Posts

Showing posts from December, 2021

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၈)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၈ 1951 BLR ( H C ) 410  ( Maung Thein  v.  Daw Htwe and others ) ( Before U On Pe and U San Maung , JJ. ) အမှုတွင်၊အမွေစီမံခန့်ခွဲပေးစေလိုမှုမှာအမွေဆိုင်အချင်းချင်းတွင်တရားဆိုင်ကြသောအမှုဖြစ်သဖြင့်၊အမွေပစ္စည်းတစိတ်တဒေသလက်ရှိဖြစ်သောသူတယောက်ကိုအမှုသည်အဖြစ်ထည့်သွင်းတရားစွဲဆိုခြင်းမပြုနိုင်။အမွေမှုပြီးမှ၎င်းအပေါ်အမွေခွဲတမ်းရသူကတရားတထုံးစွဲဆိုရန်ဖြစ်သည်ဟုပြဆိုသည်။ 1966 BLR 1588  ( ဦးမောင်ညို နှင့် အဘူး(ခ)မောင်အေးမောင်ပါ၁၉ ) ( တရားသူကြီးဦးချစ်ရှေ့တွင် ) အမှုတွင်၊၁၉၅၁ခုနှစ်စီရင်ထုံးနှင့်ခြားနားပြကာ၊အမွေပစ္စည်းအားလုံးရရှိသူသည်အမွေဆက်ခံတဦးမဟုတ်သော်ငြားလည်း၊အမွေစီမံခန့်ခွဲပေးစေလိုမှုတွင်တရားပြိုင်တဦးအနေဖြင့်ထည့်သွင်းတရားစွဲဆိုနိုင်သည်ဟုထုံးဖွဲ့သည်။ 1966 BLR 1588 အမှုတွင်စီရင်ထုံးစာမျက်နှာ၁၅၈၉၌ဖော်ပြထားချက်အရ၊အမွေရှင်တို့​၏အမွေပစ္စည်းများအားလုံးသည်၊သမီးရှာရဘန်(ခ)မညွန့်လက်ဝယ်၌ရှိသည်။၎င်းသည်အယူခံတရားလိုဖြစ်သူဗုဒ္ဓဘာသာဝင်ဦးမောင်ညို(တရားပြိုင်)နှင့်အကြောင်းပါရာမှဗုဒ္ဓဘာသာဝင်အဖြစ်သေဆုံးခဲ့သည်ဟုဖော်ပြထားရာ၊မြန်မာဓလေ့ထုံးတမ်...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၇)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၇ 2002 BLR 204 ( ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ပါ၃ )အမှု၊စီရင်ထုံးစာမျက်နှာ၂၁၀တွင်၊အယူခံတရားပြိုင်အမှတ်(၁)နှင့်(၃)တို့​၏ရှေ့နေကသက်သေခံ(၁)အရအယူခံတရားလိုတို့​၏မိခင်ဒေါ်ခင်လှကအယူခံတရားပြိုင်နှင့်၎င်း​၏မိခင်ထံမှငွေများနောက်ဆုံးလက်ခံစဉ်ကငွေသို့မဟုတ်ပစ္စည်းလုံးဝလက်ခံစရာမရှိတော့ဟုဝန်ခံခဲ့ကြောင်း၊အမွေရှင်မစ္စစ်အင်မာဖလောရင်းလူးဝစ်(စ်)သည်၁၇-၈-၈၆နေ့တွင်ကွယ်လွန်ခဲ့သော်လည်း၊အယူခံတရားလိုတို့​၏ဝေစုကိုတောင်းဆိုခြင်းမရှိဘဲနှစ်ပေါင်းများစွာငြိမ်သက်နေခဲ့ကြောင်း၊အယူခံတရားပြိုင်အမှတ်(၁)ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ကအချင်းဖြစ်မြေကိုသူတဦးတည်းပိုင်ကြောင်းကြေညာခြင်းမှာ၊အယူခံတရားလိုတို့​၏မိခင်​၏ဝန်ခံချက်အရအယူခံတရားလိုတို့သည်အမွေဆက်ခံရန်မရှိတော့သောကြောင့်၊ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ကြေညာချက်မှာအမှန်အတိုင်းကြေညာခြင်းဖြစ်ကြောင်း၊ဦးတင်ထွန်းနှင့်မဝိုင်းကြည်ပါ၇၊၁၉၉၂မတစ၆၉အမှုမှာ၊အမှုသည်အဖြစ်ပါဝင်သူမြေးများကအမွေရပြီးကြောင်းချေလွှာအရဝန်ခံခြင်းဖြစ်ပြီး၊ယခုအမှုတွင်အယူခံတရားလိုတို့​၏မိခင်အမွေပစ္စည်းအဖြစ်ရရန်မရှိတော့ကြောင်းဝန်ခံပြီးဖြစ်၍၊တိုင်းတရားရုံး​၏ဆု...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၆)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၆ 2002 BLR 204 ( ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)ပါ၃ )အမှုတွင်၊ 1991 BLR 149 ( ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင် )စီရင်ထုံး၌အောက်ပါဆုံးဖြတ်ချက်ကိုကိုးကားပြီးမိမိ​၏ဆုံးဖြတ်ချက်အဖြစ်ပြဆိုထားသည်- "ထပ်မံဆုံးဖြတ်ချက်။    ။ဒေါ်လွန်းပါ၅ နှင့် ဒေါ်သိန်းရင်အမှု၊ 1991 BLR 149တွင်အမွေမှု၌အချင်းဖြစ်ပစ္စည်းများသည်အမွေပစ္စည်းဟုတ်မဟုတ်ဆုံးဖြတ်ရသည်ဖြစ်ရာပစ္စည်းတရပ်ကိုအမွေရှင်ကအခြားသူတဦးအားလွှဲပြောင်းပေးခြင်းသည်ဥပဒေနှင့်ညီညွတ်မှုရှိမရှိပြဿနာကိုအမွေမှုတွင်အဆုံးအဖြတ်ပေးပါကအဆင်ပြေဆုံးဖြစ်ပေလိမ့်မည်။ထို့ပြင်အမှုပွားများခြင်းကိုလည်းတနည်းအားဖြင့်ပိတ်ပင်ရာရောက်ပေလိမ့်မည်။ကျွန်ုပ်တို့သည်၁၉၇၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများစာ-၁၅နှင့်၁၉၈၇ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးများစာ-၈၇အမှုများတွင်ထုံးဖွဲ့မှုများကိုသဘောတူလက်ခံသည်။သို့ဖြစ်၍ဤအမွေမှုတွင်အမွေရှင်ဒေါ်မကအချင်းဖြစ်မြေကိုဒေါ်သိန်းရင်အားပေးကမ်းခြင်းသည်ပျက်ပြယ်အတည်ဖြစ်မဖြစ်ပြဿနာကိုဖော်ထုတ်ဆုံးဖြတ်နိုင်သည်ဟုကောက်ယူဆုံးဖြတ်သည်။" ထိုသို့ဒေါ်လွန်းအမှုစီရင်ထုံးကို၊စီရင်ထုံးစာမျက်န...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၅)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၅ ပူးတွဲအမွေဆိုင်ဒေါက်တာဂျီအာရ်လူးဝစ်(စ်)က၊ဦးကြည်ဝင်းအားအမွေပစ္စည်းအားလုံးကိုရောင်းချခွင့်မရှိ၊မိမိ​၏အစု၃ပုံ၁ပုံ(ဖခင်ကွယ်လွန်စဉ်က၉ပုံ၂ပုံနှင့်မိမိထံမှ၉ပုံ၁ပုံ)ကိုသာရောင်းချခွင့်ရှိသည်။ကျန်အမွေဆိုင်များ​၏အစုကိုရောင်းချခြင်းသည်မဖြစ်နိုင်ဟုစီရင်ထုံးစာမျက်နှာ၂၁၇တွင်ကောက်ယူဆုံးဖြတ်ခြင်းကိုအငြင်းပွားရန်အကြောင်းမရှိ။ 2004 BLR 89 ( SAB )စီရင်ထုံးကိုကြည့်ပါ။ တရားရုံးချုပ်ကစီရင်ချက်စာမျက်နှာ၂၁၇နှင့်၂၁၈တွင်အောက်ပါအတိုင်းသုံးသပ်သည်- "အယူခံတရားလိုတို့​၏ဝေစုနှင့်စပ်လျဉ်း၍အတည်မဖြစ်သော်လည်း၊ဒေါက်တာဂျီအာရ်လူးဝစ်(စ်)​၏ဝေစုနှင့်စပ်လျဉ်း၍အတည်ဖြစ်သောကြောင့်ဝယ်သူဦးကြည်ဝင်းအနေဖြင့်အချင်းဖြစ်ပစ္စည်း​၏တစိတ်တဒေသကိုပစ္စည်းတရပ်လုံးအတွက်သဘောတူသောဈေးဖြင့်သက်သာခွင့်ရနိုင်သည်။ဤမူသဘောကို၊ ၂၀၀၀ မတစ ၉(၃၀)၊(၃၁)၊(၃၂)(ဦးကျော်မြင့်ပါ၂ နှင့် ဒေါ်ခင်မာမာပါ၄)(ကိုမောင်မြင့်ပါ၂ နှင့် ဒေါ်ခင်မာမာပါ၄)အမှုတွင်တွေ့မြင်နိုင်သည်။" 2000 BLR 9( SAB )အမှုမှာ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရပဋိညာဉ်အတိုင်းဆောင်ရွက်ပေးစေလိုမှုဖြစ်သည်။(စီရင်ထုံးစာမျက်နှာ၁၂-၁၃တွင်"မ...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၄)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၄ ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)(၎င်း​၏အခွင့်ရကိုယ်စားလှယ်ဒေါ်ခင်တီ)ပါ၃အမှုစီရင်ထုံးစာမျက်နှာ၂၁၄တွင်အောက်ပါအတိုင်းပြဆိုသည်- "မြန်မာနိုင်ငံတရားရုံးများတွင်ထိမ်းမြားလက်ထပ်ရေး၊အမွေဆက်ခံရေး၊အမွေခွဲဝေရေးကိစ္စများနှင့်သက်ဆိုင်သောမည်သည့်ပြဿနာမဆိုအဆုံးအဖြတ်ပေးရန်ရှိလျှင်သက်ဆိုင်ရာအမှုသည်များသည်ဗုဒ္ဓဘာသာဝင်ဖြစ်ပါကမြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊မဟာမေဒင်ဖြစ်လျှင်မဟာမေဒင်ဥပဒေ၊ဟိန္ဒူဖြစ်လျှင်ဟိန္ဒူတရားဥပဒေအရအဆုံးအဖြတ်ပေးရမည်ဖြစ်သည်ဟုမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)တွင်ပြဌာန်းထားသည်။ခရစ်ယာန်ဘာသာဝင်ဖြစ်ပါကယင်းဥပဒေပုဒ်မ၁၃(၁)အရတည်ဆဲဥပဒေနှင့်သက်ဆိုင်မည်ဖြစ်ရာ The Succession Act နှင့်အကျုံးဝင်မည်ဖြစ်သည်။ခရစ်ယာန်ဘာသာဝင်များအမွေဆက်ခံသည့်ကိစ္စ၊လင်ခန်းမယားခန်းကိစ္စ၊ပစ္စည်းခန်းကိစ္စများသည် The Succession Act နှင့်သက်ဆိုင်သည်။" မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာအက်ဥပဒေပုဒ်မ၁၃(၁)ပါပြဌာန်းချက်များသည်ဗုဒ္ဓဘာသာဝင်၊ဟိန္ဒူဘာသာဝင်၊မဟာမေဒင်ဘာသာဝင်များနှင့်သက်ဆိုင်သည်။ ခရစ်ယာန်ဘာသာဝင်နှင့်သက်ဆိုင်ကြောင်းပြဌာန်းထားခြင်းမရှိပါဘဲလျ...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၃)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၃ စီရင်ထုံးစာမျက်နှာ၂၀၇၌ဖော်ပြထားသည့်အတိုင်းအမွေရှင်ယောကျ်ားသည်၁၉၆၉ခုနှစ်အတွင်း၌ကွယ်လွန်သောအခါဇနီး၊မုဆိုးမနှင့်သားသမီး၃ဦး(သား၂ဦးနှင့်သမီးတဦး)တို့ကျန်ရစ်ခြင်းသည်အမှုဖြစ်စဉ်ဖြစ်ပေရာခရစ်ယာန်ဘာသာဝင်ဒီအာရ်လူးဝစ်(စ်)ကွယ်လွန်သောအခါ၎င်း​၏အမွေကိုဆက်ခံရေးနှင့်သက်ဆိုင်သောဆိုင်ရာဥပဒေမှာအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၃၃(က)နှင့်ပုဒ်မ၃၇ပါအောက်ပါပြဌာန်းချက်များဖြစ်သည်- "33. Where the intestate has left a widow- (a) if he has also left any lineal descendants one-third of his property shall belong to his widow , and the remaining two-thirds shall go to his lineal descendants , according to the rules hereinafter contained , 37. Where the intestate has left surviving him a child or children , but no more remote lineal descendant through a deceased child , the property shall belong to his surviving child , if there is only one , or shall be equally divided among all his surviving children." ပုဒ်မ၃၃(က)အရကျန်ရစ်သူမုဆိုးမ၊မစ္စစ်အင်မာဖလောရင်းလူးဝ...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၂)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၂ အလျဉ်းသင့်၍ဆွေးနွေးရပါလျှင်မြန်မာဓလေ့ထုံးတမ်းဥပဒေပါအမွေခန်းကိုဖော်ပြရာ၌အချက်အားလုံးတွင်မုဆိုးဖို၊မုဆိုးမ၊သား၊သမီး၊မြေး၊မြစ်စသည်တို့အမွေဆက်ခံရေး၊အမွေခွဲဝေရေးကိစ္စတို့ကိုရေးသားပြီးမှ၊အမွေရှင်​၏ညီအစ်ကိုမောင်နှစ်မများ၊မိဘများနှင့်သားချင်းတို့အမွေဆက်ခံရေး၊အမွေခွဲဝေရေးအကြောင်းဆက်ရေးပါသည်။ ထိုနည်းတူအမွေဆက်ခံရေးအက်ဥပဒေတွင်လည်းမုဆိုးဖို၊မုဆိုးမအမွေဆက်ခံရေးကိစ္စကိုပုဒ်မ၃၃နှင့်၃၅တွင်လည်းကောင်း၊သား၊သမီး၊မြေး၊မြစ်စသည်တို့အမွေဆက်ခံသည့်ကိစ္စကိုပုဒ်မ၃၄၊ပုဒ်မ၃၆မှပုဒ်မ၄၀တွင်လည်းကောင်းပြဌာန်းထားသည်။ ထို့နောက်မှမိဘ၊ညီအစ်ကိုမောင်နှစ်မများ၊တူ၊တူမများ၊သားချင်းများအမွေဆက်ခံရေးအကြောင်းပုဒ်မ၄၁မှ၄၈တွင်ဆက်လက်ပြဌာန်းထားသည်။ ပုဒ်မ၃၃မှပုဒ်မ၄၈ပါပြဌာန်းချက်များကိုစလယ်ဆုံးဖတ်ရှုပါလျှင်တရားရုံးချုပ်သည်ပုဒ်မ၄၁ကိုကိုးကားပြီးအယူခံကိုဆုံးဖြတ်နိုင်ရန်အကြောင်းမရှိနိုင်ပါ။ ပြဌာန်းချက်မကျေ၍မှားယွင်းခြင်းဖြစ်သည်။ တရားရေးအကြံပေးသည်ကနဦးအမှားကိုကျူးလွန်ပုံပေါ်သည်။ ရုံးထိုင်တရားသူကြီးကထိုသို့ပြဌာန်းချက်များကိုဖော်ပြခြင်းမပြုဘဲရေးသောစီရင်ချက်မူကြမ်းကိုအမှန်ဟုသတ်မှတ်ကာ၊သက...

ရှုပ်ထွေးလှသောအမွေမှု(အပိုင်း၁)

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှုပ်ထွေးလှသောအမွေမှု၊အပိုင်း၁ 2002 BLR 204   ဒေါ်ခင်မူမူပါ၂ နှင့် ဒေါက်တာဂျီအာရ်လူးဝစ်(စ်)(၎င်း​၏အခွင့်ရကိုယ်စားလှယ်ဒေါ်ခင်တီ)ပါ၃  စီရင်ထုံးတွင်အမှုဖြစ်စဉ်ကိုစာမျက်နှာ၂၀၇တွင်ဖော်ပြထားသည်။ စီရင်ထုံးစာမျက်နှာ၂၁၆တွင်အောက်ပါအတိုင်းကောက်ယူဆုံးဖြတ်သည်- "အမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁အရသေတမ်းစာမရေးဘဲကွယ်လွန်သူတွင်သားသမီးများနှင့်အမွေမမီမြေးများကျန်ရစ်လျှင်အမွေမမီမြေးများသည်မိမိတို့မိဘသက်ထင်ရှားရှိခဲ့လျှင်ရမည့်ဝေစုအတိုင်းရ၍အချင်းချင်းညီတူအမျှခွဲဝေယူရမည်ဟုဖော်ပြထားသည်။၎င်းသို့ဖြစ်ရာအယူခံတရားလိုတို့သည်၎င်းတို့စွဲဆိုသည့်အတိုင်းကွယ်လွန်သူအဘိုးအဘွားကျန်ရစ်သောအမွေတွင်၃ပုံ၁ပုံရရှိမည်ဖြစ်သည်။" အထက်ပါအမွေဆက်ခံရေးအက်ဥပဒေပုဒ်မ၄၁တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- "Where an intestate  has left no lineal descendants , the rules for the distribution of his property ( after deducting the widow's share , if he has left a widow's share , if he has left a widow ) shall be those contained in section 42 to 48." မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမ...

မှတ်သားရန်များ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မှတ်သားရန်များ (၁)အဆိုအချေရေးသောရှေ့နေရှေ့ရပ်များသည်မိမိတို့စွဲဆိုထုချေရန်ရှိသည့်အမှုနှင့်သက်ဆိုင်သောဥပဒေများ( 2010 BLR 69 အမှုတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ပဋိညာဉ်ဥပဒေ)နှင့်စီရင်ထုံးများကိုကျေကျေညက်ညက်လေ့လာရမည်။ဤအမှုတွင်မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်စပ်လျဉ်း၍ကျမ်းအများအပြားရှိသည်။မြန်မာဘာသာဖြင့်ကျမ်းရှိ၍တပန်းသာသည်။ ဆိုင်ရာစီရင်ထုံးများကိုစီရင်ထုံးပေါင်းချုပ်D1မှD7တွင်လည်းကောင်း၊ထိုကျမ်းများနောက်ထုတ်ဝေသောစီရင်ထုံးများတွင်လည်းကောင်းရှာဖွေရန်ဖြစ်သည်။ပထမစီရင်ထုံးပေါင်းချုပ်D1သည်စီရင်ထုံးများကိုလွယ်လင့်တကူရှာနိုင်ရန်စိစစ်ထားပုံကောင်းသည်။ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်စပ်လျဉ်း၍ခေါင်းစဉ်အလိုက်ခွဲ၍ဖော်ပြထားသည်မှာနည်းစနစ်ကျသည်။ကော်လံ၂၃၆ Burmese Buddhist Law - Marriage တွင်ခေါင်းစဉ်ငယ်အောက်၌လေးမျိုးခွဲထားရာ၊ခေါင်းစဉ်ငယ်သုံးမှာ Breach of Promise of Marriage သည်ယခုအမှုနှင့်သက်ဆိုင်သည်ဖြစ်၍၊ထိုခေါင်းစဉ်ငယ်အောက်တွင်ရှာပါကကော်လံ၂၃၇နှင့်၂၄၀တွင်ဆိုင်ရာစီရင်ထုံးနှစ်ရပ်ကိုပက်ပင်းတိုးမည်ဖြစ်သည်။ ဒေါက်တာဧမောင်​၏ကျမ်းပါထိမ်းမြားခြင်းအကြောင်းရေးထားသည့်အခန်း၂ကိုဖတ်ပါလျှင်စာမျက်နှာ၄၇အေ...

ခိုင်မာသောထိမ်းမြားမှုမြောက်ရန်လိုအပ်သည်မှာကာယကံရှင်နှစ်ဦးသဘောတူချက်ဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ခိုင်မာသောထိမ်းမြားမှုမြောက်ရန်လိုအပ်သည်မှာကာယကံရှင်နှစ်ဦးသဘောတူချက်ဖြစ်သည်ဟု- 1948 BLR 625  ( Ma E Mai and one  v.  Ma Kyi Kyi and one ) ( Before U Tun Byu and U Aung Tha Gyaw , JJ. ) အမှု၌ထုံးပြုချက်ကိုလက်ခံကျင့်သုံးခဲ့သည်မှာနှစ်ရာချီကြာခဲ့သောအခြေကျလျက်ရှိသည့်တရားဥပဒေ( settled law )ဖြစ်ပါသည်။ အကြင်လင်မယားဖြစ်ရန်ကာယကံရှင်တို့​၏၊သဘောတူချက်သည်သော့ချက်ဖြစ်သည်။ မူလတရားရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်ဟုစီရင်ထုံးစာမျက်နှာ၇၂နှင့်၇၃တို့တွင်အောက်ပါအတိုင်းဖော်ပြထားသည်- "မူလမှုတွင်မူလရုံးက(၁)တရားပြိုင်သည်တရားလိုအားထိမ်းမြားလက်ထပ်ရန်ကတိပြု၍ကာမရယူခဲ့သည်မှာမှန်ကြောင်း၊တရားပြိုင်များက၂၀၀၇ခုနှစ်အောက်တိုဘာလ(သီတင်းကျွတ်လဆန်း)တွင်ထိမ်းမြားမင်္ဂလာပြုလုပ်ပေးမည်ဟုကတိပြုခဲ့သည်မှာမှန်ကြောင်း၊(၂)နှင့်(၃)တရားပြိုင်တို့ကတရားလိုနှင့်(၁)တရားပြိုင်အားမပေးစားနိုင်ဟုငြင်းဆိုကာကတိပျက်ကွက်ခဲ့သည်မှာမှန်ကြောင်း၊ထိုသို့ကတိပျက်ကွက်ခဲ့၍တရားလိုမှာအရွယ်မရောက်မီအပျိုရည်ပျက်ကာဘဝအညွန့်ကျိုးခဲ့၍ငွေကြေးတန်ဘိုးအားဖြင့်တိုင်းတာ၍မရနိုင်အောင်နစ်နာခဲ့ရကြောင်း၊တရားပြိုင်များမှာဆန်ပွဲရုံလုပ်က...

မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်မှုအတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဗုဒ္ဓဘာသာမိဘသည်သားသမီးကိုပေးပါရန်ကတိပျက်ကွက်သည့်အတွက်လျော်ကြေးပေးရန်တာဝန်ရှိပါသလော? 2010 BLR 69   မောင်ရဲငြိမ်းအောင်ပါ၃ နှင့် မခင်စန်းနွယ်( အရွယ်မရောက်သေးသူ၊၎င်း​၏အုပ်ထိန်းသူမိခင်ဒေါ်စန်းမြင့် )  အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာအောက်ပါအတိုင်းဖြစ်သည်- "မိန်းကလေးအားထိမ်းမြားလက်ထပ်ရန်ကတိပျက်ကွက်သည့်ယောကျ်ားအပြင်၊ထိမ်းမြားလက်ထပ်ပေးရန်ကတိပြုသည့်ယောကျ်ား​၏မိဘကိုပါကတိပျက်ကွက်မှုအတွက်လျော်ကြေးငွေကျပ်သိန်း၁၀၀ပေးလျော်စေရန်ဒီကရီချမှတ်ခြင်းသည်ဥပဒေနှင့်ညီညွတ်မှုရှိမရှိ။" တရားရုံးချုပ်အထူးခုံရုံးကအောက်ပါအတိုင်းဆုံးဖြတ်သည်- "မြန်မာမှုနယ်ပယ်တွင်လည်းလူကြီးစုံရာဖြင့်မိန်းကလေးရှင်​၏မိဘများထံအပ်နှံကြရာတွင်ယောကျ်ားလေး​၏မိဘများပါလိုက်ပါပြီးလူငယ်နှစ်ဦးအားလက်ထပ်ပေးရန်ကတိပြုရသူများမှာမိဘများဖြစ်ကြကာမိဘ​၏ဝတ္တရားများတွင်လည်းသားသမီးများအားထိမ်းမြားပေးရန်တာဝန်ရှိသူများဖြစ်ကြသည်။'သားသမီးမကောင်းမိဘခေါင်း'ဟူ၍ပင်ဆိုရိုးရှိသည်။ ကလေးသူငယ်ဥပဒေအရလည်းကလေးသူငယ်ကျူးလွန်သောပြစ်မှုနှင့်စပ်လျဉ်း၍ကလေး​၏မိဘများအပေါ်ဒဏ်ငွေချမှတ်ခြင်းကိုပြဌာန်းထားသည်။" အထက်ပါဥပဒေကိုမှန်သ...

ရှေ့နေရှေ့ရပ်များအကြောင်းကြောင်းကြောင့်ဥပဒေပညာလေ့လာမှုအားနည်းသွားသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှေ့နေရှေ့ရပ်များအကြောင်းကြောင်းကြောင့်ဥပဒေပညာလေ့လာမှုအားနည်းသွားသည်ဟု၁၉၇၉ခုနှစ်ဗဟိုတရားရုံးလက်ထက်မှသည်၁၉၉၁ခုနှစ်ကုန်တရားရုံးချုပ်လက်ထက်အထိတရားရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံအရအကဲခတ်မိပါသည်။ စာရေးသူနယ်ပိုင်တရားမတရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်စဉ်ကပညာသင်ယူခဲ့ရသောရှေ့နေကြီးမျိုးကိုဗဟိုတရားရုံးနှင့်တရားရုံးချုပ်တွင်တွေ့ရခဲပါသည်။ စာရေးသူတွေ့ရသောရှေ့နေရှေ့ရပ်တို့​၏အားထုတ်ကြိုးပမ်းမှုသည်သိသိသာသာလျော့ပါးသွားပါသည်။အကြောင်းအမျိုးမျိုးရှိပါသည်။ ဗဟိုတရားရုံးလက်ထက်ကဥပဒေကိုပြည့်ပြည့်စုံစုံတင်ပြလျှင်လည်းအကြောင်းမထူးဟုရှေ့နေကြီးအချို့ကသဘောထားကြသည်။ထိုသို့သဘောထားရန်အကြောင်းဖန်ခဲ့မှုများလည်းရှိခဲ့ပါသည်။ တရားရုံးချုပ်လက်ထက်တွင်တိုးတက်လာသည်ကိုတွေ့ရသော်လည်းထိုအချိန်တွင်လုပ်သက်ရင့်ရှေ့နေကြီးများ​၏အရေအတွက်သိသိသာသာလျော့နည်းသွားပါပြီ။နှောင်းခေတ်ရှေ့နေများမှာယင်းရှေ့နေကြီးမျိုးထံမှပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံတရားစီရင်ရေးစနစ်တဖြေးဖြေးအားပျော့လာသည်ကို၁၉၆၈ခုနှစ်မှစ၍သိသိသာသာမြင်သာသည်။ စီရင်ထုံးစာအုပ်များပါးခြင်းကတနည်းဖော်ညွှန်း(suggest)လျက်ရှိသည်။ သမိုင...

လောကပါလတရားဟူသည်အများပြည်သူဆိုင်ရာမူဝါဒအဖြစ်ဖြင့်စီး၍မကောင်းသောမြင်းဆိုးကြီး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မောင်ကိုကြီးအမှုတွင်၊"ထိမ်းမြားလက်ထပ်ရန်ကတိပြုခြင်းကိုကုန်ရောင်းကုန်ဝယ်ပြုရန်ကတိပဋိညာဉ်ပြုခြင်းမျိုးနှင့်တပြေးတည်းထား၍စဉ်းစားရန်သင့်တော်မည်မဟုတ်ချေ"သုံးသပ်ခြင်းနှင့်စပ်လျဉ်း၍ဒေါက်တာဧမောင်က၊ပဋိညာဉ်အက်ဥပဒေသည်နှစ်ဦးနှစ်ဖက်သဘောတူဆက်ဆံကြသည့်ကိစ္စအရပ်ရပ်တို့နှင့်သက်ဆိုင်ကြောင်း၊၎င်း​၏ကျမ်းစာမျက်နှာ၁၈တွင်အောက်ပါအတိုင်းသုံးသပ်သည်- " The implication that the Contract Act applies only to mercantile or commercial dealings is to restrict the scope of the Act without justification . The Act is intended to and does apply to all consensual dealings . " မောင်ကိုကြီးနှင့်ဒေါ်အုံးခင်အမှုတွင်- "ယခုအခါတွင်နိုင်ငံ၌ကျင့်သုံးနေကြသောလူလူချင်းအနိုင်အထက်မပြု၊အမြတ်မထုတ်၊လောကပါလတရားကျင့်ဝတ်တို့နှင့်အညီကူးလူးဆက်ဆံကြသည့်တရားကိုထောက်ရှု၍လည်းကောင်း၊ရှေ့မှောက်ရှိပြဿနာပေါ်တွင်'ဖော်ပြသောအခြေအနေမျိုးတွင်ကတိပျက်သောယောကျ်ားအပေါ်လျော်ကြေးရလိုကြောင်းတရားစွဲဆိုနိုင်သည်'ဟုယူဆသည်။" ဟုထုံးဖွဲ့ထားချက်နှင့်စပ်လျဉ်း၍၊ဒေါက်တာဧမောင်က၎င်း​၏ကျမ်းစာမျက်နှာ၁၈နှင့်၁၉တိ...

မောင်ထွန်းအောင်အမှု 14 Ran 215 ( F B )ထုံးဖွဲ့ချက်မမှန်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မောင်ထွန်းအောင်အမှု၊ 14 Ran . 215 ( F B )ထုံးဖွဲ့ချက်မမှန်၊ မောင်ကိုကြီးအမှု၌ရည်ညွှန်းသော- 11 LBR 99 ( F B ) Maung Gale v. Ma Hla Yin .   Before Mr . Justice Robinson , Chief Judge , Mr . Justice Maung Kin , and Mr . Justice Heald  ( 14 Ran . 215 ( F B )စီရင်ထုံးကပယ်ဖျက်သည် ) ဆုံးဖြတ်ချက်ကမှန်သည်ဟုဒေါက်တာဧမောင်က၎င်း​၏ကျမ်းစာမျက်နှာ၁၇နှင့်၁၈တို့တွင်အောက်ပါအတိုင်းဝေဖန်ထားသည်- " An agreement to marry , if and when implemented by the parties living together , unquestionably will constitute marriage at Burmese Buddhist Law . An agreement to marry is thus an essential step in the creation of marriage status . Section 2 ( a ) of the Majority Act cannot be read as meaning " in the matter of celebrating marriage . " Also the words ' to act ' does not imply a physical operation ; to enter into an agreement to marry no less than to cohabit is ' to act '. The High Court of Judicature at Rangoon in holding that nothing that does not br...

မသက်ထားအမှုသည်အဖြစ်မပါဝင်သောစောဒကမှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မသက်ထား​၏အမှုကိုပယ်သောမူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီကိုခရိုင်တရားမရုံးကအတည်ပြုခဲ့ရာ၊မသက်ထားကတရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်ဆက်လက်အယူခံမဝင်တော့သဖြင့်မောင်ကိုကြီးက၎င်းအားထိမ်းမြားပါမည်ဟုပြုသောကတိပျက်ခြင်းမရှိဟုစုံညီခုံရုံးကဆုံးဖြတ်ခြင်းသည်၊ခရီးသွားဟန်လွှဲဆုံးဖြတ်ချက်ဖြစ်သည်ဟု၊ဒေါက်တာဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)စာမျက်နှာ၁၈တွင်အောက်ပါအတိုင်းဝေဖန်ပြထားသည်- " From what has preceded , the conclusion of the Chief Court of the Union of Burma in Maung Ko Gyi's case , that promise of marriage by or with a minor is not invalid , though technically an obiter dictum because of the failure of the minor girl to appeal to the Chief Court against the rejection by the Lower Court of her claim to damages for breach of promise of marriage , is not assailable .  Even so , as some of the observations of the Learned Chief Judge can perplex Judges of subordinate courts ( just as they perplex the author ) who might misconstrue them ...

14 Ran 215 ( F B ) ( Maung Tun Aung v. Ma E Kyi )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးစာမျက်နှာ၉၁၈တွင်၊မောင်ကိုကြီး​၏ရှေ့နေ(ဦးလှညွန့်)ရည်ညွှန်းသော- 14 Ran. 215( F B ) ( Maung Tun Aung  v.  Ma E Kyi. ) ( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U. ) အမှုသည်ပဋိညာဉ်ပြုသူယောကျ်ားလေးမောင်ထွန်းအောင်ကတဖက်၊ကာယကံရှင်မိန်းကလေး(ကတိရသူ)ကတဖက်တရားဆိုင်သောအမှုဖြစ်၍ထိုစီရင်ထုံးသည်၊မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့နှစ်ဦးသာတရားဆိုင်သောအမှုနှင့်သက်ဆိုင်ရန်အကြောင်းမရှိ။ စီရင်ထုံးစာမျက်နှာ၉၂၀၌ရုံးတော်သဟာယရှေ့နေတဦး(ဦးမြစိန်)ကမောင်ထွန်းအောင်အမှုစီရင်ထုံးသည်ခေတ်နှင့်မလျော်တော့ပါပြီ။အခြေခံအားဖြင့်လည်းမှားယွင်းပါသည်ဟုတင်ပြခြင်းသည်လည်းကောင်း၊ စီရင်ထုံးစာမျက်နှာ၉၂၁၌အခြားရုံးတော်သဟာယဖြစ်သည့်လက်ထောက်နိုင်ငံတော်ရှေ့နေချုပ်(ဦးဘကျော်)က၊မောင်ထွန်းအောင်အမှုစီရင်ထုံးကို၊ပြောင်းလဲလာသည့်အခြေအနေများနှင့်ယှဉ်၍ထပ်မံသုံးသပ်ရန်လိုအပ်ပြီဟုတင်ပြခြင်းသည်လည်းကောင်း၊ စုံညီခုံရုံးကဆုံးဖြတ်ရန်ဖြစ်သောပြဿနာ(အမှုတွင်မောင်ကိုကြီးနှင့်ဒေါ်အုံးခင်တို့အချင်းများသည့်ပြဿနာ)တွင်၊အကျုံးမဝင...

မောင်ကိုကြီး နှင့် ဒေါ်အုန်းခင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မောင်ကိုကြီးနှင့်ဒေါ်အုန်းခင်၊ 1965 BLR 913 စောဒကအမှုတွင်"လျှောက်ထားသူသည်မူလရုံးတွင်၎င်းအပေါ်ကတိပျက်ကွက်မှုစွဲဆိုခံရစဉ်အခါကအသက်(၂၅)နှစ်ခန့်ရှိပြီးဖြစ်၍အရွယ်ရောက်ပြီးသူတဦးဖြစ်သည်။လျှောက်ထားခံရသူ​၏သမီးမသက်ထားမှာအသက်(၁၇)နှစ်ကျော်ခန့်အရွယ်သို့ရောက်သည်တွင်လျှောက်ထားသူနှင့်လူငယ်ချင်းရည်ငံခဲ့ကြသည်သာမက၊လျှောက်ထားသူကမသက်ထားအားတရားဝင်လက်ထပ်၍ယူပါမည်ဟုကတိပြုခဲ့သည်။လျှောက်ထားခံရသူနှင့်မသက်ထားနှစ်ဦးဆုံ၍လည်းလျှောက်ထားသူ​၏ကတိကိုရယူခဲ့ကြသည်။ထို့နောက်မသက်ထားတွင်ကိုယ်ဝန်အရင့်အမာရှိလာသောအခါလျှောက်ထားသူကလက်ထပ်ရန်ကတိပျက်သဖြင့်၎င်းအပေါ်မသက်ထားနှင့်လျှောက်ထားခံရသူတို့ကလျော်ကြေးရလိုမှုတရားစွဲဆိုခဲ့ကြသည်။ ၎င်းတို့အမှုကိုအောက်ရုံးကပလပ်ခဲ့သည်။ အယူခံဝင်ရာခရိုင်တရားမတရားရုံးကမသက်ထား​၏အမှုကိုပလပ်ခြင်းမှာမှန်ကန်သည်။သို့ရာတွင်လျှောက်ထားခံရသူအားလျှောက်ထားသူကကတိပြုခြင်းမှာမူပဋိညာဉ်မြောက်သဖြင့်လျော်ကြေးငွေပေးစေဟုဆုံးဖြတ်သည်။ တရားရုံးချုပ်သို့အယူခံဝင်ရာ- "အရွယ်ရောက်ပြီးယောကျ်ားတဦးကအရွယ်မရောက်သေးသောမိန်းကလေးတဦးကိုလက်ထပ်ပါမည်ဟူ၍၎င်းမိန်းကလေး​၏မိခင်အားကတိဝန်ခံပြုခဲ့သည်။မိခင်ကလည်းတုံ...

7 Ran 677 ( U Pyinna and others v. Maung Law and others )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 7 Ran. 677  ( U Pyinna and others  v. Maung Law and others. ) ( Before Sir Guy Rutledge , Kt. , K . C . , Chief Justice , Mr . Justice Carr , Mr . Justice Maung Ba , Mr . Justice Brown  and Before Sir Benjamin Heald , Kt. , Officating Chief Justice , Mr . Justice Chari , Mr . Justice Das , Mr . Justice Mya Bu , Mr . Justice Ormiston. )အမှုတွင် တရားလွှတ်တော်တရားဝန်ကြီးတဦး( Mr . Justice Carr. )က 5 Ran. 626 ( U Teza  v. Ma E Gywe and others. ) ( Before Mr . Justice Maung Ba. ) စီရင်ထုံးကိုစုံညီခုံရုံးဖြင့်ပြန်လည်စိစစ်ပေးရန်တင်ပြရာအလွန်တရာစိတ်ဝင်စားဖွယ်ဥပဒေပြဿနာတို့ကိုစီရင်ထုံးစာမျက်နှာ၆၈၀တွင်ဖော်ပြထားချက်ကိုအောက်ပါအတိုင်းတွေ့ရသည်- " Carr . J . , referred two questions for decision by a Full Bench , the first of which was : Is the sale of immoveable property to a Burmese Buddhist monk void on the ground that a monk is prohibited by the rules of the Vinaya from entering into such pecuniary transactions ? Thd reference came before a Bench o...