ရှေ့နေများခါးပြတ်လျက်ရှိသည်ကိုမငြင်းနိုင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌လျှောက်လဲကြသောရှေ့နေရှေ့ရပ်တို့သည်၊ယခင်ပရီဗီကောင်စီ၊တရားလွှတ်တော်ချုပ်နှင့်တရားလွှတ်တော်တို့တွင်လိုက်ပါဆောင်ရွက်ခဲ့ကြသောရှေ့နေကြီးများနှင့်ပညာအရာတွင်မတူသည်ကိုထောက်ပြပါဆိုပါက၊လက်ခုပ်တဖောင်(ဥပဒေပြဿနာအဖြာဖြာအမှာစာ၊စာမျက်နှာ(ကလ)ရှိ၊လက်ခုတ်ကိုလက်ခုပ်ဟုပြင်ပါရန်)မြင့်သည့်ဗီရိုကြီးများရှိကြသောစီရင်ထုံးများ(မြန်မာနိုင်ငံနှင့်နိုင်ငံခြားစီရင်ထုံးများ)နှင့်ဥပဒေကျမ်းကြီးများအပြည့်ရှိသည့်မျက်မှောက်ခေတ်ရှေ့နေရှေ့ရပ်တို့မှာလက်ချိုးရေတွက်၍ရနိုင်လောက်အောင်အရေအတွက်နည်းနေသည်ကို၊လက်ညှိုးထိုးပြရုံမျှဖြင့်လုံလောက်ပေလိမ့်မည်။ စာရေးသူသည်ဗဟိုတရားရုံးနှင့်တရားရုံးချုပ်တို့တွင်၊၁၉၇၉ခုနှစ်မှ၁၉၉၁ခုနှစ်ကုန်အထိ၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်စဉ်က၊ 1940 RLR 826 ( DB )အမှု၌၊အယူခံမှုတွင်အနိုင်ရရန်ကွက်တိဖြစ်သောပရီဗီကောင်စီစီရင်ထုံးများတင်ပြနိုင်သော(အယူခံတရားလိုဒေါ်ရှင်၏)ရှေ့နေ P. K. Basu ကဲ့သို့၊ကွက်တိထုံးသာဓကများတင်ပြနိုင်သည့်ရှေ့နေများနှင့်ရေစက်မဆုံခဲ့ပါ။ ရှေ့နေများခါးပြတ်လျက်ရှိသည်ကိုမငြင်းနိုင်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်၊ပရီဗီကောင်စီနှင့်ယခင်တရားလွ...