Posts

ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား ? —————————— တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရ၊ဝရမ်းထုတ်ဆင့်ခြင်းကို၊တရားရှုံးမဟုတ်သောကြားလူကအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ပါသလား ? ထိုကြားလူသည်၊ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်ရှိပါသလား ? ———————————- ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့​၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။ ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။ ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။ ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။ ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။ သို့သော...

ဗုဒ္ဓဘာသာလင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုမယားဖြစ်သူအားပေးကမ်းခြင်းသည်အထမြောက်ပါသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဗုဒ္ဓဘာသာလင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုမယားဖြစ်သူအားပေးကမ်းခြင်းသည်အထမြောက်ပါသလော ? ———————————— 1993 BLR 1  ကိုခင်မောင်သိန်း(ခ)ကိုသိန်း နှင့် မစန်းစန်းမြင့် တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင် စီရင်ထုံးစာမျက်နှာ၅၊၆နှင့်၇တွင်တရားရုံးချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်- “အချင်းဖြစ်အမှုတွင်အဓိကအဆုံးအဖြတ်ပြုရမည့်အချက်မှာ၊ဦးအောင်ထူးကဇနီးမစန်းစန်းမြင့်အားအချင်းဖြစ်ဥပစာကိုပေးအပ်ခဲ့ခြင်းအားဖြင့်ပစ္စည်း၏ပိုင်ဆိုင်မှုအနေအထားမည်သည့်အခြေအနေတွင်ရောက်ရှိသွားကြောင်းဆုံးဖြတ်ရန်ဖြစ်သည်။ ယင်းပစ္စည်းမှာမူလကဦးအောင်ထူး၏ဖခင်ဦးသိန်းမောင်ပိုင်ဆိုင်ပြီး၊ဦးသိန်းမောင်က၁၉-၃-၇၄ရက်နေ့စွဲပါ”ဘိုးဘပိုင်မြေနှင့်နေအိမ်အမွေလွှဲပြောင်းပေးခြင်းစာချုပ်”(၁၉၇၄ခုနှစ်စာချုပ်အမှတ်၁၂/၇၄)ဖြင့်၊သားကိုအောင်ထူးအားလွှဲပြောင်းပေးခဲ့သည့်ပစ္စည်းဖြစ်သည်။ တဖန်ဦးအောင်ထူးက၁၀-၃-၈၁ရက်နေ့စွဲပါ”တိုက်နှင့်ဘိုးဘပိုင်မြေအပေးစာချုပ်”(၁၉၈၁ခုနှစ်စာချုပ်အမှတ်၂၆/၈၁)ဖြင့်ဇနီးမစန်းစန်းမြင့်အားချစ်ခင်မြတ်နိုး၍လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ဖခင်ဦးသိန်းမောင်ကလွှဲပြောင်းပေးသောအချိန်တွင်ဦးအောင်ထူးနှင့်မစန်းစန်းမြင့်...

ဗုဒ္ဓဘာသာဖခင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကို၊သမီးဖြစ်သူအားစွန့်လွှတ်ခြင်းသည်အထမြောက်ပါသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဗုဒ္ဓဘာသာဖခင်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုသမီးဖြစ်သူအားစွန့်လွှတ်ခြင်းသည်အထမြောက်ပါသလော ? ———————————— 1999 BLR 103  ဒေါ်ကြည်ကြည်ဇင်(ခ)ဝိုင်အိုလက်လင်း နှင့် ဒေါ်ဝိကြိန်(၎င်း၏အထူးကိုယ်စားလှယ်စာရသူဦးမျိုးခင်) တရားရုံးချုပ်တရားသူကြီးဒေါက်တာတင်အောင်အေးရှေ့တွင် စီရင်ထုံးတွင်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- “ထပ်မံဆုံးဖြတ်ချက်။  ။တရားလို၏အဆိုလွှာပါဖော်ပြချက်နှင့်တရားပြိုင်၏ချေလွှာတို့အရပေါ်ပေါက်သည်မှာဦးကြီးဗြန်က၎င်းပိုင်ဆိုင်သောပစ္စည်းများကိုသမီးဖြစ်သူဒေါ်ကြည်ကြည်ဇင်အားစွန့်လွှတ်သည့်အချိန်က၊ဦးကြီးဗြန်သည်ဇနီးနှစ်ဦးစလုံးနှင့်ပေါင်းသင်းနေသည့်အချိန်ဖြစ်သဖြင့်၊ဦးကြီးဗြန်က၎င်း၏အကျိုးခံစားခွင့်ကိုစွန့်လွှတ်လိုက်ခြင်းအားဖြင့်၊အချင်းဖြစ်ပစ္စည်းများမှာသမီးဖြစ်သူဒေါ်ကြည်ကြည်ဇင်ထံရောက်ရှိမည်မဟုတ်ဘဲ၊ဇနီးနှစ်ဦးထံသို့သာရောက်ရှိသွားမည်ဖြစ်သည်။” ——————————— ဥပဒေသဘောအရလင်သည်မယားအကျိုးငှါ၎င်း၏အကျိုးခံစားခွင့်ကိုစွန့်လွှတ်လိုက်သောအခါမယားသည်ပစ္စည်း၏အပြည့်အဝပိုင်ရှင်ဖြစ်သွားသည်ဟုစာတွေ့သဘောအရဆိုနိုင်သော်လည်း၊လင်ခန်းမယားခန်းဆိုင်ရာမြန်မာဓလေ့ထုံးတမ်းဥပဒေအရမယားပိုင်...

S J L B 19, A I R 1935 Ran 497, 1965 BLR 374

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၈၇၄ခုနှစ်၊မတ်လ(၄)ရက်နေ့တွင်အထူးခုံရုံးကစီရင်ချက်ချမှတ်သော၊သမိုင်းမှတ်တိုင်တွင်သည့်၊ SJLB 19 စီရင်ထုံးကိုတစိုက်မတ်မတ်လိုက်နာခဲ့ရာ(ယနေ့အထိ)နောက်ဆုံးစီရင်ထုံးသည်၊ 1965 BLR 374 ဖြစ်သည်။ မြန်မာဘာသာဖြင့်ပြုစုသောစီရင်ထုံးထက်၊ SJLB 19 စီရင်ထုံးတွင်ဗုဒ္ဓဘာသာလင်မယားပစ္စည်းခန်းအကြောင်းပြည့်ပြည့်စုံစုံစိစစ်ရေးသားထားသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆိုပါကလင်မယားပေါင်းသင်းဆဲတွင်(အထက်ပါပစ္စည်းမှအပ)လင်တဦးတည်းပိုင်ပစ္စည်း၊မယားတဦးတည်းပိုင်ပစ္စည်းဟူ၍၊သီးခြားပစ္စည်းမရှိခြင်းကို၊မြန်မာဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ AIR 1935 Ran 497 အမှုတွင်ပြဆိုသည်။ ဤဥပဒေသဘောအရမယားသည်လင်ထံမှလျော်ကြေးတောင်းခွင့်မရှိနိုင်။ အကြောင်းမူမယားတောင်းဆိုသောငွေမှာ၊၎င်းတဦးတည်းပိုင်မဖြစ်နိုင်။ SJLB 19 စီရင်ထုံးအရ၊၎င်းတဦးတည်းပိုင်ငွေအဖြစ်သို့မရောက်နိုင်။ ——————- SJLB 19 (1)Maung Ko,(2)Ma Shwe Get v. (1)Ma Me,(2)Maung Shwe Lok,(3)Nga Po O,(4)Nga San Hla Baw. Before J. D. Sandford, Esq., and C. J. Wilkinson, Esq. စီရင်ထုံးတွင်အောက်ပါအတိုင်းဆုံးဖြတ်သည်- “Three years absence with neglect on part of the husba...

အမွေထိန်းစာလျှောက်ထားမှုများတွင်ကန့်ကွက်သူပေါ်ပေါက်လျှင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေထိန်းစာလျှောက်ထားမှုများတွင်ကန့်ကွက်သူပေါ်ပေါက်လျှင်၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅အရတရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ပြီးစစ်ဆေးဆုံးဖြတ်ရသော်လည်း၊အဆိုပါတရားမကြီးမှုမျိုးတွင်အဘယ်ကြောင့်ဒီကရီရေးဆွဲရန်မလိုအပ်ပါသလဲ ? ———————————— အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၅တွင်တရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ရမည်ဟုတိတိကျကျပြဌာန်းထားခြင်းမရှိပါ။ တရားမကြီးမှုအသွင်အမှုကိုစစ်ဆေးရန်ပြဌာန်းရာမှ၊တရားမကြီးမှုအဖြစ်ပြောင်းလဲဖွင့်လှစ်ပြီးအမှုစစ်ဆေးသော practice ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ Practice ကို၊တပ်မတော်အက်ဥပဒေပုဒ်မ၂၂၀တွင်ကျင့်ထုံးစည်းကမ်းနည်းလမ်းဟုဘာသာပြန်သည်။ အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉ပါပြဌာန်းချက်များကြောင့်သာအယူခံဝင်ခွင့်ရရှိခြင်းဖြစ်သည်။ ဒီကရီမဟုတ်သောကြောင့်ဒီကရီရေးဆွဲရန်မလိုအပ်။ ——————————— 1938 RLR 72  Subhan Khan and another v. Mohamed Eusoof Before Mr. Justice Ba U. စီရင်ထုံးတွင်၊တရားမကြီးမှုမဟုတ်ကြောင်းရှင်းလင်းပြဆိုထားပြီး၊အမွေထိန်းစာထုတ်ပေးသောအမိန့်၊အမွေထိန်းစာထုတ်ပေးရန်ငြင်းပယ်သောအမိန့်ကိုအယူခံဝင်ခွင့်ရရှိခြင်းမှာ၊ဒီကရီကဲ့သို့အာနိသင်ရှိခြင်းကြောင့်မဟုတ်ကြေ...

တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်သည်ဒီကရီဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား ? ———————————— တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်သည်၊ဒီကရီဖြစ်ပါသလား ? ————————————- ဇာရီရုံးအနေဖြင့်ဇာရီမှုပြုလုပ်နိုင်သည်သို့မဟုတ်ဇာရီမှုမပြုလုပ်နိုင်ဟုချမှတ်သောအမိန့်အပေါ်အယူခံဝင်ရမည်သို့မဟုတ်ပြင်ဆင်မှုလျှောက်ထားရမည်လား ? ———————— အယူခံ၊ပြင်ဆင်ဆိုသည်မှာပညတ်များဖြစ်သည်။ အထက်အဆင့်မြင့်ရုံးသို့တက်ရောက်ပြီးအရေးဆိုသောကိစ္စဖြစ်သည်။ ပြင်ဆင်မှုမှာထက်ရုံးခွန်ပိုဆောင်ပြီးအယူခံဝင်ရောက်ခြင်းကြောင့်နိုင်ငံတော်ကရုံးခွန်ပိုမိုရရှိသည်။ လုပ်နည်းဆောင်တာများ(technicalities)ကိုအလေးမပေးသင့်။ အယူခံဝင်ခွင့်မရှိလျင်ပြင်ဆင်မှုအဖြစ်ဆုံးဖြတ်နိုင်သည်ဟုအကြောင်းပြကြသည်လည်းရှိသည်။ အမှုမှားယွင်းတက်ရောက်သူ၏တာဝန်ကိုလျော့ပစ်ရန်မသင့်ဟုဆင်ခြေပေးစရာအကြောင်းလည်းရှိပါသည်။ ဥပဒေအရ၊ရရှိသောအခွင့်အရေးကိုလုပ်နည်းဆောင်တာကိစ္စများဟုအကြောင်းပြပြီးနုတ်ပယ်ရန်မသင့်ပါ။ ——————————— 1986 BLR 70  ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂ ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သေ...

အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအပြီးသတ်အမိန့်များသည်၊ဒီကရီဖြစ်ပါသလား ? ———————————— 1948 BLR ( H C ) 329  Ma Ohn Nu v. Ma Nyun Before U Tun Byu and U San Maung , JJ. ———————————- 1948 BLR ( H C ) 591   Ma Mya Sein  v. Maung So Myint (Tan) and two others. Before U Thein Maung, Chief Justice  and U San Maung , J. —————————————- 1986 BLR 70  ဒေါ်အုန်းမြင့် နှင့် ဒေါ်ခင်မြပါ၂ ဥက္ကဌအဖြစ်ဦးဝင်းမောင်၊အဖွဲ့ဝင်များအဖြစ်ဦးကိုကြီးနှင့်ဦးခင်မောင်ကျော်တို့ပါဝင်သောဗဟိုတရားစီရင်ရေးအဖွဲ့ရှေ့တွင် ————————————— A. I. R. 1934 Rangoon 205 Maung Kyaw v. Maung Daung and another. Ba U and Shaw, JJ. ————————————- အထက်ဖော်ပြပါစီရင်ထုံးများသည်၊အမွေထိန်းစာရလိုမှုလျှောက်ထားသောအမှုများမှတက်ရောက်လာသောအယူခံမှုများဖြစ်သည်။ အမွေထိန်းစာ(Letters of Administration)ကို၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၁၈(၁)အရလျှောက်ထားခွင့်ရှိသည်။ အမွေထိန်းစာလျှောက်ထားမှုများတွင်ချမှတ်သောအမိန့်ကိုအယူခံဝင်ခွင့်ရှိကြောင်း၊အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၂၉၉တွင်ပြဌာန်းထားသည်။ ထို့ကြောင့်အမွေ...