Posts

Showing posts from August, 2023

1948 BLR ( H C ) 138 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားရုံးချုပ်တရားသူကြီးဦးစံမောင်သည်၁၉၄၈ခုနှစ်မှစ၍တရားလွှတ်တော်တရားဝန်ကြီးအဖြစ်လည်းကောင်း၊တရားရုံးချုပ်တရားသူကြီးအဖြစ်လည်းကောင်း၊၁၉၆၅ခုနှစ်အထိအမှုထမ်းခဲ့သူဖြစ်သည်။ ၎င်းသည်တရားရေးလောကသို့ဝင်ရောက်သောလက်တဆုပ်စာမြန်မာအိုင်စီအက်စ်ဝန်ထမ်းများအနက်တဦးဖြစ်သည်။ ၁၉၄၈မှ၁၉၆၅မြန်မာနိုင်ငံတရားစီရင်ထုံးများတွင်၊၎င်း၏စီရင်ချက်များကနေရာယူလျက်ရှိသည်ကိုတွေ့မြင်နိုင်သည်။ ၁၉၄၈ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများစာအုပ်တွင်၊တရားမအယူခံမှုတမှုနှင့်ပြစ်မှုအယူခံမှုတမှုတို့၌စီရင်ချက်အသီးသီးကိုမြန်မာဘာသာဖြင့်ရေးပြီးနောက်၊တရားလွှတ်တော်ကိုဖျက်သိမ်းသည်အထိစီရင်ချက်များကိုအင်္ဂလိပ်ဘာသာဖြင့်ရေးသည်။ နောက်ပိုင်း၌တရားရုံးချုပ်တရားသူကြီးချုပ်၏တိုက်တွန်းမှုကြောင့်မြန်မာဘာသာဖြင့်စီရင်ချက်များရေးသော်လည်း၊အင်္ဂလိပ်ဘာသာဖြင့်ရေးသောစီရင်ချက်များလည်းရှိသည်။ ဥပဒေဘွဲ့မရ၍ဦးစံမောင်သည်တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးအဖြစ်လည်းကောင်းဆောင်ရွက်ခွင့်မရခဲ့။ ၎င်းနောက်မှတရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသူနှစ်ဦးက၎င်းကိုကျော်တက်၍တရားဝန်ကြီးချုပ်များဖြစ်ခဲ့ကြသည်။ ဦးစံမောင်သည်မိ...

1963 BLR ( C C ) 708

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ PJLB 484 1948 BLR ( H C ) 411 ( D B ) 1958 BLR 22(25) 1961 BLR ( H C ) 298 စီရင်ထုံးများက- တရားလိုသည်”ပိုင်ရှင်အသွင်ဆောင်သူဖြစ်ရမည်ဟုမဆိုပါ။” တရားလိုသည်တရားမစွဲဆိုမီ၁၂နှစ်အတွင်းအချင်းဖြစ်ဥပစာကိုဥပဒေနှင့်အညီ”လက်ရှိထားခဲ့သူ”ဖြစ်ရန်သာလိုသည်။ 8 LBR 227 ( F B )အမှုတွင်ပြဆိုသော၊ယခင့်ယခင်ကလက်ရှိထားခဲ့ခြင်းသက်သက်(mere previous possession)ဟူသောပြဆိုချက်နှင့်မယိုးမစွဲဖြစ်သည်။ အနှစ်သာရအားဖြင့်တူသည်ကိုအတိုင်းသားမြင်နိုင်သည်။ ——————————— 1963 BLR ( C C ) 708  MAUNG MYA THAN AND ANOTHER (APPELLANTS)                         V. U TUN TIN (RESPONDENT).* Before U San Maung, J. အမှုတွင်၊တရားဝန်ကြီးဦးစံမောင်က၊လက်ရှိထားပိုင်ခွင့်အရလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟုပြဆိုရာ၌၊”လက်ရှိထားသည့်ကာလသည်၁၂နှစ်ပြည့်ရန်မလို”ဟုဆုံးဖြတ်လိုက်ရာ၊မြန်မာနိုင်ငံစီရင်ထုံးသမိုင်းတွင်ပထမဆုံးစီရင်ထုံးဖြစ်လာသည်။ တရားဝန်ကြီးဦးစံမောင်ကအိန္ဒိယနိုင်ငံစီရင်ထုံး၊မြန်မာနိုင်ငံစီရင်ထုံးများကိုရည်ညွှန်းကိုးကား၍အောက်ပါအတိုင်းဆုံးဖြတ်သည်- “Held: The...

အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်၊ 5 Ran 679

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်” လက်ရောက်ရလိုမှုနှင့်သက်ဆိုင်သော၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်သီးခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကို”လက်ရောက်ရထိုက်ခွင့်ရှိသူ”သည်၊လက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟုပြဌာန်းထားသည်။ 5 Ran 679  MAUNG KIN LAY AND ONE                      V. MAUNG TUN THAING AND ONE.* Before Sir Guy Rultedge, Kt., K.C., Chief Justice, and Mr. Justice Brown. အမှုတွင်၊ဟိုက်ကုတ်လွှတ်တော်ခုံရုံးက၊ယေဘုယျအားဖြင့်”မြေပိုင်ရှင်သည်ထိုမြေကိုလက်ရောက်ရခွင့်ရှိသည်”ဟုပြဆိုထားသည်။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၃-က၊စသည့်ပိုင်ရှင်အားပိတ်ပင်မှုမျိုးမရှိလျှင်၊မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ရှင်သည်မိမိပိုင်ပစ္စည်းကိုလက်ရောက်ရထိုက်ခွင့်ရှိသည်။ ယင်းပိုင်ဆိုင်ခွင့်ကိုအထက်ပါစီရင်ထုံး၌အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ဟုရည်ညွှန်းပြဆိုခြင်းဖြစ်သည်။ ဟိုက်ကုတ်လွှတ်တော်ခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- “Held, that had the suit of the respondents been one for redmemption of an usufructuary mortgage, it would have ...

1964 BLR ( C C ) 340

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈အရစွဲဆိုသောအမှုများ” 1964 BLR ( C C ) 340  MAUNG CHA PAW (APPELLANT)                        V. KO MAUNG TIN (RESPONDENT). * Before U San Maung, J. မောင်ချာပေါအမှုတွင်- “The suit, now under consideration, is not one for possession based on title either absolute or possessory.” ဟုပြဆိုထားရာ၊မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုကြောင်း”အကြွင်းမဲ့ဆိုင်ရေးဆိုင်ခွင့်”သို့မဟုတ်”လက်ရှိထားပိုင်ခွင့်”အပေါ်အခြေပြု၍စွဲဆိုသောအမှုနှစ်မျိုးနှစ်စားရှိကြောင်း၊ဖော်ညွှန်းပြဆိုသောစီရင်ထုံးဖြစ်သည်။ တရားဝန်ကြီးဦးစံမောင်က၊စီရင်ထုံးစာမျက်နှာ၃၄၃နှင့်၃၄၄တွင်အောက်ပါအတိုင်းသုံးသပ်ဆုံးဖြတ်သည်- “I have given careful consideration to this case and in my opinion the plaintiff's suit should have been dismissed on a more fundamental ground than that relied upon by the learned Township Judge or the learned Additional District Judge. The suit, now under consideration, is not one for possessi...

ထူးခြားသောလက်ရောက်ရလိုမှု ( Part Four )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “ထူးခြားသောလက်ရောက်ရလိုမှု” ( Part Four ) 1990 BLR 28  ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင် စီရင်ထုံးစာမျက်နှာ၂၉တွင်ဖော်ပြထားသော- မူလတရားရုံး၏ဆုံးဖြတ်ချက်၌“ဒေါ်အေးကိုအခမဲ့နေထိုင်ခွင့်ပြုခဲ့ကြောင်း”ဟုပါရှိသည်။ ထိုအကြောင်းခြင်းရာများကိုအဆိုလွှာမည်သည့်အပိုဒ်၌အဆိုပြုကြောင်းရည်ညွှန်းဆုံးဖြတ်ခြင်းမပြု။ တရားရုံးချုပ်ကဖော်ပြသောအဆိုလွှာအပိုဒ်၃တွင်ထိုအကြောင်းမပါ။ မူလတရားရုံး၏အကြောင်းပြချက်မှန်မမှန်တရားရုံးချုပ်ကအဆိုလွှာကိုရည်ညွှန်းစိစစ်ဆုံးဖြတ်ခြင်းမပြုကြောင်းတွေ့ရသည်။ “ပြင်ဆင်မှုတွင်လျှောက်ထားသူများဘက်မှတင်ပြခြင်းများ” စီရင်ထုံးစာမျက်နှာ၂၉တွင်လျှောက်ထားသူများဘက်မှတင်ပြချက်တို့ကိုဖော်ပြထားရာ၊လျှောက်လဲချက်တရပ်မှာသီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈သို့မဟုတ်၉အရမဖော်ပြဘဲစွဲဆိုထားခြင်းဖြစ်၍မရေရာသောအချက်ဖြစ်သည်။ “အဆိုလွှာ၌သက်ဆိုင်ရာဥပဒေပုဒ်မကိုဖော်ပြရန်လိုကြောင်းအမိန့်၇တွင်ပြဌာန်းထားခြင်းမရှိကြောင်း”တရားရုံးချုပ်ကဖော်ထုတ်အဆုံးအဖြတ်ပေးခြင်းမပြု။ လျှောက်ထားသူများ၏ရှေ့နေကတရားလို၏ဆိုင်ရေးဆိုင်ခွင့်ကိုငြင်းဆိုထားသဖြင့်သီးခြားသက်သာခွင့်အက...

ထူးခြားသောလက်ရောက်ရလိုမှု ( Part Three )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “ထူးခြားသောလက်ရောက်ရလိုမှု” ( Part Three ) “လက်ရောက်မရဖူးသောတရားလိုကပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသောအမှုတွင်တရားစွဲဆိုရန်အကြောင်း။” 1990 BLR 28  ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင် စီရင်ထုံးစာမျက်နှာ၃၁ပါ- “ထို့ကြောင့်တရားလိုဦးစိုးဝင်းစွဲဆိုသောအမှုသည်အချင်းဖြစ်ဥပစာကိုမှတ်ပုံတင်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ကြောင်း၊တရားပြိုင်များကျူးကျော်နေထိုင်ကြောင်း၊ပိုင်ဆိုင်ခွင့်ကိုအခြေခံပြီးလက်ရောက်ရလိုမှုကိုစွဲဆိုခြင်းဖြစ်ကြောင်တရားလို၏အဆိုလွှာအရထင်ရှားသည်” ဟုဆုံးဖြတ်ခြင်းမှန်ပါလျှင်၊ထို့ပြင်အခန်းကိုဝယ်သူလက်ရောက်မရဖူးပါလျှင်လက်ရောက်ရလိုမှု၌တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာများမှာအောက်ပါအတိုင်းဖြစ်သည်- (က)တရားလိုသည်အချင်းဖြစ်ပစ္စည်း၏ပိုင်ရှင်ဖြစ်ခြင်း။ (ခ)တရားလိုစွဲဆိုသောအမှုသည်၊ကာလစည်းကမ်းသတ်ဥပဒေပထမဇယားအမှတ်စဉ်၁၄၄တွင်သတ်မှတ်ထားသောစည်းကမ်းသတ်အတွင်းကျရောက်ခြင်း။ (1972 BLR 112 ( S B )စီရင်ထုံးအပိုဒ်၁နှင့်အပိုဒ်၃(က)တို့ကိုဖတ်ပါ။) 1972 BLR 112 ( S B )စီရင်ထုံးအပိုဒ်၁တွင်အောက်ပါအတိုင်းပြဆိုသည်- “၁။အချက်၁၄၄သည်ကြ...

ထူးခြားသောလက်ရောက်ရလိုမှု ( Part Two )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “ထူးခြားသောလက်ရောက်ရလိုမှု” ( Part Two ) “ခွင့်ပြုသူသည်ခွင့်ပြုခြင်းခံရသူမှတဆင့်ခွင့်ပြုသောအိမ်၊မြေကိုဥပဒေအရလက်ရှိထားခြင်းနှင့်ကာလစည်းကမ်းသတ်ပြဿနာ” ဤပြဿနာကိုအကျယ်တဝင့်ဆွေးနွေးရသည့်အကြောင်းရှိပါသည်။ ဒေါ်အေးသည်ဦးစိုးဝင်း၏ခွင့်ပြုချက်အရနေထိုင်ခြင်းဖြစ်လျှင်၊ 2000 BLR ( S A B ) 294 စီရင်ထုံးစာမျက်နှာ၃၀၁၌ကိုးကားထားသော၊ A I R 1934 Ran 223 စီရင်ထုံးစာမျက်နှာ၂၂၄ပါပြဆိုချက်အရ၊အခန်းတွင်နေခွင့်ပြုသူဦးစိုးဝင်းသည်ခွင့်ပြုခြင်းခံရသူဒေါ်အေးမှတဆင့်အခန်းကိုဥပဒေအရ( constructive possession )ထားခြင်းဖြစ်သည်။ ခွင့်ပြုခြင်းခံရသူ”ဒေါ်အေးသေဆုံးသည်နှင့်တပြိုင်နက်အခွင့်အမိန့်ရပ်စဲသွားသည်ဖြစ်၍၊ဦးစိုးဝင်းကိုယ်ထိလက်ရောက်(physically)(ဝါ)အမှန်တကယ်(actually)လက်ရှိဖြစ်သွားသည်။ “တရားပြိုင်များအခန်းအတွင်းသို့ကျူးကျော်ဝင်ရောက်ခြင်းကြောင့်ဦးစိုးဝင်းသည်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရအခန်းလက်လွတ်သွားသည်။” ထိုသို့ဆိုလျှင်၊ 1990 BLR 28 အမှုသည်၊ 1948 BLR ( H C ) 411 ( D B ) အမှုနှင့်ဖြစ်ရပ်ချင်းတူသည်ဖြစ်၍၊လက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှုတွင်တရားလိုသက်သေထင်ရှားပြရမည့်အကြောင်...

ထူးခြားသောလက်ရောက်ရလိုမှု၊ ( Part One )1990 BLR 28 ၊ ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “ထူးခြားသောလက်ရောက်ရလိုမှု” 1990 BLR 28  ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင် အမှုတွင်စီရင်ထုံးစာမျက်နှာ၃၀၌၊တရားလိုဦးစိုးဝင်း၏အဆိုလွှာအပိုဒ်၁မှ၃တို့ပါအဆိုပြုချက်များကိုဖော်ပြထားသည်။ အဆိုအပိုဒ်၂ပါအဆိုပြုချက်များအရဒေါ်အေးနေထိုင်လျက်ရှိသောတိုက်ခန်းကိုလက်ရောက်မရခဲ့ကြောင်းဝန်ခံထားသည်။ မူလတရားရုံးကပဏာမငြင်းချက်များအဖြစ်ကြားနာဆုံးဖြတ်သောငြင်းချက်များကိုစီရင်ထုံးစာမျက်နှာ၂၈၌ဖော်ပြပြီး၊မူလတရားရုံးကငြင်းချက်(၁)နှင့်(၃)ကိုအောက်ပါအတိုင်းဆုံးဖြတ်ကြောင်းစီရင်ထုံးစာမျက်နှာ၂၉၊ဒုတိယအပိုဒ်တွင်အောက်ပါအတိုင်းဖော်ပြထားသည်- “မူလရုံးကပဏာမငြင်းချက်(၁)နှင့်စပ်လျဉ်း၍တရားလိုဦးစိုးဝင်းသည်အချင်းဖြစ်မြေနှင့်အိမ်ကိုမူလပိုင်ရှင်အငြိမ်းစားဗိုလ်မှုးစန်းမြင့်နှင့်ဇနီးဒေါ်သန်းစိန်တို့ထံမှမှတ်ပုံတင်စာချုပ်ဖြင့်ဝယ်ယူပိုင်ဆိုင်ပြီးဗိုလ်မှုးစန်းမြင့်၏အမဒေါ်အေးကိုအခမဲ့နေခွင့်ပြုခဲ့ကြောင်း၊ဒေါ်အေးကွယ်လွန်ပြီးနောက်တရားပြိုင်များကျူးကျော်ဝင်ရောက်နေထိုင်သည်ဆိုကာမိမိ၏ပိုင်ရေးပိုင်ခွင့်ကိုအခြေခံစွဲဆိုခြင်းဖြစ်၍ဤအမှုကိုဤပုံစံအတိုင်းစွဲဆိုနိုင်ကြောင်းဆုံးဖြတ်သ...

1972 BLR ( S A B ) 112 နှင့် 1948 BLR ( H C ) 411 စီရင်ထုံးနှစ်ရပ်အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1948 BLR ( H C ) 411  KUPPARAKUTTI ADAMMEERA (APPELLANT)                            V. ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).* Before U Thein Maung, Chief Justice, and U San Maung, J. အမှုတွင်၊တရားလိုသည်မိမိငှါးထားသောတိုက်ခန်းကိုလက်ရှိထားခိုက်တရားပြိုင်ကကျူးကျော်ဝင်ရောက်နေထိုင်သည်ဟုအဆိုပြုစွဲဆိုခြင်းဖြစ်ရာ၊“ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မပထမဇယားအမှတ်စဉ်၁၄၂၏အဓိပ္ပာယ်အရတိုက်ခန်းလက်လွတ်သွားသည်ဖြစ်၍၊လက်လွတ်သည့်နေ့မှ၁၂နှစ်အတွင်းလက်ရောက်ရလိုမှုစွဲဆိုမှသာ၊ကာလစည်းကမ်းသတ်အတွင်းကျရောက်မည်ဖြစ်သည့်အလျောက်၊လက်ရောက်ရလိုမှုတွင်တရားမစွဲဆိုမီ၁၂နှစ်အတွင်း၌အချင်းဖြစ်ပစ္စည်းမှာတရားလိုလက်ရှိဖြစ်ကြောင်းတရားလိုကသက်သေထူရန်လိုအပ်သည်ဟု”ထုံးဖွဲ့ထားခြင်းဖြစ်သည်။ “ထိုအကြောင်းခြင်းရာတွင်တရားလိုသည်အချင်းဖြစ်ပစ္စည်းကိုလက်ရှိထားပိုင်ခွင့်ရှိကြောင်းထည့်သွင်းအဆိုပြုရာရောက်သည်”ဖြစ်၍၊တရားလိုတိုက်ခန်းလက်ရှိထားပိုင်ခွင့်ရှိကြောင်းသီးခြားဖော်ပြရန်လိုမည်မဟုတ်။ ——————————- 1948 BLR ( H C ) 411  KUPPARAKUTTI ...

1948 BLR ( H C ) 411 နှင့် 1990 BLR 28 စီရင်ထုံးနှစ်ရပ်အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မရွှေ့မပြောင်းနိုင်သောပစ္စည်းလက်ရောက်ရလိုမှုသည်အဓိကအားဖြင့်ကာလစည်းကမ်းသတ်အက်ဥပဒေပထမဇယားအမှတ်စဉ်၁၄၂နှင့်၁၄၄ပါပြဌာန်းချက်များအသီးသီးနှင့်သက်ဆိုင်ပြီးတရားစွဲဆိုရန်အကြောင်းများကွဲပြားသည်။ အမှတ်စဉ်၁၄၂သည်လက်ရှိပိုင်ဆိုင်ခွင့်အပေါ်အခြေခံသောအမှုနှင့်သက်ဆိုင်သည်။ —————————————— 1990 BLR 28  ဒေါ်တင်ကြည်ပါ၆ နှင့် ဦးစိုးဝင်း တရားရုံးချုပ်တရားသူကြီးဦးကျော်တင့်ရှေ့တွင်၊စီရင်ထုံးသည်- 1948 BLR ( H C ) 411  KUPPARAKUTTI  ADAMMEERA (APPELLANT)                            V. ESOOF (a) S. M. MOHAMED ESOOF AND ONE (RESPONDENTS).* Before U Thein Maung, Chief Justice, and U San Maung, J. အမှုတွင်၊တရားလွှတ်တော်ခုံရုံးကအင်္ဂလိပ်ဘာသာဖြင့်မြွက်ဆိုချက်ကိုမြန်မာဘာသာဖြင့်ထုံးပြုသောအမှုဖြစ်သည်။ ———————————————- 1948 BLR ( H C ) 411 စီရင်ထုံးစာမျက်နှာ၄၁၂၌အမှုဖြစ်စဉ်ကိုအောက်ပါအတိုင်းဖော်ပြထားသည်- “U. Thein Maung, C.J.-The plaintiff-appellant sued the defendants-respondents for possession of room No. 1 in...

1958 BLR ( S C ) 22, 1961 BLR ( H C ) 298, 8 LBR 227 ( F B )စီရင်ထုံးများအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1958 BLR ( S C ) 22  MAUNG AYE PE AND ONE (APPLICANTS)                           V. SECRETARY, NATIONAL HOUSING BOARD AND ONE (RESPONDENTS).* Present: U MINT THEIN, Chief Justice, U Chan Htoon, J. and U Bo Gyi, J. အမှုတွင်၊တဦးတယောက်သောသူသည်- အိမ်ရှင်နှင့် privity of contract(ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု)ဖြစ်စေ၊ privity of estate(ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု)ဖြစ်စေရှိမှသာလျှင်ငှါးရမ်းခပေးနိုင်သည်ဟုထုံးဖွဲ့ထားသည်။ အိမ်ရှင်အိမ်ငှါးပဋိညာဉ်ဆိုင်ရာဆက်ဆံမှုရှိပါက၊ငှါးရမ်းခပေးရန်တာဝန်ရှိမည်ဖြစ်သည်။ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရစွဲဆိုသောအမှုမှာ( privity of contract )အရတရားစွဲဆိုသောအမှုမျိုးဖြစ်သည်။ အိမ်ငှါးအဖြစ်မှရပ်စဲပြီးနောက်၊အိမ်ငှါးနှင့်အိမ်ရှင်အချင်းချင်းတွင်ငှါးရမ်းခြင်းပဋိညာဉ်မရှိ၍( privity of contract )မရှိဟုဆိုစေနိုင်ဦး၊ဥပစာအတွက်ငှါးရမ်းခများကိုအိမ်ရှင်ကလက်ခံခြင်းသည်( privity of estate )ကိုဖြစ်ပေါ်စေပါ၍၊ငှါးရမ်းမှုပေါ်ပေါက်ခြင်းဖြစ်သည်။ အထက်ဖော်ပြပါအချက်များမှာ၊”privity of contract”နှင့်”p...