12 Ran 263 ( DB )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A. I. R. 1934 Rangoon 216 U Ba Sein-Appellant. V. Maung San and another-Respondents. MYA BU AND DUNKLEY, JJ. Equivalent citation = 12 Ran 263 စီရင်ထုံးနှင့် ——————————————————— A. I. R. 1935 Rangoon 133 C. A. C. A. R. Chettyar, Firm-Appellant. V. U Maung Maung and another-Respondents. MYA BU AND MACKNEY, JJ. စီရင်ထုံးနှစ်ရပ်ကိုပူးတွဲမှတ်သားဖတ်ရှုရန်လိုသည်။ ——————————————————— 12 Ran.263(D.B.)အမှုမှာဖော်ပြတဲ့အကြောင်းပြချက်ကိုအခြေခံပြီး၊A.I.R.1935 Ran.133 ( စီ ၊ အေ ၊ စီ ၊ အေ ၊ အာရ် ၊ ချစ်တီးယားဖမ်း နှင့် ဦးမောင်မောင်ပါ၂ )အမှုကိုလျှောက်လဲပါတယ်။ နောက်ပိုင်းမှာလူမွဲအဖြစ်ဆုံးဖြတ်ကြေညာခြင်းခံရမဲ့မောင်ထွန်းတင်ကချစ်တီးဆီမှာ(၂၂-၁၁-၃၀)ရက်စွဲပါအပေါင်စာချုပ်ချုပ်ဆိုပြီးပစ္စည်းပေါင်ပါတယ်။ (၃၀-၁-၁၉၃၁)နေ့မှာလူမွဲအဖြစ်ကြေညာပေးဖို့လျှောက်ပါတယ်။ ဒီလိုလျှောက်ပြီးမှအပေါင်စာချုပ်ကိုမှတ်ပုံတင်ပေးပါတယ်။ လူမွဲပစ္စည်းထိန်းဝန်ရဲ့လျှောက်ထားချက်အရမူလရုံးကမြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄အရအပေါင...