အဆိုအချေတို့သည်အမှု၏အုတ်မြစ်ဖြစ်သည်။[ The pleadings are the foundation of the case. ]
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေအမိန့်၄၊နည်း၁(၁)အရတရားမကြီးမှုအသီးသီးသည်အဆိုလွှာမှစသည်။ “တရားမမှုအစ၊ဇာရီမှုက”ဟုပြောစမတ်ရှိလာခြင်းသည်ဇာရီမှု၏ရှုပ်ထွေးမှုကိုထင်ဟပ်ပြခြင်းမျှသာဖြစ်ပြီး၊လက်တွေ့တွင်မူအဓိကတရားမမှုခင်းသည်တရားမကြီးမှုတွင်မြစ်ဖျားခံသည်။ ပညာရှင် Mulla ၏တရားမကျင့်ထုံးဥပဒေကျမ်း(၂၀၀၂ခုနှစ်ထုတ်)၊အတွဲ၂၊စာ၁၇၆၈တွင်၊အမိန့်၆၊နည်း၂ကိုအကျယ်ချဲ့ရာ၌- A I R 1987 ( S C ) 2179 စီရင်ထုံးကိုကိုးကားပြီး- “အဆိုအချေတို့သည်အမှု၏အုတ်မြစ်ဖြစ်သည်” [ The pleadings are the foundation of the case. ] ဟုဆိုသည်။ ————————————————— Supreme Court of India Vinod Kumar Arora vs Smt. Surjit Kaur on 17 July, 1987 Equivalent citations: 1987 AIR 2179 1987 SCR (з) 552 Author: S Natrajan Bench: Natrajan, S. ( J ) အမှုတွင်၊စာမျက်နှာ၃၌၊အောက်ပါအတိုင်းပြဆိုသည်- “The pleadings of the parties form the foundation of their case and it is not open to them to give up the case ...