Posts

Showing posts from November, 2021

13 Ran 412 ( F B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 13 Ran. 412 ( F . B . ) ( In Re Maung Thein Maung v. Ma Kywe and others. ) ( Before Sir Arthur Page , Kt. , Chief Justice , Mr . Justice Mya Bu , Mr . Justice Baguley , Mr . Justice Mosely , and Mr . Justice Ba U . ) အမှုတွင်မယားပြိုင်များရှိသောအိမ်ထောင်၌ပထမမယားနှင့်ရသောဩရသသားသည်၊ဖခင်နှင့်ဒုတိယမယားတို့​၏နှစ်ပါးစုံပစ္စည်းတွင်အမွေရခွင့်ရှိမရှိပြဿနာကိုစုံညီခုံရုံးကဆုံးဖြတ်ရာ၌၊တရားသူကြီးအားလုံးစီရင်ချက်ကိုယ်စီရေးကြသည်။ ၁၂မျက်နှာရှိသော( စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိ )တရားဝန်ကြီးချုပ်( Sir Arthur Page )​၏စီရင်ချက်ကို၊တရားဝန်ကြီးသုံးဦး( အင်္ဂလိပ်တရားသူကြီး Baguley၊ အင်္ဂလိပ်တရားသူကြီး Mosely၊ မြန်မာတရားသူကြီးဦးဘဦး )ကထောက်ခံရေးသားသည်။ အခြားမြန်မာတရားသူကြီးဦးမြဘူးက စာ၁၃မျက်နှာ( စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိ )ရှိသောစီရင်ချက်တွင်၊ မိမိအမြင်ကိုအကိုးအကားဖြင့်ထုတ်ဖော်သည်။ တရားဝန်ကြီးချုပ်( Sir Arthur Page )က၊ စီရင်ထုံးစာမျက်နှာ၄၁၈မှ၄၃၀အထိလည်းကောင်း၊ မြန်မာတရားသူကြီးဦးမြဘူးက၊ စီရင်ထုံးစာမျက်နှာ၄၃၀မှ၄၄၃အထိလည်းကောင်း၊ အင်္ဂလိပ်တရားသူကြီး( Baguley )က၊ စီရင်ထုံးစာမျက်နှာ၄...

မှားယွင်းသောကျင့်ထုံးကိုသမနိကြာရှည်စွာကျင့်သုံးရုံမျှဖြင့်အမှန်ဖြစ်သွားမည်မဟုတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အောက်မြန်မာပြည်စီရင်ထုံးများအတွဲ၅၊စာ၉၄( စုံညီ ) ( In Re P . L . R . M . N . Perchiappa Chetty  v.  1. Po Kin. 2. Po Nyun. 3. Ma Kyi Su. ) ( Before Sir Charles Fox , Chief Jusdge , Mr . Justice Moore , and Mr . Justice Bell . ) အမှုတွင်၊စီရင်ထုံးစာမျက်နှာ၉၈၌၊မှားယွင်းသောကျင့်ထုံးကိုသမနိကြာရှည်စွာကျင့်သုံးရုံမျှဖြင့်အမှန်ဖြစ်သွားမည်မဟုတ်၊ဟုအောက်ပါအတိုင်းသုံးသပ်ထားပါသည်- " I dissent from the view that a wrong practice becomes a right practice through age . If the practice of the Court has not been in conformity with what the Legislature has laid down , it must be altered , and a practice in conformity with law must be adopted . " မှန်သောကျင့်ထုံးကိုလိုက်နာရန်ဖြစ်သဖြင့်၊တရားရုံးအဆင့်ဆင့်ကဥပဒေနှင့်အညီဆောင်ရွက်ကြရန်ဖြစ်သည်။

A I R 1932 Privy Council 81

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A . I . R . 1932 Privy Council 81  စီရင်ထုံးစာမျက်နှာ၈၈တွင်အောက်ပါအတိုင်းပြဆိုသည်- " Counsel for respondent I drew their Lordships attention to a decision of this Board reported as Maung Tun Tha v. Ma Thit ( A I R 1916 P C 145 = 38 I C 809 = 44 I A 42 = 44 Cal 379 ( P C ) , where Art. 123 was apparently applied in a suit by a Burmese-Buddhist son for his suit in the paternal estate . No reference was made to the Indian case law on the subject , and the main question debated was as to whether the son was bound under the Burmese law to elect within a reasonable time after his father 's death. Their Lordship have referred to the record of this case , and they find that in the Courts of Burma no issue was raised as to limitation , and that there was no duscussion as to the article of Act which should be applied . There had been at least one previous decision in the Lower Burma Court that Art . 133 was applicable to such a case , and it seems to hav...

ဖြစ်ရပ်ချင်းဆင်တူသော A I R 1936 Ran 388 စီရင်ထုံးကိုတင်ပြခဲ့ဟန်မတူ

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၂ခုနှစ်တရားမပထမအယူခံမှုအမှတ်၄၃( ဒေါ်ထယ်ရင် နှင့် ဒေါ်ခွေး )အမှုမှာကျန်ရစ်သူဖခင်နောက်အိမ်ထောင်ပြုပြီးနောက်ဩရသသားရရန်ရှိသောအမွေဝေစုကို၎င်းသားကွယ်လွန်ပြီးနောက်၎င်း​၏ဇနီးကတောင်းဆိုသောအမွေစီမံခန့်ခွဲပေးစေလိုမှုဖြစ်ပါသည်။ မူလရုံးကအမှုမှာကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ်၁၂၃နှင့်သက်ဆိုင်သည်ဟုဆုံးဖြတ်သော်လည်း၊တရားရုံးချုပ်ကအမှတ်စဉ်၁၄၄နှင့်သက်ဆိုင်သည်ဟုပြင်ဆင်ဆုံးဖြတ်ပါသည်။ ထိုအမှုတွင်၊ဖြစ်ရပ်ချင်းဆင်တူသော၊ A . I . R . 1936 Ran. 388 စီရင်ထုံးကိုတင်ပြခဲ့ဟန်မတူပါ။

(1943) 45 Bombay Law Reports 275 ( P C )

Image
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ (1943 ) 45 Bombay Law Reports 275 ( P C ) အမှုတွင်-  "  Gunga Gobind Mundul v. The Collector of the Twenty - four Pergunnahs ( 1867 ) 11 M . I . A.345 at p. 361 , that if the owner whose property is encroached upon suffers his right to be barred by the law of limitation , " the practical ' effect is the extinction of his title in favour of the party in possession . "   ( ကျူးကျော်ခြင်းခံရသည့်ပစ္စည်းပိုင်ရှင်သည်ကာလစည်းကမ်းသတ်အက်ဥပဒေအရမိမိအခွင့်အရေးကိုအပိတ်ပင်ခံလျှင်လက်တွေ့အကျိုးသက်ရောက်မှုမှာလက်ရှိဖြစ်သည့်အမှုသည်၏အကျိုးငှာမိမိ၏ပိုင်ဆိုင်ခွင့်ဆိတ်သုဉ်းခြင်းဖြစ်သည် )ဟုထုံးဖွဲ့ထားခြင်းကိုကိုးကားဆုံးဖြတ်ပါသည်။ သို့ဖြစ်ရာ"၁၂ နှစ်ကျော်ပစ္စည်းကိုဆန့်ကျင်လက်ရှိထားသူသည်ပစ္စည်းပိုင်ရှင်ဖြစ်လာသည်"ဆိုသောဥပဒေသမှာပရီဗီကောင်စီကအထက်ပါစီရင်ထုံး၌၁၈၆၇ ခုနှစ်ကတည်းကပြဆိုခဲ့သောဥပဒေသဖြစ်ပါသည်။ 11 M . I . A . ဆိုသည်မှာ M သည်ပရီဗီကောင်စီစီရင်ထုံးစာအုပ်ကိုပြုစုထုတ်ဝေသော Moore ဆိုသူဖြစ်ပြီး I . A . ဆိုသည်မှာ Indian Appeals ၏အတိုကောက်ဖြစ်၍ 11 မှာ Moore ...

သားသမီးများကကျန်ရစ်သူမိဘအပေါ်အမွေဝေစုရလိုကြောင်းစွဲဆိုသောအမှုများမှာအမှတ်စဉ်၁၂၃နှင့်ပင်သက်ဆိုင်သည်။

  ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၁၁၃နှင့်၁၁၄တွင်၊သားသမီးများကကျန်ရစ်သူမိဘအပေါ်အမွေဝေစုရလိုကြောင်းစွဲဆိုသောအမှုများမှာအမှတ်စဉ်၁၂၃နှင့်ပင်သက်ဆိုင်သည်ဟုအောက်ပါအတိုင်းဝေဖန်ပြထားပါသည်- “The right of an heir other than an Orasa or other child on remarriage of the surviving parent is stated in Digest 1 , 51 , 90 and 105 to be one to obtain his or her definite fractional shares as against other co-heirs and the right is transmissible to his or her heirs . The description of such a right as vested its just. In Tun Tha v. Ma Thit ( 9 L . B . R . 56 ) the Privy Council held that a claim for the Orasa share was giverned by Article 123 of the Limitatiin Act . The same article of the Limitation Act was held applicable to a claim by a child or children on the remarriage of the surviving parent in U Tauk Ta v. Ma Ohn Yin ( 1939 R . L . R . 217 ). The application of Article 123 does not offend against the ...

စီရင်ထုံးတခုတည်းအပေါ်အမြင်အမျိုးမျိုးပေါ်ထွက်နေသည်မှာနားမရှင်းဖွယ်ဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ သို့ရာတွင်- A . I . R . 1936 Ran. 388 အမှုတွင်မူ- A . I . R . 1932 P . C . 81 ၌ 9 L . B . R . 56 (  P . C . )မမှန်ကြောင်းစောဒကတက်ခဲ့ခြင်းမရှိဟုစီရင်ထုံးစာမျက်နှာ၃၈၉တွင်အောက်ပါအတိုင်းရှင်းပြထားသည်ကိုတွေ့ရပါသည်။ " The correctness of the decision in 9 L . B . R . 56 ( P . C . )( Tun Tha  vs. Ma Thit ) has not been questioned , as is contended  by the learned counsel  for the appellant in 54  All 93 , A . I . R . 1932 ( P . C . ) 81 . စီရင်ထုံးတခုတည်းအပေါ်အမြင်အမျိုးမျိုးပေါ်ထွက်နေသည်မှာနားမရှင်းဖွယ်ဖြစ်ပါသည်။

12 Ran 409 ( Ma Pwa Thin v. U Nyo and others )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 9  L . B . R . 56 ( P . C . ) ( Tun Tha v. Ma Thit and others. ) စီရင်ထုံးနှင့်ကွဲလွဲဟန်တူသော- A . I . R . 1932 P . C . 81 ( Ghulam Mohammad v. Ghulam Husain and others. )  စီရင်ထုံးကို- 12 Ran. 409  ( Ma Pwa Thin v. U Nyo and others ) စီရင်ထုံးစာမျက်နှာ၄၁၂တွင်အောက်ပါအတိုင်းကိုးကားဆုံးဖြတ်ပါသည်။ " The view expressed by this Court in the above case was confirmed by the Judicial Committee of the Privy Council in Ghulam Mohammad vs. Ghulam Husain [ ( 1932 ) 59 I . A . 74 , A . I . R . 1932 P . C . 81 ] in which it was held that Article 123 " only applies where the suit is brought against an executor or an administrator or some person legally charged with the duty of distributing the estate. " The plea of limitation , therefore , fails. "

A. I. R. 1936 Ran 388 ( Ma Pwa v. Tasudut )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A . I . R . 1936 Ran . 388  ( Ma Pwa  vs. Tasudut ) အမှုကိုတရားသူကြီးနှစ်ဦး( Before Mosely and Ba U , JJ . )ဆုံးဖြတ်ရာ၌၊နောက်အိမ်ထောင်ပြုသောမိခင်ထံမှပထမအိမ်ထောင်မှသားသမီးက၊ရထိုက်ခွင့်ရှိသောအမွေဝေစုကိုတောင်းဆိုသောအမှုသည်၊အမှတ်စဉ်၁၂၃နှင့်သက်ဆိုင်သည်ဟု- 9 L . B . R . 56 ( P . C . ) ( Tun Tha  vs. Ma Thit and others. ) ( Before Lord Chancellor , Lord Shaw , Lord Wrenbury and Mr . Ameer Ali. ) စီရင်ထုံးကိုကိုးကားဆုံးဖြတ်ပါသည်။ A . I . R . 1936 Ran. 388  စီရင်ထုံးစာမျက်နှာ၃၈၉တွင်အောက်ပါအတိုင်းဆုံးဖြတ်ပါသည်- " As she was the only child , she will be entitled to claim a one-fourth share in the estate of her mother and her father on the date of her mother's re-marriage .xxxx She must therefore claim her share of inheritance within 12 years from that date : 9 L . B . R . 56 . "

12 Ran 55

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 12 Ran. 55  ( Maung Sein Ba  vs.  Maung Kywe and others. ) ( Before Cunliffe , Kt . , Officiating Chief Justice , and Mr . Justice Baguley. ) အမှုတွင်မူလရုံးက၊စည်းကမ်းသတ်ကာလကိုအမှတ်စဉ်၁၂၃အရတွက်ချက်သော်လည်း၊တရားလွှတ်တော်အယူခံတွင်၊အမှတ်စဉ်၁၄၄နှင့်သက်ဆိုင်သည်ဟု၊နှစ်ဖက်ရှေ့နေများကသဘောတူဝန်ခံတင်ပြခဲ့သဖြင့်အဆုံးအဖြတ်မပေါ်ခဲ့ပါ။( စီရင်ထုံးစာမျက်နှာ၆၃ကိုကြည့်ပါ။) ထိုအမှုမှာမိခင်သေဆုံးပြီးနောက်ဖခင်နောက်အိမ်ထောင်ပြုရာမှသားကဖခင်နှင့်မိထွေးအပေါ်စွဲဆိုသောအမှုဖြစ်ပါသည်။

1948 BLR 717( 719 )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဗုဒ္ဓဘာသာအိမ်ထောင်တွင်မိဘတပါးပါးကွယ်လွန်သည့်အခါ၊  1948 BLR 717(719) ( Maung Pu vs. U Tha Hpye and four others ) ( တရားဝန်ကြီးဦးသောင်းစိန်ကြားနာဆုံးဖြတ်သည် ) အမှုတွင်ညွှန်ပြထားသောအခြေအနေ၌ဩရသသားသမီးကကျန်ရစ်သူမိဘထံမှလည်းကောင်း၊ကျန်ရစ်သူမိဘနောက်အိမ်ထောင်ပြုသောအခါသားသမီးများသည်၊  7 Ran 193 ( Ma Thein  vs.  Ma Mya and one ) ( Before Sir Guy Rutledge , Kt . , K . C . , Chief Justice , and Mr . Justice Brown. ) 7 Ran 240  ( Ma Shwe Yu and others  vs. Ma Kin Nyun and others. ) ( Before Sir Guy Rutledge , Kt . , K . C . , Chief Justice , and Mr . Justice Carr. ) စီရင်ထုံးများအရထိုမိဘထံမှလည်းကောင်းအမွေတောင်းခွင့်ရရှိသည်ဖြစ်ရာ၊မရွှေ့မပြောင်းနိုင်သောပစ္စည်း၌ရရန်ရှိသောအမွေဝေစုကို၊ကာလစည်းကမ်းသတ်အက်ဥပဒေအမှတ်စဉ်၁၂၃တွင်သတ်မှတ်ထားသောကာလအတွင်းတောင်းဆိုရန်ဖြစ်သည်ဟု၊စီရင်ထုံးများတွင်တညီတညွတ်တည်းပြဆိုလာခဲ့ပြီးကာမှ၊၁၉၃၄ခုနှစ်တွင်ဆုံးဖြတ်သော 12 Ran 409 ( Ma Pwa Thin  vs.  U Nyo and others ) ( Before Sir Arthur Page , Kt . , Chief Jus...

ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စာရေးသူသည် AIR Commentaries ၊တရားမကျင့်ထုံးဥပဒေကျမ်း၊ပစ္စည်းလွှဲပြောင်းခြင်းဥပဒေကျမ်းနှင့်ကာလစည်းကမ်းသတ်အက်ဥပဒေကျမ်းများကို၊တရားရုံးချုပ်ပိဋကတ်တိုက်တွင်လေ့လာခွင့်ရခဲ့သည်။အချို့ရှေ့နေကြီးများ၌ထိုကျမ်းများရှိသည်ကိုသတိထားမိသည်။ မန္တလေးမြို့မှရှေ့နေဦးမြစိန်(မြန်မာဓလေ့ထုံးတမ်းဥပဒေကိုပြုစုသူ)သည်၎င်း​၏ဆရာ Mr Bose(စီရင်ထုံးများတွင်၎င်းလိုက်ပါသောအမှုများကိုတွေ့မြင်နိုင်သည်)ဌာနေပြန်ရာမှရရှိလိုက်သောကျမ်းများတွင်၊တရားမကျင့်ထုံးဥပဒေကျမ်း( AIR Commentaries )များပါဝင်သည်။ ဥပဒေကျမ်းများတွင်အမှန်တရားပေါ်ထွန်းရေးသည်ရည်ရွယ်ချက်ဖြစ်သည်။ ဥပဒေပညာရှင်အကျော်အမော်ဒေါက်တာဧမောင်က(၁၉၇၀ပြည့်နှစ်ထုတ်)မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်းစာမျက်နှာ၂၁၉တွင်၊ 1966 BLR 27 ( C C )( Maung Khet and two others  vs.  Ma Yin )( တရားသူကြီးဦးစိန်သင်းကြားနာဆုံးဖြတ်သည် )စီရင်ထုံးကိုပြန်လည်ဆင်ခြင်သင့်ကြောင်းအောက်ပါအတိုင်းပြဆိုထားသည်- Maung Khet  vs. Ma Yin ( 1966 C . C . 27 ) is a difficult decision by a single Judge of the Chief Court . The Learned Judge explicity accepts the principle that th...

တရားမျှတခြင်း​၏အသီးအပွင့်များကိုခံစားနိုင်ရန်လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမျှတခြင်း​၏အသီးအပွင့်များကိုခံစားနိုင်ရန်လူအမျိုးမျိုးအတွက်သီးခြားစံနှုန်းများမရှိနိုင်။  9 LBR 114 ( P C ) Maung Kyin , since decased ( now - Represented by Maung Kyaw ) , and another   vs.  Ma Shwe La , since decased , and others  Before Lord Dunedin , Lord Shaw , Lord Sumner , Sir John Edge and Mr . Ameer Ali .  အမှု၊စာမျက်နှာ၁၃၆၌၊ပရီဗီကောင်စီက၊သာနာညီမျှမှုဆိုင်ရာသဘောတရားများကိုကမ္ဘာတလွှားကျင့်သုံးသည် ( The principle of equity are universal . ) ဟုဆိုပါသည်။ မရွှေလနှင့်အခြားသူများနှင့်မောင်ကျင်ပါ၂( 8 B . L . T . 104 )အမှုတွင်သက်သေခံအက်ဥပဒေပုဒ်မ၉၂သည်သူတပါး​၏ပစ္စည်းကိုလိမ်လည်လှည့်ဖြားသည့်သဘောဖြင့်စီမံခန့်ခွဲကြောင်းသက်သေထင်ရှားပြခြင်းကိုဖြစ်စေ၊အပြီးအပိုင်လွှဲပြောင်းပေးသည့်သဘောသက်ရောက်သောပစ္စည်းသည်အမှန်စင်စစ်လွှဲပြောင်းရာတွင်မပါသောအခြားသူပိုင်ဖြစ်သည်ကိုသိရှိကြောင်းသက်သေထင်ရှားပြခြင်းကိုမပိတ်ပင်ဟုထုံးဖွဲ့ထားသည်။ ဤအမှုကို 38 Indian Appeals 146တွင်လည်းကောင်း၊ 9 L . B . R . 114 ( 138 ) P . C . အမှုစာမျက်နှာ၁၂၂မှ၁၃၂အထိတွင်လည်းကောင်းဖ...

on his own account

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဥပဒေနှင့်မညီကြောင်းထင်သာမြင်သာသောအမိန့်ကိုပြန်လည်သုံးသပ်ပေးရန်လျှောက်ထားခွင့်သာရှိခဲ့လျှင်အငြင်းပွားမှုများသည်တိုတောင်းသောကာလအတွင်းပြီးသွားနိုင်ပါလျက်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်ငြင်းခုံကြရသဖြင့်ရှေ့နေရှေ့ရပ်များအချိန်ကုန်၊လူပန်း၊ငွေကုန်ဖြစ်ရသည်မှာမဖြစ်သင့်။ အကြောင်းခြင်းရာအပေါ်ဆုံးဖြတ်ချက်များအပေါ်သာဓကများကို၊အထူးအယူခံဝင်ခွင့်ပေးခဲ့သည့်သာဓကကို၊စာရေးသူပြုစုသောတရားမမှုခင်းဖြတ်ထုံးများပထမတွဲနှင့်ဒုတိယတွဲတို့တွင်တွေ့မြင်နိုင်သည်။ တဖက်တွင်အထူးအယူခံဝင်ခွင့်ပြုသင့်သောအချို့အမှုများ၌အယူခံဝင်ခွင့်မရခဲ့။ ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၁၅ပါ" on his own account "ကို၊မိမိသဘောအတိုင်းသဘောအလျောက်ဟုဘာသာပြန်ဆိုခြင်းမမှန်ကြောင်း၊ထိုစကားရပ်​၏တရားဝင်ဘာသာပြန်ချက်ဖြစ်သော၊ရာဇသတ်ကြီးပုဒ်မ၂၀၈ဥပမာ(က)၊အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းထားသော၁၉၄၈ခုနှစ်မြို့ပြဆိုင်ရာအက်ဥပဒေပုဒ်မ၂(က)ကိုမြန်မာဘာသာဖြင့်၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေအဖြစ်ပြဌာန်းထားရာ၌၁၉၄၈ခုနှစ်ဥပဒေပါ" on his own account "ဆိုသောစကားရပ်အား၊မိမိအတွက်၊ဟုပြဌာန်းထားသည်ကိုထောက်ပြကာအထူးအယူခံဝင်ခွင့...

AIR Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ AIR Commentaries ကျမ်းများကိုဥပဒေပညာရှင်အများအပြားစုပေါင်းထုတ်ဝေခြင်းဖြစ်သည်။စာတည်းအဖွဲ့၌ပင်တရားလွှတ်တော်ဥပဒေပညာရှင်အများအပြားပါဝင်သည်ကိုတွေ့ရသည်။ ၁၉၅၀ပြည့်နှစ်ထုတ်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကျမ်းသုံးတွဲ(စာမျက်နှာ၂၅၁၅)ရှိသည်။မြန်မာနိုင်ငံ၌လက်ရှိထုတ်ဝေလျက်ရှိသည့်စီရင်ထုံးပေါင်းချုပ်အနှစ်ချုပ်ဖြစ်သည့်နောက်အကျဆုံးဥပဒေကျမ်းမှာလေးတွဲ၊ကာလစည်းကမ်းသတ်ဥပဒေကျမ်းမှာနှစ်တွဲ(မှတ်မိသမျှ)ရှိသည်။ မြန်မာနိုင်ငံရှိအဆိုပါကျမ်းများမှာနှစ်ငါးဆယ်ကျော်ခေတ်နောက်ကျကျန်လျက်ရှိသည်။အိန္ဒိယနိုင်ငံ၌နောက်ဆုံးထုတ်ဝေသောအဆိုပါကျမ်းများမှာများစွာပို၍ထူလာကာ၊ကျမ်းများတွင်အကြောင်းအရာအညွှန်း၊စီရင်ထုံးအညွှန်းများပါသည်။ ကျမ်းကြီးများတွင်မှားသောစီရင်ထုံးအချို့ကိုဘဝင်မကျကြောင်းတင်ပြထားသည်ကိုလည်းတွေ့ရသည်။ ဒေါက်တာဧမောင်သည်၁၉၇၀ပြည့်နှစ်တွင်ထုတ်ဝေသောမြန်မာဗုဒ္ဓဘာသာတရားဥပဒေ(မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၂)တွင်ပါရှိသည့်အတိုင်း)ကျမ်းစာမျက်နှာ၆၃တွင်၊1963 BLR 912(917)( Maung Kyin Maung and one  vs. Ma Waing Kyi )(တရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်)စီရင်ထုံးပါဆုံးဖြတ်ချက်မမှန...

၁၉၇၃ခုနှစ်စီရင်ထုံးများအထိ၊ထုံးပြုသောစီရင်ချက်များကိုစကားမကျွံမိစေရန်ဂရုပြုရေးသားထားသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၇၃ခုနှစ်စီရင်ထုံးများအထိထုံးပြုသောစီရင်ချက်များကို၊စကားမကျွံမိစေရန်ဂရုပြုရေးသားထားကြောင်း၊ဥပဒေပညာရှင်များတွေ့မြင်နိုင်သည်။ ဒေါက်တာဧမောင်က၎င်း​၏မြန်မာဗုဒ္ဓဘာသာတရားဥပဒေကျမ်း(၁၉၇၀ပြည့်နှစ်ထုတ်)(တန်ဖိုး၁၅ကျပ်မျှသာဖြစ်သည်)တွင်၊ 1954 BLR ( S C ) 52 ပါအဆိုအမိန့်နှင့်စပ်လျဉ်း၍စာမျက်နှာ၆၄-၆၅တို့၌အောက်ပါအတိုင်းဝေဖန်သည်- " The Supreme Court of the Union of Burma in appeal upheld the decision of the High Court in Ma Htwe's case , but on different grounds. In Daw Htwe v. Ma Tin U [ 1954 B.L.R. 52 ( S C ) ] it was said that the husband could not be said to have become owner of any definite part of the estate of his father in the hands of his sister  " မောင်ကျောင်းနှင့်နှမမတင်ဦးတို့အမွေမခွဲကြရသေး။အမွေပစ္စည်းများသည်မတင်ဦး​၏လက်ရှိဖြစ်နေသောကြောင့်၊မောင်ကျောင်းသည်အမွေဆိုင်ရုံသာဆိုင်သေး၍အမွေတွင်ပါဝင်သောပစ္စည်းဘယ်ဟာတခုခုကိုမျှတသီးပုဂ္ဂလပိုင်ပြီဟုမဆိုနိုင်သေးသောသူဖြစ်သည်။" This argument ignored a long line of decisions beginning with that of the Privy Co...

အကြောင်းပြချက်မရေးဘဲအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်လျော်ကန်သင့်မြတ်သလော

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အကြောင်းပြချက်မရေးဘဲအယူခံကိုအကျဉ်းနည်းဖြင့်ပလပ်ခြင်းသည်လျော်ကန်သင့်မြတ်သလော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကအယူခံကိုအကြောင်းပြချက်မပြဘဲ၊အကျဉ်းနည်းဖြင့်ပယ်(ပလပ်)ပါသည်။ တရားမအထွေထွေအယူခံမှုကိုယခင်တရားလွှတ်တော်ကအကျဉ်းနည်းဖြင့်ပလပ်ရာ၌ရေးသားထားသောခုံရုံး​၏စီရင်ချက်ကို 1949 BLR ( H C ) 258 ( K . Yacoob Rowther and one  vs. V . K . Maimon Bibi and others )အမှု၌ထုံးပြုထားသည့်သာဓကရှိပါသည်။ ( တရားသူကြီးချုပ်ဦးသိန်းမောင်ကစီရင်ထုံးစာမျက်နှာ၂၅၉မှ၂၆၂အထိ၊အကြောင်းအကျိုးပြရေးသားပြီး၊တရားသူကြီးဦးစံမောင်ကစီရင်ထုံစာမျက်နှာ၂၆၃မှ၂၆၄အထိ၊အကြောင်းအကျိုးပြရေးသားဆုံးဖြတ်ခဲ့သည်။) ထို့အတူ၊တရားမပထမအယူခံမှုကိုယခင်တရားလွှတ်တော်ကအကျဉ်းနည်းဖြင့်ပလပ်ရာ၌ရေးသားထားသောခုံရုံး​၏စီရင်ချက်ကို 1950 BLR ( H C ) 304 ( Chow Yee [ a ] Ah Foon  vs. Kan Ah Kong and one )အမှု၌ထုံးပြုထားသည့်သာဓကရှိပါသည်။ ( တရားသူကြီးချုပ်ဦးထွန်းဖြူနှင့်တရားသူကြီးဦးအုန်းဖေတို့ကအယူခံတရားလို​၏ရှေ့နေတဦးတည်းကိုကြားနာပြီးနောက်၊တရားသူကြီးချုပ်ဦးထွန်းဖြူတဦးတည်းကစီရင်ထုံးစာမျက်နှာ၃၀၄မှ၃၀၇အထိရေးသားပြီးစီရင်ချက်ချမှတ်သည်။) ...

တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁၁အရအယူခံကိုပလပ်ရာတွင်စီရင်ချက်ရေားလေ့မရှိ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားမကျင့်ထုံးဥပဒေအမိန့်၄၁၊နည်း၁၁အရအယူခံကိုပလပ်ရာတွင်၊စီရင်ချက်ရေးလေ့မရှိသဖြင့်၊အယူခံတရားရုံး​၏ဒီကရီကိုနောက်တဆင့်မြင့်သည့်တရားရုံးချုပ်သို့အယူခံဝင်ရာ၌အကြောင်းပြရန်အခက်အခဲအနည်းနှင့်အများတွေ့ရတတ်သည်။ သို့သော်လည်း  1949 BLR ( HC )258  ( K. YACOOB ROWTHER and one  vs. V . K . MAIMON  BIBI and others ) အမှုတွင်၊တရားသူကြီးချုပ်ဦးသိန်းမောင်နှင့်တရားဝန်ကြီးဦးစံမောင်တို့က၊အယူခံတရားလို​၏ရှေ့နေတဦးတည်းကိုကြားနာပြီးနောက်၊အကြောင်းအကျိုးပြကာ၊အယူခံကိုအကျဉ်းနည်းပလပ်ကြောင်းအမိန့်ချမှတ်သည်။ တရားသူကြီးချုပ်ဦးသိန်းမောင်ကစီရင်ထုံးစာမျက်နှာ၂၅၉မှ၂၆၂အထိလည်းကောင်း၊တရားဝန်ကြီးဦးစံမောင်ကစီရင်ထုံးစာမျက်နှာ၂၆၃မှ၂၆၄အထိလည်းကောင်း၊အကျိုးအကြောင်းပြစီရင်ချက်ရေးသားကာ၊အယူခံကိုအကျဉ်းနည်းပလပ်ကြောင်းအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အထူးလေ့လာမှတ်သားသင့်သောစီရင်ထုံးတခုဖြစ်သည်။ တရားသူကြီးချုပ်ဦးသိန်းမောင်ကအကျိုးအကြောင်းပြပြီးအောက်ပါအတိုင်းဆုံးဖြတ်သည်- "တရားလိုကမိမိသည်မိမိမန်နေဂျာစီမံအုပ်ချုပ်လျက်ရှိသောအင်ဂိုရာဟိုတယ်ကိုလက်ရှိဖြစ်သောတဦးတည်းပိုင်ရှင်ဖြစ်ကြောင်း၊တရားပြိုင်များသည်လိမ်လ...

လင်မယားကွာရှင်းပေးစေလိုမှုတွင်ကွာရှင်းဒီကရီအကျိုးဆက်အဖြစ်၊သာမာန်အားဖြင့်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုကြခြင်းဖြစ်သည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားလိုလင်အဆိုပြုစွဲဆိုသည့်အတိုင်းတရားပြိုင်မယားသည်ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုကျူးလွန်ခြင်းမှန်ခဲ့လျှင်၊တရားလိုလင်နှင့်တရားပြိုင်မယားတို့ပေါင်းသင်းစဉ်ကအတူပိုင်ဆိုင်သောပစ္စည်းအားလုံးသည်မြန်မာဓလေ့ထုံးတမ်းဥပဒေအရတရားလိုလင်ပိုင်ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်တရားလိုလင်သည်၊မဒွန်းမယ်အမှုနှင့်ဒေါ်ပုကြီးအမှုစီရင်ထုံးများအရ၊ပစ္စည်းပိုင်ဆိုင်ကြောင်းမြွက်ဟဒီကရီနှင့်၊တရားပြိုင်မယားလက်ဝယ်ရှိပစ္စည်းများနှင့်စပ်လျဉ်း၍၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်ပြဆိုထားသည့်အတိုင်း၊ထို့အပြင်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၄၂ခြွင်းချက်ပါပြဌာန်းချက်များအရလိုအပ်သည့်အတိုင်း၊လက်မဲ့ဖြစ်သောပစ္စည်းများနှင့်စပ်လျဉ်း၍လက်ရောက်ရလိုမှုစွဲဆိုရမည်။သာမန်လင်မယားကွာရှင်းပေးစေလိုမှုမှာကဲ့သို့ပစ္စည်းခွဲဝေပေးစေလိုမှုမစွဲဆိုနိုင်။ ဦးဇာဂရနှင့်ဦးစန္ဒောဘာသ ၁၉၄၈၊မတစ၊၈၆၆(၈၆၇)တွင် "ပစ္စည်းပူးတွဲပိုင်ဆိုင်သူတို့သည်အတူတူလက်ရောက်ရထိုက်သည်ဖြစ်၍လက်ရောက်ရလိုမှုမစွဲဆိုနိုင်" ဟုအောက်ပါအတိုင်းပြဆိုထားသည်- ( no co-owner of property can oust the other co-owner from the property , each being equally entitl...

ဒေါ်ပု( ခ )ဒေါ်ပုကြီး နှင့် မောင်ထွန်းခ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်ပုခေါ်ဒေါ်ပုကြီးနှင့်မောင်ထွန်းခ၊ ၁၉၄၆ခုနှစ်ရန်ကုန်စီရင်ထုံးများစာ၁၂၅စီရင်ထုံးတွင်၊ စုံညီခုံရုံးက"ဒေါ်ပုကြီး​၏ခင်ပွန်းမောင်ထွန်းခသည်မြန်မာဓလေ့ထုံးတမ်းဥပဒေအရကြီးလေးသောအိမ်ထောင်ရေးပြစ်မှုကျူးလွန်သည်ဖြစ်၍၊ဒေါ်ပုကြီးသည်ထိုပစ္စည်းအရပ်ရပ်ကိုအကြွင်းမဲ့ရထိုက်သည်"ဟု၊စီရင်ထုံးစာမျက်နှာ၁၃၈တွင်အောက်ဖော်ပြပါအတိုင်းဒီကရီချမှတ်ပါသည်- a decree declaring that the appellant(အယူခံတရားလို)is absolutely entitled to such properties .  ယင်းစီရင်ထုံးပါအသုံးအနှုန်းသည်၊မဒွန်းမယ်အမှုစီရင်ထုံးနှင့်ထပ်တူထပ်မျှနီးပါးတူညီနေသည်ကိုတွေ့မြင်နိုင်သည်။ သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၈တွင်အောက်ပါအတိုင်းပြဌာန်းထားသည်- "8 . A person entitled to the possession of specific immoveable property may recover it in the manner prescribed by the Code of Civil Procedure ." (၈ ။သီးခြားမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလက်ရောက်ရပိုင်ခွင့်ရှိသူသည်၊တရားမကျင့်ထုံးဥပဒေတွင်သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းပြန်ရနိုင်သည်။) မယားသည်လင်နှင့်ပြန်လည်ပေါင်းသင်းပြီးနောက်အခြားယောကျ်ားနှင့်ဖောက်ပြားကြောင...

မဒွန်းမယ် နှင့် မောင်စံထွန်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မဒွန်းမယ်နှင့်မောင်စံထွန်း၊ ၁၉၃၈ခုနှစ်ရန်ကုန်စီရင်ထုံးများစာ၂၂၉စီရင်ထုံးတွင်- "လင်မယားကွာရှင်းပေးစေရန်သင့်မြတ်စွာတရားစွဲဆိုသောအမှုတွင်၊တရားစွဲဆိုရန်အကြောင်းမှာမယားဖြစ်သူမျောက်မထားခြင်းဖြစ်ပါက၊ခင်ပွန်းဖြစ်သူသည်မယားလင်ငယ်နေခြင်းကိုအခိုင်အမာပြဆိုရာတွင်အောင်မြင်ပါလျှင်၊ပူးတွဲပိုင်သည့်ပစ္စည်းတရပ်လုံးရထိုက်ကြောင်းကြေညာသည့်ဒီကရီရခွင့်ရှိသည်။ ( In a properly constituted action for divorce , where the cause of action is the adultery of the wife , the husband , if successful in establishing the adultery , has a right to a decree declaring him to be entitled to the whole of the joint property . ) ဟူ၍ထုံးဖွဲ့ထားသည်။ မဒွန်းမယ်အမှုစီရင်ထုံးအရ၊လင်ငယ်နေသူမယားသည်လင်မယားပိုင်ပစ္စည်းအရပ်ရပ်တို့ကိုလက်လွတ်ဆုံးရှုံးပြီး၊တရားစွဲဆိုသူတရားလိုခင်ပွန်းသည်လင်မယားပိုင်ပစ္စည်းများကိုလက်ရောက်ရထိုက်ခွင့်ရှိမည်ဖြစ်သည်။

စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားပြတ်စဲခြင်းသည်၊အနှစ်သာရအားဖြင့်နှစ်ဦးသဘောတူကွာရှင်းခြင်းဖြစ်သည်

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါက်တာသာမြကဇနီးဒေါ်ခင်ပုအပေါ်စွဲဆိုသောအမှုတွင်၊မူလတရားရုံးကဒေါ်ခင်ပု(တရားပြိုင်)သည်ဒေါက်တာသာမြ(တရားလို)​၏မယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာသည့်ဒီကရီနှင့်အခြားသက်သာခွင့်ပြုရာ၌(၁)ဒေါက်တာသာမြသည်ဒေါ်ခင်ပုအား၁၉၃၉ခုနှစ်၊ဧပြီလ၂၇ရက်နေ့မှစ၍စွန့်ပစ်ခဲ့သည်။(၂)၁၉၄၂ခုနှစ်၊ဧပြီလ၂၇ရက်နေ့မှလင်မယားအလိုအလျောက်ပြတ်စဲသွားသည်စသည်ဖြင့်ဆုံးဖြတ်သည်။ ဒေါ်ခင်ပုကတရားလွှတ်တော်သို့အယူခံဝင်သည်။တရားလွှတ်တော်အယူခံ(စုံညီ)ခုံရုံးတွင်၊တရားဝန်ကြီးချုပ်ဦးသိန်းမောင်၊တရားဝန်ကြီးများဖြစ်ကြသောဦးထွန်းဖြူ၊ဦးစံမောင်၊ဦးအောင်သာကျော်၊ဦးဘိုကြီးတို့ကကြားနာဆုံးဖြတ်သည်။ တိုက်ဆိုင်သည်ဟုဆိုရမည်လားမသိ၊အယူခံကိုကြားနာသောခုံရုံးတွင်ပါဝင်သောတရားဝန်ကြီးချုပ်(ဦးသိန်းမောင်)သည်၊မညွန့်အမှု၌အမှုရှုံးသွားသောမောင်စံသိန်းဘက်မှလိုက်ပါဆောင်ရွက်ခဲ့သောရှေ့နေဖြစ်သည်။ခုံရုံး​၏တင်ပြချက်အရဖွဲ့သောစုံညီခုံရုံးကမညွန့်စီရင်ထုံးကိုပြန်လည်စိစစ်ပြီးသိန်းဖေစီရင်ထုံးကိုလိုက်နာကာမညွန့်စီရင်ထုံးကိုပယ်ဖျက်ခဲ့သည်။ ဒေါက်တာသာမြအမှုတွင်ယခင်တရားလွှတ်တော်ချုပ်(တရားဝန်ကြီးချုပ်ဆာဘဦး၊တရားဝန်ကြီးဦးဧမောင်နှင့်ဦးသောင်းစိန်တို့ကကြားနာဆုံးဖြတ်သည်။)...

စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်တရားစွဲဆိုနိုင်သလား

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးလင်မယားကွာရှင်းပေးရန်တရားစွဲဆိုနိုင်သလော မနုကျယ်ဓမ္မသတ်၊ပဉ္စမတွဲ၊ပုဒ်မ၁၇ပါအဆိုအမိန့်သည်အောက်ပါအတိုင်းဖြစ်သည်- "အကြင်လင်နှင့်မယားအတူတကွနေရာ၊မယားကိုလင်မလိုဟုဆင်းသွား၍သုံးနှစ်ပတ်လုံးဟင်းရွက်တရွက်၊ထင်းတချောင်းမျှမပေးကြာလေ​၏။သုံးနှစ်စေ့လျှင်နှစ်ယောက်စလုံး၊မယားလင်အခြားနေပိုင်ကြစေ။လင်ကိုမယားမနှစ်သက်၍အတူနေရာကဆင်းသွား၍တနှစ်ပတ်လုံးဟင်းရွက်တရွက်၊ထင်းတချောင်းမျှမပေးနေ​၏။နှစ်ဦးမယားလင်နေပိုင်ကြစေ။ငလင်၊ငမယားမဆိုသာ။ကွာပိုင်နေပိုင်စေ။" မြန်မာ့စီရင်ထုံးသမိုင်းတွင်အထက်ပါအဆိုအမိန့်ကိုအဓိပ္ပာယ်ကောက်ယူရာ၌စီရင်ထုံးများမတည်မငြိမ်ဖြစ်ခဲ့သည်။"င(ငါ့)လင် င(ငါ့)မယား မဆိုသာ၊ကွာပိုင်နေပိုင်စေ"ဟူသောစကားရပ်ပါ၊ကွာသည်၊ကွာရှင်းသည်ဟုအဓိပ္ပာယ်ရသည်။ မြန်မာစာအဖွဲ့ဦးစီးဌာနကထုတ်ဝေသောမြန်မာအဘိဓာန်(ဒုတိအကြိမ်ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း)စာမျက်နှာ၄၀ကိုကြည့်ပါ။ထိုစာမျက်နှာတွင်ပင်၊ကွာရှင်း(ကြိယာ)ကို၊လင်မယားအဖြစ်မှပြတ်စဲသည်ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။ ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစ(တရားလွှတ်တော်)၂၈၃(စုံညီ)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၁၂၌၊မနုကျယ်ဓမ္မသ...

လင်မယားအဖြစ်မှပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ လင်မယားအဖြစ်မှပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ၊၁၉၄၉မတစ(တရားလွှတ်တော်)၂၈၃(စုံညီ)အမှုတွင်၊စီရင်ထုံးစာမျက်နှာ၃၁၅၌မြန်မာဗုဒ္ဓဘာသာအချင်းချင်းတွင်လင်ခန်းမယားခန်းသည်အောက်ပါတနည်းနည်းဖြင့်ပြတ်စဲသွားနိုင်သည်ဟုပြဆိုထားသည်။ (က)နှစ်ဦးသဘောတူကွာရှင်းခြင်း။ (ခ)အပြစ်ကျူးလွန်သူလင်(သို့မဟုတ်)မယားကသတ်မှတ်ကာလကြာစွန့်ပစ်ခြင်းနှင့်စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောဆန္ဒကိုဖော်ထုတ်သောနောက်ပိုင်းအပြုအမူအရပြတ်စဲခြင်း။ (ဂ)ဖောက်ပြားခြင်း၊ရက်စက်ခြင်းစသည့်အိမ်ထောင်ရေးပြစ်မှုသက်သေထင်ရှားခြင်းကြောင့်စီရင်ပိုင်ခွင့်အာဏာရတရားရုံးကချမှတ်သောဒီကရီအရခွင့်ပြုသောကွာရှင်းခြင်း။ တရားရုံးကကွာရှင်းဒီကရီချမှတ်နိုင်ရန်လိုအပ်သည့်အိမ်ထောင်ရေးပြစ်မှုများတွင်၊စွန့်ပစ်ခြင်းကိုမထည့်ဘဲသီးခြားဖော်ပြထားခြင်းက၊စွန့်ပစ်ခြင်းကိုအကြောင်းပြုပြီးကွာရှင်းသည့်ကိစ္စတရားဝင်စေရန်၊ဒီကရီမလိုအပ်မှုကိုညွှန်ပြသည်။ တဦးကသတ်မှတ်ကာလကြာစွန့်ပစ်ပြီးကျန်တဦးကလင်မယားပြတ်စဲလိုသောမိမိ​၏ဆန္ဒကိုတနည်းနည်းဖြင့်ဖော်ထုတ်သောအခါလင်ခန်းမယားခန်းပြတ်စဲသွားသည်ဖြစ်၍တရားရုံး​၏ဒီကရီမလို။ ၁၈၇၆ခုနှစ်တွင်စီရင်သော၊မ(မိ)နှင်းနုံ ...

ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ [ ၁၉၄၉ မတစ ( တရားလွှတ်တော် ) ၂၈၃ ( စုံညီ ) ]

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ဒေါ်ခင်ပုနှင့်ဒေါက်တာသာမြ၊ ၁၉၄၉ မတစ ( တရားလွှတ်တော် )၂၈၃( စုံညီ )အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဒေါက်တာသာမြကမယားဖြစ်သူဒေါ်ခင်ပုအားသုံးနှစ်ကျော်စွန့်ပစ်ပြီးဖြစ်၍၊ဒေါ်ခင်ပုသည်မိမိမယားမဟုတ်တော့ကြောင်းမြွက်ဟကြေညာပေးရန်နှင့်၊အခြားသက်သာခွင့်များရလိုကြောင်းတရားစွဲဆိုသည်။ အမှုစွဲဆိုစဉ်အခါက၊လင်ကမယားကိုဖြစ်စေ၊မယားကလင်ကိုဖြစ်စေ၊သတ်မှတ်ကာလကြာစွန့်ပစ်လျှင်၊လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲသွားသည်၊ဟုပြဆိုသော၊မညွန့် နှင့် မောင်စံသိန်း၊ရန်ကုန်အတွဲ၅၊စာ၅၃၇(စုံညီ)စီရင်ထုံးအပေါ်အခြေခံ၍၊ဒေါက်တာသာမြကမိမိသည်ဒေါ်ခင်ပုအားသုံးနှစ်ကျော်စွန့်ပစ်ခဲ့ခြင်းကြောင့်သို့မဟုတ်မိမိမယားကတနှစ်ကြာစွန့်ပစ်ခြင်းကြောင့်၊ဒေါ်ခင်ပုသည်မိမိ​၏မယားမဟုတ်တော့ဟုအကြောင်းပြစွဲဆိုခြင်းဖြစ်သည်။ တရားလွှတ်တော်ကမညွန့်စီရင်ထုံးကိုပယ်ဖျက်ပြီး၊ဒေါက်တာသာမြနှင့်ဒေါ်ခင်ပုတို့၊#လင်မယားအဖြစ်မှအလိုအလျောက်ရပ်စဲခြင်းမရှိဟုဆုံးဖြတ်သဖြင့်၊တရားလိုဒေါက်တာသာမြအမှုရှုံးသည်။ တရားလွှတ်တော်အဆုံးအဖြတ်ကိုတရားလွှတ်တော်ချုပ်က၊ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု၊၁၉၅၁ မတစ ၁၀၈အမှုတွင်အတည်ပြုရာ၌၊စွန့်ပစ်ခံရသူကလင်မယားပြတ်စဲလိုသောမိမိဆန္ဒကိုအတိအလင်းဖြစ်စေ၊ထိ...

လျော်ကန်သည့်၊ယုတ္တိရှိသည့်ဒွိဟသံသယမျိုး

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာနိုင်ငံတွင်တရားရုံးများကတစိုက်မတ်မတ်လိုက်နာကျင့်သုံးလျက်ရှိသောဥပဒေတရပ်မှာ၊ 1955 BLR ( HC ) 146 ( ဘင်ဂျမင်ဇေးဗီးယားအမှု )အပါအဝင်စီရင်ထုံးများတွင်တညီတညွတ်တည်းပြဆိုထားသည့်အတိုင်း၊တရားခံပြစ်မှုကျူးလွန်ကြောင်းဒွိဟသံသယကင်းသည်အထိသက်သေထင်ရှားပြရန်တာဝန်မှာ၊တရားလိုဘက်တွင်ရှိသည်ဟူသောရာဇဝတ်တရားစီရင်ရေးမူဖြစ်သည်။ ဒွိဟသံသယအကျိုးကိုတရားခံအားပေးရမည်ဟူသောအဆိုအမိန့်သည်လျော်ကန်သောဒွိဟသံသယကင်းသည်အထိ( beyond all reasonable doubt )ဟူသောဥပဒေသဘောကိုအခြားတနည်းဆိုခြင်းဖြစ်သည်။ အထူးရာဇဝတ်အယူခံရုံးက" ထင်ကြေးဖြင့်အပြစ်မပေးသင့်၊ခိုင်လုံသောအထောက်အထားပြည့်စုံမှသာအပြစ်ပေးရမည်"ဟုဆိုခြင်းကိုအငြင်းပွားစရာအကြောင်းမရှိပါ။တရားရုံးများကလိုက်နာရမြဲဖြစ်သောတရားစီရင်ရေးမူဖြစ်ပါသည်။ အခက်အခဲမှာခိုင်လုံသောအထောက်အထားပြည့်စုံခြင်းရှိမရှိတိုင်းတာရန်၊တိကျသောပေတံမရှိခြင်းဖြစ်သည်။ သက်သေခံချက်တို့ကိုချိန်ဆဆုံးဖြတ်ရာတွင်ရင်ဆိုင်ရသည့်အခက်အခဲဖြစ်သည်။ အပြောလွယ်သလောက်လက်တွေ့တွင်မလွယ်သည်ကိုတရားသူကြီးတိုင်းသိသည်။ ရာဇဝတ်မှုတမှုတွင်တရားလိုဘက်မှတင်ပြသောသက်သေခံချက်ကိုခိုင်လုံခြင်းရှိမရှိဉာဏ်အမျှော်အမြ...

အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည့်ဒွိဟသံသယ

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အလေးထားဆွေးနွေးရန်ဥပဒေပြဿနာတရပ်ရှိပါသည်။ဒွိဟသံသယ​၏အကျိုးကိုတရားခံ၊ခံစားထိုက်သည်ဟူသောရာဇဝတ်တရားစီရင်ရေးဆိုင်ရာဥပဒေသဘောတရားမှာ၊တရားခံကိုလွှတ်ရန်ဖော်နည်းကားမဟုတ်။ဒွိဟသံသယပွားတိုင်းတရားရုံးကတရားခံကိုလွှတ်ပစ်ခွင့်ရစေသည့်လုပ်ပိုင်ခွင့်လည်းမဟုတ်ပါ။ အကြောင်းအားလျော်စွာဖြစ်ပေါ်လာသည့်ဒွိဟသံသယမျိုးဖြစ်သည်။တရားခံအပေါ်ငြိစွန်းသောသက်သေခံချက်အရ၊တရားခံအပြစ်မဲ့သည်ဟုကောက်ယူနိုင်သည့်နည်းတူအပြစ်ရှိသည်ဟူ၍လည်းဆိုနိုင်သဖြင့်၊တရားခံအားအပြစ်ပေးရန်၊တရားရုံးကချီတုံချတုံရင်ဆိုင်ရသည့်အခြေအနေမျိုးကိုရည်ညွှန်းသည်။ 1969 BLR ( SCCAC ) 32 ( ပြစ်မှု )( ဗိုလ်မှုးဝင်းဖေ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )အမှုတွင်၊အထူးရာဇဝတ်ရုံးအယူခံအဖွဲ့ကအောက်ပါအတိုင်းပြဆိုပါသည်- " ရာဇဝတ်ပြစ်မှုကျူးလွန်သည်ဟုထင်ကြေးဖြင့်ဆုံးဖြတ်ခြင်းမပြုအပ်။ခိုင်လုံသောအထောက်အထားများရှိရမည်ဟုအခါခါဆိုခဲ့ပြီ။"သံသယ​၏အကျိုးကိုတရားခံအားပေးရမည်"ဟုဆိုရမည့်အစားထင်ကြေးနှင့်အပြစ်မပေးသင့်၊ခိုင်လုံသောအထောက်အထားပြည့်စုံမှသာအပြစ်ပေးရမည်ဟုဆိုလျှင်တွေးခေါ်ယူဆပုံပိုမိုရှင်းမည်ဟုယူဆသည်။ " မြန်မာစာအဖွဲ့ကပြုစုသောမြန်မာအဘိဓာန်အ...