ဥပဒေပညာရှင်များသည်ဥပဒေပြဌာန်းချက်များကိုဖတ်ရှုရုံမျှဖြင့်တကယ့်ပညာရှင်များအဖြစ်သို့မရောက်နိုင်သေး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားဝန်ကြီးချုပ်စီရင်ချက်အဆုံးစာပိုဒ်စာမျက်နှာ၅၈၈တွင်ရှေ့နေခကိုတနေ့လျှင်ရွှေဒင်္ဂါး၁၂ကျပ်နှုန်းဖြင့်စုစုပေါင်း၃၆ပြား ( မှတ်ချက်။ ။ ရွှေဒင်္ဂါးတပြား၏တန်ဖိုးသည်ငွေ ၁၇ ကျပ်နှင့်ညီမျှသည်။ )ပေးရန်သတ်မှတ်သည်ကိုထောက်ချင့်ပါကစုံညီခုံရုံးသည်လည်းတရားလွှတ်တော်ခုံရုံးနှင့်အားကျမခံစောဒကမှုကိုသုံးရက်တိုင်တိုင်ကြားနာခဲ့ကြောင်းတွေ့မြင်နိုင်သည်။ စောဒကမှုတွင်နှစ်ဖက်သောရှေ့နေများမည်မျှပြည့်ပြည့်စုံစုံတင်ပြလျှောက်ထားသည်ကိုခန့်မှန်းနိုင်သည်။ စုံညီခုံရုံးကလည်းပြဿနာကိုသုံးရက်တိုင်တိုင်စိတ်ရှည်လက်ရှည်ကြားနာခဲ့သည်။ ထိုကောင်းမြတ်သောအစဉ်အလာများပျောက်ကွယ်သွားရန်မသင့်။ စုံညီခုံရုံးက 10 Ran 124 စီရင်ထုံးကိုလက်ခံအတည်ပြုသည်။ သို့ရာတွင်ပုဒ်မ ၂၈ သည်ပါရင်းပစ္စည်းနှင့်မဆိုင်- ( The rule has no application in the case of a married couple in enjoyment of payin property though they may be living with the parents who manage the property for the benefit of the couple . ) ဟုဆုံးဖြတ်သည်။ စုံညီခုံရုံးကအဆုံးအဖြတ်ပေးပြီးနောက်1940 RLR 831ကိုဆုံးဖြတ်သောအခါခုံရုံးက ပ...