Posts

Showing posts from November, 2022

အမှုရှုံးသူသည်၊အရှုံးပေးသည့်ဒီကရီကိုအယူခံမဝင်မီ၊အချင်းဖြစ်ပစ္စည်းကိုသူတပါးအားလွှဲပြောင်းလိုက်လျင်၊ယင်းဒီကရီကိုအယူခံဝင်ခွင့်ရှိသလော ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုရှုံးသူသည်၊အရှုံးပေးသည့်ဒီကရီကိုအယူခံမဝင်မီ၊အချင်းဖြစ်ပစ္စည်းကိုသူတပါးအားလွှဲပြောင်းလိုက်လျှင်၊ယင်းဒီကရီကိုအယူခံဝင်ခွင့်ရှိသလော ? ————————————— 1941 RLR 366 Maung Ba Thaw and others v. Ma Saw May and another. Before Mr. Justice Mya Bu. အမှုတွင်၊တရားလိုများ(အယူခံတရားလိုများ)သည်အချင်းဖြစ်မြေကိုပိုင်ဆိုင်ကြောင်းမြို့နယ်တရားရုံးတွင်တရားစွဲဆိုရာရှုံးသည်။ မြို့နယ်တရားရုံးကအမှုပယ်သည့်ဒီကရီချမှတ်ပြီးနောက်အယူခံဝင်ရန်စည်းကမ်းသတ်မကုန်မီတရားနိုင်များကအချင်းဖြစ်မြေကိုအမှုသည်များမဟုတ်သောအခြားသူများအားလွှဲပြောင်းရောင်းချလိုက်သည်။ မြို့နယ်တရားရုံး၏ဒီကရီကိုမြေဝယ်သူများက၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၄၆တွင်ခွင့်ပြုသည့်အတိုင်းအယူခံမဝင်။ မူလရုံးတရားလိုများကပင်အယူခံဝင်ရာပစ္စည်းရောင်းချပြီးဖြစ်၍အယူခံဝင်ခွင့်မရှိဟုကန့်ကွက်ရာ၊အယူခံတရားရုံးကကန့်ကွက်ချက်ကိုလက်ခံပြီး၊အယူခံမှုတရားမဝင်(incompetent)ဟုအကြောင်းပြပြီးပလပ်လိုက်သဖြင့်၊တရားလိုများကတရားလွှတ်တော်တွင်ထပ်မံအယူခံဝင်သောအခါ၊တရားလွှတ်တော်ကတရားလိုများသည်အချင်းဖြစ်မြေကိုရောင်းချရာ၌၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၅( ၂ )အရတာဝန်ရှိ...

တရားဝင်သောအယူခံမှုများ၊ဒီကရီမိတ္တူမတင်မိခြင်း။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားဝင်သောအယူခံမှုများ ဒီကရီမိတ္တူမတင်မိခြင်း ဇာတ်များ၊အငြိမ့်များကပြသောဇာတ်ခုံခိုင်ပါမှအငြိမ့်ကိုကပြနိုင်သည်။ ထိုနည်းတူအယူခံတရားဝင်(competent)ပါမှ၊အယူခံကိုကြားနာခွင့်ရနိုင်သည်။ 1962 BLR ( C C )152အမှုမှာပထမအယူခံမှုဖြစ်သည်။ 1962 BLR ( C C )152 ဗွီ၊အိုင်၊အီး၊အိုင်စမိုလမ်စကဂျာ နှင့် အီဘရာဟင်ရန်းကုမ္ပဏီလီမိတက် တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးစံမောင်တို့ရှေ့မှောက်တွင် အမှုတွင်စီရင်ထုံးစာမျက်နှာ၁၅၃၌”ထို့နောက်၁၉၅၉ခုနှစ်၊ဩဂုတ်လ၁၂နေ့၌ယင်းကုန်တိုက်၏ရှေ့နေကြီးများကအယူခံလွှာတင်သွင်းပြီးလိုအပ်သောဒီကရီမိတ္တူကိုနောက်မှတင်သွင်းပါမည်ဟုဝန်ခံကတိပြုကြ၏။၁၉၅၉ခုနှစ်၊စက်တင်ဘာလ၁၈ရက်နေ့ကျမှသာလျှင်လိုအပ်သောဒီကရီမိတ္တူကိုတင်သွင်းသည်ဟုအယူခံမှုနေ့စဉ်မှတ်တမ်းတွင်ဖော်ပြထားသည်ကိုတွေ့ရသည်”ဟုဖော်ပြပြီးနောက်၊တရားရုံးချုပ်က”တရားမကျင့်ထုံးအမိန့်၄၁၊နည်း၁တွင်အတိအလင်းပြဌာန်းထားသည်မှာအယူခံတင်သွင်းရာ၌အယူခံလွှာနှင့်အတူအယူခံသောဒီကရီမိတ္တူနှင့်စီရင်ချက်မိတ္တူကိုပူးတွဲတင်ပြရမည်ဖြစ်သည်။စီရင်ချက်မိတ္တူကိုမူကားအယူခံရုံးတော်ကခွင့်ပြုလျှင်တင်သွင်းခြင်းမပြုဘဲနေနိုင်သည်။သို့သော်ဒီကရီမိတ္တူကိုအယူခ...

ရုံးခွန်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရုံးခွန်။ ငွေရလိုမှုတွင်မူလတရားရုံးကတရားလိုတောင်းသည့်ငွေအချို့အဝက်ကိုသာခွင့်ပြုသဖြင့်၊ခွင့်မပြုသောငွေကိုရရန်၊ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင်အယူခံဝင်ရာမူလတရားရုံးတွင်ထမ်းဆောင်ခဲ့သည့်အတိုင်းရုံးခွန်ထမ်းဆောင်ရမည်ဟုတောင်းသဖြင့်၊အယူခံတရားလိုကမလွဲမရှောင်သာ၍ထမ်းဆောင်ခဲ့ရသည်ဟုကြားရသည်။ ငွေကျပ်သိန်းတရာရလိုမှုတွင်၊မူလတရားရုံးကငွေကျပ်သိန်းကိုးဆယ်သာခွင့်ပြုရာ၌၊တရားလိုကကျန်ငွေကျပ်ဆယ်သိန်းအပေါ်ဒီကရီရလို၍၊မူလတရားရုံး၏ဒီကရီကိုအယူခံဝင်ရာ၌၊ရုံးခွန်အက်ဥပဒေဇယား၁၊စာတိုင်၂ပါ” the value of the subject matter in dispute “သည်ကျပ်ဆယ်သိန်းသာဖြစ်သည်။ မူလတရားရုံးတွင်မူအမှုတန်ဘိုးသည်ကျပ်သိန်းတရာဖြစ်သည်မှာပြဌာန်းချက်အရမြင်သာပါလျက်၊ခရိုင်တရားရုံးကဲ့သို့အဆင့်မြင့်တရားရုံးကကျပ်ဆယ်သိန်းရရန်အယူခံသောအမှု၌၊မူလမှုတွင်ထမ်းဆောင်သည့်အတိုင်းရုံးခွန်ထမ်းဆောင်ရမည်ဟုတောင်းဆိုခြင်းသည်အရုပ်ဆိုးလှသည်။ အယူခံလွှာတွင်ရုံးခွန်အလို့ငှါအယူခံမှုတန်ဘိုးကိုအယူခံလွှာ၌ဖော်ပြရန်အမိန့်၄၁၊နည်း၁( ၂ )( ဂ )( ၂ )တွင်ပြဌာန်းထားခြင်းကိုထောက်ချင့်ပါက၊အယူခံမှုတန်ဘိုးသည်မူလမှုတန်ဘိုးနှင့်ကွဲပြားနိုင်သည်ကို၊ဥပဒေပြုအဖွဲ...

၁၉၈၆ မတစ ၁၅၆၊ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ်စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၈၆ မတစ ၁၅၆ ဦးဘကြည်ပါ၂ နှင့် ဒေါ်ကြွယ် အမှုတွင်အမှုဖြစ်စဉ်အကျဉ်းချုပ်မှာအောက်ပါအတိုင်းဖြစ်သည်- ရွှေဘိုမြို့နယ်တရားရုံးတွင်ဒေါ်ကြည်ကဦးဘကြည်နှင့်ဒေါ်ငွေရှင်တို့အပေါ်ဒေါ်ချစ်ရဆိုသူကဦးဘကြည်နှင့်ဒေါ်ငွေရှင်တို့အားမြေရောင်းချသောမှတ်ပုံတင်စာချုပ်မှာပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုရာမြို့နယ်တရားရုံးကဒေါ်ကြွယ်စွဲဆိုသောအမှုမှာကာလစည်းကမ်းသတ်ကျော်လွန်ကြောင်းကောက်ယူ၍ပလပ်လိုက်သည်။ ဒေါ်ကြွယ်ကမြို့နယ်တရားရုံး၏စီရင်ချက်နှင်ဒီကရီကိုမကျေနပ်၍စစ်ကိုင်းတိုင်းတရားရုံးတွင်အယူခံဝင်ရာတိုင်းတရားရုံးကမြို့နယ်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ပြီးအမှုကိုဆက်လက်စစ်ဆေးစေရန်အမိန့်ချမှတ်လိုက်သောကြောင့်ဦးဘကြည်တို့ကဗဟိုတရားရုံးတွင်ဒုတိယအယူခံမှုကိုတင်သွင်းသည်။ စီရင်ထုံးစာမျက်နှာ၁၆၁၊ဒုတိယစာပိုဒ်တွင်ဗဟိုတရားရုံးကအောက်ပါအတိုင်းသုံးသပ်သည်- “စစ်ကိုင်းတိုင်းတရားရုံးကဒေါ်ကြွယ်စွဲဆိုသည့်အမှုကိုပလပ်သည့်ဆုံးဖြတ်ချက်ကိုပယ်ဖျက်ပြီးအမှုကိုဆက်လက်စစ်ဆေးစေရန်အယူခံမှုတွင်ချမှတ်သောအမိန့်မှာ၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၂၃အရချမှတ်သောအမိန့်ဖြစ်သဖြင့်၊ယင်းအမိန့်ကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၃၊...

7 LBR 71, 4 Ran 247, 1959 BLR ( H C ) 311 စီရင်ထုံးများအကြောင်း။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 7 LBR 71 Mahomed Ibrahim v. A. Subbiah Pandaram. Before Mr. Justice Hartnoll , Offg . Chief Judge , and Mr. Justice Young. အမှုတွင်၊ဒီကရီကျငွေကိုအရစ်ကျပေးဆောင်ခွင့်ပြုရန်ငြင်းပယ်သောအမိန့်(ဒီကရီနှင့်တပြိုင်နက်တည်းချမှတ်စေကာမူ)သည်ဒီကရီ၏တစိတ်တဒေသမဟုတ်၍အယူခံဝင်ခွင့်မရှိကြောင်းအောက်ပါအတိုင်းထုံးဖွဲ့သည်- Decree-payment of-by instalments-Order XX, Rule 11, Civil Procedure Code, 1908. An order refusing to direct payment of a decree by instalments is not part of the decree( even if simultaneous with it), and is not appealable. ———————————— 4 Ran 247 Saya Hattie and one v. Ma Pwa Sa. Before Mr. Justice Carr. အမှုတွင်၊မြန်မာနိုင်ငံတွင်တရားလွှတ်တော်ကအမိန့်၂၀၊နည်း၁၁(၂)ကိုပြဌာန်းပြီးနောက်ပိုင်းတွင်တရားနိုင်ထံအကြောင်းကြားစာထုတ်ဆင့်ပြီးနောက်၎င်း၏သဘောတူညီချက်မရဘဲအရစ်ကျပေးဆပ်ခွင့်ပြုသည့်အမိန့်ကိုဇာရီမှုတွင်ချမှတ်နိုင်သည်။ ထိုသို့အရစ်ကျပေးဆပ်ခွင့်ပြုသောအမိန့်သို့မဟုတ်ထိုအမိန့်ချမှတ်ရန်ငြင်းပယ်သည့်အမိန့်သည်၊တရားမကြီးမှုမှအမှုသည်များအကြားဒီကရီအတည်ပြုခြင်း၊ရှင်းလင်းပြေကျေခြင...

1952 BLR ( S C ) 248

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1952 BLR ( S C ) 248 B. S. Mohamed Eusoof v. Bakridi and another. Present: U Thein Maung , Chief Justice of the Union of Burma , Mr. Justice Myint Thein and U Bo Gyi , J. စီရင်ထုံးတွင်ပထမဆုံးတရားလွှတ်တော်ချုပ်က- “The Urban Rent Control Act , 1948 does not expressly provide that the order of the Controller of Rents under s. 16-A shall be final ; even if it does , a defiance of or non-compliance with the essentials of procedure will give ground for questioning the proceeding in a Court of Law , and Civil Courts will have jurisdiction to examine into cases where the provisions of the Act have not been complied with.” ဟုပရီဗီကောင်စီ၊စီရင်ထုံးတရပ်အပါအဝင်စီရင်ထုံးနှစ်ရပ်ကိုကိုးကားပြီးထုံးဖွဲ့ထားသည်ကိုလည်းကောင်း၊တရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ကိုလိုက်နာဆုံးဖြတ်သော- 1963 BLR ( C C ) 343 H. A. Samuel v. The Controller of Rents , Rangoon and one. Before U Kyaw Zan U , J . စီရင်ထုံးကိုလည်းကောင်းဖတ်ပါ။ အုပ်ချုပ်ရေးအာဏာပိုင်တို့၏အဆုံးအဖြတ်များမှန်မမှန်၊တရားရုံးကစီရင...

7 LBR 10 ( P C )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အစိုးရကတရားရုံးချုပ်၏အဆုံးအဖြတ်ကို- 7 LBR 10 ( P . C ) The Secretary of State for India in Council v. J. Moment. Before the Lord Chancellor , Lord Macnaghten , Lord Atkinson , Lord Moulton , Sir John Edge and Mr. Ameer Ali. အမှုတွင်အယူခံဝင်ရာပရီဗီကောင်စီက၁၈၅၈ခုနှစ်၊အိန္ဒိယအစိုးရအက်ဥပဒေကအိန္ဒိယနိုင်ငံအစိုးရ(ထိုစဉ်ကမြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံ၏ပြည်နယ်တခုသာဖြစ်သည်။၁၈၉၈ခုနှစ်၊အက်ဥပဒေ၄အရတဦးတယောက်ကမြေပေါ်ရှိအခွင့်အရေးကပ်ပါသောအမှုကိုတရားရုံးတွင်တရားစွဲခွင့်အားဥပဒေပြုအာဏာပိုင်ကရုပ်သိမ်းခြင်းမပြုနိုင်၊ပုဒ်မ၄၁( ခ )သည်ဥပဒေပြုအာဏာပိုင်ဥပဒေပြုခွင့်ဘောင်ကိုကျော်သည်(နားလည်စိမ့်သောငှါအကြမ်းဖျင်းဘာသာပြန်ချက်ဖြစ်သည်။)ဟုအောက်ပါအတိုင်းထုံးဖွဲ့သည်- “ Under the provisions of section 65 of the Government of India Act , 1858 , the Government of India is precluded from such legislation as takes away the right of any person to proceed against it in a Civil Court in a case involving a right over land. Section 41 ( b ) of the Burma Town and Village Lands Act( IV of 1898 ) was he...

J Moment စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 5 LBR 163 ( F B ) J. Moment v. The Secretary of State for India in Council. Before Sir Charles Fox , Chief Judge , Mr. Justice Hartnoll , Mr. Justice Robinson , and Mr. Justice Parlett. အမှုတွင်တရားဝန်ကြီးချုပ်( Mr Fox )အပါအဝင်တရားသူကြီးများကအိန္ဒိယနိုင်ငံအက်ဥပဒေအမှတ်၄ဖြင့်အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ၄၁( ခ )ပါပြဌာန်းချက်များသည်၊ဥပဒေပြုအာဏာပိုင်အဖွဲ့၏ဥပဒေပြုရန်အခွင့်အာဏာဘောင်အတွင်းကျမကျနှင့်စည်းကျော်လွန်ခြင်းရှိမရှိစိစစ်ကြသည်။ ထိုစဉ်ကမြန်မာနိုင်ငံတနိုင်ငံလုံးကိုအင်္ဂလိပ်တို့ကသိမ်းပိုက်ပြီးဖြစ်သော်လည်း၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေနှင့်အထက်မြန်မာပြည်မြေနှင့်အခွန်တော်စည်းမျဉ်းဥပဒေနှစ်ရပ်ပြဌာန်းခဲ့သည့်အခါက၊အုပ်ချုပ်ရေးရှုထောင့်မှကြည့်၍ပြဌာန်းခဲ့ပုံပေါ်သည်။ အိန္ဒိယနိုင်ငံ East India Company ကသိမ်းပိုက်ခဲ့ရာမှထိုကုမ္ပဏီ၏အစိုးရလက်အောက်ရောက်သွားသည်။ ၁၈၅၈ခုနှစ်၊အိန္ဒိယအစိုးရအက်ဥပဒေအရကုမ္ပဏီ၏အစိုးရလက်အောက်ရှိနယ်ပိုင်များမှာ၊ဘုရင်( The Crown )လက်အောက်သို့ရောက်ရှိသွားပုံကိုစီရင်ထုံးတွင်စိစစ်ကြသည်။ ထိုအက်ဥပဒေ(ပုဒ်မ၆၅ကိုစီရင်ထု...

5 LBR 163 ( F B )

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဆွေးနွေးလျက်ရှိသောအမှုတွင်၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁( ခ )ပါဥပဒေကိုအခွင့်အာဏာမရှိဘဲပြဌာန်းထားသည်ဟု၊တရားရုံးများကဆုံးဖြတ်ရာမှ၊ပုဒ်မ၄၁( ခ )မှာပြဌာန်းချက်များအဖြစ်မှ၊၁၉၄၅ခုနှစ်တွင်ပျောက်ကွယ်သွားခဲ့သည်ကိုဥပဒေပညာရှင်တိုင်းသိအပ်သည်။ 5 LBR 163 ( F B ) J. Moment v. The Secretary of State for India in Council. Before Sir Charles Fox , Chief Judge , Mr. Justice Hartnoll , Mr. Justice Robinson , and Mr. Justice Parlett. အမှုတွင်၊တရားဝန်ကြီးချုပ် Mr. Fox ၏ဦးဆောင်စီရင်ချက်သည်၊စာမျက်နှာ၁၆၄နောက်ဆုံးစာပိုဒ်မှစာမျက်နှာ၁၇၁အထိဖြစ်သည်။ တရားဝန်ကြီး Mr. Hartnoll ၏စီရင်ချက်သည်၊စာမျက်နှာ၁၇၁ပထမစာပိုဒ်မှ၊စာမျက်နှာ၁၇၇အလယ်အထိရှည်သည်။ စတုတ္ထတရားဝန်ကြီး Mr. Parlett ၏စီရင်ချက်သည်၊စာမျက်နှာ၁၈၀မှစာမျက်နှာ၁၈၁အထိ၊နှစ်မျက်နှာရှည်သည်။ ၎င်းတို့သုံးဦး( Mr. Fox , Chief Judge , Mr. Justice Hartnoll , Mr. Justice Parlett )က၊ပုဒ်မ၄၁( ခ )ကို၊ဥပဒေပြုအဖွဲ့ကအခွင့်အာဏာမရှိဘဲပြဌာန်းသည်ဟုဆုံးဖြတ်သည်။ သဘောထားကွဲလွဲသောတတိယတရားဝန်ကြီး Mr. Robinson ၏စီရင်ချက်သည်၊စာမျက်နှာ၁၇၇အလ...

အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁၀၊စာမျက်နှာ၂၆ရှိ၊အောက်မြန်မာပြည်မြို့နှင့်ကျေးရွာများအက်ဥပဒေပုဒ်မ၄၁မှာ၁၉၄၅ခုနှစ်၊အက်ဥပဒေ၂အရအစားထိုးထားသောအက်ဥပဒေဖြစ်ပါသည်။ ထိုအက်ဥပဒေဖြင့်အစားထိုးလိုက်သောမူရင်းပြဌာန်းချက်အရဆိုလျှင်၊ပုဒ်မ၄၁၌ပုဒ်မခွဲ(က)နှင့်(ခ)ဟူ၍ပုဒ်မခွဲနှစ်ခုရှိပြီးအောက်ပါတို့ဖြစ်သည်- No Civil Court shall have jurisdiction to determine ;- ( a ) Any matter which under this Act is to be determined by the Revenue Officer. (မှတ်ချက်။  ။ 1999 BLR 91 ( F B )(ဒေါ်ကြင်ယုံ(ခ)ဒေါ်နှင်းအောင်ပါ၂ နှင့် ဒေါ်စိန်တင်ပါ၂)စီရင်ထုံးစာမျက်နှာ၉၉၌ကိုးကားထားသောပြဌာန်းချက်များသည်ယင်းအက်ဥပဒေပါပြဌာန်းချက်များဖြစ်သည်။ ၁၉၄၅ခုနှစ်မှစ၍လက်ရှိပြဌာန်းချက်များတွင်ပုဒ်မခွဲဟူ၍မရှိ။ အထက်ပါပြဌာန်းချက်များသည်ပုဒ်မ၄၁၏ပြဌာန်းချက်များဖြစ်ပါသည်။) ( b ) Any claim to any right over land as against the Government. (မှတ်ချက်။ ။ 3 LBR 165 ( D B )စီရင်ထုံးကိုကြည့်ပါ။) 3 LBR 165 ( D B ) Mr. Moment v. The Secretary of State for India in Council. Before the Hon’ble Mr. Harvey Adamson , C. S. I...