Posts

Showing posts from April, 2023

အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အဆိုလွှာအားပလပ်ကြောင်းဆုံးဖြတ်ခြင်းသည်ဥပဒေနှင့်ညီမညီပြဿနာ တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇​၏ရှင်းလင်းချက်တွင်"suit has been dismissed."ဟူ၍လည်းကောင်း၊ အမိန့်၉၊နည်း၈တွင်"The Court shall make an order that the suit be dismissed"ဟူ၍လည်းကောင်း၊ အမိန့်၉၊နည်း၉(၁)တွင်"where a suit is dismissed under rule 8"ဟူ၍လည်းကောင်း၊ အမိန့်၂၂၊နည်း၉(၁)တွင်"Where a suit xxxxx is dismissed"ဟူ၍လည်းကောင်းပြဌာန်းထားခြင်းတို့ကိုထောက်ချင့်ပါက၊တရားမကြီးမှုကိုပလပ်သည်ဟူသောအသုံးအနှုန်းကိုတစိုက်မတ်မတ်သုံးကြောင်းမြင်သာသည်။ အဆိုလွှာကိုပလပ်သည်ဆိုသောအသုံးအနှုန်းမရှိပါ။ အမိန့်၇၊နည်း၁၁တွင်"The plaint shall be rejected"ဟုပြဌာန်းထားပါသည်။ အဆိုလွှာကိုပလပ်သည်ဟုမသုံးပါ။ ပယ်သည်ဟုသာသုံးပါသည်။ ——————————————— တရားမကြီးမှုကိုစစ်ဆေးခြင်းမပြုဘဲ၊အဆိုလွှာကိုစောစောစီးစီးပယ်ချနိုင်ရန်၊အမိန့်၇၊နည်း၁၁တွင်ပြဌာန်းထားသည်။ နည်း၁၁​၏အဖွင့်စာပိုဒ်ပါ shall be rejected ဟူသောပြဌာန်းချက်သည်မလွဲမသွေလိုက်နာရမည့်အာဏတ္တိကပြဌာန်းချက်ဖြစ်သည်။ သီပေါမင်းနန်းမကျမီလပိုင်းအလို၁၈၈၅ခုနှစ်၊ဇ...

တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇၏ပြဌာန်းချက်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇၏ပြဌာန်းချက် ———————— ကော်မရှင်နာ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍၊တရားရုံးကချမှတ်သည့်အမိန့်အပေါ်အယူခံဝင်ခွင့်မရှိသဖြင့်မလွဲမသွေပြင်ဆင်မှုလျှောက်ထားရန်လိုပါသလား ? ——————————— 1993 BLR 29  ဦးဇော်လင်း(၎င်း၏အခွင့်ရကိုယ်စားလှယ်ဒေါ်မြင့်မြင့်)                                     နှင့်                            ဒေါ်စန်းစန်းရွှေ တရားရုံးချုပ်တရားသူကြီးဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင် ပဏာမဒီကရီကြောင့်နစ်နာသူအမှုသည်တဦးဦးသည်၊ထိုဒီကရီကိုအယူခံမဝင်ခဲ့လျှင်၊အပြီးသတ်ဒီကရီကိုအယူခံဝင်ရာ၌ပဏာမဒီကရီသည်မမှန်ကန်ကြောင်းတင်ပြခွင့်မရှိဟုအတိအလင်းပိတ်ပင်ထားကြောင်း၊တရားမကျင့်ထုံးဥပဒေပုဒ်မ၉၇တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- “97. Where any party aggrieved by a preliminary decree does not appeal from such decree, he shall be precluded from disputing its correctness in any appeal which may be p...

အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား ? ။ အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်ဖြစ်သလား ?။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အမှုကိုပလပ်ရန်ဖြစ်သလား? အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုလွှာကိုပယ်ရန်ဖြစ်သလား? ——————————— 2014 BLR 123  ဦးမျိုးဆွေသိမ်းပါ၂ နှင့် ဒေါ်မြနှင်းဝေ(ခ)မဝေပါ၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးဦးစိုးညွန့်ရှေ့တွင် စီရင်ထုံးစာမျက်နှာ၁၃၉တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအောက်ပါအတိုင်းသုံးသပ်သည်- “အမှုပုံစံမှန်ကန်ခြင်းမရှိလျှင်အဆိုပါအမှုကိုပလပ်ရန်သာဖြစ်သည်။မူလမန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည်အမှုပုံစံမှန်ကန်ခြင်းမရှိဟုဖြေဆိုဆုံးဖြတ်ချက်အရ၊တရားလိုများစွဲဆိုသောအမှုကိုပလပ်ရန်ဖြစ်ပါလျက်၊ပဏာမငြင်းချက်အမှတ်(၁)(၃)(၄)တို့ကိုဆက်လက်ဖြေဆိုကာ၊အဆိုလွှာကိုပယ်သည့်အမိန့်ချမှတ်ခဲ့ခြင်းသည်မှားယွင်းပေသည်။” ———————————— 1996 BLR ( F B ) 5 ဒေါ်ခင်မြင့် နှင့် ဒေါ်မြင့်မြင့်ပါ၇ တရားရုံးချုပ်တရားသူကြီးချုပ်ဦးအောင်တိုး၊တရားသူကြီးများဖြစ်ကြသောဦးကျော်ဝင်း၊ဦးအောင်မြင်၊ဦးသန်းဖေ၊ဦးတင်အုံးနှင့်ဦးတင်ထွတ်နိုင်တို့ရှေ့တွင် အမှုတွင်ဒေါ်မြင့်မြင့်ကဒေါ်ခင်မြင့်နှင့်အခြားသူများအပေါ်ပစ္စည်းလက်ရောက်ရလိုမှုစွဲဆိုသည်။ တိုင်းတရားရုံးက”တရားလိုသည်လက်ရောက်ရလိုမှုစွ...

တရားရုံးကအမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ပါသလား ?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားရုံးကအမှုသည်အားမည်သို့မည်ပုံဆောင်ရွက်ရန်လမ်းညွှန်သောအမိန့်ချမှတ်နိုင်ပါသလား ? သာဓကအားဖြင့်၊၂၀၁၁ခုနှစ်၊တရားမအထူးအယူခံမှုအမှတ်၁၅(ဒေါ်ညွန့်ညွန့်မေ နှင့် ဒေါ်သန်းသန်းဌေးပါ၂)အမှုတွင်ခုံရုံးကအောက်ပါအတိုင်းသုံးသပ်သည်- “အထူးအယူခံတွင်ဒေါ်ညွန့်ညွန့်မေ၏ရှေ့နေက”တရားရုံးချုပ်ကကိုယ်စားလှယ်၏ဆောင်ရွက်ချက်များသည်အတည်မဖြစ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှုစွဲဆိုရန်ညွှန်ပြ၍(တရားရုံးချုပ်ပြင်ဆင်မှုအမှတ်၁၈၈/၂၀၀၆တွင်)ဒေါ်ညွန့်ညွန့်မေစွဲဆိုသောယခင်အမှုကိုပယ်ခဲ့ကြောင်း၊အဆိုပါလမ်းညွှန်မှုနှင့်အညီတရားလိုကအဆိုလွှာအပိုဒ်(၁)(၂)(၃)(၄)(၅)(၆)(၇)တို့တွင်အဆိုပြုစွဲဆိုသည်”ဟုလျှောက်လဲတင်ပြသည်။” တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၇(၁)တွင်ပြဌာန်းထားသောအယူခံတရားရုံး​၏အာဏာများမှာအောက်ပါအတိုင်းဖြစ်သည်- (က)အမှုကိုအပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်         (to determine a case finally) (ခ)အမှုကိုပြန်လည်စစ်ဆေးပိုင်ခွင့်      (to remand a case) (ဂ)ငြင်းချက်များထုတ်၍စစ်ဆေးပိုင်ခွင့်       (to frame issues and refer them for trial) (ဃ)နောက်ထပ်သက်သေခံချက်ရယူပိုင်ခွင့်သို့...

ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။ ပဋိညာဉ်အက်ဥပဒေသည်အင်္ဂလန်နိုင်ငံပဋိညာဉ်ဆိုင်ရာတရားဥပဒေတွင်မြစ်ဖျားခံသည်။ ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန် Pollock နှင့် Mulla တို့ပြုစုသော The Indian Contract Act ကျမ်းမျိုးကိုလေ့လာရန်လိုသည်။ ထိုကျမ်းကိုစံစာအုပ်အဖြစ်တရားရုံးများလက်စွဲ( ပထမနှင့်ဒုတိယအကြိမ်ထုတ်)တွင်သတ်မှတ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံတရားစီရင်ထုံးများသည်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်အရပ်ရပ်ကို လွှမ်းခြုံမိသေးသည်မဟုတ်သော်လည်းစီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်သည့်ပညာကိုလေ့လာမှတ်သားနိုင်ပါလျှင်အမှုသည်များကိုထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါလိမ့်မည်။ ယုတ်စွအဆုံးပဋိညာဉ်ဆိုင်ရာအမှုများတွင်အမှုဖြစ်ရပ်(ဇာတ်လမ်း)ကိုပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်ချိန်ထိုးဆင်ခြင်တတ်ပါမှ အရည်အချင်းပြည့်ရှေ့နေဖြစ်နိုင်ပါမည်။ တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာမှန်များကိုရှာဖွေနိုင်ပါလိမ့်မည်။ ——————————- စာချုပ်လိမ်လည်ချုပ်ဆိုခြင်းဟူသောကိစ္စကိုစောဒကတက်နိုင်သူမှာ၊စာချုပ်ချုပ်ဆိုသူများအချင်းချင်း၊ထိုစာချုပ်ချုပ်ဆိုသူတဦးတ...

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုအကြောင်းပြုပြီး၊ကိုယ်စားလှယ်လွှဲသူကစွဲဆိုရမည့်အမှုအမျိုးအစား။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ “ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုအကြောင်းပြုပြီး၊ကိုယ်စားလှယ်လွှဲသူကစွဲဆိုရမည့်အမှုအမျိုးအစား” သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- “S.35. Any person interested in a contract in writing may sue to have it rescinded, and such rescission may be adjudged by the Court in any of the following cases, namely: - ( a )Where the contract is voidable or terminable by the plaintiff;” (၃၅။ စာဖြင့်ရေးထားသည့်ပဋိညာဉ်တွင်အကျိုးသက်ဆိုင်သူတဦးဦးသည်ထိုပဋိညာဉ်ကိုဖျက်သိမ်းပေးရန်တရားစွဲဆိုနိုင်သည်။ထို့ပြင်တရားရုံးသည်အောက်ပါကိစ္စတခုခုတွင်ထိုသို့ဖျက်သိမ်းရန်ဆုံးဖြတ်နိုင်သည်- (က)ပဋိညာဉ်ကိုတရားလိုကဖျက်သိမ်းခွင့်ရှိခြင်းသို့မဟုတ်ရပ်စဲနိုင်ခြင်း) (မှတ်ချက်။      ။ယခုအခါပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေသည်မြန်မာနိုင်ငံတဝန်း၌အတည်ဖြစ်လျက်ရှီသဖြင့်”စာဖြင့်ရေးထားသည်”ဆိုသောစကားရပ်ကိုဖျက်သိမ်းထားသည်။သို့ဖြစ်၍နှုတ်ပဋိညာဉ်ကိုဖျက်သိမ်းပေးရန်၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၅အရတရားစွဲဆိုနိုင်သည်။) ရောင်းချခြင်းဆိုရာ၌၊လွှဲအပ်သောပစ္စည်းကိုကိုယ်စားလှယ...

( 1864 ) 10 H L Cas 589

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၈၇၂ခုနှစ်ဇန္နဝါရီလ၄ရက်နေ့တွင်- အောက်မြန်မာပြည်အထူးတရားရုံးက- SJLB 1 အမှုကိုဆုံးဖြတ်စဉ်က၊မြန်မာနိုင်ငံတွင်ထုံးသာဓကမရှိသဖြင့်စီရင်ထုံးစာမျက်နှာ-၃တွင်ပရီဗီကောင်စီ၊စီရင်ထုံးတခုကိုကိုးကားဆုံးဖြတ်ခဲ့သည်။  ထိုစီရင်ထုံးနောက်ပိုင်းစီရင်ထုံးများတွင်လည်းအလားတူမြန်မာနိုင်ငံ၌ထုံးသာဓကမရှိသည့်အမှုများ၌နိုင်ငံခြားစီရင်ထုံးများကိုမှီငြမ်းပြုကာတရားစီရင်ရာတွင်မြန်မာနိုင်ငံတရားစီရင်ခြင်းတိုးတက်ဖြစ်ထွန်းလာသည်မှာမငြင်းနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။ 1954 BLR ( S C ) 52 ( 57 ) အမှုတွင်ပြဆိုထားသည့်အတိုင်း၊ထုံးသာဓကမကိုးကားဘဲဆုံးဖြတ်ခြင်းသည်အတ္တနောမတိ၊မိမိသဘောအတိုင်းဆုံးဖြတ်ရာရောက်ပါလိမ့်မည်။  တဖက်တွင်မြန်မာနိုင်ငံစီရင်ထုံးမရှိသဖြင့်နိုင်ငံခြားစီရင်ထုံးမှအားယူကာအမှန်တရားကိုဖော်ထုတ်စီရင်ခြင်းကြောင့်မြန်မာပီသခြင်းမရှိဟုအပြစ်ဖို့ဖွယ်ရှိသည်ဟုဆိုနိုင်ပါကစီရင်ထုံးစာအုပ်များ၌ဆောင်ပုဒ်အဖြစ်ဖော်ပြထားသောတရားစီရင်ရေးမူနှင့်ညီညွတ်စေရန်မည်သို့စီရင်သင့်ပါသနည်း။ တွေးဆကြပါကုန်။ ——————- Wentworth v. Lloyd ( 1864 ) 10 H L Cas 589 စီရင်ထုံးအရ၊ကိုယ်စားလှယ်လွှဲသူသည်ကိုယ်စားလှယ်ကချုပ်ဆိုသောအရောင်...

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်စပ်လျဉ်း၍ထုံးပြုထားသောစီရင်ထုံးနှစ်ခု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၈၇၂ခုနှစ်မှစ၍၂၀၁၁ခုနှစ်အထိနှစ်ပေါင်း၁၄၀နီးပါးကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅နှင့်စပ်လျဉ်း၍ထုံးပြုထားသောစီရင်ထုံး(၂)ခုသာရှိသေးသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအယူခံခုံရုံးကဆုံးဖြတ်သော၊ရန်ကုန်အတွဲ၇၊စာ၆၁နှင့်လွတ်လပ်သောမြန်မာနိုင်ငံတော်၏တရားလွှတ်တော်အယူခံခုံရုံးကဆုံးဖြတ်သော၊၁၉၄၈၊မတစ၊စာ၁၄၈အမှုများဖြစ်ကြသည်။ အဆိုပါအမှုများတွင်အပေါင်ခံပစ္စည်းများကိုအပေါင်ခံသူများကဝယ်ယူခြင်းမှာ၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များနှင့်ငြိစွန်းခြင်းရှိမရှိ၊တရားလွှတ်တော်၏အဆုံးအဖြတ်ကိုခံယူကြရာ၌၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”on his own account “ဟူသောစကားရပ်သည်”မိမိအတွက်”ဟုအဓိပ္ပာယ်ရခြင်းကို၊နှစ်ဖက်ရှေ့နေများအသီးသီးသည်လည်းကောင်း၊တရားလွှတ်တော်အသီးသီးသည်လည်းကောင်းလက်ခံကြောင်းမြင်သာသည်။ ———————————- 7 Ran 61 The official Assignee, Rangoon v. R. M. P. V. M. Firm. Before Sir Guy Rutledge, Kt., Chief Justice, and Mr. Justice Brown. အမှုတွင်အင်္ဂလိပ်တရားသူကြီး Rutledge, C. J., and Brown, J. တို့ကစီရင်ထုံးစာမျက်နှာ၆၈တွင်အောက်ပါအတိုင်းသုံးသပ်သည်- “The ...

ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။ ပဋိညာဉ်အက်ဥပဒေသည်အင်္ဂလန်နိုင်ငံပဋိညာဉ်ဆိုင်ရာတရားဥပဒေတွင်မြစ်ဖျားခံသည်။ ပဋိညာဉ်ဥပဒေပါပြဌာန်းချက်များကိုအတော်အတန်နားလည်ရန် Pollock နှင့် Mulla တို့ပြုစုသော The Indian Contract Act ကျမ်းမျိုးကိုလေ့လာရန်လိုသည်။ ထိုကျမ်းကိုစံစာအုပ်အဖြစ်တရားရုံးများလက်စွဲ( ပထမနှင့်ဒုတိယအကြိမ်ထုတ်)တွင်သတ်မှတ်ခဲ့ဖူးသည်။ သို့ဖြစ်၍ယခင်ခရိုင်တရားရုံးတွင်ထိုကျမ်းများရှိခဲ့သည်။ ပြည်သူ့တရားစီရင်ရေးစနစ်ပေါ်ပေါက်သောအခါခရိုင်တရားရုံးပိဋကတ်တိုက်များဖရိုဖရဲဖြစ်သွားခဲ့ရာထိုကျမ်းရှိဆဲဖြစ်မဖြစ်မသိရပါ။ စာရေးသူလက်လှမ်းမီသောအဆိုပါကျမ်းမှာ၊၁၉၂၄ခုနှစ်တွင်ပဉ္စမအကြိမ်မြောက်ထုတ်ဝေသောကျမ်းဖြစ်သဖြင့်၊လွန်ခဲ့သောအနှစ်ကိုးဆယ်အတွင်းထုတ်ဝေသောအိန္ဒိယနှင့်အင်္ဂလန်နိုင်ငံစီရင်ထုံးများအကြောင်းသိခွင့်မရ။ ————————— ကိုယ်စားလှယ်တဦးသည်မိမိအားကိုယ်စားလှယ်လွှဲသူတဦးအပေါ်တင်ရှိသောတာဝန်ဝတ္တရားများကိုဆောင်ရွက်ရသူဖြစ်ရာ၊ကိုယ်စားလှယ်လွှဲသူ၏အကျိုးစီးပွါးနှင့်ဝိရောဓိဖြစ်တန်ရာသောမိမိအားပုဂ္ဂလိကအကျိုးစီးပွါးရရှိစေသည့်သဘောတူညီချက်မျိုးကိုချုပ်ဆိုခြင်းမပြုန...

တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ခြင်း၏အားနည်းချက်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အထူးအယူခံမှုများမှာတချိန်ကပရီဗီကောင်စီ၊တရားလွှတ်တော်ချုပ်နှင့်တရားရုံးချုပ်(၁၉၆၂မှ၁၉၇၃ခုနှစ်ကုန်အထိတည်ထောင်ခဲ့သည်)တို့ကစီရင်ခဲ့သောအမှုများဖြစ်ကြရာ၊တရားရေးအကြံပေးများသည်အနည်းဆုံးတရားရုံးချုပ်တရားသူကြီးများ​၏ဥပဒေပညာအဆင့်အတန်းမှီမှသာလျှင်၊ကျေနပ်ဖွယ်ကောင်းသောတရားစီရင်ရေးစနစ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ကောင်းမြတ်သောမနသိကာရဖြင့်ဖော်ပြအပ်ပါသည်။ တရားရေးအကြံပေးများသည်စီရင်ချက်မူကြမ်းတွင်ဆိုင်ရာပြဌာန်းချက်များကိုဦးစွာရေးချပြီး၊ဆိုင်ရာအမှု​၏ဖြစ်ရပ်နှင့်ချိန်ထိုးအဖြေထုတ်လျှင်အမှားကိုမကျူးလွန်မိတန်ရာ။ 1954 BLR ( SC )52တွင်ရည်ညွှန်းထားသော၊အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်ခြင်း​၏ဆိုးကျိုးဖြစ်သည်။ စီရင်ထုံး​၏ခေါင်းစီး၊စီရင်ထုံးပေါင်းချုပ်များသာဖတ်သောတရားရေးအကြံပေးတို့သည်လည်း၊တရားလွှတ်တော်ချုပ်ကညွှန်ပြသောတရားစီရင်ရေးမူကိုသိရန်အကြောင်းမရှိ။ ထိုစကားရပ်ကိုဖတ်ရုံသာဖတ်ပြီး၊မြန်မာအဘိဓာန်အကျဉ်းချုပ်တွင်အဓိပ္ပာယ်ရှာဖွေရန်ပျက်ကွက်ပါကလည်း၊တရားရုံးများကလိုက်နာအပ်သည့်တရားစီရင်မှုမူကိုနှလုံးသွင်းမိမည်မဟုတ်။ တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်ခြင်း​၏အားနည်းချက်ကိုအထင်အရှားတွေ့မြင်နိုင်သည်။ တရ...

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရငြင်းခွင့်ရှိမရှိကိစ္စ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊၂၀၁၂ခုနှစ်၊တရားမအထွေထွေလျှောက်လွှာ(အထူး)အမှတ်၃၈၃တွင်၊ဒေါ်ထားထားမေတို့ဘက်မှအောက်ပါအတိုင်းအကြောင်းပြကာအထူးအယူခံဝင်ခွင့်ပြုရန်လျှောက်ထားသည်- “ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅အရငြင်းခွင့်ရှိမရှိကိစ္စ” “အရေးယူလောက်သောပြဿနာ” “ဒေါ်ထားထားမေကဒေါ်ကြည်ဝင်း၏ကိုယ်စားလှယ်အဖြစ်ဖြင့်သက်သေခံ(ဂ)အရောင်းအဝယ်စာချုပ်ချုပ်ဆိုသောဦးအေးလွင်၊ဒေါ်ချိုသဲနွယ်တို့အားလွှဲပြောင်းရောင်းချခြင်းသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ”If an agent deals on his own account in the business of the agency”ဟူသောပြဌာန်းချက်များနှင့်လည်းကောင်း၊ဥပမာ(၂)ရပ်အနက်တရပ်ရပ်နှင့်လည်းကောင်းအကျုံးဝင်ခြင်းရှိမရှိ” အထူးခုံရုံးကလျှောက်လွှာကိုပယ်ရာ၌အောက်ပါအတိုင်းအကြောင်းပြသည်- “ကိုယ်စားလှယ်သည်ကိုယ်စားလှယ်လွှဲသူ၏သဘောတူညီချက်ကိုကြိုတင်မရယူသည့်အပြင်လုပ်ငန်းနှင့်ပတ်သက်၍အရေးကြီးသည့်အကြောင်းအရာများကို၊ကိုယ်စားလှယ်လွှဲအပ်သူအားအသိမပေးဘဲကိုယ်စားလှယ်လုပ်ငန်းများကိုမိမိသဘောအတိုင်းလုပ်ကိုင်ခဲ့လျှင်အရေးကြီးသောအကြောင်းအရာကိုကိုယ်စားလှယ်လွှဲသူမသိအောင်ကိုယ်စားလှယ်ကထိန်ချန်ထားကြောင်းသို့မဟုတ်ကိုယ်စားလှယ်၏ဆောင်ရွက်မှုသည်ကိ...

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုရောင်းချရန်ကတိစာချုပ်ချုပ်ဆိုရာ၌၊ရောင်းချရန်ကတိပြုသူတို့သည်ဝယ်မည့်သူအားခိုင်လုံသောအကြောင်းမရှိဘဲ၊ယင်းပစ္စည်းများနှင့်စပ်လျဉ်း၍ကိုယ်စားလှယ်လွှဲစာများချုပ်ဆိုပေးရသောသာဓကများပေါ်ပေါက်လျက်ရှိသည်ကိုတွေ့ရသည်။ ထိုကိုယ်စားလှယ်လွှဲစာများအရ၊ကိုယ်စားလှယ်လွှဲစာရသူတို့ကပိုင်ရှင်များကိုယ်စားရောင်းချမှုများလည်းကျိုးကြားကျိုးကြားပေါ်ပေါက်လျက်ရှိရာ၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များနှင့်စပ်လျဉ်း၍၊အများပြည်သူအကျိုးငှါခိုင်မာသောထုံးသာဓကတရပ်ချမှတ်ပေးသင့်သည်ဟုသဘောရရှိသည်။ ထို့အပြင်ဥပဒေဟူသည်အဆုံးထိလေ့လာ၍ရနိုင်သောအရာမဟုတ်ကြောင်းသိစေလိုသည်။ ဥပဒေအပြောကျယ်ခြင်း၏သာဓကတရပ်အဖြစ်၊ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်များကိုဆွေးနွေးလိုသည်။ ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါပြဌာန်းချက်မှာ၊အင်္ဂလိပ်ဘာသာဖြင့်အောက်ပါအတိုင်းဖြစ်သည်- Right of principle when agent deals, on his own account, in business of agency without principal’s consent. S.215. If an agent deals on his own account in the business of the agency, without first obt...