တရားမကျင့်ထုံးဥပဒေအမိန့်၄၇။နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေအမိန့်၄၇၊နည်း၁တွင်စီရင်ချက်ကိုပြန်လည်သုံးသပ်နိုင်သောအကြောင်းသုံးရပ်ကိုဖော်ပြရာ၌၊ပထမနှစ်ရပ်ကိုတိတိကျကျပြဌာန်းပြီးနောက်”for any other sufficient reason”ဆိုသောစကားရပ်ကိုတတိယအချက်အဖြစ်ဖော်ပြသည်။ ယင်းစကားရပ်သည်ပထမအချက်နှစ်ရပ်နှင့်မျိုးတူသောအကြောင်းဖြစ်ရန်လိုမလိုအမြင်များကွဲလွဲခဲ့ရာ၊၁၉၂၂ခုနှစ်၊ပရီဗီကောင်စီက၊အေအိုင်အာ ၁၉၂၂ ပီစီ ၁၁၂(လာဟိုး အတွဲ၃ စာ၁၂၇)တွင်၊ယုတ်စွအဆုံးပထမအချက်နှစ်ရပ်၌ဖော်ပြထားသောအကြောင်းများနှင့်သဘောချင်းတူသောလုံလောက်သည့်အကြောင်းဖြစ်သည်ဟုဖွင့်ဆိုသည်။ အထက်ပါစီရင်ထုံးကိုလိုက်နာ၍ 5 Ran 675 K. K. S. A. R. Firm v. Maung Kya Nyun and one. Before Mr. Justice Maung Ba. အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်- “The words “any other sufficient reason” occuring in O. 47, rule 1 of the Civil Procedure Code, mean a reason sufficient on grounds at least analogous to those specified immediately previously. The Latin phrase “ejusdem generis” which mean “of the same kind” is more restricted than the word “analogous.” ———————————— 1957 BLR ( H C ) 259...