Posts

1969 BLR 127 (မောင်ကျော်သူ နှင့် ထွန်းမြအောင်)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1969 BLR 127 မောင်ကျော်သူ နှင့် ထွန်းမြအောင် တရားသူကြီးဦးကျော်ဇံဦးနှင့်တရားသူကြီးဦးသက်ဖေတို့ရှေ့တွင် အမှုတွင်၊တရားသူကြီးဦးကျော်ဇံဦးကစီရင်ထုံးစာမျက်နှာ၁၃၂တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- "သက်သေထွက်ဆိုချက်များမှာတဆင့်ကြားစကားဖြစ်စေကာမူ၊ဤစကားများသည်သက်သေခံအက်ဥပဒေပုဒ်မ၃၂(၄)အရ၊တရားဝင်သက်သေထွက်ဆိုချက်များအဖြစ်လက်ခံသင့်ပေသည်။သက်သေများသည်လုပ်သားပြည်သူအများ​အပြားတို့၏စိတ်ဝင်စားအကျိုးစပ်လျဉ်းဆက်ဆံခြင်းတို့နှင့်ပတ်သက်၍အမှုမဖြစ်မီကပင်ထင်မြင်ကြားဘူးသည့်အကြောင်းများကိုထွက်ဆိုကြခြင်းသာဖြစ်၍လက်ခံရပေမည်။ဤအကြောင်းအရာများမှာအများနှင့်ပတ်သက်သောရှေးဟောင်းအဖြစ်အပျက်အကြောင်းအရာများဖြစ်၍တိုက်ရိုက်သက်သေထွက်ဆိုချက်များရယှိရန်အလွန်ခဲယဉ်းသော်လည်းအမှုတွင်ဤသက်သေထွက်ဆိုချက်များအပြင်တိုက်ရိုက်သက်သေထွက်ဆိုချက်များလည်းယှိနေသည်။အများနှင့်သက်ဆိုင်နေ၍မည်သူတဦးတယောက်ကမျှမိမိ​၏ကိုယ်ကျိုးအတွက်ထွက်ဆိုရန်အကြောင်းမယှိပေ။ထို့ကြောင့်အသက်အရွယ်အဆင့်အတန်းကြီး၍ယုံကြည်လောက်သောဤလူကြီးသူမြတ်သက်သေများ​၏ထွက်ဆိုချက်များကိုလက်မခံနိုင်ပါကအများနှင့်သက်ဆိုင်သောရှေးဟောင်းခေတ်အကြောင်းများကိုပြသရန်လွယ်ကူမ...

1955 BLR ( H C ) 137

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1955 BLR ( H C ) 137 U San Pe  v. Ma Thin Kyi and one  Before U San Maung , J . အမှုတွင်၊အယူခံမှုတန်ဖိုးသည်ကျပ်ငါးရာမကျော်သဖြင့်အယူခံတရားလိုသည်မိမိအယူခံမှုမှာ၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀​၏ပုဒ်မခွဲ၁​၏အပိုဒ်(က)တွင်ကျရောက်ကြောင်းတင်ပြနိုင်မှသာအနိုင်ရမည်။ ဆိုလိုသည်မှာဆုံးဖြတ်ချက်သည်ဥပဒေနှင့်ဆန့်ကျင်ကြောင်းသို့မဟုတ်ဥပဒေကဲ့သို့အာဏာရှိသောဓလေ့ထုံးတမ်းနှင့်ဆန့်ကျင်ကြောင်းမပြနိုင်လျှင်အနိုင်ရမည်မဟုတ်။ ဥပဒေနှင့်အကြောင်းခြင်းရာပြဿနာများမှာတခါတရံခွဲခြားရခက်ခဲသည်။ သက်သေထင်ရှားသောအကြောင်းခြင်းရာတရပ်​၏ဥပဒေအရအကျိုးသက်ရောက်မှုသည်အခြေခံအားဖြင့်ဥပဒေပြဿနာဖြစ်သည်။ သို့ရာတွင်အကြောင်းခြင်းရာကိုထောက်ခံသောသက်သေခံချက်ကိုလည်းကောင်း၊ဆန့်ကျင်ဘက်သက်သေခံချက်ကိုလည်းကောင်း၊နည်းလမ်းတကျလက်ခံထားရာတွင်ယင်းအကြောင်းခြင်းရာသည်သက်သေထင်ရှားခြင်းရှိမရှိမှာမူအကြောင်းခြင်းရာပြဿနာသာဖြစ်သည်ဟု၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- Held:As the value of the appeal does not exceed Rs.500, the appellant can only succeed if he can bring his appeal within the ambit of clause(a) sub-s.1 of ...

1948 BLR ( H C ) 582, 1978 BLR 130 စီရင်ထုံးနှစ်ရပ်နှင့်ဆန့်ကျင်ဘက်ဖြစ်သောစီရင်ထုံး A IR 1941 Rangoon 270

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1948 BLR ( H C ) 582 မတင်တင် နှင့် ဒေါ်ကံရှိ လွှတ်တော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်နှင့် တရားဝန်ကြီးဦးစံမောင်ရှေ့၌ အမှုတွင်တရားဝန်ကြီးဦးစံမောင်က၊စီရင်ထုံးစာမျက်နှာ၅၈၇တွင်အောက်ပါအတိုင်းသုံးသပ်သည်- "ဤအမှုတွင်နှစ်ဦးနှစ်ဖက်မှပြသောသက်သေများသည်အပြိုင်အဆိုင်ဖြစ်နေကြ၍အမှုကိုမှန်ရာရောက်အောင်မည်သည့်နည်းနှင့်ဆုံးဖြတ်ရမည်နည်း။ဤအချက်နှင့်စပ်လျဉ်း၍ပရီဗီကောင်စီ​၏လွှတ်တော်က၊ဂျီ၊ဒဗလျူ၊ဒေဝိစ် နှင့် မောင်ရွှေကိုတို့အမှု(အတွဲနံပါတ်၃၈၊အိုင်၊အေ စာမျက်နှာ၁၅၅)တွင်ဆုံးဖြတ်ထားသောအချက်မှာများစွာဆီလျော်ပေသည်။ပရီဗီကောင်စီကယင်းသို့အမှုများတွင်၊ဝန်ခံထားသောအချက်များနှင့်ဖြစ်ဟန်လက္ခဏာရှိသောအချက်များ(Admitted circumstances and resulting probabilities)တို့ကိုထောက်ရှုပြီး၊မည်သည့်ဘက်ကမှန်လိမ့်မည်ဟုဆုံးဖြတ်သင့်ကြောင်းမြွက်ဆိုထားလေသည်။" စီရင်ထုံးစာမျက်နှာ၅၈၈နှင့်၅၈၉တွင်၊တရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းဆက်လက်သုံးသပ်ဆုံးဖြတ်သည်- "မတင်တင်နှင့်မောင်ချစ်မောင်တို့သည်၁၁လကြာမျှပေါင်းသင်းပြီးမှကွဲခြင်းကြောင့်ဤပဋိညာဉ်စာချုပ်က်ို၎င်းတို့ကွဲပြီးမှသာလျှင်လီဆယ်ပြီးချုပ်ဆိုသောစာချုပ်ဖြစ်သည...

2006 BLR 95 - ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 2006 BLR 95 ဒေါ်ဥမ္မာ နှင့် ဦးတင့်လွင်ပါ၅ တရားရုံးချုပ်တရားသူကြီးဦးသက်ထွန်းရှေ့တွင် စီရင်ထုံးအဆုံးအဖြတ်ကိစ္စ အမှုတွင်၊တရားပြိုင်(အယူခံတရားပြိုင်ဦးတင့်လွင်)ဘက်မှအခြားအချက်များအပြင်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းတင်ပြရာ၊မူလရုံးကထိုချေပချက်အပေါ်ပဏာမငြင်းချက်ထုတ်နုတ်ပြီးတရားလိုဒေါ်ဥမ္မာဘက်ကိုအနိုင်ပေးဆုံးဖြတ်သည်။ တိုင်းတရားရုံးကမူလရုံး​၏အမိန့်ကိုပြင်ဆင်မှုတွင်အတည်ပြုသည်။ ဥပဒေအမှတ်၆/၂၀၀၈အရပြင်ဆင်ထားသောပုဒ်မ၁၁၅​၏ခြွင်းချက်အရ၊တရားပြိုင်ဦးတင့်လွင်ဘက်မှတိုင်းတရားရုံး​၏အမိန့်အပေါ်တရားရုံးချုပ်တွင်အရေးဆိုခွင့်မရခဲ့။ တရားလိုဒေါ်ဥမ္မာသည်မူလရုံးနှင့်တိုင်းတရားရုံးတွင်အမှုရှုံးသဖြင့်တရားရုံးချုပ်၌ထပ်မံအယူခံတင်သောအခါအယူခံတရားပြိုင်ဦးတင့်လွင်ဘက်မှစည်းကမ်းသတ်ပြဿနာကိုတင်ပြလျှောက်ထားရာတရားရုံးချုပ်ကပုဒ်မ၁၀၅(၂)အရတင်ပြလျှောက်ထားခြင်းကိုလက်ခံစဉ်းစားရန်အကြောင်းမရှိဟုဆုံးဖြတ်သည်။ ပုဒ်မ၁၀၅(၁)ပါ"အယူခံလွှာ၌"ဟူသောစကားရပ်ကအယူခံတရားလိုတင်သွင်းသောအယူခံလွှာကိုရည်ညွှန်းခြင်းဖြစ်ရာထိုသို့အယူခံတရားပြိုင်ဘက်မှတင်ပြခြင်းကိုပုဒ်မ၁၀၅(၁)ကပိတ်ပင်ခြင်းမပြုသည်မှာပြဌာန်းချ...

ဇာရီရုံးကကန့်ကွက်ချက်များကိုပယ်သောအမိန့်သည်အယူခံဝင်ခွင့်ရှိမရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဇာရီမှု၌တရားရှုံးကအကြောင်းအမျိုးမျိုးပြပြီးကန့်ကွက်ရာတွင်၊ဇာရီရုံးကကန့်ကွက်ချက်များကိုပယ်သောအမိန့်သည်အယူခံဝင်ခွင့်ရှိမရှိ။ ကန့်ကွက်ချက်အားပယ်သောအခါတရားရုံးကအမိန့်၂၁၊နည်း၁၇(၄)အရဒီကရီအမျိုးအစားနှင့်အညီဒီကရီကိုအတည်ပြုရန်အမိန့်ချမှတ်ရမည်ဖြစ်သည်။ လက်ရောက်ပေးအပ်ရန်ဒီကရီကိုဇာရီပြုပေးရန်လျှောက်ထားသောအမှုတွင်၊လက်ရောက်ပေးအပ်စေဟုအမိန့်ချမှတ်ရမည်ဖြစ်သည်။ အဆိုပါအမိန့်ကိုအယူခံဝင်ခွင့်ရှိသည်။ သို့သော်ဒီကရီကိုဆက်လက်ဆောင်ရွက်မည်ဆိုသောသာမန်အမိန့်သည်၊အမှုသည်များ​၏အခွင့်အရေးကိုအပြီးအပြတ်ဆုံးဖြတ်ခြင်းမဟုတ်သဖြင့်အယူခံဝင်ခွင့်မရှိနိုင်ကြောင်းအထူးသတိချပ်ရန်ဖြစ်သည်။ အဆိုပါအမိန့်မျိုးသည်ဒီကရီအတည်ပြုရေးတွင်အထောက်အပံ့အဖြစ်ဆောင်ရွက်သောခြေလှမ်းတလှမ်းမျှသာဖြစ်သည်။ ဒီကရီကိုအမှန်တကယ်ဆောင်ရွက်သောအဆင့်သို့မရောက်သေးကြောင်းမြင်နိုင်သည်။ အမှန်အားဖြင့်အဆိုပါအမိန့်မျိုးသည်အမိန့်၂၁၊နည်း၁၇(၄)တွင်ရည်စူးသောအမိန့်မျိုးမဟုတ်။ ဇာရီလျှောက်လွှာတွင်ဒီကရီကိုမည်ကဲ့သို့အတည်ပြုစေလိုကြောင်းဖော်ပြရသည်။ ဇာရီရုံးကတရားမကျင့်ထုံးဥပဒေပုဒ်မ၅၁(က)မှ(င)တွင်ပါဝင်သောမည်သည့်နည်းနှင့်ဒီကရီကိုအတည်ပြုရန်အမိန့်ချမှတ်ရမည်ဖြစ...

ဇာရီမှုတွင်ချမှတ်သောအယူခံဝင်ခွင့်မရှိသည့်အမိန့်များအကြောင်း၊ 1958 BLR ( H C ) 252

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဇာရီမှုတွင်ချမှတ်သောအယူခံဝင်ခွင့်မရှိသည့်အမိန့်များအကြောင်း ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့​၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။ ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။ ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။ ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။ ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။ 1984 BLR 229 ဦးကိုရင် နှင့် မောင်ရဲမြင့် အမှုအပါအဝင်စီရင်ထုံးအများအပြားက၊ဇာရီမှုတွင်မည်သူတို့အချင်းချင်းအကြားအငြင်းပွားမှုကိုဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊တညီတညွတ်တည်းညွှန်ပြသည်။ သို့သော်ခြွင်းချက်တရပ်ရှိသည်။ ကြားလူ(တတိယပုဂ္ဂိုလ်)ကအပ်ဝရမ်းအားခုခံတားဆီးနှောင့်ယှက်သဖြင့်တရားနိုင်ကအမိန့်၂၁၊နည်း၉၇အရအရ...

အမှုတမှုစီ​၏ဖြစ်ရပ်ကိုကြည့်၍အမှုသည်များ​၏အခွင့်အရေးကိုအပြီးအပြတ်အဆုံးအဖြတ်ပေးရာရောက်လျှင်ဒီကရီအဖြစ်အယူခံဝင်နိုင်သည်

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1957 BLR ( H C ) 16 Maung Tha Saing  v. Ma Ain Tha . Before U San Maung , J . အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၀တွင်အောက်ပါအတိုင်းသုံးသပ်၍ဆုံးဖြတ်ထုံးပြုထားသည်- "In my opinion no hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under section 2 ( 2) read with section 47 of the Civil Procedure Code . Each case must be decided on the facts and circumstances arising therein. Held : No hard and fast rule can be laid down as to when an order staying an execution will be appealable as a decree under s. 2 ( 2 ) read with s. 47 of the Civil Procedure Code." မောင်သာဆိုင်ကမအိမ်သာအပေါ်အချင်းဖြစ်မြေမှဖယ်ရှားပေးရန်ရရှိထားသည့်ဒီကရီကိုအတည်ပြုရာခရိုင်ဝန်ကထိုမြေကိုအစိုးရကသိမ်းယူရန်စီစဉ်လျက်ရှိသဖြင့်ဇာရီမှုကိုဆိုင်းငံ့ထားရန်မေတ္တာရပ်ခံသောကြောင့်မြို့နယ်တရားရုံးကဇာရီမှုကိုပလပ်လိုက်သည်။ မောင်သာဆိုင်ကပထမအယူခံရုံးတွင်အယူခံဝင်ရာအယူခံရုံးကအခြားအချက်များအပြင်မူလရုံး​၏အမိန့်ကိုအယူခံဝင်ခွင့်မရှိဟုအကြောင်းပြကာအယူခံကိုပ...