Posts

Showing posts from August, 2021

8 LBR 501 ( FB ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 8LBR501( F B )အမှုတွင်၊ တသက်တာအကျိုးခံစားပိုင်ခွင့်( life interest )ဟူသောစကားရပ်မှာဝေဖန်စရာဖြစ်နေကြောင်းညွှန်ပြပြီးနောက်၊ဓမ္မသတ်များကိုကိုးကားကာအမွေဆက်ခံခွင့်ရှိသည့်ဩရသသားသမီးရှိလျှင်၊မုဆိုးဖို၊မုဆိုးမသည်၊လင်မယားပူးတွဲပိုင်ခဲ့သည့်ပစ္စည်း​၏လေးပုံသုံးပုံကိုလည်းကောင်း၊(ကျန်လေးပုံတပုံကိုဩရသသားသမီးကရရှိသည်)အမွေဆက်ခံခွင့်ရှိသည့်ဩရသသားသမီးမရှိလျှင်၊မုဆိုးဖို၊မုဆိုးမသည်မိမိနှင့်ကွယ်လွန်ခဲ့ပြီးဖြစ်သောဇနီး၊ခင်ပွန်းတို့ပူးတွဲပိုင်ဆိုင်ခဲ့သည့်၊ပစ္စည်းတရပ်လုံးကိုလည်းကောင်း၊ အကြွင်းမဲ့ထုခွဲခွင့်ရှိသည်ဟုဆုံးဖြတ်သည်။ သတိချပ်ရန်အချက်မှာရုံးတော်သဟာယအဖြစ်ဆောင်ရွက်သောဦးမေအောင်၊ကိုးကားလျှောက်လဲတင်ပြချက်များကိုစီရင်ချက်၌ဖော်ပြမထားခြင်းဖြစ်သည်။ရုံးတော်သဟာယ( Amicus Curiae )အဖြစ်၊တကူးတကဖိတ်ခေါ်ကြားနာသောဦးမေအောင်သည်ဓမ္မသတ်များကိုအနည်းနှင့်အများကိုးကားပြီး၊မိမိ​၏အမြင်များကိုထုတ်ဖော်လျှောက်လဲမည်မှာနားလည်ပြီး( understood )ဖြစ်သည့်အလျောက်၊ဖော်ပြရန်မလိုသဖြင့်မဖော်ပြခြင်းဖြစ်သည်။ ကျစ်လစ်သိပ်သည်းခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးရန်ကိစ္စတရပ်ရှိသည်။ဖော်ပြခဲ့သော 8 LBR 501 ( F B )အမှု၌၊ရုံးတော်သ...

အင်္ဂလိပ်တရားသူကြီးတို့အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တချိန်ကမြန်မာနိုင်ငံအမြင့်ဆုံးတရားရုံးတွင်တရားစီရင်ကြသောအင်္ဂလိပ်တရားသူကြီးတို့သည်၊အင်္ဂလိပ်လင်မယားစနစ်နှင့်ကွဲပြားသောမြန်မာဗုဒ္ဓဘာသာလင်မယား​၏ပစ္စည်းခန်းကိုကောင်းစွာသဘောပေါက်ဟန်မတူ။ လင်နှင့်မယားတို့သည်မိမိတို့အိမ်ထောင်၌ထွန်းကားသောပစ္စည်းများကိုအပုံလိုက်(အပိုင်းလိုက်)ပိုင်ကြသည်ကို၊ 20December1897နေ့တွင်ဆုံးဖြတ်သော PJLB403(408)အမှု၌ဆင်ခြင်ယူနိုင်ခဲ့သည်။ သို့သော်လင်သို့မဟုတ်မယားသေဆုံးသောအခါကျန်ရစ်သူမယားသို့မဟုတ်လင်သည်၊ကွယ်လွန်သူ​၏အစု(ဝေစု)ကိုမည်သို့မည်ပုံအမွေဆက်ခံသည်ကိုမူသဘောပေါက်ပုံမပေါ်ဘဲ၊ကွယ်လွန်သူ​၏အစုကို ကျန်ရစ်သူမုဆိုးဖိုမုဆိုးမက၎င်း​၏ တသက်တာအကျိုးခံစားပိုင်ခွင့်ရှိသည်ဟု၊အထူးတရားရုံးက၊ 7April1886နေ့(သီပေါမင်းပါတော်မူပြီးနောက်လပိုင်းအတွင်း)၌၊ SJLB378(386)အမှု၌ဆုံးဖြတ်သည်။

အပေါင်ပစ္စည်းကိုရောင်းချပေးရန်အပေါင်ခံသူက၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃အရစွဲဆိုသောအပေါင်မှု

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အပေါင်ပစ္စည်းကိုရောင်းချပေးရန်အပေါင်ခံသူက၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃အရစွဲဆိုသောအပေါင်မှုသည်၊အပေါင်ခံပစ္စည်းအပေါ်အဓိကဦးတည်တရားစွဲဆိုသောအမှုဖြစ်သည်။ထိုအမှုတွင်ချမှတ်ထားသောပဏာမဒီကရီမှာ(တရားမပုံစံအမှတ်၁၅၄)ဖြစ်သည်။ထိုပဏာမဒီကရီအရပုဂ္ဂလိကဒီကရီချမှတ်ခံရသူတို့သည်ပေါင်နှံသူမဟုတ်ဘဲ၊အခြားတရားပြိုင်များဖြစ်ကြောင်း၊တရားမကျင့်ထုံးဥပဒေ၊အမိန့်၃၄၊နည်း၃(၁)တတိယအပိုဒ်ပါပြဌာန်းချက်များအရမြင်သာသည်။ ၁၉၆၆မတစ၂၅၂အမှုတွင်တရားပြိုင်ဒေါ်ခင်သန်းသည်တရားလိုဘဏ်တွင်ပစ္စည်းပေါင်သူမဟုတ်။တရားရုံးချုပ်ကဒေါ်ခင်သန်းအပေါ်ချမှတ်သောဒီကရီသည်နည်း၃(၁)​၏တတိယအပိုဒ်ပါပြဌာန်းချက်များအရချမှတ်သောပုဂ္ဂလိကဒီကရီ( personal decree )မဟုတ်သည်မှာယုံမှားဖွယ်မရှိ။ထိုမှတပါးအပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမဒီကရီပါ"ထို့ပြင်တရားလို​၏စရိတ်များအတွက်         အထိတရားပြိုင်အမှတ်        (တို့)၌ကိုယ်တိုင်တာဝန်ရှိစေရမည်ဟုထပ်မံအမိန့်ဒီကရီချမှတ်သည်"ဟူသောစကားရပ်ကိုထောက်ချင့်ပါက၊နည်း၃(၁)တတိယအပိုဒ်အရချမှတ်သော ပုဂ္ဂလိကဒီကရီသည်အပေါင်ကြွေးမြီအတွက်မဟုတ်၊တရားလို​၏စရိတ်များအတွက်သာဖြစ်သည်။ ဤအခြေအ...

၁၉၆၆ မတစ ၂၅၂

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၆၆မတစ၂၅၂အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဝင်ဒေါ်ခင်သန်းသည်ဦးမောင်မောင်စော​၏ဇနီးဖြစ်သည်။နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင်အချင်းဖြစ်ပစ္စည်းများ​၏စာချုပ်စာတမ်းများကိုအပ်နှံပေါင်နှံ(စီရင်ထုံး၌ဖော်ပြထားသော equitable mortgage )သူများအနက်တဦးမှာဦးမောင်မောင်စောဖြစ်သည်။ အဆိုပါဘဏ်ကအပေါင်အရရရန်ရှိသောကြွေးမြီအတွက်အပေါင်မှုစွဲဆိုရာတွင်၊ပေါင်နှံသူမဟုတ်သောဒေါ်ခင်သန်းကိုလည်းအမှတ်(၃)တရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုရာ၌၊မူလတရားရုံးဖြစ်သည့်ခရိုင်တရားရုံးကတရားမပုံစံအမှတ်၁၅၄ကိုသုံး၍ပေါင်နှံသောပစ္စည်းကိုရောင်းချရန်ပဏာမအပေါင်ဒီကရီချမှတ်ရာတွင်(မှတ်ချက်။  ။စီရင်ထုံးစာမျက်နှာ၂၅၃တွင်" The lower Court after hearing  the parties decreed the appellant's suit."ဟုဖော်ပြထားရာ၊ရှင်းလင်းစေရန်စီရင်ထုံးချမှတ်သောအယူခံရှိမူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီတို့ကိုလေ့လာသောအခါ၊ပဏာမအပေါင်ဒီကရီဖြစ်နေသည်ကိုတွေ့ရသည်။ အမှန်စင်စစ်စီရင်ထုံးစာမျက်နှာ၂၅၂ပါ( equitable mortgage )ဟူသောစကားရပ်နှင့်ဆက်စပ်ဆင်ခြင်ပါကလည်းမူလတရားရုံးကချမှတ်သောဒီကရီသည်အပေါင်ပစ္စည်းရောင်းချရန်ပဏာမဒီကရီချမှတ်ခြင်းဖြစ်ကြောင်းမြင...

မြန်မာဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းကိုလင်ဖြစ်သူကမယားဖြစ်သူ​၏သဘောသက်ရောက်သောသဘောတူညီချက်ဖြင့်ရောင်းချခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဗုဒ္ဓဘာသာလင်မယားပိုင်ပစ္စည်းကိုလင်ဖြစ်သူကမယားဖြစ်သူ​၏သဘောသက်ရောက်သောသဘောတူညီချက်ဖြင့်ရောင်းချရာ၌၊ပစ္စည်းတရပ်လုံးအပေါ်အတည်ဖြစ်သည်ဆိုသောဥပဒေသဘောအရ၊လင်သို့မဟုတ်မယားအပေါ်ချမှတ်သောငွေဒီကရီကို၊မယားသို့မဟုတ်လင်ကိုယ်တိုင်ပေးဆပ်ရန်တာဝန်ရှိသည်ဟုကောက်ယူခြင်းမပြုနိုင်။ပစ္စည်းအပေါ်တာဝန်ရှိခြင်းနှင့်လူပုဂ္ဂိုလ်အပေါ်တာဝန်ရှိခြင်းတို့သည်သီးခြားကိစ္စများဖြစ်သည်။ တရားလွှတ်တော်တရားဝန်ကြီးချုပ်အပါအဝင်၊တရားဝန်ကြီး(၇)ဦးပါသောစုံညီခုံရုံးကသမိုင်းတွင်သောစီရင်ထုံးဖြစ်သည့်၊ ရန်ကုန်အတွဲ၉စာ၅၂၄(စုံညီ)အမှုတွင်၊မြန်မာဗုဒ္ဓဘာသာလင်မယားသည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းတွင်အတူပိုင်ဆိုင်သူများဖြစ်ကြောင်းပြဆိုရာ၌"လင်နှင့်မယားပူးတွဲပိုင်သောပစ္စည်းအပေါ်ဒီကရီတရပ်ကိုအတည်ပြုသည့်အခါ(ဒီကရီချမှတ်သည့်)အမှုတွင်၊အမှုသည်အဖြစ်နည်းလမ်းတကျထည့်သွင်းပြီးဒီကရီကိုလိုက်နာရန်တာဝန်ရှိသူ(မှတ်ချက်။  ။ဆိုလိုသည်မှာ၊ဒီကရီချမှတ်ခံရသူ)မဟုတ်သော၊လင်သို့မဟုတ်မယား​၏အကျိုးသက်ဆိုင်ခွင့်ကိုဝရမ်းကပ်ကာထိုဒီကရီကိုအတည်မပြုနိုင်"ဟုထုံးဖွဲ့ထားသည်။ ၁၉၄၀ရန်ကုန်၁၈၀အမှုတွင်၊ဗုဒ္ဓဘာသာအယူခံတရားလိုမလှဦးဖြူတို့လင်မယားပိုင...

1966 BLR 252 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1966BLR252အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဦးမောင်မောင်စောသည်ဇနီးဒေါ်ခင်သန်းနှင့်အတူတကွပိုင်သောပစ္စည်းများကို၊ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများအပ်နှံကာနိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၌ပေါင်နှံရာ၊ကြွေးမဆပ်သဖြင့်ဘဏ်က၎င်းတို့နှစ်ဦးအပေါ်အပေါင်မှုစွဲဆိုသည်။ မူလတရားရုံးကဒေါ်ခင်သန်းသည်ပေါင်သူမဟုတ်သဖြင့်၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြကာ၊ဒေါ်ခင်သန်းအပေါ်အပေါင်ဒီကရီချမှတ်ခြင်းမပြု၊တရားရုံးချုပ်ကမူဒေါ်ခင်သန်းအပေါ်တွင်လည်းအပေါင်ဒီကရီချမှတ်သည်။ အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု ( privity of contract )မရှိသော်လည်း၊ဒေါ်ခင်သန်းသည်ပေါင်သောပစ္စည်း၌အကျိုးခံစားပိုင်ခွင့်ရှိသဖြင့်၊တရားမကျင့်ထုံးဥပဒေ၊အမိန့်၃၄၊နည်း၁​၏အဓိပ္ပာယ်အရအပေါင်ရွေးနုတ်ခွင့်ရှိသည်။ အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု ( privity of estate )ရှိသည်ဖြစ်၍၊၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ကိုမူလတရားရုံးကဆင်ခြင်မိပုံမပေါ်။ယင်းဆက်ဆံမှုရှိသည်ဖြစ်၍ဒေါ်ခင်သန်းအပေါ်ဒီကရီချမှတ်နိုင်သည်။  1940RLR180 (...

8 BLT 66 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အောက်မြန်မာပြည်တရားရုံးချုပ်ခုံရုံးကဆုံးဖြတ်သော8BLT66အမှုတွင်၊လင်ကမိမိအမည်ဖြင့်စီးပွားရေးလုပ်ငန်းကိုလုပ်ကိုင်ရာ၌၊မယားဖြစ်သူသည်လင်မယားပိုင်ပစ္စည်းများအားလင်ဖြစ်သူကပေါင်သည်ကို၊ကနဦးကတည်းကမျက်စိမှိတ်ခေါင်းညိတ်ခဲ့သည်။လိုက်လျောခဲ့သည်။ အပေါင်ခံသူကလင်အပေါ်အပေါင်ဒီကရီရသည့်အမှုတွင်၊မိမိအားတရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုရန်ပျက်ကွက်ခြင်းကိုထောက်ပြကာ၊အပေါင်ဒီကရီသည်မိမိအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမယားကတရားစွဲဆိုရာတရားရုံးချုပ်ကမယားမတင်မေသည်ဒီကရီအရမိမိတွင်တာဝန်မရှိဟုလျှောက်လဲပြောဆိုခွင့်မရှိဟုဆုံးဖြတ်သည်။ မတင်မေအမှု၌မတင်မေသည်မိမိ​၏လုပ်ရပ်များကိုအဘယ်ကြောင့်ဘွာခတ်ခွင့်မရှိတော့ကြောင်း၊ 8 BLTစီရင်ထုံးစာမျက်နှာ၆၈၌သုံးသပ်ထားသည်။ 10LBR36( F B )စီရင်ထုံး​၏ခေါင်းစီးပါအမှုဖြစ်စဉ်သည်၊မတင်မေအမှု( 8 BLT 66 )နှင့်ဖြစ်ရပ်ချင်းအတော်အတန်ဆင်တူသည်ဟုဆိုစရာရှိသည်။စုံညီခုံရုံးရှေ့တွင်မတင်မေစီရင်ထုံးကိုကိုးကားတင်ပြခဲ့ပုံပေါ်သည်။သို့သော်တရားသူကြီးတဦး ( Mr . Justice  Ormond )ကသာလျှင်စာမျက်နှာ၄၁တွင်ထိုစီရင်ထုံးကိုရည်ညွှန်းကာ၊ မတင်မေအမှုတွင်ချမှတ်သောအဆုံးအဖြတ်သည်၊ " မယားဖြစ်သူကခင်ပွန်း...

အမည်ခံအမည်ငှားစနစ်​၏အခြားနားရှုပ်စရာမျက်နှာစာ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမည်ခံအမည်ငှားစနစ်​၏အခြားနားရှုပ်စရာမျက်နှာစာ 10 LBR 36 ( F B )အမှုတွင်၊အယူခံတရားလိုမညွန့်​၏ခင်ပွန်းကလင်မယားပိုင်ပစ္စည်းများကိုအယူခံတရားပြိုင်များထံပေါင်သည်ကို၊မညွန့်သိသည်၊သဘောလည်းတူသည်၊အပေါင်ခံသူများကအပေါင်မှုစွဲဆိုရာ၌မယားမညွန့်ကိုတရားပြိုင်အဖြစ်ထည့်သွင်းခြင်းမပြု၊လင်သည်မယား​၏ကိုယ်စားလှယ်ဟုတ်မဟုတ်၊၎င်းအားကိုယ်စားပြုသူ ( representative )အနေဖြင့်လည်းတရားစွဲဆိုခြင်းမပြု၊အပေါင်ခံသူများအမှုနိုင်ပြီးနောက်၊မညွန့်ကအပေါင်ခံပစ္စည်းတွင်မိမိ​၏ပိုင်ရေးပိုင်ခွင့်ကိုမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုရာအောက်ရုံးများတွင်အမှုရှုံးသည်။ တရားမကျင့်ထုံးဥပဒေ၊အမိန့်၃၄၊နည်း၁အရလိုအပ်သည့်အတိုင်းအပေါင်မှုတွင်မညွန့်ကိုတရားပြိုင်အဖြစ်မထည့်ခဲ့၍၊သာမာန်အားဖြင့်လင်အပေါ်ချမှတ်သောအပေါင်ဒီကရီသည်အမှုသည်မဟုတ်သောမညွန့်အပေါ်အတည်ဖြစ်ရန်အကြောင်းမရှိပါ။သို့သော်စီရင်ထုံးများဝိဝါဒကွဲနေသဖြင့်၊အောက်မြန်မာပြည်တရားရုံးချုပ်သည်၊တရားသူကြီးလေးဦးပါသောစုံညီခုံရုံးကိုဖွဲ့ကာဥပဒေပြဿနာကိုစောဒကမှုတွင်ကြားနာဆုံးဖြတ်သည်။ လိုက်နာသင့်သောကျင့်ထုံး စောဒကမှုကိုကြားနာသောအခါ၊မညွန့်​၏ရှေ့နေ ( P . N . Chari )အားတရားသူကြီးတဦး (...

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားကလင်မယားပိုင်ပစ္စည်းကိုပေါင်ခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဗုဒ္ဓဘာသာဝင်လင်မယားကလင်မယားပိုင်ပစ္စည်းပေါင်သဖြင့်အပေါင်မှုစွဲဆိုလျှင်၊ပစ္စည်းပေါင်ရာ၌မပါသောမယား၊လင်ကိုလည်း၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၁ပါပြဌာန်းချက်များနှင့်အညီ၊တရားပြိုင်အဖြစ်မပျက်မကွက်ထည့်ပါ။ နောက်အကျဆုံး7LBR135အမှုတွင်၊လင်မယားပိုင်ပစ္စည်းပေါင်ရာ၌၊မပါသောမယားသည်၊အပေါင်မှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်ဖြစ်သည်ဟု၊စီရင်ထုံးစာမျက်နှာ၁၃၆တွင်ပြဆိုထားသည်။ 10 LBR 36 ( F B ) နှင့် 1966 BLR ( C C ) 252 အမှုများတွင်လည်းအလားတူပြဆိုသည်။ ၁၉၆၆ခုနှစ်စီရင်ထုံး၌ပူးတွဲမိသားစုလုပ်ငန်းအကျိုးငှာငွေချေးယူခြင်းဖြစ်သည်စသည်ဖြင့်အကြောင်းပြခြင်းသည်၊ 7 LBR 135 ( 136 )အမှုတွင်- " There is reason to believe that the loan was contracted for family purpose , and that Maung Paw acted on behalf of his wife as well as himself in mortgaging the land . "  ဟုအကြောင်းပြခြင်းနှင့်သဘောချင်းတူသည်။ လင်အပေါ်ချမှတ်သောအပေါင်ဒီကရီကိုအပေါင်မှု၌အမှုသည်အဖြစ်မပါသောမယားအပေါ်အတည်မပြုနိုင်ဟု 7 LBR 135 တွင်ထုံးပြုထားသည်။ ပစ္စည်းပေါင်ပြီးနောက်အပေါင်ခံပစ္စည်းကိုဝယ်သူသည်၊အမိန့်၃၄၊နည်...

၁၉၆၇ မတစ ၅၄၅

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၆၇ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၅၄၅ကိုအကြောင်းပြုပြီးတော့၊လင်မယားနှစ်ယောက်ပိုင်ပစ္စည်းကိုလင်လုပ်တဲ့သူကရောင်းချတဲ့ကိစ္စမှာ၊မယားလုပ်သူကအတိအလင်းသဘောတူညီချက်မရှိပေမယ့်၊နောက်ပိုင်းမှာမယားရဲ့အပြုအမူအရသဘောတူရာရောက်ခဲ့ရင်၊မယားရဲ့ဝေစုကိုပါလင်ရောင်းချတာဟာတရားဝင်တယ်၊အတည်ဖြစ်တယ်။ဝယ်တဲ့သူဟာရောင်းချတဲ့နေရာမှာမပါတဲဲ့မယားရဲ့ဝေစုကိုလည်းရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းဆရာသင်ခဲ့ပြီးပြီ။ မယားလုပ်သူဟာအတိအလင်းသဘောတူသည်ဖြစ်စေ၊နောက်ပိုင်းမှာသဘောတူရာရောက်လျှင်ဖြစ်စေ၊လင်ရောင်းချလိုက်တာတရားဝင်ဖြစ်တယ်လို့၊ဒီနေ့အထိလက်ခံကျင့်သုံးနေတယ်၊ဒီဥပဒေသကိုတရားသေမှတ်ဖို့မဟုတ်ပါဘူး၊ခြွင်းချက်ရှိနေပါသေးတယ်။ 10LBR36( F . B )စီရင်ထုံးဟာစုံညီခုံရုံးကဆုံးဖြတ်ထားတာဖြစ်တယ်။ ဆရာပြောခဲ့တဲ့၁၉၆၇မတစ၅၄၅ဒေါ်ကြည်အမှုလိုပဲ၊လင်ကလင်မယားနှစ်ယောက်ပိုင်ပစ္စည်းကို(အေ)ကိုပေါင်တယ်၊ဒီလိုပေါင်တာကိုမယားလုပ်သူသိတယ်၊သဘောလည်းတူတယ်၊ဥပဒေအရကြည့်ရင်လင်ဟာပစ္စည်းရဲ့တဝက်ကိုပေါင်ရာရောက်သလား၊တခုလုံးကိုပေါင်ရာရောက်သလားဆိုရင်၊အပေါင်စာချုပ်မှာမယားကလက်မှတ်မထိုးပေမဲ့တခုလုံးပေါင်ရာရောက်တယ်။ With full knowledge and consent of the w...

1967 BLR 545 ၊ ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 1967BLR545 ( ဒေါ်ကြည် နှင့် ဒေါ်သိန်းကြည်ပါ၂ )စီရင်ထုံးမှာ၊ဒေါ်ကြည်ကအောက်ရုံးနှစ်ရုံးစလုံးမှာရှုံးလာခဲ့တာ၊ဒေါ်သိန်းကြည်ကသူ့ယောင်္ကျားဦးဘဒန်ရောင်းတာဟာသူ့ရဲ့ပိုင်ဆိုင်ခွင့်တဝက်မှာအကျိုးသက်ရောက်မှုမရှိပါဘူးဆိုပြီးတရားစွဲတာ၊ဆရာဦးဘိုကြီးဆီရောက်တော့မယားလုပ်သူဒေါ်သိန်းကြည်နိုင်တယ်၊ဒါကြောင့်ဝယ်တဲ့သူဒေါ်ကြည်ကအထူးအယူခံထပ်တက်ရတယ်၊ဒေါက်တာမောင်မောင်နဲ့ဦးထွန်းတင်ဆီရောက်သွားတယ်၊အထူးအယူခံကျမှဝယ်တဲ့သူဒေါ်ကြည်နိုင်သွားတယ်။ သက်သေထင်ရှားပြရန်တာဝန်နဲ့ပတ်သက်ပြီးတော့ဆရာဦးဘိုကြီးရဲ့အယူအဆမှားသွားတယ်။ဆရာဦးဘိုကြီးဆိုတာနည်းတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူး။သူ့ရဲ့အယူအဆမှားသွားတာကိုဖတ်ကြည့်စေချင်တယ်။ဆရာဦးဘိုကြီးလိုလူမျိုးတောင်မှားသေးတာ၊ငါတို့လိုချောက်ချီးချောက်ချက်နဲ့လုပ်နေရင်ဘယ်လောက်တောင်မှားမလဲဆိုတာဆင်ခြင်မိရင်၊ဆရာဒီသင်တန်းပို့ချရကျိုးနပ်ပါပြီ။ ဆရာဦးဘိုကြီးကမယားလုပ်တဲ့သူဟာသူ့ယောင်္ကျားအိမ်ရောင်းတာကိုသဘောမတူကြောင်း၊သက်သေပြရမယ့်တာဝန်ဟာဝယ်သူတရားပြိုင်ဒေါ်ကြည်ရဲ့တာဝန်ဖြစ်တယ်၊ဝယ်သူဒေါ်ကြည်သက်သေမပြနိုင်လို့မယားဖြစ်သူဒေါ်သိန်းကြည်နိုင်စေဆိုပြီးဆုံးဖြတ်ခဲ့တယ်။ ဒေါက်တာမောင်မောင်နှင့်ဦးထွန်းတင်တို့ပါတ...

အမှုသည်တွေရဲ့အနေအထားကိစ္စ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုသည်တွေရဲ့အနေအထားကိစ္စ အမွေဆိုင်တဦးလက်ရှိအမွေပစ္စည်းကိုအခြားအမွေဆိုင်ကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘူးဆိုပြီး၊ 1982 BLR 48 ( ဒေါက်တာမိုးဇော် နှင့် ဒေါက်တာမျိုးသန်း )အမှုကစပြီးညွှန်ပြထားပါတယ်။ တရားမကျင့်ထုံးဥပဒေ၊အမိန့်၇၊နည်း၁(င)အရ၊အဆိုလွှာမှာတရားစွဲဖို့အကြောင်းဖန်စေတဲ့အကြောင်းခြင်းရာများကိုဖော်ပြဖို့လိုပါတယ်။အိမ်ရှင်အိမ်ငှားအမှုမှာ၊တရားလိုဟာတရားပြိုင်ရဲ့အိမ်ရှင်ဆိုတာ၊တရားစွဲဆိုရန်အကြောင်းရဲ့တစိတ်တဒေသဖြစ်ပါတယ်။ အဆိုလွှာအရပဲ၊တရားလိုတွေဟာတရားပြိုင်ရဲ့အိမ်ရှင်မဟုတ်ကြောင်းဗူးပေါ်သလိုပေါ်နေရင်၊အိမ်ငှားနှင်လိုမှုစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိပါဘူး။ဒါကြောင့်အဆိုလွှာကိုအမိန့်၇၊နည်း၁၁(က)အရပယ်ရန်ဖြစ်ပါတယ်။အမိန့်၈အဆင့်အထိမရောက်တော့ဘူး။ ဒီအခြေအနေမှာ၊အမိန့်၈၊နည်း၅ကိုကိုးကားပြီးအဆိုလွှာရဲ့ပျော့ကွက်ဟာကွက်ကိုဖြည့်စွက်ရန်မဟုတ်ပါဘူး။တရားလိုဟာမိမိအဆိုလွှာအရအမှုအနိုင်ရမယ့်အခြေအနေမှာရှိရပါမယ်။အဆိုလွှာကိုယ်တိုင်ကအခြေမခိုင်တဲ့အမှုမှာ၊ဖြေလွှာရဲ့ပျော့ကွက်ဟာကွက်အရအမှုနိုင်ခွင့်မရှိပါဘူး။အိမ်ငှားမဟုတ်ပါဘူးလို့မငြင်းသော်လည်း၊ဥပဒေအရအိမ်ငှားမဟုတ်က...

၁၉၆၃ခုနှစ်၊မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၉၁၂အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၉၆၃ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၉၁၂အကြောင်းကိုဆွေးနွေးပါ့မယ်။ဒီအမှုမှာတရားလိုရဲ့အဖေကဂရန်ရတယ်။အဖေလုပ်တဲ့သူဂရန်ရတဲ့မြေကွက်မှာမယားလုပ်တဲ့သူဆိုင်တာပေါ့။မယားကအကြွေးတင်ပါလိမ့်မယ်ထင်တယ်။လင်မယားနှစ်ယောက်ပိုင်ဂရန်ပစ္စည်းမှာမယားရဲ့အကျိုးခံစားခွင့်ကိုဝရမ်းကပ်တယ်၊ရောင်းတယ်။တရားပြိုင်မောင်ကျင်မောင်ကဝယ်လိုက်တယ်။တပိုင်းတစမှာသူဝင်နေလိုက်တယ်။ အဖေရောအမေရောသေပြီးတဲ့နောက်ဂရန်ရသူရဲ့သမီးဖြစ်သူက၊မောင်ကျင်မောင်ကိုကျူးကျော်သူအဖြစ်လက်ရောက်ရလိုမှုစွဲတယ်။မောင်ကျင်မောင်ကကျွန်တော်ကျူးကျော်သူမဟုတ်ဘူး။သူ့အမေရဲ့ရပိုင်ခွင့်ကိုဝယ်နေတဲ့အတွက်ကျူးကျော်သူမဟုတ်ဘူးလို့ထုချေတယ်။ တောင်ငူခရိုင်တရားမတရားသူကြီးကမယားပေါ်မှာကြွေးမြီကိုအကြောင်းပြုပြီးတော့ရောင်းတာဟာ၊ဂရန်သည်ကော်လိတ္တော်ခွင့်ပြုချက်မရပဲရောင်းတာ၊ပဋိညာဉ်ဥပဒေနဲ့ဆန့်ကျင်တယ်။ဒါကြောင့်မောင်ကျင်မောင်ဝယ်တာအကျိုးအမြတ်မရှိဘူးဆိုပြီးဆုံးဖြတ်လိုက်တယ်။ တရားရုံးချုပ်ရောက်တော့12BLTအရ၊ဂရန်မှာဘယ်လိုပဲရေးထားရေးထားရောင်းလို့ရပါတယ်။ပဋိညာဉ်ဥပဒေအရမပျက်ဘူးလို့ဆုံးဖြတ်တယ်။ ၁၉၁၉ခုနှစ်မှာဆုံးဖြတ်တဲ့12BLT156ကို၁၉၆၃ခုနှစ်မှာထပ်ပြီးတော့အတည်ပြုဆုံးဖြတ်ပါ...

တရားရုံးတွင်သက်သေခံအဖြစ်တင်သွင်းသောဂရန်စာချုပ်များအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ တရားရုံးတွေမှာတခါတရံသက်သေအဖြစ်တင်သွင်းတတ်တဲ့ဂရန်စာချုပ်တွေကိုဖတ်ကြည့်ရင်၊ကော်လိတ္တော်အရာရှိရဲ့ခွင့်ပြုချက်မရပဲ၊အစိုးရအငှားချထားတဲ့မြေကိုမရောင်းရဘူး၊မပေါင်ရဘူး၊မစိတ်ဖြာရဘူးစသည်ဖြင့်၊စည်းကမ်းချက်တွေသတ်မှတ်ထားပါတယ်။ အဲဒီလိုစည်းကမ်းချက်ရှိပေမဲ့၊ကော်လိတ္တော်ရဲ့ခွင့်ပြုချက်မရပဲအဲဒီမြေကိုရောင်းတယ်၊ပေါင်တယ်၊ငှားကြတာပါပဲ။ဂရန်စည်းကမ်းချက်ကိုဆန့်ကျင်ပြီးအဲဒီလိုလွှဲပြောင်းမှုတွေဟာပျက်ပြယ်သလားဆိုတဲ့ပြဿနာပေါ်ပေါက်လာတယ်။ ပဋိညာဉ်ဥပဒေပုဒ်မ၂၃မှာ၊ဥပဒေအရတားမြစ်ထားတဲ့စည်းကမ်းချက်တွေနဲ့ဆန့်ကျင်နေရင်ပျက်ပြယ်တယ်လို့ရေးထားပါတယ်။ကော်လိတ္တော်ကဂရန်ထုတ်ပေးတဲ့အခါမှာ၊မရောင်းရ၊မချရ၊မခွဲစိတ်ရဆိုပြီးတားမြစ်ထားတာကိုဖောက်ဖျက်ရင်ပဋိညာဉ်ဥပဒေပုဒ်မ၂၃အရအဲဒီလိုရောင်းချလွှဲပြောင်းတာပျက်ပြယ်သလားဆိုတဲ့ဆုံးဖြတ်စရာပေါ်လာတယ်။ ၁၉၆၂ခုနှစ်မှာခရိုင်တရားမတရားသူကြီးတယောက်ကပျက်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ဂရန်ကိုကော်လိတ္တော်ရဲ့ခွင့်ပြုချက်မရပဲရောင်းတာဟာ၊ဂရန်စည်းကမ်းချက်နဲ့ဆန့်ကျင်တဲ့အတွက်ရောင်းချခြင်းပျက်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ ဂရန်စည်းကမ်းချက်တွေနဲ့ဆန့်ကျင်စေကာမူ၊ရောင်းခြင်း၊ပေါင်ခြင်းစတဲ့စည်းကမ်းချက်တွေဟာမပျက...

မြန်မာ့အိမ်ထောင်တွင်ဖြစ်ထွန်းလာသောပစ္စည်းများ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာ့အိမ်ထောင်မှာဖြစ်ထွန်းလာတဲ့ပစ္စည်းတွေမှာလင်တို့မယားတို့ဆိုင်ကြတယ်လို့ပြောနေတာ၊လင်ရော၊မယားရောမဆိုင်တဲ့ပစ္စည်းလဲရှိတယ်။အထက်ပါပစ္စည်းမှာမဆိုင်ဘူး။မယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှရပိုင်ခွင့်မရှိဘူး။လင်ရဲ့အထက်ပါပစ္စည်းမှာလည်းမယားရပိုင်ခွင့်မရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်တဲ့စီရင်ထုံးဟာတော်တော်ရှားရှားပါးပါးပဲဖြစ်ပါတယ်။ အိမ်ထောင်ကြီးချင်းအိမ်ထောင်ကျတာရှားပါးတယ်ဆိုတော့၊ဒီအမှုမျိုးကရုံးရောက်တာလည်းရှားပါးတယ်ထင်ပါတယ်။ 1962 BLR ( C . C ) 34 မှာ၊တရားသူကြီးချုပ်ဦးဘိုကြီးနှင့်တရားသူကြီးဦးကျော်ဇံဦးတို့ကဆုံးဖြတ်ထားပါတယ်။ အဲဒီအမှုမှာမယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှမဆိုင်ဘူးလို့ထုံးဖွဲ့ထားပါတယ်။မယားကသူ့အထက်ပါပစ္စည်းကိုရောင်းတယ်။လင်လုပ်သူကအဲဒီပစ္စည်းကိုသူတဝက်ဆိုင်တယ်၊သူသဘောမတူဘဲရောင်းတာပါ၊ရောင်းတဲ့တဝက်ဟာပျက်ပါတယ်လို့တရားစွဲတယ်။ ဒီလင်ဟာအိမ်ထောင်ကြီးမယားရဲ့အထက်ပါပစ္စည်းမှာဘာမှမဆိုင်ပါဘူး။ရစရာဘာမှမရှိဘူး။မယားလုပ်သူဟာသူ့အထက်ပါပစ္စည်းကိုတခုလုံးရောင်းခွင့်ရှိတယ်။လင်ကပယ်ဖျက်ခွင့်မရှိဘူးလို့ဆုံးဖြတ်တယ်။ ဆရာဦးဘိုကြီးကဓမ္မသတ်တခုကိုကိုးကားတယ်။ဓမ္မသတ်ထဲမှာအိမ်ထောင်ကြီးမယားလုပ်သူဟာမိမိရဲ့...

မောင်ကို နှင့် မမဲ၊ SJ 19 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ၁၈၇၄ခုနှစ်ကစီရင်ထုံးဖြစ်တဲ့မောင်ကိုနှင့်မမဲSJ19၊လင်မယားဖြစ်နေသမျှကာလပတ်လုံး၊လင်ဖြစ်စေမယားဖြစ်စေတဦးအပေါ်မှာတဦးကပစ္စည်းခွဲဝေပေးစေလိုမှုစွဲလို့မရဘူးဆိုတာမှန်ပါတယ်။  ( This rule will apply only to husband and wife ) မယားနဲ့လင်နှစ်ယောက်နဲ့ပဲဆိုင်မှာပါ။ မယားရဲ့အစုသို့မဟုတ်လင်ရဲ့အစုကိုတခြားသူကဝယ်လိုက်လို့လွှဲပြောင်းပြီးရင်၊အဲဒီလူဟာလင်သို့မဟုတ်မယားအပေါ်မှာပစ္စည်းခွဲဖို့စွဲနိုင်တယ်။လင်မယားမဟုတ်သူအပေါ်မှာဒီကိစ္စနဲ့မဆိုင်ပါဘူး။ မြန်မာ့အိမ်ထောင်မှာဖြစ်ထွန်းလာတဲ့ပစ္စည်းတွေမှာလင်တို့မယားတို့ဆိုင်ကြတယ်လို့ပြောနေတာ၊လင်ရော၊မယားရောမဆိုင်တဲ့ပစ္စည်းလဲရှိတယ်။အထက်ပါပစ္စည်းမှာမဆိုင်ဘူး။ မယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှရပိုင်ခွင့်မရှိဘူး။လင်ရဲ့အထက်ပါပစ္စည်းမှာလည်းမယားရပိုင်ခွင့်မရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်တဲ့စီရင်ထုံးဟာတော်တော်ရှားရှားပါးပါးပဲဖြစ်ပါတယ်။ မဟာမေဒင်လင်မယားရဲ့ပစ္စည်းခန်းဆိုင်ရာဥပဒေဟာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့မတူပါဘူး။ စပ်တူဝယ်တဲ့၊ပစ္စည်းပေးလို့အပိုင်ရတဲ့ပစ္စည်းမျိုးကလွဲရင်လင်မယားအတူပိုင်တဲ့ပစ္စည်းဆိုတာမရှိပါဘူး။ဒါကြောင့်မယားရဲ့သီးခြားပစ္စည်းမှာလင်အနေနဲ့အကျိုးခံစားခ...

အေအိုင်အာ၁၉၃၅ရန်ကုန်၁၁စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အေအိုင်အာ၁၉၃၅ရန်ကုန်၁၁စီရင်ထုံးတွင်၊လေလံဆွဲဝယ်သောချစ်တီးကပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုလာလျှင်မချစ်ဘက်မှထုချေလာမည့်အချက်တချက်ကိုတပါတည်းဆွေးနွေးလိုပါသည်။ မောင်ကျင်မောင်နှင့်မဝိုင်းကြည်အမှု၊၁၉၆၃ မတစ ၉၁၂( တရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်) တွင်အချင်းဖြစ်မြေမှာမူလကမဝိုင်းကြည်​၏မိဘများဖြစ်သည့်ဦးချစ်နှင့်ဒေါ်ထူးပိုင်ဖြစ်ခဲ့၍၊ဒေါ်ထူးအပေါ်ချမှတ်သည့်ဒီကရီကိုအတည်ပြု၍ထိုမြေတွင်ဒေါ်ထူး​၏ပိုင်ဆိုင်ခွင့်ကိုလေလံတင်ရောင်းချသောအခါမောင်ကျင်မောင်တို့ဝယ်ယူခဲ့ပြီးမြေ​၏တောင်ဘက်ပိုင်းကိုလက်ရောက်ရခဲ့သည်။(မှတ်ချက်။  ။မောင်ကျင်မောင်တို့သည်ပထမမြေကိုစတိလက်ရောက်ရခဲ့ပြီးနောက်ဦးချစ်ပိုင်အိမ်မီးလောင်သွားသောအခါမြေအတွင်းသို့ကျူးကျော်ဝင်နေခြင်းဖြစ်သည်။) ဦးချစ်ကွယ်လွန်ပြီးနောက်မဝိုင်းကြည်ကဂရန်ကိုသူ့အမည်သို့ပြောင်းယူ၍မောင်ကျင်မောင်တို့အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုရာမောင်ကျင်မောင်တို့ကမြေကိုလေလံဆွဲဝယ်ပြီးနေထိုင်သူဖြစ်ကြောင်းထုချေသည်။ယင်းထုချေချက်နှင့်စပ်လျဉ်း၍၊နိုင်ငံတော်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- " ( လေလံတင် )ရောင်းချခြင်းမှာတရားဝင်သော်လည်း၊တရားပြိုင်များသည်ထိုသို့ဝယ်...

လေလံဆွဲဝယ်သူအနေဖြင့်မိမိအနေအထားကိုကောင်းစွာမစိစစ်ပဲလက်ရောက်ရလိုမှုစွဲဆိုခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ A . I . R . 1935 Ran . 11 ( အေ၊အယ်၊ပီ၊အေ၊အမ်၊ချစ်တီးယားဖမ်း နှင့် မောင်စံရီ )အမှုမှာလည်း၊လေလံဆွဲဝယ်သူအနေနဲ့မိမိအနေအထားကိုကောင်းစွာမစိစစ်ပဲလက်ရောက်ရလိုမှုမှားစွဲဆိုမိခြင်း၊ဖြစ်ပါတယ်။ A . L . P . A . M . Chettyar , Firm  vs. Maung San Yi and others အမှုတွင်၊ချစ်တီးကမောင်စံရီနှင့်အခြားသူများအပေါ်ရသောငွေဒီကရီကိုအတည်ပြုရာ၌၊မြေတကွက်ကိုဝရမ်းကပ်သည်။ထိုအခါမောင်စံရီ​၏ဇနီးမချစ်ကထိုမြေမှာမိမိအမွေရသောမြေဖြစ်သည်ဟုအကြောင်းပြကာဝရမ်းခွာပေးရန်လျှောက်ထားရာ၊မူလရုံးကတောင်ဘက်ပိုင်းအတွက်ဝရမ်းဆက်လက်တည်စေပြီး၊လေလံတင်ရောင်းချလိုက်သည်။ ချစ်တီးကထိုပစ္စည်းကိုဝယ်ယူပြီးနောက်လက်ရောက်ရလိုကြောင်း၊မောင်စံရီ၊ဇနီးမချစ်နှင့်အခြားသူတို့အပေါ်တရားစွဲဆိုသည်။မူလရုံးတွင်ချစ်တီးနိုင်သော်လည်း၊ပဝမအယူခံရုံးတွင်အရေးနိမ့်သဖြင့်၊တရားလွှတ်တော်သို့ဆက်လက်အယူခံဝင်သောအခါ၊တရားလွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်- " ဝရမ်းကပ်သောပစ္စည်းသည်တရားရှုံးနှင့်သူ​၏ဇနီးပူးတွဲပိုင်ပစ္စည်းဖြစ်၍ပစ္စည်းတွင်တရားရှုံး​၏အကျိုးသက်ဆိုင်ခွင့်ကိုသာဝရမ်းကပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ထိုအကျိုးသက်ဆိုင်ခွင့်​၏အတိုင်းအတာကိုမသတ်မှတ်ရသေး...

ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရရန်တရားစွဲ၍မရနိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ ပူးတွဲပိုင်ဆိုင်တဲ့ပစ္စည်းကိုလက်ရောက်ရဖို့တရားစွဲလို့မရနိုင်ပါဘူး။ဒါကြောင့်တရားလို၊တရားပြိုင်တို့ရဲ့အနေအထားကိုစိစစ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။ 1984BLR239( ဦးကြွားပါ၇ နှင့် ဒေါ်တင်လှပါ၄ )အမှုမှာ၊သတိချွတ်ချော်ပြီးတရားစွဲဆိုမိလို့ရှုံးနိမ့်ခဲ့ရတာကိုသင်ခန်းစာယူသင့်ပါတယ်။ ဦးကြွားပါ၇နှင့်ဒေါ်တင်လှပါ၄အမှု၊စီရင်ထုံးစာမျက်နှာ၂၄၁နှင့်၂၄၂တွင်ဗဟိုတရားရုံး​၏သုံးသပ်ဆုံးဖြတ်ချက်ကိုကြည့်ပါ။ ဦးကြွားတို့ဆောင်ရွက်နိုင်သည့်နည်းလမ်းတရပ်မှာ၊ဦးစန္ဒ​၏အမွေကိုထိန်းသိမ်းရန်အတွက်အမွေထိန်းစာကနဦးလျှောက်ထားရန်ဖြစ်သည်။အမွေထိန်းစာရလျှင်အချင်းဖြစ်ထန်းပင်များကိုလက်ရှိထားခွင့်မရှိသောဒေါ်တင်လှ(အပေါင်အထမမြောက်သဖြင့်ဒေါ်တင်လှသည်လက်ရှိထားခွင့်မရှိချေ)ထံမှလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။(သို့မဟုတ်)၁၉၅၄မတစ၂၃၅(တရားလွှတ်တော်)( ဒေါ်ငွေမဲ နှင့် ကိုသန်းမောင် )စီရင်ထုံးအရထန်းပင်အားလုံးကိုလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။ထိုသို့စွဲဆိုရာတွင်အမွေထိန်းစာတင်ပြရန်မလို။ ကျန်တနည်းမှာ၊အမွေပစ္စည်းများခွဲဝေပြီးနောက်ဦးကြွားတို့ကမိမိဝေစုအဖြစ်ရရှိသောထန်းပင်များကိုလက်ရောက်ရလိုကြောင်းစွဲဆိုရန်ဖြစ်သည်။ဒေါ်တင်လှအနေဖ...

အမှုသည်တွေရဲ့အနေအထားကိစ္စ ( ၂ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုသည်တွေရဲ့အနေအထားကိစ္စ မြန်မာဗုဒ္ဓဘာသာအမွေရှင်ရဲ့အမွေကိုဆက်ခံသူတို့ဟာအတူပိုင်ဆိုင်သူများဖြစ်ကြပါတယ်၊ဒါကြောင့် 10 Ran. 261 ( P . C . )စီရင်ထုံးအရအမွေဆိုင်တဦးဟာမိမိရဲ့အကျိုးခံစားခွင့်ကိုရောင်းချခွင့်ရှိပါတယ်၊အမွေစီမံခန့်ခွဲမှုစွဲဆိုရတာကအမွေပစ္စည်းခွဲဝေရုံတွင်မကသေသူအမွေရှင်ရဲ့ကြွေးမြီများကောက်ခံခြင်း၊ပေးဆပ်ခြင်းအစရှိသည်တို့ကိုဆောင်ရွက်ရတဲ့အတွက်ဖြစ်ပါတယ်။ အဲဒီကိစ္စတွေဟာဝယ်သူနဲ့မဆိုင်တဲ့အတွက်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုဖို့အကြောင်းမရှိပါဘူး၊ဒါကြောင့်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရမှာဖြစ်ပါတယ်၊  1963 BLR 961 ( ဒေါ်စိန်ဖြူ နှင့် မောင်တင်မြင့် )စီရင်ထုံးကိုကြည့်ပါ။ အမွေဆိုင်တဦးလက်ရှိအမွေပစ္စည်းကိုအခြားအမွေဆိုင်ကလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘူးဆိုပြီး၊ 1986 BLR 121 ( မမြင့် နှင့် မနုနုကြည် )အမှုမှာလည်းတွေ့နိုင်ပါတယ်။ ပူးတွဲပိုင်ဆိုင်တဲ့ပစ္စည်းကိုလက်ရောက်ရဖို့တရားစွဲလို့မရနိုင်ပါဘူး၊ 1984 BLR 239 ( ဦးကြွားပါ၇ နှင့် ဒေါ်တင်လှပါ၄ )အမှုမှာသတိချွတ်ချော်ပြီးဒီလိုပဲတရားစွဲဆိုမိလို့ရှုံးနိမ့်ခဲ့ရတာကိုသင်ခန်းစာယူသင့်ပါတယ်။ အကြံပြုချင်တာက၊ရှေ့နေရှေ့ရပ်တွေဟာစီရင...

အမှုသည်တွေရဲ့အနေအထားကိစ္စ ( ၁ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုသည်တွေရဲ့အနေအထားကိစ္စ 1948BLR717အမှုမှာ၊တရားလိုဦးသာဖြေကအချင်းဖြစ်မြေကိုအမေမုဆိုးမ၊မသေခင်အမွေရတယ်ဆိုပြီးလက်ရောက်ရလိုမှုစွဲဆိုတာပါ။ဒါပေမဲ့မူလရုံးမှာဦးသာဖြေရဲ့ရှေ့နေကပြည့်ပြည့်စုံစုံစိစစ်ဟန်မတူပါဘူး၊အမွေရတယ်လို့ဦးသာဖြေပြောတာကိုလွယ်လွယ်လက်ခံခဲ့ပုံပေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာများအမွေခွဲကြတဲ့အခြေအနေကိုရှေ့နေကသိရပါမယ်။ဒါမှအမှုသည်ရဲ့ပြောပြချက်မှန်မမှန်ချိန်ဆနိုင်ပါမယ်။သံသယရှိရင်ပြည့်ပြည့်စုံစုံမေးမြန်းဖို့လိုပါမယ်။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ(၁)အဖေ၊အမေတဦးဦးကွယ်လွန်တဲ့အခါဩရသသားကအမွေတောင်းနိုင်တယ်၊အမေသေရင်သမီးဩရသကအမွေတောင်းနိုင်တယ်(၂)ကျန်ရစ်သူမိဘနောက်ထပ်အိမ်ထောင်ပြုရင်သားသမီးတွေကအမွေခွဲဝေပေးဖို့တောင်းနိုင်ပါတယ်။ 1948 BLR 717စီရင်ထုံးစာမျက်နှာ၇၁၉မှာဒီအတိုင်းရှင်းပြထားပါတယ်။ဦးသာဖြေရဲ့အမေဒေါ်ကြုတ်ကနောက်ထပ်အိမ်ထောင်မပြုတဲ့အတွက်အမွေခွဲစရာအကြောင်းမပေါ်ပေါက်ပါဘူး။ ဒေါ်ကြုတ်ကအမွေခွဲဝေတယ်ထားဦး၊ဥပဒေအရအမွေခွဲတာမဟုတ်နိုင်တဲ့အတွက်အပိုင်ပေးတာပဲဖြစ်ရမယ်၊အဲဒီလိုဆိုရင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုမပေးပဲအပိုင်ပေးတာခိုင်လုံမယ်မဟုတ်ကြောင်း 12 Ran . 238 ( လင်ချာလီပါ၂ နှင့် ပစ္စည်းထိန်းဝန်...

အမှုပုံစံမလွဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များ ( ၂ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။ အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချ...

အမှုပုံစံမလွဲမှားအောင်ဆောင်ရန်၊ရှောင်ရန်အချက်များ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။ အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။ 1987BLR27မှာ " စွဲဆိုသောအမှုပုံစံမှန်ကန်ခြင်းရှိမရှိမှာသက်သေခံချက်ရယူပြီးမှဆုံးဖြတ်ရမည့်ပြဿနာမဟုတ်ချေ။အဆိုအချေတို့အရဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည် " လို့ထုံးဖွဲ့ထားတာကို၊စုံညီခုံရုံးက 1996BLR5အမှုမှာ လက်ခံဆုံးဖြတ်တဲ့အခါ၊စီရင်ထုံးစာမျက်နှာ၇မှာ " အမှုပုံစံမှန်မမှန်စိစစ်ရာ၌တရားလို​၏အဆိုလွှာတွင်အဆိုပြုထားသည့...

လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေဖြင့်ပိုင်ဆိုင်ကြသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေဖြင့်ပိုင်ဆိုင်ကြသည်။9 Ran 524 ( F. B. )စီရင်ထုံးကိုကြည့်ပါ။၎င်းတို့ကွာရှင်းကြသောအခါလင်မယားပိုင်ပစ္စည်းများကိုခွဲဝေယူကြသည်။S.J.စီရင်ထုံးမှစ၍တရားရုံးကထိုပစ္စည်းမျိုးကိုခွဲဝေပေးသောညီညွတ်သည့်ထုံးသာဓကများရှိခဲ့သည်။ ၁၉၁၁ခုနှစ်တွင်ဆုံးဖြတ်သောမောင်ဖေနှင့်လုံမကလေးအမှု၊6 LBR 18၌ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီကမြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းသည့်ဒီကရီရပြီးနောက်တရားစွဲဆိုသောအမှုတွင်လင်မယားပိုင်ပစ္စည်းများကိုခွဲဝေပေးသည့်မူလတရားရုံး​၏ဒီကရီကိုအတည်ပြုခဲ့သည်။ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိ။ ဝေစုအလျောက်ဘုံပိုင်သူများ( Tenants-in-common )ပိုင်ပစ္စည်း၌တဦး​၏ဝေစုကို " ကွက် " ၍လွှဲပြောင်းနိုင်သည်။9 Ran 524 ( F.B. )စီရင်ထုံးကိုကြည့်ပါ။ မြန်မာဗုဒ္ဓဘာသာဝင်လင်မယားဟာအိမ်ထောင်မှာဖြစ်ထွန်းတဲ့ပစ္စည်း(ခန်းဝင်အပါအဝင်)မှာအတူပိုင်ဆိုင်သူများဖြစ်တဲ့အတွက် မိမိအကျိုးခံစားခွင့်ကိုစီမံခန့်ခွဲခွင့်ရှိပါတယ်လို့ 9 Ran 524 ( F.B. )(အင်၊အေ၊ဗီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒို...

ပူးတွဲပိုင်သူများအနက်တဦး​၏အကျိုးခံစားခွင့်ကို"ကွက်"၍လွှဲပြောင်းခြင်းမပြုနိုင်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 5Ran296မှ359(FB)တွင်ပြဆိုထားသည့်အတိုင်းပူးတွဲပိုင်သူများအနက်တဦး​၏အကျိုးခံစားခွင့်ကို " ကွက် " ၍လွှဲပြောင်းခြင်းမပြုနိုင်။ပစ္စည်းတရပ်လုံးကိုသာလွှဲပြောင်းနိုင်သည်။ မပိုင်နှင့်မောင်ရွှေဘော်ပါ၈  5 Ran 296 မှ 381 ထိ ( FB )အမှုအား တရားသူကြီး Sir Guy Rutledge , Kt . , K . C. , Chief Justice , Mr . Justice Heald , Mr . Justice Chari , Mr . Justics Maung Ba , and Mr . Justice Doyle .တို့ကစီရင်ဆုံးဖြတ်သည်။ Divisional Bench တွင်တရားသူကြီးChari နှင့် Heald တို့​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၂၉၇မှ၃၂၃ထိရေးသားဖော်ပြထားသည်။ မြန်မာတရားသူကြီးဦးဘ​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၃၂၃မှ၃၃၄အထိလည်းကောင်း၊ တရားသူကြီးချုပ် Rutledge​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၃၃၄မှ၃၃၆အထိလည်းကောင်း၊ တရားသူကြီး Chari​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၃၃၆မှ၃၅၅အထိလည်းကောင်း၊ တရားသူကြီး Heald ​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၃၅၅မှ၃၅၈အထိလည်းကောင်း၊ တရားသူကြီး Doyle ​၏သုံးသပ်ဆုံးဖြတ်ချက်ကိုစီရင်ထုံးစာမျက်နှာ၃၅၈မှ၃၅၉အထိရေးသားဖော်ပြထားသည်။ ၁၉၂၇ခု...

မပိုင် နှင့် မောင်ရွှေဘော်ပါ၈ အမှုအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ မြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားပိုင်ပစ္စည်းကိုပူးတွဲပိုင်တယ်လို့ 5 Ran 296 ( F B ) ( မပိုင် နှင့် မောင်ရွှေဘော်ပါ၈ ) မှာဆုံးဖြတ်ခဲ့တာကိုနောင်လေးနှစ်အကြာ 9 Ran 524 ( F B ) ( အင်၊ကေ၊ပီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင်အမှုမှာပယ်ဖျက်ခဲ့ပါတယ်။ နောက်စီရင်ထုံး 9Ran524(FB) မှန်တယ်လို့ 10 Ran 261 ( P C ) ( ဦးဖေ နှင့် ဦးမောင်မောင်ခ ) အမှုမှာပြဆိုပါတယ်။ 5Ran296(359)(FB) ( မပိုင် နှင့် မောင်ရွှေဘော်ပါ၈ )အမှုအား  Sir Guy Rutledge , Kt . , K . C . , Chief Justice , Mr . Justice Heald ,Mr . Justice Chari , Mr . Justice Maung Ba , and Mr . Justice Doyle . တို့ကဆုံးဖြတ်သည်။ 9Ran524(561 )(FB) (အင်၊ကေ၊ပီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင် )အမှုအား  Sir Arthur Page , Kt . , Chief Justice , Mr . Justice Carr , Mr . Justice Das , Mr . Justice Maung Ba , Mr . Justice Mya Bu , Mr . Justice Sen and Mr . Justice Dunkley တို့ကဆုံးဖြတ်သည်။ 10Ran261(281)(PC) (ဦးဖေ နှင့် ဦးမောင်မောင်ခ )အမှုအား  Viscount Dunedin , Lord Thankerton and Sir Dinshah Mulla . တို့ကဆ...

tenants-in-common ကိုအတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းကိုသင်နားလည်ပါသလား?

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ 9Ran524(FB)စီရင်ထုံးစာမျက်နှာ၅၂၄နှင့်၅၃၇၊  1963BLR491စီရင်ထုံး စာမျက်နှာ၄၉၆ပါ " tenants-in-common "ကို  အတူပိုင်ဆိုင်သူများဟုဘာသာပြန်ခြင်းကိုသင်နားလည်ပါသလား? မြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅စာ၅၆တွင် "အတူ "ကို- (၁)ကွဲပြားခြားနားခြင်းမရှိဘဲ၊ထပ်တူထပ်မျှ (၂)ကွဲပြားခြင်း၊သီးခြားဖြစ်ခြင်းမရှိဘဲ၊တပေါင်းတည်း၊တကွဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။ မြန်မာအင်္ဂလိပ်အဘိဓာန်စာ၅၅၉တွင် together with ဟုဘာသာပြန်သည်။ သို့ဖြစ်ရာအတူပိုင်ဆိုင်သူများဟူသောစကားရပ်သည် " tenants-in-common " ဟူသောစကားရပ်ကိုလွှမ်းခြုံမိပုံမပေါ်။ အကြံတူ( common intention ) နှင့် အကျိုးတူခံစားခြင်း( common enjoyment ) စကားရပ်များပါ တူ သည် common ​၏အဓိပ္ပာယ်ကိုပေါ်လွင်စေသော်လည်း အတူ သည် " in common " ​၏အဓိပ္ပာယ်ဖြစ်ဟန်မတူ။ အင်္ဂလိပ်မြန်မာအဘိဓာန်စာ၂၆၄တွင် #ဘုံပိုင် ဟုဘာသာပြန်ဆိုထားရာ #ဝေစုအလျောက်ဘုံပိုင်ဆိုင်သူများ ဟုဆိုပါမှဆိုလိုရင်းကိုနားလည်ပါမည်။ သို့သော်ထိုစကားရပ်ထက်ပို၍ဆီလျော်ကောင်းမွန်သောဝေါဟာရကိုမူရှာဖွေဖို့လိုပါသေးသည်။ " Joint Tenants " ကို " ပူးတွဲပိုင်ဆ...