ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဇာရီမှုတွင်အမှုသည်မဟုတ်သူတဦး၏လျှောက်ထားချက်နှင့်စပ်လျဉ်း၍တရားရုံးကချမှတ်သောအမိန့်ကိုအယူခံဝင်နိုင်ပါသလား ? —————————— တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၃၅(၁)အရ၊ဝရမ်းထုတ်ဆင့်ခြင်းကို၊တရားရှုံးမဟုတ်သောကြားလူကအမိန့်၂၁၊နည်း၅၈အရဝရမ်းခွါပေးရန်လျှောက်ထားခြင်းမှာမှန်ကန်ပါသလား ? ထိုကြားလူသည်၊ဇာရီမှုကိုဆိုင်းငံ့ပေးရန်လျှောက်ထားခွင့်ရှိပါသလား ? ———————————- ပုဒ်မ၂(၂)တွင်ပါဝင်သော"any question within S. 47"(ပုဒ်မ၄၇၌အကျုံးဝင်သောပြဿနာတရပ်ရပ်)ဆိုသည်မှာ၊တရားနိုင်နှင့်တရားရှုံး(၎င်းတို့၏အခွင့်အရေးဆက်ခံသူများလည်းပါဝင်သည်)တို့အကြားပေါ်ပေါက်သောပြဿနာသုံးရပ်အနက်တရပ်ရပ်ဖြစ်သည်။ ပြဌာန်းချက်တွင် question ပြဿနာကိုသာရည်ညွှန်းပြီး၊အမှုသည်များကိုမရည်ညွှန်းသော်လည်း၊ပြဌာန်းချက်တရပ်ရပ်ကိုစကားစပ်အရဖတ်ရှုမှသာပြည့်စုံသောအဓိပ္ပာယ်ကိုရရှိမည်ဖြစ်သည်။ ပုဒ်မ၂(၂)တွင်ပုဒ်မ၄၇ကိုရည်ညွှန်းထားသည်။ ပုဒ်မ၄၇တွင်မည်သူမည်ဝါတို့သည်အမှုသည်များဖြစ်ကြောင်းပါရှိပြီးဖြစ်သည်။ ထို့ကြောင့်ပုဒ်မ၂(၂)တွင်ပါဝင်သောပြဿနာသည်ပုဒ်မ၄၇တွင်ရည်ညွှန်းသောအမှုသည်အချင်းချင်းကြားပေါ်ပေါက်သောပြဿနာဖြစ်ကြောင်းရှင်းသည်။ သို့သော...