Posts

Showing posts from November, 2020

သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ၅၅ သတ်မှတ်ကာလကျော်လွန်ကာဆန့်ကျင်လက်ရှိထားရာမှပိုင်ရှင်ဖြစ်လာခြင်း အထက်ပါထုံးဖွဲ့ချက်  "  a person in possesion of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner . "  သည်အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ဖြစ်လာသည်။ ထုံးဖွဲ့ချက်၏  " And if the rightful owner does not come forward and asert his title by the process of law within the period prescribed by the provisions of the Statue of Limitation applicable to the case , his right is forever extinguished , "  သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်ကိုအခြားတနည်း ဖော်ပြခြင်းဖြစ်သည်။ လက်ရှိထားခြင်းဖြင့်ပိုင်သူသည်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ရရှိသည်  ( possessory owner acquires an absolute title . )  ဟူသောဥပဒေကိုကာလစည်းကမ်းသတ်အက်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။ သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့် လက်ရှိ...

ပိုင်ရှင်အစစ်​၏အခန်းကဏ္ဍ

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ၅၄နှင့်၅၅ ပိုင်ရှင်အစစ်၏အခန်းကဏ္ဍ လက်ရှိထားပိုင်ခွင့်အရပစ္စည်းလက်ရောက်ရလိုကြောင်းစွဲဆိုသည့်အမှု၌အချင်းဖြစ်ပစ္စည်းမှာအခြားသူ ( ဥပမာ - နိုင်ငံတော် ) ပိုင်ပစ္စည်းဖြစ်ခဲ့လျှင်ထိုဆိုင်ရေးဆိုင်ခွင့်မရှိသောတရားလိုကလက်ရောက်ရလိုကြောင်းတရားစွဲဆိုခွင့်ရှိမရှိပြဿနာအပေါ်အင်္ဂလန်နိုင်ငံတွင်သဘောထားအမြင်များကွဲပြားခဲ့သည့်သမိုင်းကြောင်းကို  AIR  1968  SC  1165၌စိစစ်ပြီး( 1907 ) A . C . 73 ( Appeal Court )စီရင်ထုံးသည်အထက်၌ဖော်ပြခဲ့သောအခြေခံဥပဒေသဘောတရား( principle )မှသွေဖီခြင်းမရှိဟုအောက်ပါအတိုင်း ရှင်းရှင်းလင်းလင်းထုံးဖွဲ့ကာမူသဘောတရားကိုပြန်လည်အတည်ပြုခဲ့ကြောင်း ( reaffirmed )တွေ့ရသည်ဟုအိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကစီရင်ထုံးတွင်ပြဆိုသည် - "  It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good titke against all the world but the rightful owner . And if the rightful owner does not come forward and as...

နိုင်ငံခြားစီရင်ထုံးအချို့

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ၅၃နှင့်၅၄ နိုင်ငံခြားစီရင်ထုံးအချို့ 25 W R 81 ( P C ) ( Weekly  Reporter ( W . R . ) စီရင်ထုံးများကို၁၈၅၈ခုနှစ်မှစ၍ ထုတ်ဝေခဲ့ရာ၂၅မှာအတွဲအမှတ်ဖြစ်သည်။ရှေးကျသောစီရင်ထုံးများဖြစ်သည်။)အမှုတွင်အောက်ပါအတိုင်းထုံးဖွဲ့သည်။ "  A  possession  on  the  part  of  one   party  which  is  not  shown  to  have  commenced  in  wrong  can  only  be  disturbed  by  distinct  proff  of  a  superior  title  in  another  party  . " ပရီဗီကောင်စီက  possession  which  is  not  shown  to  have  commenced  in  wrong ( မတရားမှုတွင်မြစ်ဖျားခံသည်ဟုမထင်ရှားသောလက်ရှိဖြစ်မှု )ဟူသောမြွက်ဆိုချက်သည်  PJLB 484 စီရင်ထုံးပါ lawful  possession နှင့်ဆိုလိုရင်းချင်းတူသည်။ စကားအသုံးအနှုန်းသိုသိပ်မှုသာကွဲပြားသည်။ သူတပါးလက်ရှိပစ္စည်းအတွင်းသို့ကျ...

လက်ရှိထားပိုင်ခွင့် ( possessory title )

ဆရာကြီးဦးမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ၅၂နှင့်၅၃ ဦးစံမောင်က 1963 BLR 708 အမှုတွင်လက်ရှိထားပိုင်ခွင့်အရလက်ရောက်ရလိုမှုစွဲဆိုနိုင်သည်ဟုပြဆိုရာ၌လက်ရှိထားသည့်ကာလသည်၁၂နှစ်ပြည့်ရန်မလိုဟုဆုံးဖြတ်လိုက်ရာမြန်မာနိုင်ငံစီရင်ထုံးသမိုင်းတွင်ပထမဆုံးစီရင်ထုံးဖြစ်လာသည်။ သူတပါးပစ္စည်းအတွင်းသို့ကျူးကျော်ဝင်ရောက်လက်ရှိဖြစ်ခြင်းမျိုးနှင့်ကွဲပြားသော ဥပဒေနှင့်အညီလက်ရှိဖြစ်ခြင်းအရလက်ရှိဖြစ်ခဲ့ဖူးသူကကျူးကျော်သူ၊လက်လွတ်ဆုံးရှုံးစေသူအပေါ်လက်ရောက်ရလိုမှုစွဲဆိုခွင့်ရှိကြောင်းပြဆိုသောဥပဒေသမှာ မြန်မာနိုင်ငံစီရင်ထုံးသမိုင်း၌အကွေ့အကောက်မရှိ၊တစိုက်မတ်မတ်လိုက်နာခဲ့သော ဥပဒေဖြစ်ကြောင်းစီရင်ထုံးများကအထင်အရှားညွှန်ပြပါသည်။ တရားရုံးချုပ်စုံညီခုံရုံးက 1997 BLR 85 စီရင်ထုံးစာမျက်နှာ ၈၈ နှင့် ၈၉ တွင် စီရင်ထုံးသမိုင်းကိုအောက်ပါအတိုင်းတစေ့တစောင်းဖော်ပြပါသည်။ "မြန်မာနိုင်ငံရှိတရားရုံးများသည်လက်ရှိထားပိုင်ခွင့် ( possessory  title  )ကိုတညီတညွတ်တည်းအသိအမှတ်ပြုခဲ့ကြောင်း၊၁၉၂၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့သည့် မစော နှင့် မောင်ရွှေဂန်အမှု ( အောက်မြန်မာနိုင်ငံစီရင်ထုံး အတွဲ ၁၁ ၊ စာ ၄၁၅ )၌ဖော်ပြခဲ့ပြီး၊ယင်းမူကိ...

Video Conferenceing စနစ်ကိုအသုံးပြု၍တရားစီရင်ပိုင်ခွင့်ရှိပါ​၏လော

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ Video  Conferencing စနစ်ကိုအသုံးပြု၍တရားစီရင်ပိုင်ခွင့်ရှိပါ၏လော ? တရားရုံးလုပ်ငန်းများတွင်၊တရားရုံးစီမံခန့်ခွဲရေးလုပ်ငန်းများ၊တရားစီရင်သည့်လုပ်ငန်းများစသည်ဖြင့်ရှိရာ၊တရားစီရင်သည့်လုပ်ငန်းများသည်ဥပဒေအရအာဏာအပ်နှင်းထားပါမှ၊တနည်းအားဖြင့်ဥပဒေပြဌာန်းချက်ရှိပါမှ၊ထိုအာဏာအတိုင်းဆောင်ရွက်နိုင်သည့်အာဏာရှိပါသည်။ ယခုမြန်မာနိုင်ငံရှိ၊ရာဇဝတ်ကျင့်ထုံး၊တရားမကျင့်ထုံးများတွင်စီရင်ချက်ချမှတ်ခြင်း၊ကြားနာခြင်းတို့နှင့်စပ်လျဉ်း၍ Video  Conferencing ကဲ့သို့သောနည်းများဖြင့်ဆောင်ရွက်နိုင်သောအာဏာရှိသည်ဟုပြဌာန်းချက်မရှိသေးပါ။ ထိုသို့ဆောင်ရွက်နိုင်ရန်လက်ရှိဥပဒေများကိုပြင်ဆင်ပါမှထိုသို့ Video  Conferencing ဖြင့်ဆောင်ရွက်ခွင့်ရှိမည်ဟုဖော်ပြလိုပါသည်။ ဤအယူအဆကိုသက်သေခံအက်ဥပဒေပုဒ်မ ၆၀ ၏နောက်တွင်၊ပုဒ်မ ၆၀-ကအဖြစ်ဖြည့်စွက်၍ဗီဒီယိုသို့မဟုတ်ရုပ်မြင်သံကြားဆက်သွယ်မှုဖြင့်တိုက်ရိုက်သက်သေခံချက်ယူနိုင်ရန်ဥပဒေကိုဖြည့်စွက်၍တရားရုံးအားအာဏာအပ်နှင်းခဲ့သည့်သာဓကကို တွေ့မြင်နိုင်ပါသည်။ သို့ပါ၍စီရင်ချက်ချခြင်း၊ကြားနာခြင်းကိစ္စများကို Video  Conferencing ဖြင့်ပြုလုပ်ရန်တရားရုံးတွင်အာဏာရ...

ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်အမှုအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်  ၁၉၉၁ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ၊ စာ - ၁၄၁  အမှုအဆုံးအဖြတ်ကိစ္စ။ ဒေါ်လွန်းစီရင်ထုံးတွင်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ကိုအကြောင်းပြု၍ဆန့်ကျင်လက်ရှိထားသောပစ္စည်းအပေါ် ပိုင်ဆိုင်ခွင့်ရှိစေရမည်ဟု ဆုံးဖြတ်ခြင်းမရှိသည်မှာမှန်သော်လည်း၊တရားလိုဒေါ်လွန်းပါ - ၅ တို့ကအမွေရှင်ထံမှအချင်းဖြစ်ပစ္စည်းများကိုမှတ်ပုံတင်အပေးစာချုပ်အရအပိုင်ရသွားသောဒေါ်သိန်းရင်အပေါ်အမွေမှုစွဲဆိုခြင်းဖြစ်ပါသည်။ စုံညီခုံရုံးက " ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရအချင်းဖြစ်မြေမှာ အမွေရှင်ဒေါ်မကျန်ရစ်သည့်အမွေပစ္စည်းမဟုတ်တော့သဖြင့်အမွေခွဲဝေရန်ပြဿနာပေါ်ပေါက်မည်မဟုတ်တော့ချေ  " ဟုစီရင်ထုံးနောက်ဆုံးအပိုဒ်တွင်ဆုံးဖြတ်သည်။ အမွေရလိုကြောင်းစွဲဆိုသည့်ဒေါ်လွန်းပါ၅ဦးတို့သည်၊အမွေရရန်အကြောင်းမရှိသဖြင့် ၎င်းတို့စွဲဆိုသောအမှုကိုပလပ်ရန်မှတပါးအခြားနည်းမရှိတော့ပါ။ ဤအခြေအနေတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေအရပျက်ပြယ်သောစာချုပ်ကိုအကြောင်းပြုပြီးအပိုင်ရသည်ဆိုသောအယူခံတရားပြိုင်ဒေါ်သိန်းရင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရပိုင်ရှင်ဖြစ်သွားသည်ဟုဆုံးဖြတ်ရန်အကြောင်းမရှိ၍မဆုံးဖြ...

ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေအပိုင်း၄ပါပုဒ်မ( ၃ )ရပ်အနက်နောက်ဆုံးပုဒ်မဖြစ်ပါသည်။ထိုပုဒ်မ( ၃ )ရပ်၏ အနှစ်ချုပ်ကိုAcquisition  of  Ownership  by  Possession( လက်ရှိဖြစ်ခြင်းကြောင့် ပိုင်ရှင်မြောက်ခြင်း )ဟုဖော်ပြပြဌာန်းထားခြင်းကိုဆင်ခြင်မိပါလျှင်ပုဒ်မ၂၈တွင်ပြဌာန်းထားသည့်အတိုင်းကာလစည်းကမ်းသတ်ကုန်ဆုံးသောအခါပစ္စည်းလက်ရှိဖြစ်သူသည်လက်ရှိထားသောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ရရှိသည်ဟုပြဌာန်းထားခြင်းကိုမုချသိရှိမည်ဖြစ်ပါသည်။ ဦးပုပါ၂နှင့်ရမ်ကစ်ချ်ဟမ်းပါ၂၊၁၉၆၁မတစ( လွှတ်တော် )၁၁၉( ၁၂၆ )စီရင်ထုံးတွင်၁၂ နှစ်ကျော်ဆန့်ကျင်လက်ရှိထားသောတရားလိုတို့သည်ဆန့်ကျင်လက်ရှိထားသောအိမ်၏ပိုင်ရှင်များဖြစ်သွားကြောင်းတရားလွှတ်တော်ခုံရုံးကထုံးဖွဲ့ထားသည်ကို အထင်အရှားတွေ့မြင်ရမည်ဖြစ်ပါသည်။ "  In our opinion , there is no doubt whatsoever that the plaintifs have become owners of the house in suit in view of article 144 of the Limitation Act read with section 28 therefore , for section 28 reads : - " At the determination of the period hereby limited to...

tenants-in-common (အတူပိုင်ဆိုင်သူများ)

ဆရာကြီးဦးမြရေးသားသောဥပဒေပြဿနာအဖြာဖြာအမှာစာ  စာမျက်နှာခဗ 9  Ran  524 ( F . B . ) နှင့် 1963  BLR  491  (  496 )စီရင်ထုံးများပါ   " tenants - in - common  " ကို  " အတူပိုင်ဆိုင်သူများ  " ဟုဘာသာပြန်ခြင်းကို သင်နားလည်ပါသလား? မြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅စာ၅၆တွင်  "  အတူ  " ကို ၁။ကွဲပြားခြားနားခြင်းမရှိဘဲ၊ထပ်တူထပ်မျှ ၂။ကွဲပြားခြင်း၊သီးခြားဖြစ်ခြင်းမရှိဘဲ၊တပေါင်းတည်း၊တကွဟုအဓိပ္ပါယ်ဖွင့်ဆိုသည် မြန်မာ-အင်္ဂလိပ်အဘိဓာန်စာ-၅၅၉တွင်  together  with ဟုဘာသာပြန်သည်။ သို့ဖြစ်ရာအတူပိုင်ဆိုင်သူများဟူသောစကားရပ်သည် "  tenants  -  in  -  common  " ဟူသောစကားရပ်ကိုလွှမ်းခြုံမိပုံမပေါ်။အကြံတူ( common  intention  ) နှင့်အကျိုးတူခံစားခြင်း( common  enjoyment  )စကားရပ်များပါ " တူ "သည်  "  common  " ၏အဓိပ္ပာယ်ကိုပေါ်လွင်စေသော်လည်း"အတူ"သည်"in  common" ၏အဓိပ္ပာယ်ဖြစ်ဟန်မတူ။ #အင်္ဂလိပ်မြန်မာအဘိဓာန်စာ၂၆၄တွင် " ဘုံပိုင် " ဟုဘာသာပြန်ဆိုထားရာ " ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ...

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တင်သွင်းသောအယူခံမှု တရားလွှတ်တော်က ခရိုင်တရားရုံး၏အဆုံးအဖြတ်ကိုအတည်ပြုခဲ့လျှင်တရားလွှတ်တော်၏ဒီကရီကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ ( က )အရအယူခံဝင်ရာ၌အယူခံအကြောင်းပြချက်များသည်အရေးယူလောက်သောဥပဒေပြဿနာများသက်ဝင်ရမည်ကိုသတိပြုပါ။ အရေးယူလောက်သောဥပဒေပြဿနာဟူသည်၊အတော်အတန်အခြေအတင်ငြင်းခုံလျှောက်လဲနိုင်သောဥပဒေပြဿနာဖြစ်သည်ဟု13  Ran  744 တွင်ပြဆိုထားသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၀ ( ၁ ) ( က )ပါဥပဒေပြဿနာထက်ပို၍နက်နဲသောဥပဒေပြဿနာမျိုးဖြစ်သည်။ အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်သောအယူခံတရားရုံး၏ဒီကရီကို နောက်တဆင့်မြင့်သောတရားရုံးတွင်အယူခံဝင်ရာ၌ဖော်ပြရန်အယူခံအကြောင်းပြချက်များ အယူခံကိုတရားမကျင့်ထုံးဥပဒေအမိန့်၄၁နည်း၁၁အရ အယူခံကိုပလပ်ရာတွင်စီရင်ချက်ရေးလေ့မရှိသဖြင့်အယူခံတရားရုံး၏ဒီကရီကိုနောက်တဆင့်မြင့်သည့်တရားရုံးချုပ်အယူခံဝင်ရာ၌အကြောင်းပြရန်အခက်အခဲအနည်းနှင့်အများ တွေ့ရတတ်သည် ။ လင်ကချေးယူသောငွေမှာမိသားစုအတွက်ဖြစ်ပြီး၊လင်ချေးယူသောငွေကိုလင်အားမြီရှင်က၊လင်၏မယားရှေ့တွင်ပေးသည်ကိုအကြောင်းပြုပြီး၊မြီရှင်ကယင်းချေးငွေရလိ...

တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရတင်သွင်းခွင့်ရှိသောအမှုနှစ်မျိုးနှစ်စား

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉( က )အရတင်သွင်းခွင့်ရှိသောအမှုနှစ်မျိုးနှစ်စားရှိသည်။ ပထမအမျိုးမှာတရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်ကိုပယ်ဖျက်သော ဒီကရီအပေါ်အယူခံဝင်ခြင်း ဖြစ်သည်။တရားလွှတ်တော်ကတရားမပထမအယူခံမှုတွင်အကြောင်းခြင်းရာအပေါ်ဆုံးဖြတ်ချက်အပြီးသတ်မည်ဖြစ်သည်။1956 BLR ( H C )148စီရင်ထုံးကိုကြည့်ပါ။ သို့ဖြစ်ရာတရားလွှတ်တော်ကချမှတ်သောဒီကရီအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ပုဒ်မ၁၀၉( က )အရတင်သွင်းသောအယူခံမှု၌အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍အယူခံအကြောင်းပြချက်တင်သွင်းခွင့်မရှိ။ ထိုနည်းတူခရိုင်တရားရုံးကအယူခံတွင်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍မူလတရားရုံး၏အကြောင်းခြင်းရာအပေါ်ကောက်ယူဆုံးဖြတ်ချက်ကိုပယ်ဖျက်လျှင်ခရိုင်တရားရုံး၏ကောက်ယူဆုံးဖြတ်ချက်သည်ပုဒ်မ၁၀၀( ၁ )( ဃ )တွင်အကျုံးမဝင်၊အပြီးသတ်ဖြစ်သဖြင့်ထိုဆုံးဖြတ်ချက်မှားယွင်းကြောင်းတရားလွှတ်တော်တွင်တင်သွင်းသည့်အယူခံမှု၌အကြောင်းပြချက်အဖြစ်တင်သွင်းခွင့်မရှိ။ အထူးသတိချပ်ရန်အချက်မှာ၊အကြောင်းခြင်းရာများအပေါ်ချမှတ်သည့်ဆုံးဖြတ်ချက်အပေါ်ချမှတ်သည့်ဆုံးဖြတ်ချက်နှစ်မျိုးနှစ်စားရှိသည်။ ကောက်ချက်ချသည်( infer ) မြန်မာစာအဖွဲ့ကပြုစုသ...

အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်အယူခံဝင်သောပြဿနာကိုအတည်ပြုရာရောက်သလား

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်အယူခံဝင်သောပြဿနာကိုအတည်ပြုရာရောက်သလား ?  1955  BLR  ( HC ) 94     Maung  Chit  Maung  and  one  vs .  Daw  Saw  အမှုတွင်စီရင်ထုံးအများအပြားကိုစိစစ်သုံးသပ်ပြီးတရားဝန်ကြီးဦးစံမောင်ကအောက်ပါအတိုင်းပြဆိုသည်။ "  However , where an appeal is dismissed under Order  41 ,  Rule  11 of the Civil Procedure Code , the decree appealed from cannot be taken to have been confirmed under Rule 32 so that dismissal of the appeal leaves the decree untouched  . " အယူခံကိုအမိန့် ၄၁၊နည်း ၁၁( ၁ )အရပလပ်ခြင်းသည်အယူခံတရားလိုဘက်ကိုသာ ကြားနာပလပ်ခြင်းဖြစ်သည်။ အယူခံကိုအကျဉ်းနည်းနှင့်ပလပ်ခြင်းမပြုလျှင်ဆောင်ရွက်ရန်ကျင့်ထုံးကိုအမိန့် ၄၁ ၊ နည်း၁၁( ၂ )မှစ၍ပြဌာန်းသည်။နှစ်ဘက်ကြားနာခြင်းကိစ္စကိုနည်း၁၆တွင်ပြဌာန်းသည်။နည်း ၃၂ တွင်အယူခံဝင်သောဒီကရီအားအတည်ပြုခြင်းကိစ္စကိုပြဌာန်းထားသည်ဖြစ်ရာနည်း ၃၂ ပါစီရင်ချက်သည်အယူခံကိုနှစ်ဘက်ကြားနာပြီးနောက်ချမှတ်သောစီရင်ချက်ကိုဆိုလ...

ဒေါ်မြမြ နှင့် ဦးဟန်ရွှေပါ၂ စီရင်ထုံးအဆုံးအဖြတ်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်မြမြနှင့်ဦးဟန်ရွှေပါ၂ (၂၀၁၄ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများ၊စာ၁၄၀ )စီရင်ထုံးပါအဆုံးအဖြတ်ကိစ္စ။ အမှုတွင်အယူခံတရားလိုအယူခံတရားပြိုင်တို့ကိုကြားနာခြင်းပြုရန်လိုမလို၊ပြဌာန်းချက်မည်သို့မည်ပုံရှိကြောင်းလေ့လာခြင်းရှိဟန်မတူပါ။ တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊နည်း၁၆ ( ၁ ) တွင်- "  On the day fixed , or on any other day to which the hearing may be adjourned , the appellant shall be heard in support of the appeal  "  ဟူသောပြဌာန်းချက်၌  shall  ဟူ၍သုံးထားသဖြင့်အယူခံတရားလိုကိုကြားနာရမည်ဆိုသည်ကိုသိထားဖို့လိုပါသည်။ အယူခံတရားလိုမလာလျှင်ဆောင်ရွက်ရမည့်ဥပဒေကို တရားမကျင့်ထုံးဥပဒေအမိန့် ၄၁၊နည်း ၁၇ ( ၁ ) တွင်-  "  Where on the day fixed , or on any other day to which the hearing may be adjourned , the appeallant does not appear when the appeal is called on for hearing , the Court may make an order that the appeal be dismissed  "  ဟုပြဌာန်းထားရာမှာ  may  ဟုသုံးထားသဖြင့်  shall ကဲ့သို့လုပ်ကိုလုပ်ရမည့်ပြဌာန်းချက်မျိ...