A . I . R . 1948 Patna . 60 ( DB )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1995 B. L. R. 151( F. B. )(ဦးရွှေမိုးပါ၃ နှင့် ဦးအိုက်ဖုန်းပါ၂)အမှုမှာလို၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၂နဲ့စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇တို့စပ်ဟပ်တဲ့စီရင်ထုံးဟာ၊ A. I. R. 1948 Patna 60( D. B. )အမှုမှာပေါ်ပေါက်ခဲ့ပါတယ်။ A ကအခင်းဖြစ်ပစ္စည်းကို၊ B ထံမှာရောင်းချဖို့(၅-၁၂-၁၉၂၇)နေ့မှာသဘောတူခဲ့ပြီးနောက်၊ဒီပစ္စည်းကိုပဲ C ထံမှာရောင်းချဖို့(၂၀-၆-၁၉၃၀)နေ့မှာထပ်မံသဘောတူခဲ့ပါတယ်။ နောက်(၁၆-၇-၁၉၃၀)နေ့မှာစာချုပ်ချုပ်ဆိုပြီးလက်ရောက်ပေးအပ်ရောင်းချလိုက်တဲ့အတွက် C အမည်ပေါက်သွားပါတယ်။ C နဲ့အရောင်းအဝယ်စာချုပ်ချုပ်ဆိုတဲ့(၁၆-၇-၁၉၃၀)နေ့မှာပဲ၊ B က A အပေါ်(၅-၁၂-၁၉၂၇)နေ့စွဲပါအရောင်းအဝယ်ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေဖို့တရားစွဲဆိုရာမှာ၊ C ကိုအမှုသည်အဖြစ်မထည့်ပါဘူး။ အမှုမှာသက်သေခံရာမှာတော့အမှုစွဲဆိုတဲ့နေ့က၊ A အနေနဲ့ C ကိုပစ္စည်းရောင်းချတဲ့စာချုပ်ချုပ်ဆိုတာသိတဲ့အကြောင်းဝန်ခံထွက်ဆိုပါတယ်။ B အမှုစွဲဆိုပြီးနောက်သုံးရက်အကြာ(၁၉-၇-၁၉၃၀)နေ့မှာ၊ A နှင့် C တို့ချုပ်ဆိုတဲ့အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ပေးခဲ့ပါတယ်။ B အနေနဲ့တရားစွဲဆိုတဲ့(၁၆-၇-၁၉၃၀)နေ့မှာ၊ A နဲ့ C တို့ချုပ်ဆိုတ...