Posts

အရွယ်မရောက်သေးသူဟာသူပိုင်ပစ္စည်းကိုရောင်းလို့မရပါ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆရာသင်ချင်တာက အရွယ်မရောက်သေးသူဟာသူပိုင်ပစ္စည်းကိုရောင်းလို့မရဘူး။ဒါကြောင့် The minor sale လို့ရေးလို့မရဘူး။ The minor purports to sale his property လို့ပဲရေးလို့ရတယ်။  ရောင်းတဲ့သဘောအနေနဲ့ပဲစာချုပ်ချုပ်လို့ရတယ်။ သူရောင်းတာအတည်မဖြစ်ဘူး။ ဆရာမောင်မောင်ရေးတဲ့အင်္ဂလိပ်စာလိုဖြစ်သွားတာပေါ့။ ( The instrument does not amount to sale . ) minorချုပ်ဆိုသောစာချုပ်ဟာအရောင်းအထမမြောက်ဘူး။ ပဋိညာဉ်တခုဖြစ်မြောက်ဖို့ဆိုတာပဋိညာဉ်ဥပဒေပုဒ်မ၁၁နဲ့ညီညွတ်ရတယ်။ ပုဒ်မ၁၁မှာပဋိညာဉ်ချုပ်ဖို့အရည်အချင်းရှိလောက်အောင်၊အရွယ်ရောက်တဲ့သူဖြစ်ရမယ်လို့သေချာရေးထားတယ်။ ပဋိညာဉ်ပြုနိုင်တဲ့အရွယ်ဟာဘယ်မှာလဲလို့သိချင်ရင်အရွယ်မရောက်သူများအက်ဥပဒေကိုကြည့်ရမယ်။ ၁၈နှစ်ဆိုတာသာမန်အားဖြင့်တော့မှန်ပါတယ်။ ဒါပေမဲ့တခါတခါမှာအရွယ်မရောက်သေးသူအတွက်အုပ်ထိန်းသူခန့်ရင်သူဟာ၂၁နှစ်ကျမှအရွယ်ရောက်တယ်။ ဒါကြောင့်၁၈နှစ်ပြည့်တိုင်းအရွယ်ရောက်ပြီလို့မှတ်လို့မရဘူး။ အုပ်ထိန်းသူအဖြစ်တရားရုံးကမခန့်ခဲ့ဘူးဆိုရင်မှန်ပါတယ်။ ဥပမာ-၁၇နှစ်သားတယောက်ကသူ့ပစ္စည်းကိုရောင်းပြီဆိုပါတော့။အဲဒီအရောင်းဟာ၊အရောင်းမမြောက်ဘူးလို့ပြောပြီးပြီ။အားလုံးသိတဲ့အတိ...

1958 BLR ( HC ) 252 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1958BLR(HC)252အမှုမှာ၊တရားရှုံးလည်းမဟုတ်၊သူ့အခွင့်အရေးကိုဆက်ခံသူလည်းမဟုတ်တဲ့သူက၊ပစ္စည်းပေးအပ်ခြင်းကိုခုခံတားဆီးနှောင့်ယှက်တဲ့အတွက်မြို့နယ်တရားရုံး(ဇာရီရုံး)ကတရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၇အရတရားနိုင်ရဲ့လျှောက်ထားချက်အရခုခံတားဆီးနှောင့်ယှက်တဲ့သူတွေအပေါ်စုံစမ်းစစ်ဆေးမယ်လို့အမိန့်ချပါတယ်။ ဒီအမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်တဲ့အခါ၊ခရိုင်တရားမရုံးကအောက်ရုံးအမိန့်ကိုပယ်ဖျက်လိုက်လို့၊တရားလွှတ်တော်ကမြို့နယ်တရားရုံးရဲ့အမိန့်ကိုခရိုင်တရားမရုံးမှာအယူခံဝင်ခွင့်မရှိတဲ့အကြောင်းဆုံးဖြတ်ပါတယ်။ အမိန့်၂၁နည်း၁၀၃အရစွဲဆိုတဲ့အမှုမှာချမှတ်တဲ့အပြီးသတ်ဆုံးဖြတ်ချက်ကို၊ အယူခံဝင်ခွင့်မရှိဘူးလို့လုံးဝမဆုံးဖြတ်ပါဘူး။နည်း၉၇အရချမှတ်တဲ့အမိန့်ကိုအယူခံဝင်ခွင့်မရှိတဲ့အကြောင်းဆုံးဖြတ်ခြင်းသာဖြစ်ပါတယ်။ စီရင်ထုံးမှာဆုံးဖြတ်ချက်ငါးရပ်ချမှတ်ပါတယ်၊ ပထမဆုံးဖြတ်ချက်လေးရပ်မှာ၊နည်း၁၀၃ကိုလုံးဝရည်ညွှန်းထားခြင်းမရှိပါဘူး။တရားမကျင့်ထုံးဥပဒေစီရင်ထုံးပေါင်းချုပ်(၁၉၉၄ခုနှစ်ထုတ်)ကော်လံ၉၉၇-၉၉၈မှာဖော်ပြပြီးဖြစ်လို့ဒီဆုံးဖြတ်ချက်တွေကိုမဖော်ပြတော့ပါဘူး။ ဆုံးဖြတ်ချက်ငါးကဒီလိုဖြစ်ပါတယ်- " (၅)အမိန့်၂၁၊နည...

အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုတဲ့အမှုဟာတရားမကြီးမှုဖြစ်တယ်ဆိုတာပြဌာန်းချက်အရအငြင်းပွားစရာမရှိပါဘူး။ဒီကရီကိုတရားမကြီးမှုသို့မဟုတ်ဇာရီမှုမှာချမှတ်ရတယ်ဆိုတာကလည်း၊ပုဒ်မ၂(၂)ပါ ဒီကရီရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရပေါ်လွင်ပါတယ်။ ဒါကြောင့်အမိန့်၂၁၊နည်း၁၀၃အရစွဲဆိုတဲ့တရားမကြီးမှုမှာတရားလိုရဲ့အမှုကိုပယ်တဲ့အဆုံးအဖြတ်၊တရားလိုစွဲဆိုတဲ့အတိုင်းခွင့်ပြုတဲ့အဆုံးအဖြတ်ဟာဒီကရီဖြစ်တဲ့အတွက်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၆အရအယူခံဝင်ခွင့်ရှိတယ်ဆိုတာယုံမှားသံသယမရှိနိုင်ပါဘူး။အခြားတရားမကြီးအမှုတွေမှာချမှတ်တဲ့အပြီးသတ်ဆုံးဖြတ်ချက်ကိုအယူခံဝင်ခွင့်ရှိတယ်ဆိုတာငြင်းခုံစရာမရှိပါဘူး။ ပုဒ်မ၂(၂)မှာ အမှုသည်များကိုရည်ညွှန်းပါတယ်။ ဘယ်လိုအမှုသည်တွေရယ်လို့သီးခြားရည်ညွှန်းချက်မရှိပါဘူး။ဒါကြောင့်တရားဖက်တွေဟာတရားနိုင်နဲ့တရားရှုံးသို့မဟုတ်သူတို့ရဲ့အခွင့်အရေးကိုဆက်ခံသူများအချင်းချင်းဖြစ်ပါမှအယူခံဝင်ခွင့်ရှိရမယ်လို့ပုဒ်မ၂(၂)မှာမကန့်သတ်ပါဘူး။ ဒီကန့်သတ်ချက်ဟာပုဒ်မ၄၇အရဇာရီမှုနဲ့သက်ဆိုင်ပါတယ်။ တရားမကျင့်ထုံးကဒီကရီကိုအဆင့်ဆင့်အယူခံဝင်ခွင့်ပေးထားပါတယ်၊အယူခံဝင်ခွင့်ရှိတဲ့အမိန့်ကိုတော့တကြိမ်သာအယူခံဝင်ခွင့်ပေးပါတယ်။ဒီခြားနားခ...

5 Ran 175 ( PC ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ SJLB402 , PJLB37 , 2UBR204 , 1892-96 စီရင်ထုံးများကိုသာဖတ်ခွင့်ရပြီး၊မြန်မာဗုဒ္ဓဘာသာလင်မယား​၏ဆက်ဆံရေးကိုဂဃဏနသိပုံမပေါ်သောပရီဗီကောင်စီသည် 5Ran175( PC )အမှုကိုစီရင်သောအခါအဖွဲ့ဝင် Mr . Ameer Ali ကစီရင်ချက်ရေးရာ၌၊စီရင်ချက်စာမျက်နှာ၁၇၈၊တတိယအပိုဒ်တွင်- " It is to be noted that in the Myanmar ( Burmese ) social and legal system the wife is , to all intents and purposes , a partner . "  ဟုပြဆိုသည်။ [ ( to all intents and purposes )ကိုမြန်မာစာအဖွဲ့​၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၂၈၌ လက်တွေ့အားဖြင့်အမှန်အားဖြင့် ဟုဘာသာပြန်ထားသည်။ ] အမှားကိုထပ်တလဲလဲရွတ်ဆိုဖန်များသောအခါအမှန်ဟုထင်ယောင်ထင်မှားဖြစ်လာတတ်သည့်သာဓကဖြစ်သည်။ ပရီဗီကောင်စီ​၏အဆိုအမိန့်တို့သည်အလွန်တာသွားသည်။ ငွေတိုးချစားသောချစ်တီးလောကကိုချောက်ချားစေသည့်5Ran296( F B ) ( မပိုင် နှင့် မောင်ရွှေဘော်ပါ၈ )စီရင်ထုံးကိုထွက်ပေါ်စေသည်။ တရားလွှတ်တော်တရားသူကြီးငါးဦးပါသောစုံညီခုံရုံးသည်စောဒကမှုကိုဆုံးဖြတ်ရာ၌၊ဦးဆောင်စီရင်ချက်ကိုရေးသည့်မြန်မာတရားဝန်ကြီးဦးဘက၊စီရင်ချက်စာမျက်နှာ၃၂၉တွင်- " It has been rightly he...

SJLB 402 ( 403 ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အင်္ဂလိပ်လင်မယားတို့​၏ဆက်ဆံရေးနှင့်လုံးဝကွဲပြားသောအမှုကိုဆုံးဖြတ်ရာ၌၊ မြန်မာဗုဒ္ဓဘာသာလင်မယားတို့ဒိုးတူပေါင်ဖက်စီးပွားရှာကြခြင်းကိုကြည့်ကာ၊ မြန်မာနိုင်ငံအဆင့်အမြင့်ဆုံးတရားရုံးတွင်တရားစီရင်ခဲ့ကြသည့်တရားသူကြီးနှစ်ဦးပါသောခုံရုံးက 6April1886နေ့၌စီရင်ချက်ချမှတ်သည့် SJLB402(403)အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားတို့သည်အင်္ဂလိပ်ဥပဒေအရအစုစပ်လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်ဆင်တူကြောင်း- " In many respects these rights very closely resemble those of partners in partnership property under English Law . "  ဟူ၍မြွက်ဆိုသည်။ ထိုမြွက်ဆိုချက်ကိုPJLB37(38)အမှုတွင်ကိုးကားသည်။ 2UBR204 , 1892 -96 အမှုတွင်စီရင်ထုံးစာမျက်နှာ၂၁၀၌ - " It might have far-reaching and inconvenient consequences to hold that such a union invariably constitutes a partnership , but there is no doubt that it very commonly does so in effect to many intents and purposes . In the present instance the husband and wife seem to have been carrying on business very much after the character of a partners...

8 LBR 501 ( FB ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 8LBR501( F B )အမှုတွင်၊ တသက်တာအကျိုးခံစားပိုင်ခွင့်( life interest )ဟူသောစကားရပ်မှာဝေဖန်စရာဖြစ်နေကြောင်းညွှန်ပြပြီးနောက်၊ဓမ္မသတ်များကိုကိုးကားကာအမွေဆက်ခံခွင့်ရှိသည့်ဩရသသားသမီးရှိလျှင်၊မုဆိုးဖို၊မုဆိုးမသည်၊လင်မယားပူးတွဲပိုင်ခဲ့သည့်ပစ္စည်း​၏လေးပုံသုံးပုံကိုလည်းကောင်း၊(ကျန်လေးပုံတပုံကိုဩရသသားသမီးကရရှိသည်)အမွေဆက်ခံခွင့်ရှိသည့်ဩရသသားသမီးမရှိလျှင်၊မုဆိုးဖို၊မုဆိုးမသည်မိမိနှင့်ကွယ်လွန်ခဲ့ပြီးဖြစ်သောဇနီး၊ခင်ပွန်းတို့ပူးတွဲပိုင်ဆိုင်ခဲ့သည့်၊ပစ္စည်းတရပ်လုံးကိုလည်းကောင်း၊ အကြွင်းမဲ့ထုခွဲခွင့်ရှိသည်ဟုဆုံးဖြတ်သည်။ သတိချပ်ရန်အချက်မှာရုံးတော်သဟာယအဖြစ်ဆောင်ရွက်သောဦးမေအောင်၊ကိုးကားလျှောက်လဲတင်ပြချက်များကိုစီရင်ချက်၌ဖော်ပြမထားခြင်းဖြစ်သည်။ရုံးတော်သဟာယ( Amicus Curiae )အဖြစ်၊တကူးတကဖိတ်ခေါ်ကြားနာသောဦးမေအောင်သည်ဓမ္မသတ်များကိုအနည်းနှင့်အများကိုးကားပြီး၊မိမိ​၏အမြင်များကိုထုတ်ဖော်လျှောက်လဲမည်မှာနားလည်ပြီး( understood )ဖြစ်သည့်အလျောက်၊ဖော်ပြရန်မလိုသဖြင့်မဖော်ပြခြင်းဖြစ်သည်။ ကျစ်လစ်သိပ်သည်းခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးရန်ကိစ္စတရပ်ရှိသည်။ဖော်ပြခဲ့သော 8 LBR 501 ( F B )အမှု၌၊ရုံးတော်သ...

အင်္ဂလိပ်တရားသူကြီးတို့အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တချိန်ကမြန်မာနိုင်ငံအမြင့်ဆုံးတရားရုံးတွင်တရားစီရင်ကြသောအင်္ဂလိပ်တရားသူကြီးတို့သည်၊အင်္ဂလိပ်လင်မယားစနစ်နှင့်ကွဲပြားသောမြန်မာဗုဒ္ဓဘာသာလင်မယား​၏ပစ္စည်းခန်းကိုကောင်းစွာသဘောပေါက်ဟန်မတူ။ လင်နှင့်မယားတို့သည်မိမိတို့အိမ်ထောင်၌ထွန်းကားသောပစ္စည်းများကိုအပုံလိုက်(အပိုင်းလိုက်)ပိုင်ကြသည်ကို၊ 20December1897နေ့တွင်ဆုံးဖြတ်သော PJLB403(408)အမှု၌ဆင်ခြင်ယူနိုင်ခဲ့သည်။ သို့သော်လင်သို့မဟုတ်မယားသေဆုံးသောအခါကျန်ရစ်သူမယားသို့မဟုတ်လင်သည်၊ကွယ်လွန်သူ​၏အစု(ဝေစု)ကိုမည်သို့မည်ပုံအမွေဆက်ခံသည်ကိုမူသဘောပေါက်ပုံမပေါ်ဘဲ၊ကွယ်လွန်သူ​၏အစုကို ကျန်ရစ်သူမုဆိုးဖိုမုဆိုးမက၎င်း​၏ တသက်တာအကျိုးခံစားပိုင်ခွင့်ရှိသည်ဟု၊အထူးတရားရုံးက၊ 7April1886နေ့(သီပေါမင်းပါတော်မူပြီးနောက်လပိုင်းအတွင်း)၌၊ SJLB378(386)အမှု၌ဆုံးဖြတ်သည်။