1963 BLR 217
ဆရာကြီးဦမြရေးသားသောအဆိုလွှာနှင့်တရားစွဲဆိုရန်အကြောင်း စာမျက်နှာ၃၀၅နှင့်၃၀၆ ဒေါက်တာမောင်မောင်ကိုတရားရုံးချုပ်တရားသူကြီးအဖြစ်၁၉၆၂ခုနှစ်၊ဇူလိုင်လအတွင်းခန့်ထားခဲ့ရာတရားရုံးချုပ်မူလဘက်ဌာနတွင်၎င်းစစ်ဆေးစီရင်ရသောအမှုတမှု၌ချမှတ်သည့်စီရင်ချက်ကို 1963 BLR 217 ( D3 C103 )တွင်ထုံးပြုသည်။ ဒေါက်တာမောင်မောင်ချမှတ်သောစီရင်ချက်သည်တရားမကျင့်ထုံးဥပဒေအမိန့်၂၀၊နည်း ၄(၂ )လာ "concise statement of the case " ဟူသောပြဌာန်းချက်များ(အမိန့် ၄၁ ၊နည်း ၃၁ တွင်ထိုသို့ပြဌာန်း ထားခြင်းမရှိ။ သို့သော်နည်း ၃၁ ( က )အရအယူခံတရားရုံးစီရင်ချက်၌ဖော်ပြရမည့်အချက်များကိုအဆုံးအဖြတ်ပေးရန်လိုအပ်သမျှ အမှုဖြစ်စဉ်အကျဉ်းကိုဖော်ပြသည့်ကျင့်ထုံးရှိသည်)နှင့်အညီအမှုဖြစ်စဉ်အကျဉ်းချုပ်နှင့်စသည်။ စာကြောင်းရေသုံးဆယ်ပင်မပြည့်။ သို့သော်ဖြစ်စဉ်ကိုထင်းကနဲမြင်သာအောင်လိုရင်းတိုရှင်းရေးထားရာနောက်ပိုင်းတရားမကြီးမှုများတွင်ချမှတ်သောစီရင်ချက်များ၌ ထိုအရေးအသားမျိုးမတွေ့ရခြင်းကဒေါက်တာမောင်မောင်၏ပြောင်မြောက်သောရေးသားသီကုံးမှုကိုအတုယူရန်ပျက်ကွက်ခြင်းပေလား။ ဒေါက်တာမောင်မောင်၏စီရင်ထုံးကိုဖတ်မိသည်နှင့်တပြိုင်နက်စိတ်ဝင်စားဖွယ်ကောင်းသောဇာတ်လမ်း၊ဖတ်ချင်စဖွ...