တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရအယူခံမှုနှစ်မျိုးနှစ်စား
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)အရအယူခံမှုနှစ်မျိုးနှစ်စားရှိသည်။ ပထမအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။ ဒုတိယအမျိုးအစားမှာ၊တရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်သောစီရင်ချက်နှင့်ဒီကရီအပေါ်တင်သွင်းသောအယူခံမှုဖြစ်သည်။ အဆိုပါအယူခံမှုနှစ်မျိုးနှစ်စားတွင်၊အယူခံအကြောင်းပြချက်၊အယူခံဝင်ခွင့်ရသောဥပဒေအချက်အလက်များမတူညီပါ။ ပထမအမျိုးအစားဖြစ်သော၊တရားလွှတ်တော်ကခရိုင်တရားရုံး၏စီရင်ချက်နှင့်ဒီကရီကိုအတည်ပြုသောစီရင်ချက်နှင့်ဒီကရီအား၊တရားလွှတ်တော်ချုပ်( Supreme Court )သို့အယူခံဝင်ရာတွင်၊တရားမကျင့်ထုံးဥပဒေပုဒ်မ၁၁၀၊တတိယအပိုဒ်တွင်ပြဌာန်းထားသော၊" Substantial question of law "( အရေးယူလောက်သောဥပဒေပြဿနာ )ကိုသာအယူခံဝင်ခွင့်ရှိသည်။ တရားမကျင့်ထုံးဥပဒေပုဒ်မ၁၀၉(က)တွင်၊အပြီးသတ်အမိန့်( final order )ဟူသောစကားလုံးကိုသုံးနှုန်းထားသည်။ အပြီးသတ်အမိန့်ဟူသောစကားရပ်နှင့်ပတ်သက်၍၊တရားလွှတ်တော်( High Court )ကခရိုင်တရားရုံး၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊န...