Posts

Showing posts from April, 2022

အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုကွဲပြားခြားနားပုံ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 5 Ran 785 Maung Ba Tu  vs.  Ma Thet Su and three others . Before Mr. Justice Chari အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတို့ကွဲပြားခြားနားပုံကိုစိစစ်ပြရာ၌၊စီရင်ထုံးစာမျက်နှာ၇၉၁တွင်အောက်ပါအတိုင်းသုံးသပ်သည်- "The next question to be considered is as to the incidents of the right to enforce partition . The word "partition " is generally used in a loose way for the division or separation of interest of whatever kind in property . But , strictly ,"partition" is applicable only to those suits in which the plaintiff seeks to convert his joint ownership and joint possession of the whole property into separate ownership and separate possession of a portion of the property . Therefore a partition suit lies only when the plaintiff and the defendant have ( 1 ) unity of interest or title in the property sought to be partition ; and ( 2 ) unity of possession ." မြန်မာဗုဒ္ဓဘာသာတဦး​၏အမွေမှာ၊အမွေဆိုင်များအပေါ်သက်ဆင...

5 Ran 785, 1967 BLR 525, 1999 BLR 103, 1962 BLR 401, 2015 BLR 259

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 5 Ran 785 Maung Ba Tu  vs.  Ma Thet Su and three others . Before Mr. Justice Chari အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုနှင့်ပစ္စည်းခွဲဝေပေးစေလိုမှုတို့ကွဲပြားခြားနားပုံကိုစိစစ်ပြရာ၌၊စီရင်ထုံးစာမျက်နှာ၇၉၁တွင်အောက်ပါအတိုင်းသုံးသပ်သည်- "The next question to be considered is as to the incidents of the right to enforce partition . The word "partition " is generally used in a loose way for the division or separation of interest of whatever kind in property . But , strictly ,"partition" is applicable only to those suits in which the plaintiff seeks to convert his joint ownership and joint possession of the whole property into separate ownership and separate possession of a portion of the property . Therefore a partition suit lies only when the plaintiff and the defendant have ( 1 ) unity of interest or title in the property sought to be partition ; and ( 2 ) unity of possession ." မြန်မာဗုဒ္ဓဘာသာတဦး​၏အမွေမှာ၊အမွေဆိုင်များအပေါ်သက်ဆင...

ပျက်ပြယ်ခြင်းကိုတရားတထုံးစွဲဆိုခြင်းဖြင့်သီးခြားအရေးဆိုရန်အကြောင်းမရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပျက်ပြယ်ခြင်းကိုတရားတထုံးစွဲဆိုခြင်းဖြင့်သီးခြားအရေးဆိုရန်အကြောင်းမရှိပါ။ ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်အမှု၊ 1991 BLR 149 ( FB )တွင်၊အမွေပစ္စည်းကိုသူတပါးအားအကုန်အပိုင်ပေးခြင်းမှာ၊မြန်မာဓ​လေ့ထုံးတမ်းဥပဒေအရပျက်ပြယ်( void )ခြင်းရှိ၊မရှိအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ပင်၊စုံညီခုံရုံးကဆုံးဖြတ်ခဲ့ဖူးပါသည်။ ပူးတွဲအမွေဆိုင်များ​၏ဝေစုများကိုရောင်းချခြင်းသည်တရားဥပဒေနှင့်မညီ၍၊ 9 Ran 524 အမှုပါ၊ Alienation ဟူသောစကားရပ်တွင်အကျုံးဝင်ပါသည်။ မယား​၏သဘောတူချက်မရဘဲလင်ကထုခွဲခြင်းသည်မယား​၏ဝေစုနှင့်စပ်လျဉ်းသမျှပျက်ပြယ်သည်ဟု၊ PJLB 403 စီရင်ထုံးတွင်၊စာမျက်နှာ၄၀၅၌ထိုသို့ဆုံးဖြတ်ခဲ့ပါသည်။ ပျက်ပြယ်သောလွှဲပြောင်းမှုဟူသည်အကျိုးသက်ရောက်မှုမရှိပါ။ စာချုပ်ချုပ်ဆိုစဉ်ကပင်လွှဲပြောင်းမှုမမြောက်ပါ။ အမည်ခံအမည်ငှား(benami)လွှဲပြောင်းမှုသည်အကျိုးသက်ရောက်မှုမရှိ၍ထိုလွှဲပြောင်းမှုကိုတရားရုံးကပယ်ဖျက်ပစ်ရန်မလို၊ပိုင်ရှင်ကလက်ရောက်ရလိုမှုတန်း၍စွဲဆိုနိုင်သည်ဟု၊ 4 LBR 266 ( PC )စီရင်ထုံးတွင်ပြဆိုထားရာပျက်ပြယ်သောရောင်းချမှုကိုပယ်ဖျက်ရန်မလိုပါ။ ရောင်းချလွှဲပြောင်းမှုမရှိဟုသတ်မှတ်(TREAT)ရန်ဖြစ်ပါသည်။ ...

9 LBR 56

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဗုဒ္ဓဘာသာအမွေရှင်​၏အမွေကိုဆက်ခံသူများ​၏အနေအထားကို၊၁၉၁၆ခုနှစ်နိုဝင်ဘာလ၁၃ရက်နေ့၌အမြင့်ဆုံးတရားရုံးဖြစ်သည့်ပရီဗီကောင်စီက- 9 LBR 56 Tun Tha  vs.  Ma Thit and others . Before Lord Chancellor , Lord Shaw , Lord Wrenbury and Mr. Ameer Ali . အမှု၌၊အမွေဆိုင်သည်အမွေပုံ​၏တိကျသောဝေစုကိုရခွင့်ရှိကြောင်းထုံးဖွဲ့ပါသည်။ ပညာရှင်ဒေါက်တာဧမောင်က၊၎င်း​၏ဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၁၂နှင့်၁၁၃တွင်၊အမွေဆိုင်​၏ရခွင့်အပေါ်အယူအဆတိုးတက်ဖြစ်ထွန်းလာပုံကိုအောက်ပါအတိုင်းရှင်းပြထားသည်- "The Privy Council in Tun Tha v. Ma Thit ( 9 L. B. R. 56 ) held that the Orasa , whose rights will be more fully discussed later , on the death of a parent of the same sex , obtained a definite one-fourth part of the estate . At a subsequent stage of the case in Pan on v. Tun Tha ( 11 L. B. R. 292 ) it was held by the Chief Court of Lower Burma that the Orasa's interest came into existence on the death of one parent . This interest has been described by the High Court...

အမွေဆိုင်များ( heirs )သည်၊မြန်မာဗုဒ္ဓဘာသာလင်မယား​၏ပစ္စည်းခန်းဆိုင်ရေးဆိုင်ခွင့်နှင့်အနေအထားချင်းတူပါသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားသူကြီး၇ဦးဆုံးဖြတ်ထားသော၊ N.A.V.R. Chetty Firm  vs.  Maung Than Daing အမှု၊ 9 Ran. 524 စီရင်ထုံးတွင်၊အတူပိုင်ဆိုင်သူများအနက်တဦးသည်ကျန်တဦး​၏သဘောတူညီချက်မရဘဲကျန်တဦး​၏ဝေစုကိုလွှဲပြောင်းခွင့်မရှိဟုထုံးဖွဲ့ထားရာ၊ပရီဗီကောင်စီကထိုထုံးဖွဲ့ချက်ကို၊ U Pe  vs.  U Maung Maung Kha အမှု၊ 10 Ran. 261 ( PC )အမှုတွင်လက်ခံအတည်ပြုထားခဲ့ရာ၊ထိုအချိန်မှစ၍ထိုဥပဒေသမှာအခြေကျလျက်ရှိသည်။ အမွေဆိုင်များ( heirs )သည်၊မြန်မာဗုဒ္ဓဘာသာလင်မယား​၏ပစ္စည်းခန်းဆိုင်ရေးဆိုင်ခွင့်နှင့်အနေအထားချင်းတူပါသည်။ လင်မယားသည်အတူပိုင်ဆိုင်သူများဖြစ်သည်ဟု- 9 Ran. 524 N. A. V. R. Chettyar Firm  vs.  Maung Than Daing . Before Sir Arthur Page , Kt., Chief Justice , Mr. Justice Carr , Mr. Justice Das , Mr. Justice Maung Ba , Mr. Justice Mya Bu , Mr. Justice Sen and Mr. Justice Dunkley . အမှု၌၊တရားသူကြီးခုနှစ်ဦးပါသောစုံညီခုံရုံးက၊၁၉၃၁ခုနှစ်ဩဂုတ်လ၁၈ရက်နေ့ကဆုံးဖြတ်ခဲ့ပါသည်။ 9 Ran. 524 အမှုသည်၊၁၉၂၇ခုနှစ်မတ်လ၁၁ရက်နေ့ကဆုံးဖြတ်သော- 5 Ran. 296 ( FB ) Ma Paing  vs.  Maung Shwe ...

ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန် ၊ 1994 BLR 34

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်စိန်ကြည် နှင့် ဦးသန်းစိန် 1994 BLR 34  အမှုတွင်"အမွေရှင်သေဆုံးသည်နှင့်တပြိုင်နက်ကျန်ရစ်သူအမွေဆိုင်များသည်ဥပဒေအရအပြီးအပိုင်အမွေရရှိသောအခွင့်အရေး( Vested right )အရ၊၎င်းတို့က်ုယ်ပိုင်အခွင့်အရေးအနေဖြင့်အမွေဆက်ခံရရှိမည်ဖြစ်သည်"ဟုပြဆိုထားရာ၊အမွေဆက်ခံပိုင်ဆိုင်သည့်နေ့မှာအမွေရှင်သေဆုံးသည့်နေ့ဖြစ်ပါမည်။ အမွေရှင်သေသည့်နေ့၌အမွေဝေစုသည်အမွေဆိုင်များထံချက်ခြင်းသက်ဆင်းခြင်းဖြစ်ပါသည်။ အမှန်စင်စစ်၁၈၉၆ခုနှစ်တွင်ဆုံးဖြတ်သော- PJLB 295 Ma Ngwe Bwin  vs. Maung Lun Maung . Before H. F. Aston , Esq . စီရင်ထုံးစာမျက်နှာ၂၉၈၌- "The inheritance vested in the appellant , when her parents died" ဟုပြဆိုထားရာ၊ဆိုင်ရာဥပဒေဖြစ်ထွန်းခဲ့သည်မှာ၊လွန်ခဲ့သောအနှစ်၁၀၀ကျော်ကဖြစ်ပါသည်။ ပညာရှင်ဒေါက်တာမောင်မောင်(နောက်ဆုံး၌သမ္မတဖြစ်ခဲ့သူ)က၎င်း​၏မြန်မာဓလေ့ထုံးတမ်းဥပဒေကျမ်းတွင်လည်းဤအတိုင်းပင်ပြဆိုထားပါသည်။ အမွေဆက်ခံခြင်းကိုဆိုင်းငံ့( suspend )ထား၍မရစကောင်းဟုထောက်ပြထားပါသည်။ PJLB 403 စီရင်ထုံးစာမျက်နှာ၄၀၅တွင်၊လင်ကမယား​၏သဘောတူချက်မရဘဲမိမိအမွေရသောအမွေပစ္စည်းအားလုံးကိုသူတပါးအားအပိုင...

1959 BLR ( H C ) 326

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1959 BLR ( HC ) 326  Wali Mohamed  vs.  Daw Ahma Jan and one Before U San Maung and U Shu Maung , JJ . အမှုတွင်- လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်တဦးသည်၊သူနိုင်သောအမှု၌အချို့ငြင်းချက်များကိုသူ့အားအရှုံးပေး၍ဆုံးဖြတ်ထားစေကာမူအယူခံဝင်ခွင့်မရှိ။ အကြောင်းမူသူသည်အမှုနိုင်သူဖြစ်သည့်အလျောက်၊သူ့အားအရှုံးပေးသောကောက်ယူဆုံးဖြတ်ချက်များကြောင့်အကြီးအကျယ်ထိခိုက်နစ်နာခြင်းမရှိချေ။ သူ​၏အကျိုးကိုဆန့်ကျင်ချမှတ်သောဆုံးဖြတ်ချက်များကိုဒီကရီတွင်ဖော်ပြထားခြင်းမရှိသည့်ပြင်၊ဒီကရီ​၏တစိတ်တဒေသလည်းမဟုတ်ချေ။ ဒီကရီတွင်ထိုသူအားအမှုအနိုင်ပေးကြောင်းသာပါရှိမည်ဖြစ်သည်။ ဤကားယေဘုယျဥပဒေသ။ 1959 BLR ( HC ) 326 စီရင်ထုံးစာမျက်နှာ၃၂၆တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်- "The law relating to appeals is ordinary civil suits is that where a decree is absolutely in favour of a person although some issues are found against him , he has no right to appeal against the findings because he is firstly not adversely affected thereby and secondly because such findings are nof embodied in and do not ...

1961 BLR ( H C ) 132 ၊ မညို နှင့် မလှခင်ပါ၂

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 မညို နှင့် မလှခင်ပါ၂ တရားဝန်ကြီးဦးအောင်ခိုင်နှင့်ဦးစောဘသိန်းတို့ရှေ့မှောက်တွင်ကြားနာပြီးနောက်၊တရားဝန်ကြီးဦးစောဘသိန်းအမိန့်ချမှတ်သည်။ အမှုတွင်ဒေါ်အေးကြည်ဆိုသူကသူပိုင်ရေနံတွင်းများကိုမဖက်တီမာဘီဘီဆိုသူအားရောင်းချသည်။ နောက်ပိုင်းတွင်ဝယ်သူသေဆုံးသွားရာ၊မလှခင်ကဥပဒေတမျှအာနိသင်ရှိသောဓလေ့ထုံးတမ်းအရရေနံတွင်းများပိုင်ဆိုင်ခွင့်မှာရောင်းသူဒေါ်အေးကြည်လက်ဝယ်သို့ပြန်ရောက်သွားကြောင်း၊ဒေါ်အေးကြည်ကွယ်လွန်သောအခါမိမိသည်ဒေါ်အေးကြည်​၏အနီးစပ်ဆုံးဆွေမျိုးဖြစ်၍အမွေဆက်ခံကြောင်းစသည်ဖြင့်အဆိုပြုပြီးမညိုနှင့်မဖတ်တီမာဘီဘီ(ရေနံတွင်းများဝယ်သူမဟုတ်သောသူဖြစ်ဟန်တူသည်)တို့အပေါ်၊အဆိုပါရေနံရိုးကိုရထိုက်သူဖြစ်ကြောင်း၊မြွက်ဟကြေညာပေးစေလိုကြောင်းစွဲဆိုသည်။ မညိုကမလှခင်အဆိုပြုသကဲ့သို့၊ဓလေ့ထုံးစံရှိကြောင်းထောက်ခံသော်လည်း၊မိမိသာလျှင်ဒေါ်အေးကြည်​၏အနီးစပ်ဆုံးဆွေမျိုးဖြစ်သဖြင့်၊မလှခင်သည်တောင်းဆိုသောသက်သာခွင့်ကိုမရသင့်ကြောင်းထုချေသည်။ မဖက်တီမာဘီဘီကမူ၊မလှခင်နှင့်မညိုတို့စွပ်စွဲသကဲ့သို့ဓလေ့ထုံးစံမရှိဟုငြင်းသည်။ မူလရုံးကရေနံတွင်းများဝယ်ယူသူအနိစ္စရောက်သောအခါ၊ယင်းရေနံတွင်းများသည်ရောင်းသူဒ...

1965 BLR 117

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 ( မညို နှင့် မလှခင် )အမှုတွင်ပေါ်ပေါက်သော၊အယူခံဝင်ခွင့်ရှိ၊မရှိပြဿနာမှာ- 1965 BLR 117 ကိုဖန်စိန်း နှင့် ၁။ဒေါ်ရှုတင်(ခ)လင်ကြူသွင်၊ ၂။ဦးထန်စွိ တရားသူကြီးဦးမောင်မောင် အမှုတွင်တကျော့ပေါ်လာသည်။ ကိုဖန်စိန်းအမှုတွင်၊ကိုဖန်စိန်းနှင့်ကိုထန်စွိတို့သည်ညီအစ်ကိုများဖြစ်၍၊ဒေါ်ရှုတင်သည်မိထွေးဖြစ်သည်။ ဦးထန်စွိကဒေါ်ရှုတင်နှင့်ကိုဖန်စိန်းတို့အပေါ်ဖခင်ဦးနီကျန်ရစ်သောအမွေပစ္စည်းများကိုစီမံခန့်ခွဲပေးစေရန်တရားစွဲဆိုသည်။ ကိုဖန်စိန်းကတရားလိုဦးထန်စွိကိုထောက်ခံ၍အမှုတွင်ဖြောင့်ဆိုဝန်ခံသည်။ ဒေါ်ရှုတင်ကမူ၊ဦးထန်စွိတို့​၏ဖခင်ဦးနီသည်မိမိနှင့်အိမ်ထောင်ပြုသောအခါသူ​၏သားများ(ဦးထန်စွိနှင့်ကိုဖန်စိန်း)အားအမွေခွဲဝေပြီး၍၊မြန်မာဓလေ့ထုံးတမ်းဥပဒေအရမိမိထံမှအမွေတောင်းခွင့်မရှိကြောင်းထုချေသည်။ မူလရုံးကဦးထန်စွိတို့သည်ဖခင်ဦးနီထံမှအမွေရပြီးဖြစ်သည်ဟုကောက်ယူ၍အမှုကိုပလပ်လိုက်သည်။ မူလရုံး​၏ဆုံးဖြတ်ချက်ကိုဦးထန်စွိကအယူခံမဝင်ဘဲ၊ကိုဖန်စိန်းကအယူခံဝင်သဖြင့်၊အယူခံဝင်ခွင့်ရှိမရှိပြဿနာကိုဖော်ထုတ်ကြားနာပြီးနောက်၊ယခင်နိုင်ငံတော်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်။ "အယူခံတရားလိုသည်မူလရုံး...

Supreme Court of India

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ India's vast federated judicial system admits to a large number of reporters , each with their own style of citation . There are over 200 law reports in India - subject - wise and state ( province )- wise , authorized and unauthorized . Supreme Court of India However , some reporters have been authorised to publish the Court's decisions . The All India Reporter ( AIR ) is an old and respected reporter that , in addition to the Supreme Court , also reports decisions of the various State High Courts . Other popular reporters include Supreme Court Cases , which has become the most cited report in the Supreme Court , the Supreme Court Almanac , and Judgments Today . High Courts The All India Reporter ( AIR ) is the most popular nationwide reporter decisions of the High Courts . An AIR High Court citation looks like : Surjya Kumar Das v. Maya Dutta AIR 1982 Cal 222 , where " Cal " refers to the Calcutta High Court in Kolkata . This is a uni...

ဒေါ်ရှုတင်ရှေ့နေ(ဦးဗဂျမ်း)​၏ရိုးသားသောဝန်ခံချက်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 ( မညို နှင့် မလှခင် )အမှုတွင်ပေါ်ပေါက်သော၊အယူခံဝင်ခွင့်ရှိ၊မရှိပြဿနာမှာ- 1965 BLR 117 ကိုဖန်စိန်း နှင့် ၁။ဒေါ်ရှုတင်(ခ)လင်ကြူသွင်၊ ၂။ဦးထန်စွိ တရားသူကြီးဦးမောင်မောင် အမှုတွင်တကျော့ပေါ်လာသည်။ ဖခင်ကွယ်လွန်သောအခါကျန်ရစ်သည့်သားကိုဖန်စိန်းနှင့်ကိုထန်စွိတို့သည်မိထွေးဒေါ်ရှုတင်နှင့်အမွေပြဿနာဖြစ်ကြရာမှ၊ထိုသားတယောက်(ကိုဖန်စိန်း)ကမိထွေးအပေါ်အမွေမှုမစွဲဆိုဘဲ၊ကိုထန်စွိကမိထွေးနှင့်ညီ(ကိုဖန်စိန်း)အပေါ်၊အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုသည်။ မိထွေးဒေါ်ရှုတင်က၊အမွေရှင်(ဦးနီ)သည်မိမိနှင့်အိမ်ထောင်ပြုစဉ်ကသားများကိုအမွေခွဲဝေပြီးပြီဟုထုချေသည်။ ပူးတွဲတရားပြိုင်ကိုဖန်စိန်းကမူအမွေမခွဲဝေရသေးဟုတရားလိုကိုထန်စွိကိုထောက်ခံဖြောင့်ဆိုသည်။ အမှုတွင်အခြားငြင်းချက်များအပြင်"ချေလွှာအပိုဒ်၁၀အရတရားလိုနှင့်(၂)တရားခံ(တရားပြိုင်)တို့သည်မိမိတို့​၏အမွေဝေစုများကိုရယူပြီးဖြစ်ပါသလော"ငြင်းချက်ကိုထုတ်နုတ်၍ယင်းငြင်းချက်ကို၊ဒေါ်ရှုတင်​၏အကျိုးငှာဖြေဆိုကာနောက်ဆုံးတွင်ကိုထန်စွိစွဲဆိုသောအမှုကိုမူလတရားရုံးကပလပ်လိုက်သည်။ မူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီတို့ကို၊တရားလိုကိုထန်စွိကတရား...

လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1959 BLR ( HC ) 326  Wali Mohamed  vs.  Daw Ahma Jan and one Before U San Maung and U Shu Maung , JJ . အမှုတွင်- "လုံးလုံးလျားလျားအမှုနိုင်သောအမှုသည်တဦးသည်၊သူနိုင်သောအမှု၌အချို့ငြင်းချက်များကိုသူ့အားအရှုံးပေး၍ဆုံးဖြတ်ထားစေကာမူအယူခံဝင်ခွင့်မရှိ။ အကြောင်းမူသူသည်အမှုနိုင်သူဖြစ်သည့်အလျောက်၊သူ့အားအရှုံးပေးသောကောက်ယူဆုံးဖြတ်ချက်များကြောင့်အကြီးအကျယ်ထိခိုက်နစ်နာခြင်းမရှိချေ။ သူ​၏အကျိုးကိုဆန့်ကျင်ချမှတ်သောဆုံးဖြတ်ချက်များကိုဒီကရီတွင်ဖော်ပြထားခြင်းမရှိသည့်ပြင်၊ဒီကရီ​၏တစိတ်တဒေသလည်းမဟုတ်ချေ။" ဟုအယူခံဝင်ခြင်းနှင့်ဆိုင်သည့်၊ယေဘုယျဥပဒေနှင့်မသက်ဆိုင်ပုံကိုခွဲခြားပြဆိုပါက၊ပြည့်စုံသောစီရင်ထုံးတရပ်ပေါ်ပေါက်ခဲ့ရန်အကြောင်းရှိသည်။ 1959 BLR ( HC ) 326 စီရင်ထုံးစာမျက်နှာ၃၂၆တွင်အောက်ပါအတိုင်းဆုံးဖြတ်သည်- "The law relating to appeals is ordinary civil suits is that where a decree is absolutely in favour of a person although some issues are found against him , he has no right to appeal against the findings because he is firstly not adversely affected thereby and s...

စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေသကိုအခြားအမှုတွင်ပယ်ဖျက်( Overruled )သည့်ကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကိုအခြားအမှုတွင်ပယ်ဖျက်( Overruled )သည့်ကိစ္စ၌မူ၊အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။ 1892-96 , 2 UBR 608 Ma Tin  vs.  Doop Raj Barna . Before G. D. Burgess , Esq., C. S. I. အမှုတွင်၊မြန်မာပြည်သို့ထာဝရပြောင်းရွှေ့နေထိုင်ရာမှသေဆုံးသွားသောဗုဒ္ဓဘာသာတဦး​၏အမွေခန်းသည်၊ဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာဓလေ့ထုံးတမ်းဥပဒေ)အရဆုံးဖြတ်ရန်ဖြစ်သည်ဟုပြဆိုပါသည်။ (မှတ်ချက်။  ။ထိုထုံးဖွဲ့ချက်ကို D 1 C 746 ၌ဖော်ပြရန်ပျက်ကွက်နေသည်ကိုတွေ့ရသည်။) ၁၉၀၃ခုနှစ်၊ဧပြီလ၆ရက်နေ့တွင်၊တရားရုံးချုပ်ကဆုံးဖြတ်သော- 2 UBR 95 Fone Lan  vs.  Ma Gyee and others . Before Sir Herbert Thirkell White , K. C. I. E., Chief Judge and Mr. Justice Fox . အမှုတွင်၊ခုံရုံးကမြန်မာနိုင်ငံ၌ထာဝရနေထိုင်သွားသောဗုဒ္ဓဘာသာတရုပ်​၏အမွေခန်းသည်၊မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်မသက်ဆိုင်ဟု၊စီရင်ထုံးစာမျက်နှာ၉၈၌ပြဆိုသည်။ နောက်အမြင်မှာ- 1939 RLR 548 ( PC ) Tan Ma Shwe Zin and others  vs.  Koo Soo Chong and others . Present : Lord Russell of Killowen , Sir George Rankin and ...

ride out ( ခါးစည်းခံရင်းလွန်မြောက်သည် )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၂ခုနှစ်မှစ၍၂နှစ်ခန့်ကြာကာလသည်၊ပြည်သူ့တရားစီရင်ရေးစနစ်စမ်းသပ်ကာလဖြစ်သည်။ ၁၉၇၄ခုနှစ်ခန့်မှ၁၄နှစ်ကြာကာလသည်၊ထိုစနစ်အရှိန်ယူခဲ့သည်။ သို့သော်ထိုစနစ်မှာဆိုင်းမဆင့်ဘုံမဆင့်ဘဲချုပ်ငြိမ်းသွားရာမှ၊၁၉၈၈ခုနှစ်တွင်ပြဌာန်းသောတရားစီရင်ရေးဥပဒေအရပြည်သူ့တရားစီရင်ရေးစနစ်မတိုင်မီကခြေကုတ်ရခဲ့သောတရားစီရင်ရေးစနစ်ကိုပြန်လည်အသက်သွင်းသည်။ သို့သော်၁၅နှစ်အတွင်းခါးပြတ်ခဲ့သဖြင့်တရားသူကြီးများအဖြစ်ရုံးထိုင်တရားစီရင်သည့်အတွေ့အကြုံမရှိသောတရားရေးဝန်ထမ်းများတရားသူကြီးအဖြစ်တရားစီရင်ကြသည်။ တဖက်တွင်၁၉၆၇ခုနှစ်အကုန်ထက်နောက်မကျဘဲဝါရင့်သမ္ဘာရင့်ရှေ့နေကြီးများခါးပြတ်ခဲ့ရာမှ၊ပြည်သူ့တရားစီရင်ရေးစနစ်တွင်မှစတင်ရှေ့နေလိုက်ခဲ့သူများမှာ၊၁၉၈၈ခုနှစ်နောက်ဆုံး၅လခန့်နီးပါးတွင်တည်ထောင်သောတရားရုံးအဆင့်ဆင့်တွင်ရှေ့နေလိုက်ကြသည်။ မြို့ကြီးများတွင်တရားလွှတ်တော်ရှေ့နေကြီးများရှိသင့်သလောက်ရှိသော်လည်းအများစုမှာဖယ်ခံရပုံပေါ်သည်။၎င်းတို့​၏အတွေ့အကြုံကိုရုံးထိုင်တရားသူကြီးများသင်ယူခွင့်လျော့နည်းသွားသည်။ 1957 BLR ( HC ) 266( ဦးစံမောင်ရေးသောပွဲဦးထွက်စီရင်ချက် )တွင်၊ 1962 BLR ( CC ) 435 စီရင်ထုံးတို့တွင်၊မီးလောင်ခြင်းကြေ...

4 BLJ 250 ( Part 3 )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 4 BLJ 250 Ma Mo  vs.  Ma Set . Present - Heald and Chari , JJ . အမှု၌၊၁၉၂၅ခုနှစ်၊ဩဂုတ်လ၃၁ရက်နေ့တွင်မချမှတ်မီ၊မြန်မာနိုင်ငံ၌ 1907-08 , 2 UBR Civil Procedure 5 Nga Thet Tin  vs. Mi Kye Gyi . Before G. W. Shaw , Esq . 8 BLT 160 Shwe Tha U and 7 others  vs.  Hla Rhi and one . Before Sir Henery Hartnoll , J . 3 BLJ 54 Maung Thwe  vs.  Ma Shwe Pon . Present - Heald and Lentaigne , JJ . 3 Ran 77 Ma Tok and nine  vs.  Ma Yin and seven . Before Mr. Justice Pratt . လေးမှုတွင်သာ၊ပူးတွဲတရားပြိုင်အချင်းချင်း၌မီးသေခြင်းဆိုင်ရာဥပဒေသနှင့်စပ်လျဉ်း၍ဖော်ထုတ်ဆုံးဖြတ်ဖူးသော်လည်း၊အိန္ဒိယနိုင်ငံ(ထိုစဉ်ကမြန်မာနိုင်ငံသည်အိန္ဒိယနိုင်ငံ​၏ပြည်နယ်တခုဖြစ်သည်)ရှိတရားလွှတ်တော်များကထုံးပြုသောစီရင်ထုံးများထွက်ပေါ်ပြီးဖြစ်၍၊ 4 BLJ 250 အမှုတွင်၊ယင်းဥပဒေနှင့်စပ်လျဉ်းသည့်မူသဘောတရားများမှာအတည်တကျဖြစ်လျက်ရှိသည်( well settled )ဟုပြဆိုသည်။ ၁၉၃၂ခုနှစ်၊ဧပြီလ၁၂ရက်နေ့တွင်ပရီဗီကောင်စီကဆုံးဖြတ်သော- 10 Ran 322 ( PC ) Maung Sein Done  vs.  Ma Pan Ny...

6 Ran 575

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 6 Ran 575 Ma Pan Nyun  vs.  Maung Sit Paung and others . Before Mr. Justice Das . အမှုတွင်၊တရုပ်ဗုဒ္ဓဘာသာမိခင်ကွယ်လွန်သောအခါသမီးနှစ်ယောက်နှင့်သားနှစ်ယောက်ကျန်ရစ်ရာ၊သမီးမစိန်က၎င်း​၏အကိုများ(စစ်ပေါင်နှင့်စိန်ဒုံး)နှင့်ညီမ၊မပန်းညွန့်တို့အပေါ်မိခင်ကျန်ရစ်သောအမွေကိုစီမံခန့်ခွဲပေးရန်တရားစွဲဆိုသည်။ ထိုစဉ်ကတရုပ်ဗုဒ္ဓဘာသာ​၏အမွေခန်းသည်၊မြန်မာဓလေ့ထုံးတမ်းနှင့်မသက်ဆိုင်၊တရုပ်ထုံးတမ်းဥပဒေနှင့်သက်ဆိုင်သည်ဟူသောဥပဒေသကိုလက်ခံထားသည်။ (မှတ်ချက်။ ။ 1939 RLR 548 (PC )အမှုတွင်မှ၊ပရီဗီကောင်စီကမြန်မာနိုင်ငံတွင်အမြဲတမ်းနေထိုင်ကြသောဗုဒ္ဓဘာသာတရုပ်များ​၏အမွေခန်းကို၊မြန်မာဓလေ့ထုံးတမ်းဥပဒေအရဆုံးဖြတ်ရမည်ဟု၊၁၉၃၉ခုနှစ်၊ဇွန်လ၂၂ရက်နေ့တွင်ထုံးဖွဲ့သည်။) တရုပ်ထုံးတမ်းဥပဒေအရသမီးများသည်မိဘများ​၏အမွေကိုဆက်ခံခွင့်မရှိသဖြင့်တရားလိုမစိန်အမှုရှုံးသည်။ ထို့နောက်ယင်းအမှုတွင်တရားပြိုင်ဖြစ်သောသမီးမပန်းညွန့်က၊ယခင်အမှုမှတရားလိုမစိန်နှင့်ပူးတွဲတရားပြိုင်အကိုများအပေါ်၊အမေကျန်ရစ်သောအမွေကိုစီမံခန့်ခွဲပေးစေရန်တရားစွဲဆိုပြန်သည်။ ယခင်အမှု၌ချမှတ်သောစီရင်ချက်သည်၊တရားလိုမပန်းညွန့်အပေါ်မီးသေခြင်းမရှိဟုတရာ...

4 BLJ 250 ( Part 2 )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 4 BLJ 250 Ma Mo  vs. Ma Set  Present - Heald and Chari , JJ . စီရင်ထုံး၌၊ယခင်အမှုတွင်ချမှတ်သောကောက်ယူဆုံးဖြတ်ချက်တရပ်သည်၊ပူးတွဲတရားပြိုင်များအချင်းချင်း၌မီးသေရန်- (၁)ပူးတွဲတရားပြိုင်များအချင်းချင်းတွင်အကျိုးသက်ဆိုင်ခွင့်များဝိရောဓိဖြစ်မှုနှင့်စပ်လျဉ်း၍၊အဆုံးအဖြတ်ပေးရန်လိုအပ်ရမည်။ (၂)တရားလိုအားသင့်မြတ်သည့်သက်သာခွင့်တရပ်ရပ်ပေးရန်အလို့ငှာ၊ယင်းဝိရောဓိဖြစ်မှုနှင့်စပ်လျဉ်း၍၊အဆုံးအဖြတ်ပေးရန်လိုအပ်ရမည်။ (၃)ထိုအမှုတွင်တရားလိုများ​၏အခွင့်အရေးနှင့်တာဝန်များကိုအမှန်တကယ်အဆုံးအဖြတ်ပေးရမည်ဟူသောအချက်သုံးရပ်နှင့်ပြည့်စုံရမည်ဟုဖြေဆိုပြီးနောက်၊အောက်ပါအတိုင်းဆက်လက်ဆုံးဖြတ်သည်- "ယခင်အမှု(မှတ်ချက်။ ။အပေါင်ရွေးနုတ်လိုမှု)တွင်၊ရွေးနုတ်သည့်ငွေကိုမဆက်နှင့်မမိုးတို့နှစ်ဦးအနက်မည်သူရထိုက်ကြောင်းဝိရောဓိဖြစ်ခဲ့ဦးတော့(မှတ်ချက်။  ။ထိုငွေကိုအပေါင်ခံသူမဆက်ကရထိုက်စေလား၊မဆက်ထံမှပစ္စည်းဝယ်သူဆိုသောမမိုးကရထိုက်စေလားအငြင်းပွားစေဦး)တရားလိုများအားသင့်တော်သည့်သက်သာခွင့်(မှတ်ချက်။  ။ရွေးနုတ်ခွင့်)ပေးရန်အလို့ငှာ၊ထိုဝိရောဓိကိုအဆုံးအဖြတ်ပေးရန်မလို။ တရားလိုများကပေါင်သူများအနေဖြင့်တရ...

1961 BLR ( H C ) 132

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1961 BLR ( HC ) 132 အမှုတွင်၊တရားလိုမလှခင်စွဲဆိုသောအမှု၌၊၎င်းအဆိုပြုသောထုံးတမ်းစဉ်လာရှိပါမှ၎င်းအနိုင်ရရှိမည်ဖြစ်ရာ၊အမှုတွင်ထိုပြဿနာကိုအဆုံးအဖြတ်ပေးရန်လိုအပ်သည်ဖြစ်၍၊အမှုတွင်ထိုပြဿနာကိုမူလတရားရုံးကစီရင်ဆုံးဖြတ်ခြင်းဖြစ်သဖြင့်၊ထိုပြဿနာအပေါ်ဆုံးဖြတ်ချက်သည်၊တရားလိုမလှခင်နှင့်တရားပြိုင်မညိုနှင့်မဖက်တီမာဘီဘီတို့အချင်းချင်းတွင်သာလျှင်မီးသေသည်မဟုတ်။ ပူးတွဲတရားပြိုင်မညိုနှင့်မဖက်တီမာဘီဘီတို့အကြားတွင်လည်းမီးသေကြောင်းမြင်သာသည်။ သို့ဖြစ်ရာထိုစီရင်ထုံးစာမျက်နှာ၁၃၅၌"၎င်းနှင့်မဖက်တီမာဘီဘီတို့အကြားအခြားအမှုများတွင်ပိတ်ပင်တားမြစ်ခြင်း(မှတ်ချက်။ ။မီးသေခြင်း)ဖြစ်ရန်အကြောင်းမရှိဟုဆုံးဖြတ်ခြင်းသည်၊ 1961 BLR ( HC ) 132 အမှုကိုခုံရုံးသည်အယူခံကိုမဆုံးဖြတ်မီ၃၅နှစ်ကျော်ကတည်းက၊တရားလွှတ်တော်ခုံရုံးကဆုံးဖြတ်ခဲ့သည့်၊ 4 BLJ 250 စီရင်ထုံးနှင့်စပ်ဟပ်အဖြေထုတ်ပါက၊အဖြေတမျိုးထွက်နိုင်သည်။

4 BLJ 250

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 4 BLJ 250 Ma Mo  vs.  Ma Set . Present - Heald and Chari , JJ . စီရင်ထုံးကိုလက်လှမ်းမီရန်ခက်ခဲသဖြင့်၊ထိုအမှုအကြောင်းကိုပြည့်ပြည့်စုံစုံဆွေးနွေးလိုသည်။ ပထမအမှုတွင်ပစ္စည်းပေါင်သူလင်မယားကအပေါင်ခံသူမဆက်၊၎င်း​၏ခင်ပွန်းနှင့်မဆက်ထံမှအပေါင်ခံပစ္စည်းကိုဝယ်ယူထားသောမမိုးတို့အပေါ်အပေါင်ရွေးနုတ်လိုမှုစွဲဆိုသည်။ မမိုးကအပေါင်ခံပစ္စည်းကိုတရားလိုများပိုင်ကြောင်းမသိဘဲ၊ပိုင်ရှင်ဖြစ်ဟန်လက္ခဏာရှိသူမဆက်ထံမှတန်ရာတန်ကြေးပေးကာ၊သဘောရိုးဖြင့်ဝယ်ယူသည်ဟုထုချေသည်။ မဆက်ကအပေါင်ခံပစ္စည်းကိုမိမိ​၏ခင်ပွန်းလက်လှမ်းမမီစေရန်၊မမိုးအားအမည်ခံစေကာလွှဲပြောင်းခြင်းသာဖြစ်ကြောင်းထုချေသည်။ ထို့ပြင်၊ဝယ်သူများကအပေါင်ကြွေးမြီအတွက်အပေါင်ခံလယ်မြေကိုမိမိအားအပြီးအပြတ်လွှဲပြောင်းပြီးပြီဟုထုချေသည်။ သို့ရာတွင်ထိုသို့လွှဲပြောင်းမှုမှာ၊နှုတ်ဖြင့်လွှဲပြောင်းခြင်းဖြစ်၍အထမမြောက်၊အမှုတွင်လယ်မြေကိုမဆက်တို့အားပေါင်ထားသည်ကို၊တရားပြိုင်မမိုးသိသည်ဟုဆုံးဖြတ်သည်။ သို့ရာတွင်မမိုးသည်အမည်ခံအမည်ငှားမျှသာဖြစ်သလား၊သို့မဟုတ်တန်ရာတန်ကြေးပေး၍ဝယ်သူဖြစ်သလားဟူသောငြင်းချက်ကိုမူ၊မမိုးအားအသာပေးဆုံးဖြတ်သည်။ ထို့နောက်မဆက်ကမမိုးအပ...