Posts

Showing posts from October, 2021

1955 BLR ( H C ) 146 ( ဒွိဟသံသယအကျိုးကိုတရားခံအားပေးရန် )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1955 BLR ( H C ) 146  ( Benjamin Xavier ( alias ) Maung Tin Win  vs. The Union of Burma ) အမှုတွင်၊တရားခံအားအမှုပတ်လျက်ရှိသောသက်သေခံတို့ကို၊စီရင်ထုံးစာမျက်နှာ၁၅၂မှ၁၅၅အထိတချက်ချင်းထုတ်နှုတ်ဖော်ပြပြီးနောက်၊ယင်းသက်သေခံတို့သည်တရားခံအပြစ်ကင်းခြင်းနှင့်ညီညွတ်ကြောင်းရှင်းပြကာ၊အောက်ရုံးကသေဒဏ်ချမှတ်ထားသောတရားခံအားအမှုမှတရားသေလွှတ်ရာ၌အကြောင်းပြထားရာတွင်၊ဒွိဟသံသယအကျိုးကိုတရားခံအားပေးရန်လည်းပြဆိုသည်။  1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုနှင့်၊တွဲဖက်လေ့လာသင့်သောအမှုဖြစ်သည်။ သတိပြုရန်အချက်တရပ်မှာ၊စီရင်ထုံးများကိုဖတ်ရှုလေ့လာခြင်းဖြင့်စီရင်ထုံးများပါပညာကိုတရားရုံးများတွင်အသုံးချနိုင်ရန်ဖြစ်ရာမှတ်သားလိုက်နာခြင်းကပို၍အဓိကကျသည်။ အသုံးချရမည့်အမှုတွင်ဆိုင်ရာစီရင်ထုံးကိုသတိမရလျှင်ယင်းသို့ဖတ်ထားခြင်းသည်အချီးနှီးဖြစ်သဖြင့်ဖြစ်ကောင်းသည်မဟုတ်။

1959 BLR ( H C ) 6 ( ပြစ်မှု )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1968 BLR 10 စီရင်ထုံးစာမျက်နှာ၁၃တွင်ကိုးကားသောအခြားအမှုမှာ- 1959 BLR ( HC ) 6 ( ပြစ်မှု ) ( Ganesh Narayan  vs. The Union of Burma )ဖြစ်သည်။ ထိုအမှုမှာနိုင်ငံခြားငွေလဲလှယ်ခြင်းစည်းမျဉ်းအက်ဥပဒေပုဒ်မ၉(၂)ပါအောက်ပါပြဌာန်းချက်များနှင့်သက်ဆိုင်သည်- " No person shall , except with the general or special permission of the Controller or the written permission of a person authorized in this behalf by the Controller , take or send out of the Union of Myanmar ( Burma ) , any gold , jewellery or precious stones , or Myanmar ( Burma ) currency notes , bank notes or coin or foreign exchange other than foreign exchange obtained from an authorized dealer . " တိုကျိုမြို့သို့လေယာဉ်ဖြင့်လိုက်ပါမည့်တရားခံတွင်သက်ဆိုင်ရာအာဏာပိုင်​၏ခွင့်ပြုချက်မရှိသည့်ရွှေလက်စွပ်အစရှိသည့်အထက်ပါဥပဒေနှင့်ငြိစွန်းသောပစ္စည်းများကိုတွေ့သဖြင့်တရားစွဲသောအမှုဖြစ်သည်။တရားခံကလူကြုံပါးလိုက်ခြင်းဖြစ်သည်ဟုထုချေသည်။ ပြဌာန်းချက်ပါဥပဒေနှင့်ငြိစွန်းသောပစ္စည်းများကိုယူဆောင်သွားခြင်းအမှုကိစ္စ၌၊မနောကံအ...

1957 BLR ( H C ) 58

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1968BLR10စီရင်ထုံးစာမျက်နှာ၁၃၌ကိုးကားသော၊  1957 BLR ( H C ) 58  ( The Union of Burma  vs.  U Nyo )( ပြစ်မှု ) အမှုတွင်၊ဦးညိုသည်ဖြူးမြို့နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့​၏အထက်တန်းဆန်အင်စပက်တော်ဖြစ်ပြီး၊ဖြူးမြို့နယ်စပါးဒိုင်တခုတွင်နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ထံရောင်းချသောစပါးများအတွက်အဖွဲ့ကပေးချေရန်ရှိသည့်စပါးဖိုးငွေများပေးချေရာ၌တင်ပြသောစပါးဝယ်သည့်ဘောက်ချာများတွင်ဖျက်ရာ၊ပြင်ရာများရှိသည်ကိုစစ်ဆေးရန်ပျက်ကွက်သဖြင့်စပါးဖိုးပို၍ပေးမိရာ၌၊ပေါ့ဆသည်ဟုဆိုကာ၊အဂတိလိုက်စားမှုတားမြစ်ရေးအက်ဥပဒေပုဒ်မ၄(၁)(ဃ)/ပုဒ်မ၄(၂)အရတရားလွှတ်တော်ကပြစ်မှုထင်ရှားစီရင်ရာ၌၊စီရင်ထုံးစာမျက်နှာ၆၁နှင့်၆၂တွင်အောက်ပါအတိုင်းအကြောင်းပြသည်- " Now , reverting back to the facts of the case I would say that U Nyo had been negligent to the extent that he did not scrutinise properly the voucher , Exhibit စ - ၁ presented by Tun Kyaing before he paid out the sum . It is true that he paid out the very amount written , both in words and figures , on the voucher , but...

2 LBR 319 ( 320 )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာနိုင်ငံတွင်၊နောက်အကျဆုံး( ၁၄-၁၁-၁၉၀၄ )နေ့၌ခုံရုံးကဆုံးဖြတ်သော၊  2 LBR 319 (320)အမှုတွင်  " A man is presumed to intend the ordinary and natural consequences of his actions.  "  ဟုပြဆိုသည်ကိုတွေ့ရသည်။ 1967 BLR ( SCCAC ) 23 ( ပြစ်မှု )အမှု၌၊ " စိတ်စေတနာကတိုက်တွန်း၍ကာယကံမြောက်ပြုလုပ်ခြင်းဖြစ်တတ်သောကြောင့်ထိုပြုလုပ်ခြင်းကပင်အတွင်းစိတ်ကိုဖော်ပြသောကြေးမုံပြင်ဖြစ်သည်ဟုသာမန်အားဖြင့်တွက်ဆရမည် "ဟုမြွက်ဆိုချက်သည်အခြားတနည်းမြွက်ဆိုချက်ဖြစ်သည်။ ဒီယုန်မြင်၍ဒီခြုံထွင်သည်ဟူသောမြန်မာဆိုရိုးသည်၊အချင်းဖြစ်ဥပဒေသဘောတရားကိုထင်ဟပ်သည့်မြန်မာဆန်ဆန်တွေးခေါ်မှုတရပ်ဖြစ်သည်။ တဖက်တွင်၊ 1967 BLR ( SCCAC ) 45 ( ပြစ်မှု )အမှု၌ပြဆိုထားသည့်အတိုင်း၊ဓားမိုးခိုင်းစေခြင်းခံရသဖြင့်တစုံတခုသောအမှုကိုမလွှဲမရှောင်သာ၍၊မတတ်သာ၍ပြုသူတဦး​၏လုပ်ရပ်သက်သက်ကိုကြည့်ပြီး၎င်းသည်မိမိလုပ်ရပ်​၏သဘာဝအလျောက်ဖြစ်ပေါ်လာသောအကျိုးဆက်များကိုကြံရွယ်ပြုလုပ်သည်ဟုကောက်ယူပါလျှင်၊သဘာဝယုတ္တိနှင့်ညီညွတ်ပါမည်လော။ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှုကိုစီရင်စဉ်အခါက၊အထက်၌ဖော်ပြခဲ့သည့်စီရင်ထုံးများ...

စီရင်ထုံးများကိုဖတ်ရှုလေ့လာခြင်းဖြင့်စီရင်ထုံးများပါပညာကိုတရားရုံးများတွင်အသုံးချနိုင်ရန်ဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါက်တာဆီးဂရေ့(ဖ်)အမှုတွင်၊ခွဲစိတ်ကိရိယာများနှင့်ဆေးဝါးများကိုဒေါက်တာဆီးဂရေ့(ဖ်)ကသူပုန်နော်ဆိုင်းအားပေးရသည့်ပတ်ဝန်းကျင်အခြေအနေတို့ကို၊စီရင်ထုံးစာမျက်နှာ၄၉မှ၅၂တွင်စီရင်ထုံးတရပ်နှင့်ချိန်ထိုး(စိစစ်)ပြီးနောက်၊ဒေါက်တာဆီးဂရေ့(ဖ်)ကခွဲစိတ်ကိရိယာများနှင့်ဆေးဝါးများကိုနော်ဆိုင်းအားပေးခြင်းသည်၊နိုင်ငံတော်အစိုးရကိုပုန်ကန်ခြားနားလျက်ရှိသူနော်ဆိုင်းကိုအားပေးခြင်းထက်၊မိမိပစ္စည်းများဆုံးရှုံးမှုမရှိစေရန်ကာကွယ်ခြင်းဖြစ်သည်၊စသည်ဖြင့်စီရင်ထုံးစာမျက်နှာ၅၂မှ၅၃တွင်အောက်ပါအတိုင်းအကြောင်းပြသည်- " It is true that the appellant was not in fear of the loss of his life or injury to himself or to those dear and near to him as in the case of Stane . But he was in fear of losing his valuable stock of medicine and sustaining to his hospital building . Because of this fear said he gave a box of surgical instruments and some medicine . The statement remains unchallenged . Taking this fact and the fact that he was held not to have a guilty mind in doing what he did in the incidents...

1969 BLR 58 ( S B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1969 BLR 58 ( S B )အမှုတွင်ထုံးပြုထားသောစီရင်ချက်ကိုရေးသူတရားသူကြီးချုပ်( ဒေါက်တာမောင်မောင် )သည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တည်ထောင်ခဲ့သောတရားလွှတ်တော်နှင့်တရားရုံးချုပ်၌အမှုထမ်းခဲ့သည့်တရားသူကြီးများတွင်၊စီရင်ချက်အရေးအသားကောင်းပြီး၊ခိုင်ခံ့သောကြောင်းကျိုးဆင်ခြင်ပြနိုင်သော၊လက်ချိုးရေရနိုင်သည့်တရားသူကြီးများစာရင်းတွင်ပါဝင်သူဖြစ်သည်။၎င်း​၏ပညာကိုလေးစားသူများတွင်စာရေးသူလည်းပါဝင်သည်။ သို့ရာတွင် 1968 BLR 10 စီရင်ထုံးပါ၊အကြောင်းပြချက်များမှာမမှန်ကြောင်းဂဃဏနထောက်မပြဘဲ၊စီရင်ထုံးစာမျက်နှာ၆၃တွင်၊စာတပိုဒ်မျှဖြင့်အကြောင်းပြကာ၊ 1968 BLR 10 စီရင်ထုံးကိုပယ်ဖျက်ခြင်းသည်၊ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )အမှု၌၊တရားလွှတ်တော်အယူခံရုံး​၏အကြောင်းပြချက်ကိုစီရင်ထုံးစာမျက်နှာ၅၁တွင်ဖော်ပြပြီးနောက်၊စီရင်ထုံးစာမျက်နှာ၅၁နောက်ဆုံးစာနှစ်ပိုဒ်မှစ၍စာမျက်နှာ၅၃အထိအကိုးအကားဖြင့်၊အကျယ်တဝင့်အကြောင်းပြဆုံးဖြတ်ခြင်းတည်းဟူသောရှေးထုံးနှင့်ကွဲလွဲသည်ကိုတွေ့ရသည်။ ပရီဗီကောင်စီသည် 4 LBR 27 ( P C )အမှုကို၊၁၉၁၆ခုနှစ်၊ဒီဇင်ဘာလ၁၄ရက်နေ့၌အောက်မြန်မာပြည်တရားရုံးချုပ်တရားသူကြီးချုပ်နှင့်တရားသူကြီ...

ဦးထွန်းအောင်သာစီရင်ထုံး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1968 BLR 10  ( U Tun Aung Tha vs. The Union of Burma ) အမှုတွင်၊တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)က၊တရားလွှတ်တော်ချုပ်​၏စီရင်ထုံးစာမျက်နှာ၄၄( ဒေါက်တာဆီးဂရေ့ဖ်အမှု )ရှိပြဆိုချက်တို့ကိုဖော်ပြပြီးနောက်၊စာမျက်နှာ၁၂၌ - " The above observations naturally lead to the conclusion that in determining the guilt of the accused person for any of our statutory offences apart from the definition of the offence as crystallized in the statute itself , such a thing as mens rea exists without the proof of the existence of which in the mind of the accused , no criminal liability arises." ဟုသုံးသပ်ပြီး၊စာမျက်နှာ၁၂နှင့်၁၃တွင်ဆက်လက်အကြောင်းပြသည်။ စာမျက်နှာ၁၃သုံးသပ်ချက်နောက်ဆုံးဝါကျပါ- " It can therefore be seen that it was not as much on account of the absence of mens rea but due to the presence of a reasonable apprehension of instant death that the appellant earned his acquittal. "  ( သို့ဖြစ်အယူခံတရားလိုဒေါက်တာဆီးဂရေ့(ဖ်)တရားသေလွတ်သွားခြင်းမှာ၊ပြစ်မှုကျ...

ဒေါက်တာဆီးဂရေ့ဖ်စီရင်ထုံး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1952 BLR ( S C ) 44 ( ဒေါက်တာဆီးဂရေ့ဖ် )စီရင်ထုံး၌ကောက်နုတ်ဖော်ပြသော၊အဆိုအမိန့်သည်ပြစ်မှုတိုင်းနှင့်သက်ဆိုင်သည်မဟုတ်။ရာဇသတ်ကြီးပုဒ်မ၂၇၉၊ပုဒ်မ၃၀၄-က၊အစရှိသောပုဒ်မများတွင်ရည်ညွှန်းထားသောပြစ်မှုများကိုကျူးလွန်ခြင်းရှိမရှိဆန်းစစ်ရာ၌၊ပြစ်မှုကျူးလွန်ရန်မနောကံ( mens rea ) ( guilty mind )သည်၊ထိုပြစ်မှုများမြောက်ရန်လိုသည့်အချက်မဟုတ်။ 1968 BLR ( H C ) 10 စီရင်ထုံးစာမျက်နှာ၁၃၌ကိုးကားသော၊ 1957 BLR ( H C ) 58 ( The Union of Burma  vs. U Nyo ) နှင့် 1959 BLR ( H C ) 6 ( Ganesh Narayan  vs. The Union of Burma )စသောစီရင်ထုံးများပါအမှုဖြစ်ရပ်တို့သည်၊ဦးထွန်းအောင်သာအမှုဖြစ်ရပ်နှင့်သဘောသဘာဝချင်းမတူပါဘဲလျက်၊ဦးထွန်းအောင်သာ​၏ဘေးကြပ်နံကြပ်အခြေအနေသည်တရားရုံးချုပ်တရားသူကြီး(ဦးစိန်သင်း)​၏၊နှလုံးသားကိုဆွဲလှုပ်နိုင်ခြင်းမရှိခဲ့။ 1969 BLR 58 ( S B )( ပြစ်မှု )( ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )တွင်ပြဆိုသော၊စီရင်ထုံးစာမျက်နှာ၆၃ပါထုံးဖွဲ့ချက်ကို၊ရာဇဝတ်မှုစစ်ဆေးသောတရားသူကြီးတိုင်းကျင့်သုံးသင့်သည်။ ကိုးကားသည့်စီရင်ထုံးကစီရင်လျက်ရှိသည့်အမှုဖြစ်ရပ်နောက်သို့လိုက်ပါရန်...

a sword of Damocles ( ကုပ်ပေါ်ဝဲနေသည့်ဓား )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာနိုင်ငံတွင်သောင်းကျန်းသူများအထွဋ်အထိပ်ရောက်ခဲ့စဉ်က၊ရဲစခန်းများနှင့်အလှမ်းဝေးသည်နှင့်အမျှတရားဥပဒေစိုးမိုးမှုလျော့ရဲသထက်လျော့ရဲခဲ့ရာ၊တောနေပြည်သူတို့မှာကျီးလန့်စာစားဘဝတွင်နေခဲ့ရသည်။အသက်ကိုဖက်နှင့်ထုပ်၍ကြောက်ကြောက်ရွံ့ရွံ့နေခဲ့ရသည်။သောင်းကျန်းသူများဓားမိုးထားသည့်အနေအထားတွင်ရှိခဲ့သည်။ မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၁၄၁၄တွင်( a sword of Damocles )ကို၊ကုပ်ပေါ်ဝဲနေသည့်ဓားဟုဘာသာပြန်ပြီး၊ " The possibility of losing her job hung over her like a sword of Damocles all year. "ဟုဥပမာပေးထားရာ၊ " The possibility of losing their lives hung over villagers like a sword of Damocles all the time. "ဟုဆိုပါလျှင်၊ထိုစဉ်ကရွာသူရွာသားများအထိတ်တလန့်၊ကျီးလန့်စာစားနေထိုင်ခဲ့ရပုံကိုကွက်ကွက်ကွင်းကွင်းပေါ်လွင်စေပါလိမ့်မည်။ ထိုရွာသားများကသောင်းကျန်းသူတို့အားဆက်ကြေးပေးရခြင်းသည် contributes for the purpose of the communist insurgent မဖြစ်နိုင်။ 1968 BLR 10 ( 12 )တွင်ပြဆိုထားသကဲ့သို့၊ဦးထွန်းအောင်သာပေးသောဖိနပ်များသည် " for the common pur...

1968 BLR 10 ( ပြစ်မှု )

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1968BLR10( ပြစ်မှု )( U Tun Aung Tha vs. The Union of Burma )အမှုတွင်၊တရားခံဦးထွန်းအောင်သာသည်စိုက်ပျိုးရေးအရာရှိဖြစ်၍(၇-၂-၆၆)နေ့၌၊အစိုးရတာဝန်ဖြင့်ခရီးသွားခိုက်လက်နက်ကိုင်ကွန်မြူနစ်သောင်းကျန်းသူများက၎င်းတွင်ပါလာသောသေနတ်တလက်ကိုသိမ်းယူလိုက်သည်။ကျေးရွာလူကြီးများ​၏မေတ္တာရပ်ခံချက်အရ၎င်းတို့အားအဝတ်ဖိနပ်ဆယ်ရံဝယ်ပေးလိုက်ရာမှနောက်ပိုင်းတွင်မိမိသေနတ်ပြန်ရသည်။၎င်းအားမတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်မှုထင်ရှားစီရင်သည်။ ဦးထွန်းအောင်သာက၊မတရားအသင်းဖြစ်သောကွန်မြူနစ်ပါတီဝင်များအားဖိနပ်ဆယ်ရံပေးခြင်းသည်မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ပါ၊ contributes for the purpose of any such association ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သည်ဟုဆုံးဖြတ်ရာ၌၊သေနတ်ကိုဖိနပ်များနှင့်လဲလှယ်ခြင်း ( exchange ) မဟုတ်ဟု၊အဘိဓာန်စာအုပ်တအုပ်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များကို၊ကိုးကားကာစီရင်ထုံးစာမျက်နှာ၁၁မှ၁၅၌၊တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)ကအကျယ်တဝင့်အကြောင်းပြသည်။ သို့သော်၊1969BLR58( S B )( ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )( ပြစ်မှု )၊အထူးအယူခံမှုတွင်တရားရုံးချုပ်က၊စီရင်ထုံးစာမျက်န...

1952 BLR ( S C ) 44

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1952 BLR ( S C ) 44 စီရင်ထုံးတွင်ထုံးပြုသော(၁၂-၁၁-၁၉၅၁)ရက်စွဲပါစီရင်ချက်ကိုရေးသားသည့်နိုင်ငံတော်တရားဝန်ကြီးချုပ်(Sir Ba U)သည်၊ကိုလိုနီခေတ်ဟိုက်ကုတ်လွှတ်တော်တွင်(၁၀-၂-၁၉၃၀)နေ့၌၊ယာယီတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်ရာ၊ဒေါက်တာဆီးဂရေ့(ဖ်)အထူးအယူခံမှုကိုကြားနာစီရင်သောအခါ၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီး၊ဟိုက်ကုတ်လွှတ်တော်နှင့်ယခင်တရားလွှတ်တော်ချုပ်တို့တွင်အနှစ်သုံးဆယ်ခန့်တာဝန်ထမ်းဆောင်ခဲ့သောပညာရင့်၊သမ္ဘာရင့်တရားသူကြီးဖြစ်သည်။တရားသူကြီးမဖြစ်မီဝတ်လုံရှေ့နေအဖြစ်လည်းကောင်း၊အစိုးရရှေ့နေအဖြစ်လည်းကောင်း၊ဆယ်နှစ်ကျော်ခန့်ဆောင်ရွက်ခဲ့သေးသည်။မြန်မာနိုင်ငံတွင်၊ဟိုက်ကုတ်လွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့တွင်၎င်းကဲ့သို့သံမနိရှည်သောအခြားတရားသူကြီးမရှိခဲ့။ 1952 BLR ( S C ) 44အမှုတွင်၊ကရင်သောင်းကျန်းသူများသည်ရှမ်းပြည်နယ်နမ့်ခမ်းမြို့ကိုသိမ်းပိုက်ခဲ့စဉ်၊ထိုမြို့ရှိနာမည်ကြီးအမေရိကန်ဆေးရုံမှဆရာဝန်ဒေါက်တာဆီးဂရေ့(ဖ်)က၊သူပုန်ခေါင်းဆောင်နော်ဆိုင်းအားခွဲစိတ်ကရိယာများနှင့်ဆေးဝါးများပေးခဲ့ရခြင်းမှာ၊၁၉၄၈ခုနှစ်၊နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်းအက်ဥပဒေပုဒ်မ၄(၁)တွင်ပြဌာန်းထားသောအေ...

အမေကျော်ဒွေးတော်လွမ်းခြင်းသည်ဖြစ်သင့်သည်မဟုတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1972 BLR 28  ( မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )  အမှုတွင်"အထူးရာဇဝတ်ရုံးအယူခံအဖွဲ့​၏စီရင်ထုံးများရှိလျှင်၊အခြားစီရင်ထုံးများကိုကိုးကားရန်မလိုဟုပြဆိုသည်။" ၁၉၂၈ခုနှစ်တွင်ဆုံးဖြတ်သော6Ran261အမှုတွင်၊"အောက်တရားရုံးသည်အချင်းဖြစ်အမှုကိုလွှမ်းခြုံမိသောမိမိတရားလွှတ်တော်​၏စီရင်ထုံးကိုလိုက်နာရန်တာဝန်ရှိသည်။အခြားတရားလွှတ်တော်​၏၊ဆန့်ကျင်ဘက်စီရင်ထုံးကိုလိုက်နာခြင်းသည်လုံးဝသင့်မြတ်သည်မဟုတ်"ဟုထုံးဖွဲ့သတိပေးခြင်းကပို၍ပြည့်စုံသောလမ်းညွှန်မှုဖြစ်သည်။  6 Ran 261  ( Khoo Joo Tin  vs. Ma Sein ) အမှု၊စီရင်ထုံးစာမျက်နှာ၂၆၁တွင်အောက်ပါတိုင်းပြဆိုပါသည်- " A Subordinate Court is bound to follow a ruling of its own High Court which covers the case and it is entirely improper for such Court to follow a contrary ruling of another High Court and that too published in an unauthorized report." အမေကျော်ဒွေးတော်လွမ်းခြင်းသည်ဖြစ်သင့်သည်မဟုတ်။ 8 LBR 1 ( PC ) ( Ma Hnin Bwin  vs. U Shwe Gon ) အမှုတွင်၊တချိန်ကအဆင့်အမြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီ...

1948 BLR 278

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1948BLR278အမှုတွင်တရားလွှတ်တော်ကအင်္ဂလန်နိုင်ငံစီရင်ထုံးများသာမက၊အမေရိကန်စီရင်ထုံးတရပ်ကိုလည်းကိုးကားကာ၊ခက်ခဲနက်နဲသောပဋိညာဉ်အက်ဥပဒေဆိုင်ရာဥပဒေပြဿနာတရပ်ကိုလည်းအဆုံးအဖြတ်ပေးခဲ့ပါသည်။ ထိုစီရင်ထုံးကိုတရားလွှတ်တော်ချုပ်က1949BLR64အမှုတွင်အတည်ပြုရာ၌လည်း၊အင်္ဂလန်နိုင်ငံစီရင်ထုံးများကိုကိုးကားဆုံးဖြတ်ပါသည်။ နိုင်ငံခြားစီရင်ထုံးကိုမကိုးကားရစတမ်းဟုဆိုပါလျှင်၊ 1954 BLR ( S C ) 52 ( 57 )တွင်ပြဆိုထားသည့်အတိုင်း၊အတ္တနောမတိဆုံးဖြတ်ရန်သာဖြစ်ပါလိမ့်မည်။ အကြောင်းမူထိုစဉ်ကထုတ်ဝေပြီးသောမြန်မာနိုင်ငံစီရင်ထုံးများတွင်၊ဆုံးဖြတ်ရန်ရှိသည့်ဥပဒေပြဿနာအတွက်ထုံးသာဓကမရှိသေးပါ။ ၁၉၆၂ခုနှစ်မတ်လကုန်မှစ၍အိန္ဒိယနိုင်ငံစီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်ရှိခဲ့။ ထိုနိုင်ငံ​၏၊တရားလွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့​၏၊အမြင်ကိုသိခွင့်မရသည်မှာအနှစ်ငါးဆယ်ကျော်ခဲ့ခြင်းသည်ဖြစ်သင့်ပါသလား။ သို့သော်ယခုအခါအင်တာနက်မှတဆင့်၊ထိုစီရင်ထုံးများကိုဖတ်ရှုရန်အခွင့်အလမ်းပေါ်လျက်ရှိရာ၊တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့၊ထိုအခွင့်အရေးကိုအပြည့်အဝအသုံးချသင့်ပါသည်။ ဥပဒေပြဿနာတရပ်အပေါ်အဆင့်မြင့်တရားရုံးတရားသူကြီးများ​၏...

1972 BLR 28 (ပြစ်မှု)၊ မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1972 BLR 28 ( ပြစ်မှု )( မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )အမှုတွင်၊"နိုင်ငံခြားစီရင်ထုံးများကိုကိုးကားခြင်းမပြုအပ်၊ဗဟုသုတအလို့ငှာဖတ်ရှုကောင်းသော်လည်း၊၎င်းတို့ကိုမှီငြမ်းပြုရန်ကားမလျော်ချေ။ "ဟုပြဆိုပါသည်။ မြန်မာနိုင်ငံတွင်စီရင်ထုံးမရှိသေးသည့်ပြဿနာပေါ်ပေါက်သည့်အခါ၊မည်သို့ဆောင်ရွက်ရန်ဖြစ်သည်ကိုမူ၊စီရင်ထုံးကအဖြေမပေးပါ။ မောင်ချစ်စီရင်ထုံးတွင်၊ " နိုင်ငံတွင်း၌ဖြစ်ပွားသောတမှုနှင့်အခြားတမှုပင်မတူနိုင်လျှင်၊နိုင်ငံတွင်း၌ဖြစ်ပွားသောအမှုနှင့်နိုင်ငံခြား၌ဖြစ်ပွားသောအမှုသည်၊တူညီနိုင်ဘို့ပို၍ပင်ခက်ခဲသေးသည်။ထို့ပြင်၊တည်ရှိသောဥပဒေများသည်လည်းထပ်တူညီကြသည်ဟုတ်ချေ။ "ဟုမြွက်ဆိုချက်ကိုအငြင်းပွားရန်မရှိပါ။ မြန်မာနိုင်ငံ​၏တရားမကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ၊ပဋိညာဉ်အက်ဥပဒေစသည့်ဥပဒေအချို့သည်၊အိန္ဒိယနိုင်ငံဥပဒေများပါပြဌာန်းချက်များနှင့်တူသည်များလည်းရှိရာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်သာဓကမရှိသောအမှု၌၊မြန်မာနိုင်ငံဥပဒေနှင့်ပြဌာန်းချက်ချင်းတူသောအမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်၊တရားလွှတ်တော်ချုပ်တို့​၏အဆိုအမိန့်ကိုလေ့လာဆုံးဖြတ်ခြင်းက၊အတ္တနောမတိမိမိသဘော...

တရားရုံးများနောက်ခံသမိုင်း(ဒုတိယပိုင်း)

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ကိုလိုနီခေတ်တရားလွှတ်တော်တွင်၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်မှတရားဝန်ကြီးဖြစ်လာသူမြန်မာဟူ၍၊ဦးဘိုးဟန်(တတိယမြောက်တရားဝန်ကြီး)၊ဦးဘ(ပဉ္စမမြောက်တရားဝန်ကြီး)နှင့်၊ဦးဘဦးတို့သုံးဦးသာရှိခဲ့သည်။ လွတ်လပ်သောမြန်မာနိုင်ငံ​၏တရားလွှတ်တော်တွင်တရားဝန်ကြီးဖြစ်လာသောခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးများသည်၊တရားဌာနဝန်ထမ်း(အကြီးတန်း)တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊အနည်းဆုံးအနှစ်၂၀ကျော်တရားစီရင်ဖူးကြသည့်တရားသူကြီးများဖြစ်ကြသည်။ ခြွင်းချက်မှာတရားဝန်ကြီးဦးကျော်ဇံဦးဖြစ်သည်။၎င်းသည်စစ်တွေခရိုင်အစိုးရရှေ့နေဝတ်လုံဖြစ်ပြီး၊ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်တိုက်ရိုက်ခန့်ထားခြင်းခံရသူဖြစ်၍၊ကိုးနှစ်အကြာတွင်တရားလွှတ်တော်တရားဝန်ကြီးဖြစ်လာသူဖြစ်သည်။ထုံးပြုထားသောစီရင်ချက်များကိုဖတ်ကြည့်ပါက၎င်း​၏အရည်အချင်းကိုကောင်းစွာအကဲခတ်နိုင်သည်။ တရားရုံးချုပ်တရားသူကြီးဦးသက်ဖေ၊ဦးစိန်သင်းနှင့်ဦးဘသန်းတို့သည်၊တရားဌာနဝန်ထမ်း(အကြီးအတန်း)အဖြစ်စတင်တာဝန်ထမ်းဆောင်ပြီး၊လုပ်သက်အနှစ်၂၀ကျော်မှတရားရုံးချုပ်တရားသူကြီးများဖြစ်လာသူများဖြစ်ကြသည်။ထိုလုပ်သက်မျှဖြင့်တရားဝန်ကြီးဖြစ်ရမည်ဟုတထစ်ချတွက်၍မရ။ မ...

တရားရုံးများနောက်ခံသမိုင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားရုံးများနောက်ခံသမိုင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ပေါ်ထွန်းလာသောအခါတည်ထောင်ခဲ့သည့်တရားလွှတ်တော်ချုပ်​၏နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးဘဦးသည်ဝတ်လုံဖြစ်ပြီး၊ကိုလိုနီခေတ်တရားလွှတ်တော်တွင်၁၉၃၀ပြည့်နှစ်မှစ၍၊သတ္တမမြောက်မြန်မာတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်နောက်အကျဆုံး၁၉၂၂ခုနှစ်မှစ၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဝတ်လုံဦးဧမောင်မှာရှေ့နေချုပ်အဖြစ်မှ၊နဝမမြောက်မြန်မာတရားလွှတ်တော်တရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ တရားလွှတ်တော်ချုပ်တရားဝန်ကြီးဝတ်လုံဦးကျော်မြင့်သည်ဒသမမြောက်၊မြန်မာတရားလွှတ်တော်တရားဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။၎င်းတို့နှစ်ဦးသည်တရားလွှတ်တော်တွင်ရှေ့နေလိုက်ခဲ့သောဝါရင့်ရှေ့နေကြီးများဖြစ်ကြောင်းစီရင်ထုံးများတွင်တွေ့မြင်နိုင်သည်။ လွတ်လပ်သောမြန်မာနိုင်ငံတရားလွှတ်တော်ကို၊ကိုလိုနီခေတ်တရားလွှတ်တော်၌၊အဌမမြောက်မြန်မာတရားဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သောဝတ်လုံဦးသိန်းမောင်က၊တရားလွှတ်တော်တရားဝန်ကြီးချုပ်အဖြစ်ဦးဆောင်သည်။၁၉၃၆ခုနှစ်မှစ၍ရှေ့နေချုပ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဝတ်လုံအဖြစ်မြန...

ဖြစ်ရပ်ချင်းတူသောအမှု၂မှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A. I. R . 1948 Patna 60( D. B. )အမှုဟာ၊1995 B. L. R. 151( F. B. )နဲ့ဖြစ်ရပ်ချင်းတော်တော်တူပါတယ်။ B စွဲဆိုတဲ့အနိုင်ဒီကရီရရှိရာကမှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပစ္စည်းလက်ရောက်ပေးအပ်ဖို့လျှောက်တဲ့အခါ၊ C ကဝင်ရောက်ပြီးလက်ရောက်မပေးရဖို့ကန့်ကွက်ပါတယ်။ (၁၆-၇-၁၉၃၀)နေ့မှာပစ္စည်းရောင်းတာဟာ၊ B စွဲဆိုတဲ့အမှုမပြီးပြတ်မီကာလအတွင်းဖြစ်လို့ပျက်ပြယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့၊ C ရှုံးနိမ့်ပါတယ်။ အဲဒီတော့ C က B ရရှိခဲ့တဲ့ဒီကရီဟာမိမိအပေါ်အကျိုးမသက်ရောက်တဲ့အကြောင်းမြွက်ဟကြေညာပေးစေရန်နှင့်မိမိဒီကရီကိုအတည်ပြုရာမှာအငြင်းပွါးလျက်ရှိတဲ့ပစ္စည်းကိုလက်ရောက်ရယူခြင်းမပြုရန် B အားတားမြစ်တဲ့အမြဲတမ်းတားဝရမ်းထုတ်ဆင့်ပေးဖို့၊တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရတရားစွဲဆိုပါတယ်။ တရားမကျင့်ထုံးဥပဒေအမိန့်၂၁၊နည်း၁၀၃အရစွဲဆိုတဲ့အမှုဟာတရားလိုအနေနဲ့အခင်းဖြစ်ပစ္စည်းကိုလတ်တလောလက်ရှိထားခွင့်နဲ့ပတ်သက်ပါတယ်။ ဆွေးနွေးနေတဲ့အမှုမှာတောင်းဆိုတဲ့သက်သာခွင့်ဟာအဲဒီအခွင့်အရေးနဲ့ဆက်နွယ်နေတာမငြင်းနိုင်ပါဘူး။ အမှုမှာတောင်းဆိုတဲ့သက်သာခွင့်ဟာနည်း၁၀၃မှာအကျုံးမဝင်ဘူးလို့အငြင်းမပွားပါဘူး။ A ကအခင်းဖြစ်ပစ္စည်းက်ု C ...