Posts

Showing posts from March, 2022

14 Ran 566 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၃၆ခုနှစ်၊ဧပြီလ၂၉ရက်နေ့၌စီရင်သည့်အမှုကို 14 Ran 566 ( DB ) U Zawtika  v. U Kalyana . Before Hon'ble E. H. Goodman Roberts , Chief Justice , and Mr. Justice Mya Bu . ၌ထုံးပြုထားရာ၊မြန်မာတရားသူကြီးဦးမြဘူးကစီရင်ချက်ရေးသည်။ ရဟန်းတပါးပျံလွန်တော်မူသောအခါ၊၎င်း​၏ပုဂ္ဂလိကပစ္စည်းသည်၊သံဃိက(သံဃာအများပိုင်)ပစ္စည်းဖြစ်သွားသည်ဟုပြဆိုသည်ကို၊လူဝတ်ကြောင်များနားလည်ရန်ခက်သော၊ရဟန်းသံဃာနှင့်သက်ဆိုင်သည့်ဥပဒေကို၊စီရင်ထုံးစာမျက်နှာ၅၆၇၊၅၇၅တွင်ကျယ်ကျယ်ပြန့်ပြန့်စိစစ်ဆုံးဖြတ်ထားသည်။ ယခုခေတ်တွင်ရဟန်းသံဃာနှင့်သက်ဆိုင်သောတရားဥပဒေကိုတတ်ကျွမ်းသည့်ရှေ့နေနှင့်တရားသူကြီးများမရှိသလောက်ဖြစ်သွားပါပြီ။

အကိုးအကားဖြင့်တရားစီရင်ရမည့်ရှေးထုံးရှိခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အကိုးအကားဖြင့်တရားစီရင်ရမည့်ရှေးထုံးရှိခြင်း ၁၈၉၉ခုနှစ်၊ဩဂုတ်လ၄ရက်နေ့၌ဆုံးဖြတ်သော၊  PJLB 597  U Ti Law Ka and Nga Aung Ba                     v. (1 ) Maung Po Ka and ( 2 ) Ma Thet Kywin . Before A. R. Birks , Esq . အမှုတွင်၊ပျံလွန်တော်မူသောရဟန်း​၏ပုဂ္ဂလိကပစ္စည်း(property as a poggalika gift)ကို၊ထိုသံဃာဂိုဏ်းဝင်အခြားရဟန်းကရောင်းချခွင့်မရှိကြောင်းဆုံးဖြတ်ရာ၌၊တဦးထိုင်တရားသူကြီး(A. R. Birks , Esq .)က၊ကင်းဝန်မင်းကြီးဦးကောင်း​၏၃၆စောင်တွဲ၊အမွေမှုခန်း၊ဓမ္မသတ်ကျမ်းကြီး၊ပုဒ်မ၃၉၄မှ၄၁၂ပါဓမ္မသတ်ပါအဆိုအမိန့်များ(စီရင်ထုံးစာမျက်နှာ၅၉၉မှ၆၀၂တွင်အင်္ဂလိပ်ဘာသာပြန်ဆိုဖော်ပြသည်)၁၈၉၈ခုနှစ်တွင်ထုတ်ဝေသောအဆိုပါကျမ်းကို၊၁၈၉၉ခုနှစ်ကအင်္ဂလိပ်ဘာသာသို့မပြန်ရသေး၊နောက်ပိုင်းကျမှဘာသာပြန်စာအုပ်ကိုထုတ်ဝေခဲ့သည်)ကို၊အင်္ဂလိပ်ဘာသာပြန်ပေးရန်၊တရားဌာနမင်းကြီးရုံး​၏မော်ကွန်းထိန်း(ယခုညွှန်ကြားရေးမှူးချုပ်)အားတာဝန်ပေးခဲ့ပုံကို၊စီရင်ထုံးစာမျက်နှာ၅၉၈နှင့်၅၉၉တို့တွင်အောက်ပါအတိုင်းဖော်ပြထားသည်- "As the question of poggalika gifts and the law ...

ရှေးထုံးကိုဆက်လက်လိုက်နာရန်

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၈၇၂မှ၁၉၇၃ကာလအတွင်းထုတ်ဝေသောစီရင်ထုံးများကညွှန်ပြသောရှေးထုံးကိုဆက်လက်လိုက်နာရန်ဖြစ်ပါသည်။ ယခုအခါမြန်မာနိုင်ငံတွင်၊နှစ်တရာကျော်စီရင်ထုံးများရှိနေပြီဖြစ်ရာလက်ရှိတရားရုံးများသည်ခေတ်ဟောင်းတရားရုံးများ​၏စီရင်ထုံးများကို၊ထုံးသာဓကများဖြင့်ကြောင်းကျိုးပြကာဝေဝေဆာဆာရေးသားရန်အခွင့်အရေးရရှိနိုင်သည်ဖြစ်၍၊တပန်းသာလျက်ရှိသည်။ လက်တွေ့၌ခိုင်လုံသောကြောင်းကျိုးမပြဘဲတရားစီရင်ကြသည်မှာမဖြစ်သင့်ကြောင်းအသိတရားရှိကြဖို့လိုပါသည်။ ခိုင်လုံသောကြောင်းကျိုးမပြဘဲစီရင်ချက်ရေးခြင်းက၊ဆိုင်ရာတရားသူကြီးတို့​၏အားထုတ်မှုလျော့ရဲခြင်းကိုညွှန်ပြလျက်ရှိပါသည်။ ထိုသို့အားထုတ်မှုလျော့ရဲခြင်းသည်၊ဆိုင်ရာတရားသူကြီး​၏စိတ်ဓာတ်ပျော့ညံ့မှု၊စိတ်ဝင်စားခြင်းနည်းပါးမှု၊စီရင်ချက်ကိုဖြစ်ကတတ်ဆန်းရေးခြင်းစသည်တို့ဖြစ်နေမှုက၊အမှုသည်တို့​၏မျက်နှာကိုမထောက်ထားတတ်မှု၊ပေါ့ပျက်မှုစသည့်၊စသည့်အားနည်းချက်များအပေါ်အ​ခြေခံသည်ဟုဆိုပါလျင်၊လိပ်ပြာသန့်သန့်ငြင်းရဲပါမည်လား။

1954 BLR ( S C ) 52 ဒေါ်ထွေး နှင့် မတင်ဦး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1954 BLR ( SC ) 52  ဒေါ်ထွေး နှင့် မတင်ဦး နိုင်ငံတော်တရားဝန်ကြီးချုပ်ဦးသိမ်းမောင်၊တရားလွှတ်တော်ချုပ်ဝန်ကြီးဦးမြင့်သိန်းနှင့်လွှတ်တော်တရားဝန်ကြီးဦးစံမောင်တို့ရှေ့မှောက်တွင်ကြားနာ၍၊နိုင်ငံတော်တရားဝန်ကြီးချုပ်ကစီရင်ချက်ချမှတ်သည်။ ထုံးပြုသောစီရင်ချက်ကိုရေးသူ၊နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင်သည်၊ M. A.,L. L. B.,Barrister-at-Law ဖြစ်ပြီး၊ရှေ့နေအဖြစ်နှစ်ပေါင်းများစွာဆောင်ရွက်ပြီးနောက်၊၁၉၃၇ခုနှစ်တွင်ဒုတိယမြောက်နိုင်ငံတော်ရှေ့နေချုပ်ဖြစ်လာခဲ့သည်။ ၁၉၄၆ခုနှစ်တွင်၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီး၊လွတ်လပ်သောမြန်မာနိုင်ငံတော်​၏တရားလွှတ်တော်တရားဝန်ကြီးချုပ်စသည်ဖြင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တရားလွှတ်တော်ချုပ်တရားသူကြီးဦးမြင့်သိန်းသည်၊စစ်ကြိုခေတ်ကရှေ့နေချုပ်ရုံး၌၊အစိုးရတရားလွှတ်တော်ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက်၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဖြစ်လာသူဖြစ်သည်။ ဦးစံမောင်သည်အိုင်၊စီ၊အက်(စ်)ဝန်ထမ်းတရားသူကြီးဖြစ်ခဲ့ပြီး၊တရားလွှတ်တော်တွင်၁၉၄၈ခုနှစ်မှစ၍တရားဝန်ကြီးအဖြစ်ထမ်းဆောင်သူဖြစ်သည်။၁၉၄၈မှ၁၉၆၅ခုနှစ်စီရင်ထုံးစာအုပ်တိုင်း၌၊၎င်းရေးသားထားသောစီရင်ထုံးဖွဲ့ချက်များကရှေ့တ...

ထုံးသာဓကများကိုပယ်ဖျက်ရာ၌ဆင်ခြင်ရသောသဘောတရား

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ထုံးသာဓကများကိုပယ်ဖျက်ရာ၌ဆင်ခြင်ရသောသဘောတရား 1948 BLR 1 Maung San Bwint and one  v.  Ma Than Sein. Before Sir Ba U , Acting Chief Justice , Mr. Justice E Maung and Mr. Justice Kyaw Myint. အမှုတွင်၊စာမျက်နှာ၁၇၌ကိုးကားထားသောစီရင်ထုံးတရပ်[ L. R. (1908) A. C. 6. ]တွင်၊တရားဝန်ကြီးချုပ်(Lord Chancellor)က၊မည်သည့်အခါချမှတ်ထားပြီးသောစီရင်ထုံးကိုပယ်ဖျက်ရကြောင်း၊အောက်ပါအတိုင်းပြဆိုထားပါသည်- "But where they are plainly wrong and especially where the subsequent course of judicial decisions has disclosed weakness in the reasoning on which they were based and practical injustice in the consequences that must flow from them , I consider it is the duty of this House to overrule them , if it has not lost the right to do so by itself expressly affirming them." ထိုစာမျက်နှာ၁၇မှာပင်၊အခြားတရားသူကြီး(Lord Blackburn)က၊ယခင်စီရင်ထုံးများကိုပေါ့ပေါ့တန်တန်ပယ်ဖျက်ရန်မဟုတ်ကြောင်း၊မိမိအမြင်ကိုအောက်ပါအတိုင်းမြွက်ဆိုသည်- "Looking at the reasons for those decisions , I th...

စီရင်ထုံး၌ဖော်ပြသည့်စာအရေးအသားများလွဲမှားနေခြင်း

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံး၌ဖော်ပြသည့်စာအရေးအသားများလွဲမှားနေခြင်းသည်၊တရားရေးအကြံပေးစနစ်ဖြင့်တရားစီရင်သောစနစ်​၏ဆိုးကျိုးကိုဖွင့်လှစ်ပြရာရောက်သည်။ တရားစီရင်သည့်တရားသူကြီးတို့သည်၊အမှုတွဲကိုစလယ်ဆုံးဖတ်ကြည့်ဖြစ်သည်မဟုတ်။ လျှောက်လဲချက်ကြားနာရာ၌နှစ်ဖက်ရှေ့နေတို့​၏တင်ပြချက်များကိုနားထောင်ပြီးနောက်၊တရားရေးအကြံပေး​၏ဆွေးနွေးတင်ပြချက်ကိုနားထောင်ကာအဖြေပေးသည်။ တရားရေးအကြံပေးရေးပေးထားသောစီရင်ချက်မူကြမ်းကိုဖတ်၊ပြင်လိုကပြင်သည်။စီရင်ချက်အချောကိုလက်မှတ်ထိုးပြီးစီရင်ချက်ချမှတ်သည်။ အမှုတွဲကိုပြည့်ပြည့်စုံစုံဖတ်ခြင်း၊ကိုယ်တိုင်စီရင်ချက်ရေးခြင်းမပြုသဖြင့်၊စီရင်ချက်တွင်အမှားအမျိုးမျိုးရှိတတ်သည်။ဥပဒေနှင့်မညီသောသုံးသပ်ချက်များပါသောစီရင်ထုံးများလည်းရှိသည်။ (ဥပဒေပြဿနာအဖြာဖြာစာအုပ်စာမျက်နှာ၂၅တွင်၊ 1992 BLR 169 ( FB )အမှု၌ထုံးဖွဲ့ချက်သည်၊ကိုးကားသောဥပဒေနှင့်မညီကြောင်းဆွေးနွေးပြထားသည်။) အရည်အချင်းမပြည့်မီသူရေးသောစီရင်ချက်မူကြမ်းကိုစေ့စေ့စပ်စပ်ဖတ်ရန်ပျက်ကွက်သောရုံးထိုင်တရားသူကြီးများက၊တရားရေးအကြံပေးအပေါ်လုံးဝဥဿုံမှီခိုခြင်း​၏အနိဌာရုံများဖြစ်သည်။ မြန်မာနိုင်ငံတွင်အဆင့်မြင့်ဆုံးတရားရုံးဖြစ်သောဗဟိုတရားရုံ...

မမှားသောရှေ့နေမရှိသကဲ့သို့မမှားသောတရားသူကြီးလည်းမရှိ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ "မမှားသောရှေ့နေမရှိသကဲ့သို့မမှားသောတရားသူကြီးလည်းမရှိ"ဟု၊ဒေါ်မြရင်ပါ၅နှင့်ဒေါ်စော၊ 1970 BLR 232 ( SB ) အမှု၌မြွက်ဆိုချက်မှာမှန်ကန်ကြောင်း၊၁၈၇၂ခုနှစ်မှစ၍ထုတ်ဝေသောစီရင်ထုံးသမိုင်းကိုလေ့လာပါကတွေ့မြင်နိုင်ပါသည်။ အောက်ရုံးများ​၏အမှားဆုံးဖြတ်ချက်များကို၊မြန်မာနိုင်ငံအဆင့်မြင့်တရားရုံးအသီးသီးကပယ်ဖျက်ပြီး၊အမှန်ကိုစီရင်ရာ၌ဆိုင်ရာအမှုသည်များ​၏နစ်နာမှုကိုကုစားနိုင်ခဲ့ပါသည်။ သို့သော်အဆင့်မြင့်တရားရုံးများ​၏မှားသောထုံးဖွဲ့ချက်များကို၊နောက်ပိုင်း၌ခုံရုံး(DB)၊အထူးခုံရုံး(SB)၊စုံညီခုံရုံး(FB)နှင့်ပရီဗီကောင်စီအသီးသီးတို့ကပယ်ဖျက်ရာတွင်မူ၊ပယ်ဖျက်လိုက်သောစီရင်ချက်များအရ၊ထိခိုက်မှုကိုနောက်အမှုများကကုစားပေးနိုင်ခြင်းမရှိ။ 2001 BLR 290 ( SAB )အမှုတွင်ချမှတ်သောစီရင်ချက်အရ၊တရားလိုသည်ရာသက်ပန်ထိခိုက်နစ်နာရသည်။ ဥပဒေအမှန်ကိုဖော်ထုတ်ဆုံးဖြတ်သော၊ 2012 BLR 149 စီရင်ထုံးသည်၊အဆိုပါတရားလို​၏နစ်နာမှုကိုကုစားမပေးနိုင်။ နောက်ပိုင်း၌ပယ်ဖျက်ခြင်းမပြုမီကြားကာလတွင်၊မှားယွင်းသောစီရင်ထုံး၊စီရင်ချက်များ၌၊မှားယွင်းစီရင်မှုများကြောင့်နစ်နာသောအမှုသည်များရင်စီးခံခဲ့ရသည်များအထိုက်အလျောက်ရှိနိ...

1940 RLR 35 တွင်ထုံးပြုထားသောစီရင်ချက်ကို

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 RLR 35 တွင်ထုံးပြုထားသောစီရင်ချက်ကို၊ 1952 BLR ( SC ) 4 တွင်၊ပယ်ဖျက်(reversed)ထားသည်။ထုံးဖွဲ့ချက်ကိုပယ်ဖျက်ခြင်းမဟုတ်ပါ။ 1940 RLR 35  Mariam Bibi and another  v. C. E. Malim and another.  Before Sir Ernest H. Goodman Roberts , Kt., Chief Justice , and Mr. Justice Braund. အမှုတွင်၊(A)က(B)အပေါ်မလျော်ဩဇာသုံး၍(B)ထံမှကိုယ်စားလှယ်စာရယူသည်။ ထိုကိုယ်စားလှယ်စာအရ(A)သည်(C)အကျိုးအတွက်စွန့်လွှတ်စာချုပ်တရပ်ချုပ်ဆိုသည်။ (B)ကယင်းစွန့်လွှတ်စာချုပ်ကိုပယ်ဖျက်ပေးရန်စွဲဆိုရာ၊စည်းကမ်းသတ်ကာလကို"စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ရေတွက်ရမည်"ဟုဆုံးဖြတ်သည်။ 1952 BLR (SC) 4  Cassim Ebrahim Malim  v. Mariam Bibi(a)Haji Bibi and others. Present: Mr. Justice E Maung , Mr. Justice Thein Maung and U Thaung Sein , J. စီရင်ထုံးမှာ၊ဟိုက်ကုတ်လွှတ်တော်တရားသူကြီးဦးဘဦးကစစ်ဆေးစီရင်သည့်မူလမှုအဆုံးအဖြတ်ကိုပယ်ဖျက်သော၊ 1940 RLR 35 ပါအဆုံးအဖြတ်အပေါ်၊ပရီဗီကောင်စီတွင်တင်သွင်းခဲ့သည့်အယူခံမှုဖြစ်သည်။ ပရီဗီကောင်စီကအဆုံးအဖြတ်မပေးနိုင်မီ၊မြန်မာနိုင်ငံလွတ်လပ်ရေးရသွားသဖြင့်၊ယခင်တရားစီရင...

ခိုင်ခံ့သည်ဟုထုံးပြုခဲ့ပြီးကာမှ

Image
 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ခိုင်ခံ့သည်ဟုယူဆကာထုံးပြုခဲ့ပြီးကာမှ၊ထုံးပြုသောအဆုံးအဖြတ်တို့ကိုအယူခံတွင်ပယ်ဖျက်(Reversed)လိုက်သည်များလည်းရှိသည်။ 6 Ran 575 ကို 10 Ran 322 ( PC ) တွင်၊ပယ်ဖျက်(Reversed)ခြင်းဖြစ်ပါသည်။ (D2C682)တွင်၊ 10 Ran 322 ( PC )စီရင်ထုံးခေါင်းစီးကိုဖော်ပြရာ၌၊ Decision of the High Court 6 Ran 575 Reversed ကိုဖော်ပြရန်ကျန်ခဲ့ရာမှ၊(D2C682)တွင်၊ Overruled ဟုမှားယွင်းဖော်ပြခြင်းဖြစ်သည်။ တရားလွှတ်တော်၌စွဲဆိုသောမှုလမှုတွင်ချမှတ်သောအဆုံးအဖြတ်ကို၊ 1940 RLR 35 အမှု၌၊အယူခံရုံးကပယ်ဖျက်ခဲ့ရာ၊ 1952 BLR ( SC ) 4 အမှုတွင်၊အယူခံတရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီး၊မူလမှုတွင်ချမှတ်သောအဆုံးအဖြတ်ကိုပြန်လည်အတည်ပြုသည်။ 1955 BLR ( HC ) 368 အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 1957 BLR ( SC ) 56အမှုတွင်ပယ်ဖျက်သည်။ 1957 BLR ( HC ) 273 အမှုတွင်ချမှတ်ခဲ့သောအဆုံးအဖြတ်ကို၊ 1961 BLR ( SC ) 19တွင်ပယ်ဖျက်သည်။ ထိုသို့ပယ်ဖျက်(Reversed )သည့်အမှားအယွင်းများမှာနှစ်ရှည်သည်မဟုတ်။ စီရင်ထုံးတရပ်တွင်ပြဆိုသောဥပဒေကို အခြားအမှုတွင်ပယ်ဖျက်(Overruled )သည့်ကိစ္စ၌ အမှားသည်အနည်းနှင့်အများသံသရာရှည်တတ်သည်။ 1892-96 ,...

စီရင်ထုံးများကိုကိုးကားရာ၌

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စီရင်ထုံးများကိုကိုးကားရာ၌၊ FB(စုံညီ)၊ DB(ခုံရုံး)စသည်ဖြင့်ဖော်ပြခြင်းသည်အကြောင်းရှိပါသည်။ တချိန်ကတရားလွှတ်တော်ရုံးထိုင်တရားသူကြီးတဦးသည်၊အခြားတရားသူကြီးတဦးချမှတ်သောစီရင်ထုံး၊စီရင်ချက်နှင့်ကွဲလွဲဆုံးဖြတ်ခွင့်ရှိသဖြင့်၊ထိုသို့သဘောကွဲလွဲသောစီရင်ထုံးအများအပြားရှိသည်။ အောက်ရုံးများအနေဖြင့်၊မိမိမှန်သည်ဟုသဘောရရှိသောစီရင်ထုံးကိုလိုက်နာဆုံးဖြတ်ခွင့်ရှိသည်။ 1957 BLR ( HC ) 259 စီရင်ထုံးကိုကြည့်ပါ။ တရားလွှတ်တော်ခုံရုံးတရုံးသည်၊အခြားခုံရုံးကဆုံးဖြတ်ထားသောစီရင်ထုံးနှင့်ကွဲလွဲဆုံးဖြတ်ခွင့်မရှိ။ ခုံရုံးတရုံး​၏အဆုံးအဖြတ်မှားယွင်းသည်ဟုယူဆပါက၊နောက်ခုံရုံးသည်မိမိတို့မှားယွင်းသည်ဟုယူဆသောခုံရုံးတရုံး​၏အဆုံးအဖြတ်ကို၊စုံညီခုံရုံးကပြန်လည်စိစစ်အဆုံးအဖြတ်ပေးရန်၊တရားသူကြီးချုပ်ထံတင်ပြခွင့်သာရှိသည်။ သာဓကကို၊ 1937 RLR 375 ( FB )အပါအဝင်၊စီရင်ထုံးများတွင်တွေ့မြင်နိုင်ပါသည်။ ခုံရုံး​၏အဆုံးအဖြတ်ခိုင်ခန့်မှုရှိခြင်းကြောင့်၊သတိမူနိုင်ရန်တကူးတကရှာဖွေဖော်ပြခြင်းဖြစ်သည်။ ဥပဒေပြဿနာတရပ်ကိုဆုံးဖြတ်ရန်ရှိသည့်အခါ၊ဆိုင်ရာတရားသူကြီးသည်စီရင်ထုံးပေါင်းချုပ်၁မှစ၍နောက်ဆုံးစာအုပ်အထိတွင်၊ယင်းကိစ္စနှင့်စ...

1955 BLR ( S C ) 54

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1955 BLR ( SC ) 54 (D. D. Grover  v. A. C. Koonda , Controller of Rent , Mandalay.) Present : U Thein Maung , Chief Justice of the Union , Mr. Justice Myint Thein and Mr. Justice Chan Htoon. အမှုမှာ၊အမှုခေါ်စာချွန်တော်ထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်းသောစီရင်ထုံးဖြစ်သည်။ လျှောက်ထားသူ(D. D. Grover )ဘက်မှ၊ယခင်တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဝတ်လုံဦးကျော်မြင့်၊လျှောက်ထားခံရသူအမှတ်(၁)အမှုသည်(A. C. Koonda)ဘက်မှ၊တရားလွှတ်တော်ချုပ်တရားဝန်ကြီးဟောင်းဒေါက်တာဧမောင်၊ဌားရမ်းခကြီးကြပ်ရေးဝန်(Controller of Rent , Mandalay)အတွက်၊အစိုးရတရားလွှတ်တော်ရှေ့နေဦးဘစိန်တို့လိုက်ပါဆောင်ရွက်ရာ၊တရားလွှတ်တော်ချုပ်(Supreme Court)က၊နိုင်ငံတော်ရှေ့နေချုပ်ဦးချွန်ဖောင်ကိုပါ၊ရုံးတော်သဟာယ(Amicus curie)အဖြစ်ဖိတ်ခေါ်ကြားနာပြီး၊စီရင်ချက်စာမျက်နှာ၅၈မှ၇၉အထိ၊စာမျက်နှာ၂၀ကျော်စီရင်ချက်ရေးသားဆုံးဖြတ်ပါသည်။ စာကြောင်းရေ၃၆ကြောင်းရှိသော၊စာမျက်နှာများပါသည်။ ယခင်တရားလွှတ်တော်ချုပ်​၏စီရင်ထုံးသည်၊ပရီဗီကောင်စီစီရင်ထုံးထက်အရည်အချင်းမညံ့ကြောင်း၊သာဓကအဖြစ်တွေ့မြင်နိုင်ပါသည်။ အမှုခေါ်စာချွန်တော်လျှောက်ထားသည့်၊ 1...

တရားမနစ်နာမှုဥပဒေ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမနစ်နာမှုဥပဒေ(The Law of Torts ) တရားမနစ်နာမှုဥပဒေမှာ Made in England ဖြစ်သည်။ ဘီအယ်(လ်)သင်တန်းပထမနှစ်တွင်၊ပဋိညာဉ်အက်ဥပဒေနှင့်တရားမနစ်နာမှုဥပဒေကိုမေးခွန်းတခုတွင်မေးမြန်းဖြေဆိုစေသည်။  Ratanlal & Dhirajlal တို့ပြုစုသောကျမ်းသည်ပြဌာန်းစာအုပ်ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော The Court Manual(ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထုတ်)တွင်၊ထိုစာအုပ်နှင့် Pollock's Law of Torts တို့ကို၊စံဥပဒေစာအုပ်များအဖြစ်သတ်မှတ်သည်။ ၁၉၇၀ပြည့်နှစ်တွင်၊မြန်မာဘာသာဖြင့်ထုတ်ဝေသောတရားရုံးများလက်စွဲတွင်မူ၊စံဥပဒေစာအုပ်များအဖြစ်သတ်မှတ်ထားသောစာရင်းသည်၊အလွန်တရာတိုတောင်းသည့်အပြင်၊ဥပဒေဘာသာရပ်များလည်းအလွန့်အလွန်နည်းသွားသည်။ သို့ဖြစ်၍၁၉၇၀ပြည့်နှစ်နောက်ပိုင်း၊ဥပဒေပညာရှင်များဖြစ်လာကြသောဥပဒေပညာရှင်တို့သည်၊မည်သည့်ကျမ်းများကိုဆည်းပူးရမည်ကိုသိခွင့်မရတော့။ စာရေးသူဘီအယ်(လ်)သင်တန်းတက်စဉ်က၊The Law of Torts အပါအဝင်ကျမ်းများကို၊စာအုပ်ဆိုင်ကြီးများတွင်ဝယ်၍ရခဲ့ပါသည်။ ဆရာများ​၏ပို့ချချက်များအပြင်၊ထိုကျမ်းများကိုဆည်းပူးပြီး၊စာမေးပွဲဖြေခဲ့ရခြင်းဖြစ်သည်။ စာရေးသူစိတ်ဝင်စားသောကျမ်းများတွင်၊The Law of Torts ...

တရားသူကြီးဦးစံမောင်

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားသူကြီးဦးစံမောင်သည်၁၉၄၈ခုနှစ်မှ၁၉၆၅ခုနှစ်တိုင်၊တရားလွှတ်တော်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ခိုက်၊၎င်းရေးသားသောစီရင်ချက်အများအပြားကို(၁၉၆၃ခုနှစ်စီရင်ထုံးစာအုပ်တွင်၎င်း​၏စီရင်ချက်၇၇စောင်ပါသည်။)ထုံးပြုထားကြောင်းတွေ့ရပါသည်။ တရားသူကြီးချုပ်ဦးဘိုကြီးသည်လည်း၁၉၄၈ခုနှစ်မှ၁၉၆၅ခုနှစ်အထိကာလအတွင်း၊တရားလွှတ်တော်၊တရားလွှတ်တော်ချုပ်နှင့်တရားရုံးချုပ်တို့တွင်တာဝန်ထမ်းဆောင်ရာဝယ်၊ခန့်ညားသောစီရင်ချက်များကို၊မြန်မာဘာသာဖြင့်ရေးသားရာ၌ဦးဆောင်ခဲ့သူအဖြစ်သမိုင်းတွင်ကျန်ရစ်စေသူဖြစ်ပါသည်။ ယခုခေတ်တရားသူကြီးများအတုယူဖွယ်ဖြစ်ပါသည်။ စာရေးသူကဦးစွာလေ့လာခွင့်ရသောတရားမမှုကြီးများမှာ၊အိုင်စီအက်စ်ဦးစံမောင်(မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါ၊တရားလွှတ်တော်တွင်တရားသူကြီးဖြစ်လာသူ)စီရင်ခဲ့သောအမှုများဖြစ်သည်။အမှုများမှာ၁၉၃၆ခုနှစ်အတွင်းစွဲဆိုသောအမှုများဖြစ်သည်။ ဦးစံမောင်သည်၁၉၃၆ခုနှစ်ထက်နောက်မကျဘဲ၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့သူဖြစ်သည်။ဦးစံမောင်သည်၁၉၀၅ခုနှစ်တွင်မွေးဖွားသူဖြစ်သဖြင့်၊နောက်အကျဆုံး(၃၁)နှစ်အရွယ်တွင်၊ခရိုင်တရားမစက်ရှင်တရားသူကြီးဖြစ်ခဲ့ကြောင်း၊တအံ့တဩတွေ့ရပါသည်။ အလျဉ်းသင့်၍ဖော...

ရှေးကတရားလွှတ်တော်တရားဝန်ကြီးများ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားလွှတ်တော်(မန္တလေးရုံးထိုင်)တွင်၊အမှုများကိုကြားနာပြီးမွန်းလွဲညနေပိုင်း၌တရားဝန်ကြီးကစီရင်ချက်များကိုလက်ရေးတိုစာရေးအားနှုတ်တိုက်ချပေးခြင်း၊ကိုယ်တိုင်ရေးခြင်းများပြုခဲ့သည်ဟုသိရပါသည်။ တရားရုံးချုပ်(မန္တလေးရုံးထိုင်)တွင်၊စာရေးသူဒုတိယအတွင်းဝန်အဖြစ်ဆောင်ရွက်စဉ်က၊လက်ရေးတိုစာရေးနှစ်ဦးမှာတရားသူကြီး​၏စီရင်ချက်များကိုလက်နှိပ်စက်ရိုက်ရာ၌လက်မလည်လောက်အောင်အလုပ်ရှုပ်ခဲ့သည်ကိုတွေ့ရပါသည်။ စီရင်ချက်များကိုအမှုကြားနာပြီး၊နောက်နေ့တွင်အမိန့်ချမှတ်လေ့ရှိသည်။ စာရေးသူဗဟိုတရားရုံးသို့၁၉၇၉ခုနှစ်တွင်ရောက်ပြီးလပိုင်းအတွင်း၊မန္တလေး၌ရုံးထိုင်သောဗဟိုတရားစီရင်ရေးအဖွဲ့နှင့်လိုက်ပါပြီး၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်ခဲ့ရပါသည်။ အမှုကြားနာပြီးနောက်၊နောက်တနေ့တွင်စီရင်ချက်ချမှတ်နိုင်ရန်၊တရားရေးအကြံပေးနှင့်လက်ရေးတိုစာရေးတို့မှာညဉ့်နက်သန်းခေါင်အထိ၊မနားမနေဆောင်ရွက်ခဲ့ကြရပါသည်။ စနေနေ့(နောက်ပိုင်း၌သောကြာနေ့)တွင်ကြားနာပြီးသည့်အမှုအားလုံး၊စီရင်ချက်ချပြီးဖြစ်အောင်စီမံဆောင်ရွက်ခဲ့ရပါသည်။တရားရုံးချုပ်လက်ထက်တွင်လည်းအလားတူဆောင်ရွက်ခဲ့ရပါသည်။ စာရေးသူတရားသူကြီးဖြစ်ခါစက၊လက်ဦးဆရာခရိုင်တရားမနှင့်စက်ရှင်တရား...

ရှေ့နေရှေ့ရပ်များစီရင်ထုံးများကိုလေ့လာသည့်အခါ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ရှေ့နေရှေ့ရပ်များစီရင်ထုံးများကိုလေ့လာသည့်အခါ၊အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောဝေါဟာရများကိုနားလည်ရန်အခက်အခဲရှိနိုင်ကြောင်းသိနိုင်ရန်ဝေါဟာရနှင့်စကားအသုံးအနှုန်းအချို့ကိုထုတ်နုတ်ဆွေးနွေးဖော်ပြခဲ့ရခြင်းဖြစ်သည်။Internetသည်မည်မျှအကျိုးပြုသည်ကိုလည်းဖောက်သည်ချလို၍ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်လက်ရှိဥပဒေများကိုမြန်မာဘာသာပြန်ဆိုခြင်း၊အချို့သောဥပဒေဝေါဟာရများအတွက်အဓိပ္ပာယ်တူညီသောမြန်မာဘာသာဝေါဟာရများထားရှိခြင်းစသည်တို့ကိုဆောင်ရွက်နိုင်ရန်၊မြန်မာဘာသာပြန်ဥပဒေနှင့်ဥပဒေဝေါဟာရအက်ဥပဒေကို(၃-၅-၁၉၄၈)နေ့၌ပြဌာန်းခဲ့ပါသည်။ ၁၉၆၀ပြည့်နှစ်တွင်"စစ်ဘက်ဥပဒေဝေါဟာရများ"စာအုပ်ကိုထုတ်ဝေခဲ့ပါသည်။ သို့သော်ဆိုခဲ့သည့်ဥပဒေတွင်မျှော်မှန်းခဲ့သည့်အတိုင်း"ဥပဒေဝေါဟာရများ"အဘိဓာန်ထုတ်ဝေကြောင်းမတွေ့ရပါ။ဝေါဟာရမည်၍မည်မျှစုဆောင်းပြီးသည်လည်းမသိရပါ။ ဥပဒေပြဌာန်းပြီးနောက်၊(၆၅)နှစ်ကာလအတွင်းဝါရင့်သမ္ဘာရင့်ဥပဒေပညာရှင်ကြီးများကွယ်လွန်ခဲ့ပါသည်။ထိုပုဂ္ဂိုလ်ကြီးများအားအစားထိုးနိုင်သည့်ပညာရှင်များမရှိတော့ပါ။ မြန်မာ၊အင်္ဂလိပ်ဘာသာပညာရှင်များထွက်ပေါ်ဆဲဖြစ်သော်လည်း၊မြန်မာ၊အင်္ဂလိပ်ဘာသာရပ်...

1 LBR 142

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပြည်ထောင်စုမြန်မာနိုင်ငံ​၏ပထမဆုံးနိုင်ငံတော်တရားဝန်ကြီးချုပ်အဖြစ်အငြိမ်းစားယူခဲ့သောဦးဘဦးက၊၎င်းရေးသားသောကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် My Burma စာအုပ်၊စာမျက်နှာ၅၇၌၊ယေဘုယျအားဖြင့်တရားမပြင်ဆင်မှုများတွင်လျှောက်ထားသူတို့သည်အမှုအနိုင်ရခဲကြောင်း၊အကြောင်းမူထိုအမှုများကိုအလွန့်အလွန်ကျဉ်းမြောင်းသောစီရင်ပိုင်ခွင့်ဆိုင်ရာအကြောင်းအချက်အပေါ်ဆုံးဖြတ်ကြောင်းအောက်ပါအတိုင်းရေးသားထားသည်- "As a rule , in revision cases , applicants seldom win because revesion cases are decided on a very narrow ground , that of jurisdiction. " ထိုသို့ရေးသားခြင်းသည်၊၎င်းရှေ့နေမလိုက်မီ(၁၀)နှစ်ကျော်ကချမှတ်ထားသော၊(၄-၁၀-၁၉၀၁)နေ့တွင်အောက်မြန်မာပြည်တရားရုံးချုပ်ကစီရင်သည့် 1 LBR 142 အမှုတွင်ထုံးပြုထားပြီး၊ပရီဗီကောင်စီ​၏စီရင်ထုံးကိုကိုးကားကာအောက်ပါအတိုင်းဆုံးဖြတ်ထားသည်- "No appeal lies to this Court . The grounds for application in revision are that the lower Courts  erred in law . No question of procedure is involved . Error in law does not amount to acting in the exercise of jurisdicti...

ဟင်္သာတနယ်ပိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်စဉ်

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၄ခုနှစ်မှ(၁၄)နှစ်ကျော်ကြာမြင့်သည့်ကာလအတွင်း၊တရားရေးအကြံပေးအဖြစ်ဆောင်ရွက်ရသူများသည်၊ကိုယ်တိုင်ကိုယ်ကျတရားစီရင်ရသည်မဟုတ်၍၊ဥပဒေပညာရရန်အခွင့်အရေးဆုံးရှုံးခဲ့ရသည်။ မြို့နယ်နှင့်ခရိုင်တရားရုံးများတွင်လိုက်ပါသောရှေ့နေအများစုမှာလည်း၊ရှေ့နေလုပ်သက်မရင့်သေး၍စာရေးသူကဲ့သို့မိမိတရားရုံးတွင်လိုက်ပါသောရှေ့နေကြီးများထံမှဥပဒေပညာရယူခွင့်လည်းမရှိခဲ့ချေ။ အလျဉ်းသင့်၍ကြားဖြတ်ရေးစရာတရပ်ရှိပါသည်။ စာရေးသူသည်ဟင်္သာတနယ်ပိုင်တရားမတရားသူကြီးအဖြစ်ဆောင်ရွက်စဉ်လပိုင်းအတွင်း၊တရားမမှုတမှုတွင်လိုက်ပါဆောင်ရွက်သောရှေ့နေကြီးသည်၊ဗုဒ္ဓဘာသာဥပဒေကျမ်းကိုပြုစုသောလာဟီရီနှင့်ခေတ်ပြိုင်ရှေ့နေကြီးဖြစ်သည်။အိန္ဒိယနိုင်ငံသို့မပြန်တော့ဘဲ၊မြန်မာနိုင်ငံ၌အရိုးထုတ်သူဖြစ်သည်။ ၎င်းကရှေ့နေလုပ်သက်ရာစုနှစ်ဝက်ရှိပြီဟုရုံးရှေ့တွင်တင်ပြသောအခါ၊စာရေးသူကျောချမ်းခဲ့ရသည်။စာရေးသူသည်၎င်းထံမှ၊တရားမဥပဒေပညာများများစားစားသင်ယူခွင့်ရခဲ့သည်။ အခြားရှေ့နေတဦးမှာပညာအလွန်တော်သောအစိုးရရှေ့နေဖြစ်သည်။၎င်းသည်ဘွဲ့ရမဟုတ်။ဥပစာတန်းသာအောင်မြင်သည်။အိန္ဒိယနိုင်ငံသားတရားလွှတ်တော်ရှေ့နေများနှင့်ယှဉ်၍၊အင်္ဂလိပ်ဘာသာဖြင့်စာရေးသူရှေ့တွင်လျှောက်လဲသည...

၁၉၇၄ခုနှစ်တွင်ပြည်သူ့တရားစီရင်ရေးစနစ်ကိုတည်ထောင်သောအခါ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၄ခုနှစ်တွင်ပြည်သူ့တရားစီရင်ရေးစနစ်ကိုတည်ထောင်သောအခါတာဝန်ထမ်းဆောင်လျက်ရှိသောတရားသူကြီးများအဆင့်ဆင့်သည်မြို့နယ်တရားရုံးများ၊ပြည်နယ်နှင့်တိုင်းတရားရုံးများနှင့်ဗဟိုတရားရုံးတို့တွင်တရားရေးအကြံပေးများဖြစ်လာကြသည်။ တရားဌာနဝန်ထမ်းများမလုံလောက်၍အုပ်ချုပ်ရေးဌာနမှတရားဌာနသို့ပြောင်းရွှေ့လာသောဝန်ထမ်းများကိုအကြံပေးများအဖြစ်ခန့်ထားရသည်။၎င်းတို့သည်ရာဇဝတ်မှုများကိုစီရင်သည့်အတွေ့အကြုံသာရှိကြသည်။ ဗဟိုတရားရုံးတွင်ရန်ကုန်မြို့တော်တရားမရုံး​၏တရားသူကြီးချုပ်နှင့်တွဲဖက်တရားသူကြီးချုပ်ဟောင်းတို့နှစ်ဦးသာလျှင်၊တရားစီရင်ရေးအတွေ့အကြုံဝါရင့်သူများဖြစ်ကြသည်။ တရားသူကြီးချုပ်ဟောင်းဦးမြင့်ထွန်းသည်ဝတ်လုံအဖြစ်ရှေ့နေလိုက်ခဲ့သည်။ပြည်နယ်များဥပဒေအကြံပေးအရာရှိအဖြစ်လည်းဆောင်ရွက်ခဲ့သည်။ရန်ကုန်မြို့တော်တရားမရုံးတွင်တရားသူကြီးချုပ်အဖြစ်(၁၀)နှစ်ကျော်ထမ်းဆောင်ခဲ့သည်။ တွဲဖက်တရားသူကြီးချုပ်ဦးအေးကျော်သည်၊စစ်ကြိုခေတ်ကမြန်မာနိုင်ငံတရားဌာနဝန်ထမ်း(အငယ်တန်း)ရာထူးဖြင့်တရားသူကြီးဖြစ်လာသူဖြစ်သည်။၁၉၅၉ခုနှစ်တွင်ခရိုင်တရားမနှင့်စက်ရှင်တရားသူကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ရာ၁၉၇၁ခုနှစ်အထိ၊သထုံ၊ဟင်္သာတ၊မကွေးနှင့်သ...

1940 RLR 826 ( D B ) စီရင်ထုံးစာမျက်နှာ၈၂၉

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 RLR 826 ( DB )စီရင်ထုံးစာမျက်နှာ၈၂၉တွင်- "Authorities were not cited to the learned Judge in second appeal , which convincingly show that irrespective of the doctrine of lis pendens this suit was not maintainable . One of these authorities was cited in the trial Court , namely , Jogendra Chunder Fulkumari Dassi ( 1899 ) I. L. R. 27 Cal. 77. , which itself followed one of the leading authorities cited to us , Byjnath Lall v. Ramoodeen Chowdry ( 1874 ) 1 I. A. 106. ဟုပြဆိုထားရာ၊မူလတရားရုံး၌ဒေါ်ရှင်တို့ဘက်မှရှေ့နေ P. K. Basu တင်ပြသောစီရင်ထုံးသည်၊တရားလိုချစ်တီးစွဲဆိုသောအမှုကိုပလပ်ရန်ထုံးသာဓကဖြစ်နေသည်မှာယုံမှားဖွယ်မရှိ။ 1940 RLR 826 ( DB )အမှုကိုဆုံးဖြတ်ရာ၌၊ဟိုက်ကုတ်လွှတ်တော်အယူခံခုံရုံးက၊စီရင်ထုံးစာမျက်နှာ၈၂၉နှင့်၈၃၀တို့တွင်ကိုးကားထားသောစီရင်ထုံးများမှာ၊ဒေါ်ရှင်​၏ရှေနေ P. K. Basu က၊စီရင်ထုံးစာမျက်နှာ၈၂၇တွင်ကိုးကားတင်ပြထားသောစီရင်ထုံးများပင်ဖြစ်နေသည်ကိုတွေ့မြင်နိုင်သည်။ စီရင်ထုံးစာမျက်နှာ၈၃၀၌- "Perhaps the authority most on all fours with the ...

8 Ran 524 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 8 Ran 524 ( DB )အမွေမှုစွဲဆိုထားဆဲ၌၊မောင်အောင်ဖေက၎င်း​၏အမွေဝေစုကိုချစ်တီး(1940 RLR 826အမှုမှအယူခံတရားပြိုင်Arjandas)ထံပေါင်နှံခဲ့သည်။ နောက်ပိုင်း၌အမွေမှုတွင်အပြီးသတ်ဒီကရီရရှိပြီးအမွေပစ္စည်းများကိုခွဲဝေရာ၌ပေါင်ထားသောအချင်းဖြစ်မြေနှင့်အိမ်ကိုဒေါ်စောခင်ကရပြီး၊မောင်အောင်ဖေကအခြားပစ္စည်းများရရှိသည်။ ဒေါ်စောခင်အမွေရသောအချင်းဖြစ်အိမ်နှင့်မြေကိုနောက်ဆုံးတွင်ဒေါ်ရှင်(အယူခံတရားလို)နှင့်ဒေါ်တင်တို့ကဝယ်ယူလိုက်သည်။ အပေါင်ခံသူချစ်တီးArjandas(အယူခံတရားပြိုင်)ကမောင်အောင်ဖေအပေါ်အပေါင်မှုစွဲဆိုရာမှနောက်ဆုံးတွင်ပေါင်ပစ္စည်းများကိုလေလံဆွဲဝယ်ယူပြီးနောက်၊ဒေါ်ရှင်တို့အပေါ်၎င်းတို့ဝယ်ထားသောအချင်းဖြစ်မြေနှင့်အိမ်တွင်ပေါင်သူမောင်အောင်ဖေ​၏ဝေစု၃ပုံ၁ပုံကိုလက်ရောက်ရလိုကြောင်းမူလတရားရုံးတွင်တရားစွဲဆိုရာအမှုရှုံးသည်။ ခရိုင်တရားရုံးကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်သည်။ တရားလွှတ်တော်ဒုတိယအယူခံတွင်၊တရားလွှတ်တော်တရားဝန်ကြီးကအမွေပစ္စည်းများကိုခွဲဝေယူရာဒေါ်စောခင်သည်အချင်းဖြစ်အိမ်နှင့်မြေ​၏၃ပုံ၂ပုံကိုသာရသည်။သို့မဟုတ်၎င်းခွဲဝေရသည့်ပစ္စည်းသည်ထိုပစ္စည်းများတွင်မောင်အောင်ဖေ​၏ဝေစု၃ပုံ၁ပုံက...

1940 RLR 826 ( D B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1940 RLR 826 ( DB )စီရင်ထုံးတွင်၊အမှုဖြစ်စဉ်ကို- "The facts are , briiefly , that in the course of an administration suit one of the parties , a co-owner(Maung Aung Pe) , mortgaged his undivided share of the properties. " ဟုအစချီကာဖော်ပြသည်။ ရည်ညွှန်းသောအမွေစီမံခန့်ခွဲမှုမှာ၊စာရေးသူ​၏လေ့လာတွေ့ရှိချက်အရ(၃-၉-၁၉၃၀)နေ့၌ဆုံးဖြတ်သောမောင်အောင်ဖေအမှု- 8 Ran 524 ( DB ) (Maung Aung Pe v. U Tun Aung Gyaw and two.) (Before Mr. Justice Maung Ba and Mr. Justice Baguley.)ဖြစ်သည်။ မောင်အောင်ဖေ​၏မိခင်နှင့်အဒေါ်ဒေါ်စောခင်တို့အမွေရသောပစ္စည်းများနှင့်စပ်လျဉ်း၍တရားဆိုင်ကြရာမှပေါ်ပေါက်သောအမှုသုံးမှုမှာ- 6 Ran 79 ( PC ) (Ma Saw Kin and others  v. Maung Tun Aung Gyaw) (Present:- Viscount Sumner , Lord Sinha , Sir John Wallis and Sir Lancelot Sanderson.) 8 Ran 524 ( DB ) (Maung Aung Pe v. U Tun Aung Gyaw and two.) (Before Mr. Justice Maung Ba and Mr. Justice Baguley.) 1940 RLR 826 ( DB ) (Daw Shin  v. Arjandas.) (Before Sir Ernest H. Goodman Roberts , Kt., Chief Justi...

အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အရည်အချင်းရှိသောရှေ့နေဖြစ်ရန်မှာ အလျဉ်းသင့်၍၊နယ်ရှေ့နေတဦးမိမိအမှုသည်အပေါ်တာဝန်ကျေပုံကိုဖောက်သည်ချလိုသည်။ 1940 RLR 826 ( DB ) ( Daw Shin  v. Arjandas. ) ( Before Sir Ernest H. Goodman Roberts , Kt., Chief Justice ,and Mr. Justice Mosely. ) အမှုအကြောင်းဆွေးနွေးပါမည်။ ၁၉၄၀ပြည့်နှစ်တွင်ဟိုက်ကုတ်လွှတ်တော်၌ရုံးထိုင်တရားသူကြီးကိုးဦး(၁၉၄၀ပြည့်နှစ်အတွင်းတွင်၊အငြိမ်းစားယူသူအခြားတရားဝန်ကြီးတဦး[Sir John Minty Baguley]လည်းရှိသည်။)ဆုံးဖြတ်ခဲ့သောစုံညီအမှုခြောက်မှု(တရားမမှုငါးမှုနှင့်ရာဇဝတ်မှုတမှု)အပါအဝင်၊(၁၀၄)မှုကိုထုံးပြုခဲ့သည်။(စီရင်ထုံးစာအုပ်တွင်စာမျက်နှာ၈၃၉မျက်နှာရှိသည်) 1940 RLR 826 ( DB )အမှုမှာ၊ဟိုက်ကုတ်လွှတ်တော်တရားဝန်ကြီးတဦးက၊တရားမဒုတိယအယူခံမှုတွင်ချမှတ်သောအဆုံးအဖြတ်အပေါ်တင်သွင်းသည့်အယူခံဖြစ်သည်။ "Letters Patent Appeal"ဟုခေါ်သည်။ ရန်ကုန်ဟိုက်ကုတ်လွှတ်တော်ကိုတည်ထောင်သောအင်္ဂလန်နိုင်ငံဘုရင်​၏စာချွန်တော်အရအယူခံဝင်ခွင့်ပြုထားသည့်အယူခံတမျိုးဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသောအခါပြဌာန်းသည့်ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ရာ...

Evolution ( တစတစပြောင်းလဲတိုးတက်မှု )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ Evolution(တစတစပြောင်းလဲတိုးတက်မှု)သည်နေ့စဉ်နှင့်အမျှဖြစ်ထွန်းလျက်ရှိသည်။ ဆင်ခြင်တွေးခေါ်မှုများတိုးတက်လာသည်နှင့်အမျှ၊တရားဥပဒေများအပေါ်အမြင်ကျယ်ကျယ်လျှောက်လဲကြသည်ကို၊မြန်မာဓလေ့ထုံးတမ်းဆိုင်ရာစီရင်ထုံးများတိုးတက်ဖြစ်ထွန်းလာခြင်းက၊သာဓကအဖြစ်ညွှန်ပြလျက်ရှိသည်။ စီရင်ထုံးသမိုင်းကိုလေ့လာလျှင်၊ထိုတိုးတက်ဖြစ်ထွန်းနေမှုကိုအထင်အရှားတွေ့မြင်နိုင်သည်။ ၁၈၇၂ခုနှစ်မှ၂၀၁၃ခုနှစ်ကာလအတွင်းဖြစ်ထွန်းခဲ့သောစီရင်ထုံးများသည်၊ဥပဒေမျက်နှာစာအရပ်ရပ်ကိုလွှမ်းခြုံမိသေးသည်မဟုတ်။ကွက်လပ်များရှိဆဲဖြစ်သည်။တုတ်ထမ်းငြင်းရမည့်ဥပဒေပြဿနာများရှိဆဲဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေအချို့မှာ၊အိန္ဒိယနိုင်ငံရှိတရားရုံးများစီရင်ရသောဥပဒေများနှင့်တူပါသည်။ ၁၈၇၂မှ၁၉၇၃ခုနှစ်ကာလအတွင်းထုံးပြုခဲ့သောစီရင်ထုံးများတွင်၊အိန္ဒိယနိုင်ငံစီရင်ထုံးများကိုလေ့လာကာမှုခင်းများကိုဆုံးဖြတ်ခဲ့ကြကြောင်းတွေ့မြင်နိုင်သည်။မြန်မာနိုင်ငံစီရင်ထုံးများတွင်ထုံးသာဓကမရှိခြင်းကြောင့်ဖြစ်သည်။ ၁၉၆၂မှစ၍၊အိန္ဒိယနိုင်ငံတရားလွှတ်တော်များနှင့်တရားလွှတ်တော်ချုပ်တို့​၏စီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်တော့သဖြင့်လေ့လ...