တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရမည်သည့်အခါလျှောက်ထားစွဲဆိုနိုင်ပါသလဲ? တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၉၈၊၉၉သို့မဟုတ်နည်း၁၀၁အရ၊အမိန့်တရပ်ရပ်ချမှတ်ထားပြီးဖြစ်မှသာ၊နည်း၁၀၃အရလျှောက်ထားခွင့်ရှိသည်။ ————————— တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုတွင်၊တရားလို၏အမှုကိုပယ်သောအဆုံးအဖြတ်၊တရားလိုစွဲဆိုသည့်အတိုင်းခွင့်ပြုသောအဆုံးအဖြတ်အပေါ်အယူခံဝင်ခွင့်ရှိပါသလား ? ————————————— စာအုပ်တအုပ်တွင်၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုသောအမှုတွင်ချမှတ်သောအပြီးသတ်စီရင်ချက်အမိန့်အပေါ်အယူခံမခံနိုင်သည့်အကြောင်းအောက်ပါအတိုင်းရေးသားထားသည်- “တရားနိုင်နဲ့တရားရှုံးတို့အကြားသို့မဟုတ်တရားနိုင်နှင့်တရားရှုံး၏ကိုယ်စားလှယ်တို့အကြားပေါ်ပေါက်သောပြဿနာအပေါ်ဆုံးဖြတ်ချက်အမိန့်သို့မဟုတ်အမိိန့်မဟုတ်သဖြင့်တရားမကျင့်ထုံးဥပဒေပုဒ်မ၄၇တွင်အကျုံးမဝင်သကဲ့သို့၊ပုဒ်မ၂(၂)အရဒီကရီလည်းမဟုတ်သဖြင့်နည်း၁၀၃အရစွဲဆိုမှုတွင်ချမှတ်သောအမိန့်ဆုံးဖြတ်ချက်အပေါ်အယူခံမဝင်နိုင်၊(ဒေါ်ဆင့် နှင့် ဦးမောင်မြရှိန်ပါ၂၊1958 BLR ( HC )252) အမိန့်၂၁၊နည်း၁၀၃အရချမှတ်သောအမိန့်ကိုအယူခံမဝင်သော်လည်းပြင်ဆင်မှုတင်နိုင်သည...