ဦးတင်လတ်အမှု၊၂၀၀၁ မတစ ၂၁၆ ( အထူးခုံရုံး )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဦးတင်လတ်အမှု၊၂၀၀၁မတစ၂၁၆(အထူးခုံရုံး)အမှုတွင်၊မူလတရားရုံးကထုတ်ဆင့်ထားသောယာယီတားဝရမ်းကိုတရားရုံးချုပ်ကအယူခံတွင်ပယ်ဖျက်လိုက်ရာထိုအမိန့်အပေါ်တင်သွင်းသောအယူခံတွင်တရားရုံးချုပ်ကချမှတ်သောအမိန့်သည်၊၂၀၀၀ပြည့်နှစ်၊တရားစီရင်ရေးဥပဒေပုဒ်မ၇ပါအဓိပ္ပာယ်အရအပြီးသတ်အမိန့်ဟုတ်မဟုတ်အငြင်းမပွား။အထူးအယူခံခုံရုံးကတရားရုံးချုပ်၏အမိန့်ကိုပယ်ဖျက်ပြီး၊မူလတရားရုံးအမိန့်ကိုပြန်လည်အတည်ပြုသည်။ E. S. W. C. Company နှင့် ဦးသန်းဝင်း၊၂၀၀၅၊မတစ၊၆၄အမှုတွင်၊အထူးအယူခံခုံရုံးကဒေါ်မြရင်အမှုကိုကိုးကားပြီးနောက်ထုံးဖွဲ့သည်။ ဒေါ်မြရင်အမှုသည်၊E. S. W. C. အမှုနှင့်ဖြစ်ရပ်ချင်းမတူ။ ယာယီတားဝရမ်းလျှောက်ထားခြင်းသည်သီးခြားအမှုဖြစ်သည်။တရားရုံးများလက်စွဲအပိုဒ်၂၈၄ပါညွှန်ကြားချက်အရ၊ထိုကိစ္စကိုတရားမကြီးမှုတွင်ဆောင်ရွက်ရခြင်းဖြစ်သည်။ ယာယီတားဝရမ်းထုတ်ပေးခြင်းသည်၊တရားမကျင့်ထုံးဥပဒေအမိန့်၃၉နှင့်သက်ဆိုင်ပြီး၊ထာဝရတားဝရမ်းထုတ်ပေးသည့်ကိစ္စမှာမူ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၅၄ပါသီးခြားပြဌာန်းချက်နှင့်သက်ဆိုင်သည်။ ယာယီတားဝရမ်းထုတ်ဆင့်သောအမိန့်ကိုချမှတ်ပြီးနောက်တရားမကြီးမှုကိုဆက်လက်စစ်ဆေးဆုံးဖြတ်ရန်ရှိသည်မှာမှန်၏။သို့ရာ...