2005 BLR 52 ( SAB )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အလျဉ်းသင့်၍ဥပဒေပြဿနာတရပ်ကိုဆွေးနွေးလိုပါသည်။ 2005 BLR 52( S.A.B. )(တရားရုံးချုပ်ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုး၊တရားသူကြီးဦးခင်မောင်အေးနှင့်ဦးမြင့်သိန်းတို့ဆုံးဖြတ်သည်)အမှုတွင်တရားလိုဒေါက်တာဦးတင်ဦးသည်တချိန်ကလင်မယားပိုင်ပစ္စည်းတွင်မယားဝေစုကိုဝယ်ယူသောဒေါ်အေးအေးသန်းအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတရားရုံးချုပ်ကအယူခံတွင်၊5 Ran 785နှင့်1967 BLR 525 စီရင်ထုံးများကိုကိုးကားပြီးတရားစွဲဆိုသောအမှုကိုပယ်ခဲ့သည်ဟုစီရင်ထုံးစာမျက်နှာ၆၁၌ဖော်ပြထားသည်။ အထူးခုံရုံးက တရားရုံးချုပ်၏စီရင်ချက်နှင့်ဒီကရီကိုပယ်ဖျက်ရာ၌စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တို့တွင်"သို့ဖြစ်၍အချင်းဖြစ်ပစ္စည်းကိုတရားလိုတရားပြိုင်အကျိုးခံစားမှုသို့မဟုတ်အခွင့်အရေးအညီအမျှရရှိသည့်အပြင်အချင်းဖြစ်ပစ္စည်းတွင်တရားလိုနှင့်တရားပြိုင်တို့သည်အညီအမျှလက်ရှိဖြစ်ကြောင်းပေါ်ပေါက်သည့်အခြေအနေတွင်ပူးတွဲပိုင်ဆိုင်သူတဦးကအခြားပူးတွဲပိုင်ဆိုင်သူတဦးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်သာရှိပေသည်"ဟုအကြောင်းပြပါသည်။ တရားရုံးချုပ်ကကိုးကားသောစီရင်ထုံးနှစ်ရပ်ပါ”unity of interest”နှင့်”unity of possession”ဟူသောစကားနှစ်ရပ်သ...