူသောစကား- "Thus according to the conceptions of the Dhamathat writers it is the fractional share of each Burmese Buddhist heir which vests in him separately and individually and he is entitled to claim a division of that share on the death of the ancestor , and nothing more . His right extends no further and he cannot be deemed to be with his co-heirs a joint owner or joint tenant of t...

ရန်ကုန် အတွဲ၁၄ စာ၂၄၂စုံညီအမှုတွင်၊မြန်မာမိဘများသည်သားသမီးကိုအပိုင်ပေးရန်ရည်ရွယ်၍လွှဲပြောင်းစာချုပ်ရယူခဲသည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်-

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရန်ကုန် အတွဲ၁၄ စာ၂၄၂စုံညီအမှုတွင်၊မြန်မာမိဘများသည်သားသမီးကိုအပိုင်ပေးရန်ရည်ရွယ်၍လွှဲပြောင်းစာချုပ်ရယူခဲသည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်- “Rarely would a Myanmar ( Burmese ) parent take a conveyance of property in the name of his child with a view to making a gift of it to the child." ဒေါ်ခင်ခင်ကြွယ်ပါ၅ နှင့် ဒေါ်တင်တင်ကြွယ်၊ ၁၉၆၄ မတစ ၅၉၉အမှုတွင်လည်းထိုစီရင်ထုံး(ရန်ကုန်၊အတွဲ၁၄၊စာ၂၄၂စုံညီ)ကိုကိုးကားဆုံးဖြတ်ဖူးပါသည်။ လူအမျိုးမျိုးနတ်အထွေထွေရှိနိုင်သဖြင့်အထက်ပါထုံးဖွဲ့ချက်ကိုတရားသေမှတ်ယူရန်မသင့်ပါ။ အမှန်စင်စစ်ထိုသို့ထုံးဖွဲ့ရန်အခြေခံနိုင်သည့်အလေ့အထရှိကြောင်းအမှုတွင်သက်သေခံမရှိပါ။ ရန်ကုန်အတွဲ၁၄၊စာ၂၄၂(စုံညီ)အမှု၌ပြဆိုထားသောကောက်နုတ်ဖော်ပြချက်သည်စီရင်ချက်ရေးသောတရားဝန်ကြီးချုပ်(Sir Arthur Page, Kt., Chief Justice)၏အတ္တနောမတိမျှသာဖြစ်ပါသည်။ ဓမ္မသတ်အကိုးအကားမရှိပါ။ ထုံးသာဓကလည်းမရှိပါ။ အင်္ဂလိပ်တရားသူကြီးသည်မြန်မာတို့​၏အလေ့အထကိုကောင်းစွာသိရှိသည်ဟုမဆိုနိုင်ပါ။ ဒေါ်ခင်ခင်ကြွယ်အမှု၌ထုံးဖွဲ့ချက်သည်၊ရန်ကုန် အတွဲ၁၄ စာ၂၄၂အမှု၌ထုံးဖွဲ့ချက်ကိုကောက်နုတ်ဖော်ပြချက်ဖ...

အင်္ဂလန်နိုင်ငံသုံးဥပဒေသည်မြန်မာနိုင်ငံနှင့်မဆိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 3 BLT 62 ၊ 8 BLT 87 ၊ 9 BLT 35အမှုများတွင်- “The doctrine of intended advancement " ဥပဒေသသည်မြန်မာနိုင်ငံနှင့်မဆိုင်ဟုဆုံးဖြတ်ပါသည်။ သို့သော်မောင်ကျော်ဖေပါအများနှင့်မောင်ကြည် ရန်ကုန်အတွဲ၆၊စာ၂၀၃အမှုတွင်မူတမျိုးဆုံးဖြတ်ပြန်ပါသည်။ ရန်ကုန် အတွဲ၆ စာ၂၀၃အမှုတွင် မြန်မာများသည်အမည်ခံအမည်ငှားစနစ်ကိုကျင့်သုံးလေ့မရှိ၊မည်သည့်အခါကျင့်သုံးကြောင်းစီရင်ထုံးစာမျက်နှာ၂၁၁မှ၂၁၂တွင်ပြဆိုထားပါသည်။ မစာ နှင့် မစိန်နုပါ၂၊ရန်ကုန် အတွဲ၇ စာ၇၅၁အမှုတွင်မြန်မာတို့သည်အယူသည်းတတ်ပြီးဗေဒင်ကိန်းခန်းအရမရွှေ့မပြောင်းနိုင်သောပစ္စည်းဝယ်လျှင်ခိုက်တတ်ကြောင်းဟောပါကအခြားသူအမည်ဖြင့်ပစ္စည်းဝယ်လေ့ရှိပုံကိုစာမျက်နှာ၇၅၇နှင့်၇၅၈တွင်သုံးသပ်ထားပါသည်။ နောက်ဆုံးတွင်မောင်ထွန်းဖေစီရင်ထုံး၌စုံညီခုံရုံးကအင်္ဂလန်နိုင်ငံသုံးဥပဒေသသည်မြန်မာနိုင်ငံနှင့်မဆိုင်ဟုအတိအလင်းထုံးဖွဲ့ပါသည်။